Saturday, October 18, 2014

လပ်စားတဲ့ အမေရိကန် ၀န်ထမ်း..



အမေရိကန်မှာလည်း လပ်ပေးလပ်ယူရှိတာပါဘဲ..၊ ဒါပေမယ့် လွယ်တော့ မလွယ်ပါဘူး..၊
မနှစ်ကမှ ရွေးချယ်ခံရတဲ့ ကျွန်တော်တို့ရှားလော့မြို့တော်ဝန် ပတ်ထရစ်ကန်နွန်တစ်ယောက်တော့ လပ်စားမှု့နဲ့ ထောင် ၄၄ လကျဖို့ အမိန့်ချလိုက်ပါပြီ၊

Friday, October 10, 2014

အောက်တိုဘာ ၆-၁၀ သတင်းအကျဉ်း

လူ့အခွင့်အရေးသမားများအားတက်ဖွယ်ရာ သတင်းတခုကတော့ အခု ချင်ပန်ဇီ မျောက်အခွင့်အရေးအော်နေကြပါပြီ..၊ အမေ၇ိကန်မှာ မျောက်တစ်ကောင်ကို (လိုင်စင်နဲ့ တရားဝင်) လှောင်အိမ်နဲ့ မွေးထားတဲ့ သူကို မျောက်ရဲ့ဆန္ဒမပါဘဲ အကျဉ်းချထားပါတယ်ဆိုပြီး ၀ိုင်းကန့်ကွက်နေကြပါတယ်..၊ သူ့ခမျာ မျောက်ကို တယ်လီဗေးရှင်းထားပေးကြောင်း ဆေးကုသခွင့် နဲ့ အခြားအခွင့်အရေးတွေအပြည့်ပေးပါကြောင်း တရားဥပဒေညီကြောင်းရှင်းနေရပါတယ်..၊ ဘာကြောင့်များ ဒီလူတွေ တိရိစ္ဆာန်ရုံမှာ ကျားတွေကို လွတ်ပေးဖို့ ဆန္ဒမပြကြလည်းတော့ မသိပါဘူး..၊


Wednesday, October 1, 2014

စက်တင်ဘာ ၂၀၁၄ နောက်ဆုံးပတ် ခေတ်ပေါ်သတင်း





စက်တင်ဘာလ ၂၄ ၂၀၁၄ မှာတွေ့ရှိတဲ့ ကွန်ပျူတာနက်ဝက်တွေရဲ့ လုံခြုံရေးကို ချိုးဖောက်နိုင်တဲ့ Bash bug လို့ခေါ်တဲ့ security bug တစ်မျိုးအတွက် ကွန်ပျူတာလုံခြုံရေးတွေကို အမေရိကန်မှာ စတင်ပြီး စီမံဆောင်ရွက်နေပါတယ်..၊

Wednesday, August 27, 2014

သေနပ် ကြိုက်ရင်..

တနင်္လာနေ့က အရီဇိုးနားပြည်နယ်မှာ အလည်လာတဲ့မိသားစုတစ်စုက ၉ နှစ်သမီးကို သေနပ်ပစ်ကွင်းမှာ သေနပ်ပစ်သင်စေတယ်..၊ သင်တဲ့သေနပ်က အူဇီ စက်သေနပ်အတို၊ တစ်ချက်ချင်းပစ်တော့ အိုကေ၊ ဒါနဲ့ ဖူးအော်တိုလည်းတင်ပေးလိုက်ရော သေနပ်ကို ကလေးက မထိန်းနိုင်တော့ သင်တဲ့သူပါပစ်မိပြီး သေပါလေရော..၊

Thursday, December 12, 2013

ကမ္ဘာ့ ပေါ်ပျူလာ သတင်းအကျဉ်း ၁၂ ဒီဇင်ဘာ ၂၀၁၃




ဗုဒ္ဓ မွေးဖွားရာ နေရာ နှင့် ရှေးအကျဆုံး ကျောင်းတော်ကို တူးဖော်တွေ့ရှိလို့ ဗုဒ္ဒ ပေါ်ပေါက်ခဲ့ တာ နှစ်ပေါင်း ၂၅၅၀ ကျော် ကြာခဲ့ပြီဆိုတာကို နေရာ အထောက်အထားနှင့် တကွ အခုဆို သက်သေပြနိုင်ခဲ့ပါပြီ၊

