Wednesday, December 17, 2014

Tiny beauty! သေးလွန်းရင်လည်း လှနေဆဲ..





ဒီပန်းကလေး ကတော့ Geranium molle လို့ခေါ်သလို အမေရိကန်မှာတော့ Dovefoot cranesbill လို့လည်းခေါ်ပါတယ်..၊ (Shiny geranium ပန်း ကတော့ သူနဲ့ အပင်ဆင်တူပါတယ် အပွင့်ကတော့ ပွင့်ဖတ် ငါးဖတ်ပဲရှိပါတယ်) မူလ ဥရောပတိုက် အလယ်ပိုင်းနဲ့ အနောက်ပိုင်း ဒေသ ကနေ အခုတော့ မြောက်အမေရိက၊ အာရှအလယ်ပိုင်းအထိ ပျံ နှံနေပါပြီ၊ အကြမ်းအားဖြင့် နွေရာသီ Apr ကနေ စက်တင်ဘာလောက်ထိ တွေ့နိုင်တဲ့ ပေါင်းပင်တမျိုးပါ..၊ 
ထိခိုက်ဖူးရောင်အနာအတွက် ဆေးအဖြစ်သုံးနိုင်ပါတယ်..၊ ၀ိုင်နဲ့ ကြိုပြီးသောက်ရင် ဂေါက်ရောဂါ၊ အရိုးအဆစ်နာတို့ အတွက်ကောင်းပါတယ်တဲ့..၊ ကျောက်ကပ် မှာ ကျောက်တည် ရင်လည် ခြေဖျက်ပေးနိုင်ပါတယ်တဲ့..၊
အိမ်နားက မျက်ခင်းပြင်မှာ နွေရာသီဆို အများကြီးတွေ့နိုင်ပါတယ်..၊ 
ပန်းပွင့်ကလေးတွေဘယ်လောက်သေးသလဲဆိုတာ သိနိုင်ရန်လက်မနဲ့ယှဉ်ပြထားပါတယ်..၊ ၀ါသနာ အရ တွေ့သမျှ သဘာဝ အပင်၊ အပွင့်နဲ့ အကောင်လေးတွေကို မှတ်တမ်းတင်ထားတာ အိမ်နားတ၀ိုက် ရှိသမျှတော့ အတော်လေးစုံလာပါပြီ..၊ အခွင့်သင့်ရင် ဆက်လက်ဖော်ပြပေးပါမယ်..၊

No comments: