Seasonal (shots) & H1N1 (mostly mist) will be available.
Sat. Nov 14th Ages 4 -18 yrs Only 9am-3pm (or until vaccine supplies are gone)
Cedar Ridge High School 1125 New Grady Brown School Rd Hillsborough, NC 27278 * Free * Walk-In * Rain or Shine * ________________________________ Find answers to general flu or vaccine questions: At: www.co.orange.nc.us/health or Call: The 24-hour NC Care Line 1-800-662-7030 (English/Spanish) or 1-877-452-2514 (TTY) Health Dept. Flu Nurse 605-2051
ဆေးမထိုးရသေးလို့လည်းသိပ်တော့မပူပါနဲ့ ကျွန်တော် ဖတ်ထားမိတဲ့ ကာကွယ်ပုံနည်းလမ်းအကျည်းကတော့ ဒီလိုပါ.. ကူးစက်ဝင်ရောက်ပုံက နာခေါင်း နဲ့လည်ချောင်းကတစ်ဆင့်ဖြစ်တဲ့ အတွက်ကြောင့်မို့ ပတ်ဝန်းကျင်မှာ ရောဂါပိုးရှိနေရင် ရှောင်လွှဲဖို့မရနိုင်ပါဘူး၊ ဒီတော့ ကျမ်းမာနေတဲ့သူတစ်ယောက်အနေနဲ့ အောက်ပါအချက်များဖြင့်ကာကွယ်နိုင်ပါတယ်လို့ဆိုပါတယ်..၊ ၁) လက်ကို မကြာခဏဆေးပေးပါ၊ ၂) လက်နဲ့ မိမိမျက်နှာ နှာခေါင်း ကိုင်တွယ် တာကို ရှောင်ကျဉ်ပါ၊ ၃) ဆားငံရေနဲ့ တစ်နေ့နှစ်ခါလောက် ပလုပ်ကျင်းပေးပါ၊ (လည်ချောင်းဝထိရောက်အောင် မော့ပြီး လုပ်ပါ၊ Gargle လုပ်တာကိုဆိုလိုတာပါ၊) လစ်စရင်းနဲ့လုပ်လည်းရပါတယ်တဲ့၊ ရောဂါပိုး အသက်ရှူလမ်းကြောင်းထဲဝင်ရောက်ပြီး ရောဂါလက်္ခဏာပြဖို့၂ရက်၃ရက်ကြာတတ် တယ်လို့ဆိုပါတယ်၊ ၄) တစ်နေ့တစ်ကြိမ်ခန့် နှာခေါင်းကို ပြင်းပြင်းညစ်ထုတ်ပေးပါ၊ Clean your nostrils at least once every day with warm salt water. Blowing the nose hard once a day and swabbing both nostrils with cotton buds dipped in warm salt water.. ၅) ဗိုက်တာမင် စီပါတဲ့ အသီး၊ အစားအစာများများစားပြီး ခုခံအားမြှင့်တင်ပါ၊ ၆) ပူပူနွေးနွေး အရည်များများသောက်ပေးပါ (ကော်ဖီ၊ လက်ဖက်ရည်၊ ရေနွေးကြမ်း စသည်ဖြင့်..) ပူပူနွေးနွေးအရည်သောက်ပေးတာ ဟာ လည်ချောင်းမော့ပြီး ပလုပ်ကျင်းတာနဲ့(Gargling) နဲ့ အကျိုးအတူတူပါဘဲတဲ့၊ ၀က်တုတ်ကွေးရောဂါပိုးဟာ ဗိုက်ထဲရောက်သွားရင်တော့ မရှင်နိုင်တော့ပါဘူးတဲ့၊