ထိုင်းဆန္ဒပြသူတွေကတော့ ယဉ်လတ် ဖေဖော်ဝါရီမှာ ရွေးကောက်ပွဲလုပ်ပေးမယ် သူမ၀င်ပြိုင်တော့ပါဘူးဆိုတာ တောင် မရဘူး၊ ချက်ချင်းဆင်းခိုင်းနေပါတယ်၊
ယူကရိန်းမှာ ဆန္ဒပြပွဲတွေ အတော်ပြင်းထန်နေပြီး ရက်ရက်စက်စက်နှိပ်ကွပ်နေပါတယ်၊ ဒါဟာ အီးယူ၊ အမေရိကန် နဲ့ ယူရို-ရုရှား အားပြိုင်ပွဲ ကို ပိုစိတ်ဝင်စားလာစေပါတယ်..၊

နော့ကိုရီးယားခေါင်းဆောင်ရဲ့ ဦးလေး တချိန်က အဆင့်မြင့်အာဏာရှင် ဂျန်ဆောင်သိုက် တစ်ယောက်တော့ မျက်လှည့်ပြလိုက်သလို ရာထူးကဖယ်ရှားခံရပြီး အခုတော့သုတ်သင်ခံပါပြီ၊
ဘင်္ဂလားဒေ့ခ်ျ က ဂျမီးအီး အစ်စလမ်းမစ်အဆင့်မြင့်ခေါင်းဆောင် မူလာ လည်းဒီနေ့ ၁၂၊၁၂၊ ၂၀၁၃ မှာဘဲကြိုးပေးကွပ်မျက်ခံရပါတယ်၊ ဘင်္ဂလား အမျိုးသမီးဝန်ကြီးချုပ် ဟာဆီနာကတော့ အပြတ်လုပ်ပြလိုက်ပါပြီ၊ နောက်ထပ်လာပါဦးမယ်…၊


အီဂျစ်မှာတော့ မူဆလင်ဘုရားသားဟုခေါင်းဆောင်တွေကို တရားစီရင်နေစဉ်မှာဘဲ တရားသူကြီးတွေနှုတ်ထွက်ကုန်ပါတယ်..၊
ပါကစ္စတန်နဲ့ အိန္ဒိယ လည်း နျူကလီးယားကိစ္စ အပြန်အလှန်ဆွေးနွေးဖို့ပြန်ကြိုးစားနေပါတယ်..၊
CAR စင်ထရယ် အာဖရိက ရီပတ်ပလစ် နိုင်ငံမှာ တော့ မွတ်ဆလင်နဲ့ ခရစ်ယန်တွေသတ်ကြတာ မနည်းသေပါတယ် အလောင်းငါးရာနီးပါး မှာ ဗလီတွေထဲက အလောင်းတွေမပါသေးဘူးလို့ဆိုပါတယ်၊
သုံးနှစ်နီးပါးစစ်ဖြစ်နေတဲ့ ဆီးရီးယားနိုင်ငံမှာ အစိုးရတပ်ဖွဲ့တွေအသာစီးပြန်ရလာပါပြီ၊ အမေ၇ိကန်နိုင်ငံက သူပုန်တွေကို အထောက်အပံ့ပေးနေတာ အချို့ရပ်ပါမယ်၊ ဘာလို့လည်းဆိုတော့ သူပုန်တွေကြားမှာ အစွန်းရောက်တွေကြီးစိုးလာလို့ပါ အဓိကကတော့ သူပုန်စခန်းတခုကို အစွန်းရောက်သူပုန်အဖွဲ့က သိမ်းလိုက်လို့ပါ (အယ်ဂျာဇီးယား)၊

ဆော်ဒီ အာရေဗီးယားမှာ မားစ် ဗိုင်းရပ်ပြန်ပွားနေပါတယ် ၊ တရုပ်မှာတော့ H7N9 ငှက်တုပ်ကွေးကို ရှန်ကျန်းပြည်နယ်မှာ တွေ့နေပါတယ်၊

