ဒီနေ့ ကျွန်တော်တို့သမီးလေး မွေးနေ့ တစ်နှစ်ပြည့်သွားပါပြီ၊ အထွေအထူးတော့ ဘာမှမလုပ်ပါဘူး ဟိုက်ပွိုက်ဆရာတော်ကျောင်းကို ဘဲသွားခဲ့ပါတယ်၊ လှူဒါန်း သီလယူ ဒီလောက်ပါဘဲ..၊ မနက်ထဲက မွေးနေ့ကိတ်မှုန့်ကြီးကားပေါ်တင်ပြီး ရှောက်သွားလိုက်တာ ညနေမိုးချုပ်လို့ အိမ်ပြန်ရောက်မှဘဲ ကိတ်မှုန့်လှီးပြီးပွဲသိမ်းလိုက်ပါတော့တယ်..၊
ဘုန်းကြီးကျောင်းကအပြန် ရှောပင်းမောတစ်ခုထဲက ကလေးကစားကွင်းမှာခဏဆော့..၊ သူ့အတွက်အင်္ကျီလေး ဘာလေးဝယ်ပါတယ်..၊
ရှားလော့မြို့မှာ အသိမိတ်ဆွေကလည်း နည်းပါတယ်၊ နောက်ပြီးဘာမှ ကြီးကြီးကျယ်ကျယ်လုပ်တာလည်းမဟုတ်ဘူးဆိုတော့ ပရိတ်သတ်ကတော့ စုစုပေါင်းမိသားစုဝင်လေးယောက်ထဲပေါ့ဗျာ..၊ ဒါပေမယ့်လည်း ကိုယ့်ဟာကိုယ်တော့ အမြဲပျော်နေတာပါဘဲ..၊
ပါးစပ်မှာချောကလက်တွေပေနေတဲ့သမီး ၀တုတ်ကြီးဖြစ်မှာလည်းစိုးရတယ်..
မက်မွန်သီးခူးတုန်းကလည်းသူပါတယ်..
အလှူသွားတုန်းကလည်းပါတယ်..
သမီးကမျက်မှန်လည်းကြိုက်သေးတယ်..
ဒီနေ့မနက်ကမှ ရိုက်တဲ့ဓာတ်ပုံလေ..
နောက်ပြီးပြောရဦးမယ်.. သမီးကလေးက ရေလည်းကြိုက်တယ်ဗျ..
7 comments:
သမီးလေး ကျန်းမာပျော်ရွှင်ပါစေ။
ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေ.... သမီးလေး..။
video ကလစ်လည်း ကြည့်သွားတယ်...
VDO ကွာလတီတော်တော်ကောင်းတယ်။ သမီးအကြီးလေး နောက်ကိုလှည့်ကြည့်လိုက် ပျော်ပြီး အော်လိုက်ဖြစ်နေတာ ဘာကြည့်နေတာလဲ လို့. သူ့ဆီလာတဲ့ လှိုင်းတွေကိုစောင့်နေတာကိုး...။
အငယ်လေးက ရေထဲမှာ မငိုဘူး.. အာဂပဲ
ပျော်ရွင်စရာ မွေးနေ့ပွဲလေးပါဗျ အကို့  သမီး ငယ်လေးတောင် ၁ နှစ်၇ှိသွားပြီနော် အကြီးကြီး ဖြစ်နေပြီနော် အရမ်းချစ်စရာကောင်းတယ်ဗျ
ကျေးဇူးအထူးပါခင်ဗျာ..
သမီးငယ်လေးရော အကြီးလေးရော ချစ်စရာလေးတွေနော်။ သမီးငယ်လေးရေ့  ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေလို့ တီတီလု ဆုမွန်ကောင်းချွေလိုက်ပါတယ်နော်။
နစ်တိုင်းပျော်ရွင်သောမွေးနေ့ဖြစ်ပါစေ သမီးလေး
Post a Comment