Sunday, May 16, 2010

ရှားလော့ မြို့မှ အာရှ ပွဲတော်



မေလ ၁၅ ရက်နေ့ မနေ့က နော့လ်ကာရိုလိုင်းနားပြည်နယ် ရှားလော့မြို့မှာ အာရှပွဲတော်ကျင်းပခဲ့ပါတယ်၊ အဓိကအားဖြင့် အာရှအလှမယ်ရွေးချယ်ပွဲနဲ့ နဂါးလှေလှော်ပြိုင်ပွဲတို့ပါဝင်ပါတယ်၊ မြန်မာ အလှမယ်လေးနှစ်ဦးလည်းပါဝင်ဆင်နွဲခဲ့ပါတယ်၊




အလှမယ်ပြိုင်ပွဲမှာတော့ ရိုးရာဝတ်စားဆင်ယင်မူ၊ အမေးအဖြေ နဲ့ အကအလှ အနုပညာတို့အပေါ်မှာ အခြေခံပြီးရွေးချယ်မယ်လို့သိရပါတယ်၊


နဂါးလှေပြိုင်ပွဲကလည်း အတော်ကိုစည်ကားလှပါတယ်၊ Bank of America, Wachovia Bank, Food Lion, Microsoft, Wells Fargo, AT&T, Duke Energy အသင်းတွေအပြင် အခြား အသင်းအတော်များများ ပါဝင်ပါတယ်၊


အလှမယ်လေးတွေရဲ့ အနုပညာအစွမ်းကလည်း အံ့မခန်းကို ကောင်းမွန်လှပါတယ်၊ အိန္ဒိယ အလှမယ်ကလေးရဲ့ ဘော်လီးဝုစတိုင် အက ကလည်းတကယ့်ကို ရုပ်ရှင်ထဲကအတိုင်းပါဘဲ၊ မြန်မာအလှမယ်လေးနှစ်ဦးကလည်း ခေတ်ပေါ်အက များအပြင် ရိုးရာ အကဖြင့် လည်း ပရိသတ်ရင်သတ်ရှုမောအောင် ကပြခဲ့ကြပါတယ်၊ ရှားလော့မြို့က နဂါးလှေပြိုင်ပွဲနဲ့ အာရှပွဲတော် ကို ဒီနေရာ မှာဝင်ကြည့်လို့ရပါတယ်၊

မိတ်ဆွေများလည်း ၀င်ကြည့်ပြီးအကဲဖြတ်လို့ရပါတယ်၊







ရွှင်လန်းချမ်းမြေ့ကြပါစေ..