အမေ၇ိကန်နိုင်ငံမှာတော့ ကောလိပ် ၊ တက္ကသိုလ်တွေမှာ နမ်း၇ှုံ့၇ာကကူးတဲ့ (mononucleosis – kissing disease) တွေဖြစ်နေပါတယ်၊ တုပ်ကွေးလိုမျိုး ဖျားမယ်၊လည်ချောင်းနာမယ် နေမကောင်းဖြစ်ပါမယ်၊ စတန်ဖို့မှာလောလောဆယ် အတော်ပြန့်နေပါတယ်..၊
အလှကုန်တွေနဲ့ အခြား personal care လူသုံးကုန်အတော်များများမှာ ပါတဲ့ ဓာတုပစ္စည်းတွေဟာ အချိန်ကြာလာတာနဲ့ အမျှ လူကို အန္တရယ်ဖြစ်စေပါတယ်တဲ့..၊ 


တောင်အာဖရိကခေါင်းဆောင်နယ်ဆင်မင်ဒယ်လား ဇာပနမှာ နားမကြား သူများအတွက်စကားပြန်က တကယ်ပြန်တာမဟုတ်ဘဲ ပေါက်ကရတွေလျှောက်လုပ်ပြ နေတာ ကတော့ အတော်ကို ဟားစရာဖြစ်နေပါပြီ..၊
လောလောဆယ်ဟော့ဖြစ်နေတဲ့ အမေရိကန် လင်မယားသတ်တဲ့သတင်းကတော့ မင်္ဂလာဆောင်ပြီး တစ်ပတ်ကျော်အကြာမှာဘဲ ဟန်းနီးမွန်းထွက်ရင် ကနေ မိန်းမက ယောင်္ကျားကို ချောက်ထဲတွန်းချ သတ်ပစ်လိုက်တဲ့သတင်းပါ၊
ဒီလောက်ပါဘဲ..

Saturday, August 28, 2010

ရှားလော့မှ သရဲဖြစ်သွားတဲ့ သရဲဖမ်းသမား


မနေ့က Aug 27 ရက်နေ့ အချိန်က မနက် ၃နာရီခန့် နော့လ်ကာရိုလိုင်းနားရဲ့ ရှားလော့မြို့မြောက်ဖက် ၃၅ မိုင်အကွာ စတိတ်ဗေးလ် မြို့နားက ပေ ၃၀၀ လောက်ရှည်တဲ့ Bostian Bridge မီးရထားသံလမ်းတံတားရဲ့ အလည်လောက်မှာ လူတစ်စု (၁၂ယောက်ခန့်)တစ်စုံ တစ်ခု
ကိုမျှော်လင့်ခြင်း ကြီးစွာ စောင့်မျှော်နေကြလေသည်၊ သူတို့စောင့်မျှော်နေကြတာကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၁၉ နှစ်က ရထားတစင်းဘဲဖြစ်တော့သည်၊ Aug 27, 1891 မနက် ၃နာရီခန့်လောက်မှာ ရထားတစ်စင်း တံတားပေါ်ကနေ ချောက်ထဲထိုးကျပြီး လူတွေသေခဲ့ကြသည်၊ အဲ့ဒီဇာတ်လမ်းက ဒီလိုနဲ့ပြီးမသွား သရဲဇာတ်လမ်းတွေက ကျန်နေခဲ့သည်၊ နှစ်ပတ်လည်ရောက်တိုင်း ရထားချောက်ထဲကျတဲ့အချိန် ညညတွေမှာ တံတားသံလမ်းပေါ်မှာ ရထားကြီးပွတ်တိုက်ဆွဲသွားပြီးချောက်ထဲကျသွားသံတွေ၊ လူတွေရဲ့ကျောက်လန့်တကြားအော်ဟစ်သံတွေကို ကြားရတတ်သတဲ့..၊ရွေရောင်နာရီတခုကိုင်ထားတဲ့ မီးရထားဝန်ထမ်းတစ်ယောက်ကိုတောင်တွေ့ရတတ်တယ် ဆိုဘဲ..၊ နော့ကာရိုလိုင်းနားက သရဲဇာတ်လမ်းပေါင်း ရာ၊ထောင်၊သောင်း..ထဲ ကတစ်ခုပေါ့ဗျာ..၊ အဲဒီညကတော့ အပျော်ထမ်းသရဲ ရှာသမားတွေကတော့ မျှော်လင်းခြင်းကြီးစွာနဲ့ စောင့်နေကြလေရဲ့..၊ ဟော..ဘာလိုလိုနဲ့ ၃နာရီထိုးတော့မယ်..အဲ့ဒီအချိန်မှာဘဲ ရထားတစင်း တံတားတဖက်အကွယ်ကနေကွေ့ထွက်လာလေတော့သည်..၊ သူတို့စောင့်မျှော်နေကြတဲ့ သရဲရထားတော့မဟုတ် အရှေ့ဖက် စတိတ်ဗေလ်း မြို့ကိုသွားနေတဲ့"နောဖော့-တောင်ပိုင်း"အမှန်တကယ် ရထားတံစင်းဘဲဖြစ်တော့သည်၊မီးရထားတံတားဆိုတာက အကာအရန် ပုန်းကွယ်စရာမရှိ၊ အောက်မှာလည်းချောက်ကြီး၊ ဒီတော့ သူတို့ပေ ၁၅၀ ခန့်ကို အသက်လုပြီးပြေးရတော့သည်၊ ရထားကနောက်က၊ အောက်မှာကချောက်..၊တံတားအလည်ကနေပေ၁၅၀ အသက်လုခရီး၊
နောက်ဆုံးကျန်တဲ့ နှစ်ယောက်ကတော့ ဘယ်လိုမှမလွတ်နိုင်တော့.. ဒီတော့ အဖော်ဖြစ်သူကို ရောက်ခါနီး ပြီဖြစ်တဲ့ တံတားအောက်တဆင့်ကိုတွန်းချလိုက်တော့ ၃၀ ကျော် ၄၀ခန့်ကို လိမ့်ကျသွားတော့သည်၊ သူ ရှာလော့မြို့မှ အသက်၂၉ နှစ်အရွယ် "ခရစ်စတိုဖာ ကိုင်ဆာ" တစ်ယောက်ခင်မြာတော့ ရထားတိုက်ခံရပြီး ချက်ချင်းအသက်ထွက်သွားရှာသည်၊
ခရစ်စတိုဖာတစ်ယောက် သူရှာနေတဲ့သရဲ တကယ်တွေ့သွားပြီလား၊ သူကိုယ်တိုင်ဘဲသရဲဖြစ်သွားရှာပြီလား..တော့မသိပါ..၊
သရဲဇာတ်လမ်း ယုံတမ်းပုံပြင်အသစ်တစ်ခုတော့ အရပ်ထဲမှာ ပြောစရာဖြစ်လာ မှာတော့သေခြာသည်.၊
ခရစ်စတိုဖာတစ်ယောက်ကောင်းရာမွန်ရာရောက်ပါစေလို့ဘဲဆုတောင်ရုံသာ..၊

သရဲအကြောင်းစိတ်ဝင်စားရင်တော့ အပြည့်အစုံကို ဒီမှာ နဲ့ နော့လ်ကာရိုလိုင်းနားသရဲဂိုက် မှာဖတ်နိုင်ပါတယ်၊

ကိုးကားသတင်း: CNN

Monday, February 16, 2009

ပြုပြင်ရန်ရှိပါက...

ဒီနေ့ကျွန်တော်စဉ်းစားမိတာကတော့ ဘလောက်ထဲမှာဖော်ပြတဲ့အကြောင်းလေးတွေ နဲ့ပတ်သတ်လို့ပါ၊ ကျွန်တော့အနေနဲ့ လူနာမည် အလုပ်အကိုင်စသည် တို့ကို ကာယကံရှင်ရဲ့ သဘောတူညီမှုမရှိဘဲဖော်ပြပိုင်ခွင့် မရှိပါဘူး၊ နောက်ပြီး

လောလောဆည်မှာတော့ ကျွန်တော်တို့ အသိုင်းအဝိုင်းထဲက လူတွေလောက်ဘဲ ဒီဘလောက်ကိုသိကြ ဖတ်ကြမယ်ထင်ပါတယ်၊ ဘာဘဲပြောပြော ကျွန်တော့်အနေနဲ့ လူတိုင်းရဲ့ ပုဂိုလ်ရေးကို လေးစားကြောင်း အထင်အရှား သိစေချင်ပါတယ်၊ လောလောဆယ် ဖော်ပြပါ မည်သူမဆို ဖော်ပြပါ အကြောင်းအရာပိုင်းကိုဘဲဖြစ်ဖြစ် အမည်ကိုဘဲ ဖြစ်ဖြစ်ကန့်ကွက်နိုင်ပါတယ်၊ ကျွန်တော်ချက်ချင်း တည်းဖြတ်ပြုပြင်ပေးပါမည်၊ လောလောဆယ်မှာတော့နှုတ်အားဖြင့်ခွင့်တောင်းပြီး ဖော်ပြထားမိပါတယ်၊ ခွင့်မတောင်းမိသူတွေကိုတော့ မဖော်ပြထားပါ၊ ကျွန်တော့ကို ဝေဖန်အကြံပြုသူများအားလုံး ကို လေးစားစွာဖြင့် ဘလောက်ပါအကြောင်းအရာများကို ပြင်ဆင်ပေးပါမယ် လိုအပ်ပါကတပုဒ်လုံးကို ချက်ခြင်း ဖြက်ပြစ်ပေးပါမည်၊ မည်သို့ဆိုစေကာမှု သူတပါးရဲ့ ပုဂိုလ်ရေး ပရိုက်ဗေစီ ကိုလေးစားရမည့် လူ့ကျင့်ဝတ်ကိုတော့ လိုက်နာရမည်ဖြစ်ပါသည်၊ သို့ဖြစ်ပါသဖြင့် ကျွန်တော့်ကိုဝေဖန်အကြံပေးခြင်းအားဖြင့်ကူညီ ရာရောက်သလို၊ အချိန်မှီပြုပြင်နိုင်ပါလိမ့်မည်၊ အကြံပေးမှု၊ အားပေးမှုများကိုများစွာကျေးဇူးတင်ရှိပါသည်၊ ပြောပြလိုသည်များကို ယခုအီးမေးသို့လည်းပေးပို့နိုင်ပါသည် myoyan08@gmail.com

Sunday, February 8, 2009

နော့ကာရိုလိုင်းနားမှ မြန်မာရိုးရာပွဲ များ (ဖေဖေါ်ဝါရီ ၂၀၀၉)

အခုရေးမှာကတော့ကျွှန်တော်ဒီနေ့ရရှိတဲ့ နော့ကာရိုလိုင်းနား
မြန်မာဗုဒ္ဓဘာသာအသင်းကြီးရဲ့အစည်းအဝေးမှတ်တမ်းအတိုချုပ်သတင်းပါ၊ သတင်းပြန်ကြားအသိပေးတဲ့သဘောပါ၊
အမှားအယွင်းတခုခု စာထဲမှာပါဝင်ခဲ့ပါက ကျွှန်တော့်တာဝန်သာ ဖြစ်ပါသည်၊ အသင်းကြီးတွင်တာဝန်မရှိပါ၊
ဒီနေ့ ဖေဖေါ်ဝါရီလ ၇ရက်နေ့နေ့လည် ၂နာရီမှညနေ၅နာရီအထိ အသင်းကြီး၏အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးကို ဟိုက်ပွိုက်ဘုန်းတော်ကြီးကျောင်းမှာ ကျင်းပခဲ့ကြောင်းသိရှိရပါတယ်၊ ဆွေးနွေးခဲ့တာတွေကတော့အောက်ပါအတိုင်းပါ...

၁၊ တနှစ်တာရှေ့လုပ်ငန်းစဉ်များ..
၂၊ ရေတို၊ရေရှည် လုပ်ငန်းစဉ်များ...
၃၊ လူမှုရေးဆိုင်ရာကှုညီမှုလုပ်ငန်များ...
၎၊ မြန်မာ့ရိုးရာသင်္ကြင်္င်္င်္င်္င်္င်္င်္င်္န်ပွဲ ဖြစ်မြောက်ရေး...
၅၊ ရိုးရာထမနဲပွဲ အစီအစဉ်အသေးစိတ်နဲ့
၆၊ ရံပုံငွေရှာဖွေရေး လုပ်ငန်းများ ပါဝင်ပါတယ်။

အသေးစိတ်ကို အသင်းကြီးမှ လိုအပ်သလိုတာဝန်ယူထုတ်ပြန်မည်ဟုသိရပါတယ်၊ အကြမ်းဖြင်းအားဖြင့်သိရသည်မှာ...

မြန်မာ့ရိုးရာသင်္ကြင်္င်္င်္င်္င်္င်္င်္င်္န်ပွဲကို နော့ကာရိုလိုင်းနားမှာ ဘာသာရေး၊လူမှုရေး ပွဲများတွဲဘက်ပြီး ရိုးရာယဉ်ကျေးမှုဓလေ့ ထုံးစံနှင့်အညီကျင်းပကြနိုင်ရန်ဆွေးနွေကြကြောင်းသိရပါသည်၊

ရှေ့လာမည့်အပတ် ဖေဖေါ်ဝါရီလ ၁၄ ရက်၊ စနေနေ့ မှာ ရိုးရာ ထမနဲပွဲ ကျင်းပဖို့ရှိကြောင်းသိရပါတယ်၊
အလှူထမနဲပွဲမှာ အိုစည်ဒိုးပတ် အက များအပြင် ကာရာအိုကေလေးပါတွဲဖက်နိုင်ရန်စီစဉ်ကြဖို့ရှိကြောင်းပါသိရပါတယ်၊ ဒီလိုဖြစ်မြောက်ဖို့အတွက် ဟိုက်ပွိုင့်မှဥက္က္က္ကဠကြီးဦးလွင် ရဲ့ဦးဆောင်မှုနဲ့တာဝန်များခွဲဝေပြီးဖြစ်ကြောင်းသိရပါတယ်၊ သို့ပါသော်လည်း အားကောင်းမောင်းသန် လူငယ်များ၏လုပ်အား များလိုအပ်လျက်ရှိပါတယ်၊ အမျိုးသမီးများရဲ့စွမ်းအားပြည်ပံ့ပိုးမှုကိုလဲ ရရှိ မှာဖြစ်ပါတယ်၊ ချပယ်ဟေး မှလူငယ်များကိုဇော်ဇော်နှင့်ဆက်သွယ်စရင်းပေး လှူဒန်းနိုင်သလို၊ လုပ်အားဖြင့်လဲပါဝင်ကြစေလိုပါတယ်၊ တချို့သော သူများကတော့မိမိတို့ လှူဒန်းမည့်ထမနဲပွဲ အတွက်အစစအရာရာပြင်ဆင်ပြီးကြောင်းသိရပါတယ်၊ ရပ်ဝေးမှတကူးတကလာမည့်သူအလှူရှင်များအတွက်လဲ ထမနဲပွဲမှာ ပါဝင်လှူဒန်းကုသိုလ်ပြုနိုင်ရန်စီစဉ်ထားကြောင်းသိရပါတယ်၊
ထမနဲပွဲတပွဲစာ ဒေါ်လာ၅၀ ဖြင့်ပါဝင်ကုသိုလ်ပြုနိုင်ပါသည်ဟုသိရပါတယ်၊ သက်ဆိုင်ရာ ဒေသအလိုက် အဖွဲဝင်များမှတဆင်ကြိုတင်လှူဒန်းနိုင်သလို၊ မနက်ဘုန်းတော်ကြီးကျောင်းသို့ ရောက်သောအခါမှလည်း အသင်းကြီးမှကြိုတင်စီစဉ်ထားသော ကောက်ညှင်း၊အုန်းသီးအစရှိသည်တို့ကို တပွဲစာ၊နှစ်ပွဲစာစသည်ဖြင့် လည်းလှူဒန်းနိုင်ကြပါကြောင် သတင်းကောင်းသိရပါတယ်၊ သို့ပါသော်လည်း ကြိုတင်စာရင်းပေးသွင်းလှူဒန်းပါက ပိုကောင်းပါတယ်၊ ရိုးရာထုံးစံနှင့်အညီ ဖြစ်စေရန်ဝယ်ချမ်းလုပ်ကိုင်ရမည့်အလုပ်များ ရှိကြောင်းသိရပါတယ်၊ ထမနဲပွဲကို ဦးဆောင်သူတဦးဖြစ်သော နည်းပညာ အတွေ့အကြုံများစွာရှိသူ ဦးဟန်စိန် ပြောပြသော ၀ယ်ချမ်းရမည်ပစ္စည်းများမှာအောက်ပါအတိုင်းဖြစ်ကြောင်းသိရပါတယ်၊

၁၊ ကောက်ညှင်း
၂၊ အုန်းသီး
၃၊ မြေပဲ
၎၊ ဂျင်း
၅၊ ဆီ
၆၊ နှမ်း
၇၊ လေးညှင်း
၈၊ ဆား
၉၊ ကျက်သွန်ဖြူ
၁၀၊ ငှက်ပျောဖတ်
၁၁၊ သီဟိုစေ့ တို့အဓိကပါဝင်ကြောင်းသိရပါတယ်၊

လက်ဖက်ရည်အချိုပွဲအတွက်လဲပြင်ဆင်ရဦးမည်ဟုသိရပါတယ်၊

အစီအစဉ်အပြည့်အစုံမှာ...(ကျောင်းဖိတ်စာမှကူးယူဖေါ်ပြပါသည်)
နေရာ - မြန်မာဘုန်းကြီးကျောင်း
Address: 6612, Brass Road, Jamestown, NC 27282
အစီအစဉ် - (၁) နံနက် ၁၁ နာရီ သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်း
အစီအစဉ် - (၂) နေ့ ၁၂ နာရီစပြီးထမနဲပွဲစတင်ကာ ကြွရောက်လာကြသော ဧည့်သည်များအား ရိုးရာထမနဲနှင့် လက်ဘက်ရည်ချိုတို့ဖြင့်ဧည့်ခံကြွေးမွေးခြင်း၊

ပြုနိုင်သောကုသိုလိများမှာ - (၁) ထမနဲတဒယ်နှင့်လက်ဘက်ရည်ချိုတအိုး ကို ဒေါ်လာ ၅၀၊(၂) စားသောက်ဘွယ်ရာတမျိုးမျိုး၊

ထမနဲပွဲတော်အကြောင်းအကျဉ်း - မြန်မာ့ရိုးရာထမနဲပွဲတော်ကို ကောက်ဦးပေါ်စတပို့တွဲလတွင် မြန်မာလူမျိုးတို့ ပျော်ရွင်စွာကျင်းပလေ့ရှိကြသည်၊ ကောက်ညင်း၊မြေပဲဆံ၊ နှမ်း၊ဂျင်း၊အုန်းသီးဆံတို့ကို နှမ်းဆီနှင့် တစ်သားထဲဖြစ်သည်အထိအပူပေးပြီးလူအများအင်တိုက်အားတိုက် ကျွမ်းကျင်စွာ ဟန်ချက်ညီညီ ထိုးရသည် ကိုထမင်းနှဲဟုခေါ်သည်၊
ကောက်သစ်များကို ထူးခြားသည့် အရသာကောင်းစားစရာတစ်မျိုးဖြစ်အောင်ရှေးမြန်မာတို့ ဖန်တီးခဲ့ကြခြင်းဖြစ်သည်၊ ထမင်းနှဲကဲသို့တစ်သားတည်းဖြစ်အောင်ညီညွတ်ကြရမည်ကို ညွှန်ပြသည့် စုပေါင်းညီညာမှုသက်သေပွဲဟုဆိုရမည်ဖြစ်ပါသည်၊ မြန်မာလူမျိုးတို့သည် ထမနှဲ ကိုရာသီစာအဖြစ်မြိန်ယှက်နှစ်သက်စွာစုပေါင်းစားသုံးလေ့ရှိကြသကဲသို့ ထမနှဲအလှူပွဲကိုလည်း ကောက်သစ်ဦးအလှုအဖြစ်လှူဒါန်းကာ ကုသိုလိပြုကြလေ့ရှိသော မြင့်မြတ်သည့် အလှူပွဲတော်ဖြစ်သည်ဟုလည်းဆိုရပေမည်၊

အခြားအစီအစဉ်များ လည်း သိရှိသလို အချိန်နှင့်အပြေးညီဖေါ်ပြနိုင်ဖို့ ကျွှန်တော်ကြိုးစားသွားပါမယ်၊
ဘာသာရေးလူမှုရေးလုပ်ငန်းများကို စိတ်အားထက်သန်စွာ အချိန်လုပြီးကြိုးစားဆောင်ရွက်နေကြသော အသင်းကြီး၏ အလုပ်အမှုဆောင်အဖွဲ့ဝင် များကိုလဲ များစွာ ကျေးဇူးတင် လေးစားကြောင်းဖော်ပြလိုပါတယ်၊

ထမနဲပွဲမှာဆုံတွေ့ကြပါစို့၊