Tuesday, August 25, 2009

သမီးငယ်လေး ၄၅ရက်ပြည့်ပြီ



သမီးလေး တစ်ဖနီ မွေးတာဘာလိုလိုနဲ့ ဒီနေ့ ၄၅ ရက်ပြည့်သွားပြီ၊ သမီးကြီး အိမ့်လည်း ဒီနေ့ကစပြီး ကျောင်းပြန်ဖွင့်လို့ ဒုတိယတန်း စတက်တယ်၊




ကလေးကိုမိခင်နို့ဘဲတိုက်မယ်လို့ ဆုံးဖြတ်ထားလို့ အစပိုင်းမှာတော့ အတော်လေး အခက်အခဲတွေ့ခဲ့ ရသေးတယ်၊ ကလေး အသားဝါတာအမြန်ပျောက်အောင် အရည်များများသူလိုအပ်နေတာကိုး၊ မိခင်ကလည်း အစပိုင်းမှာ နို့ကသိပ်မထွက်တဲ့ အပြင် နို့ကျောတွေတင်းနေတာကို အတင်းနှိပ်လို့ ရောင်ပြီး နို့ကမထွက်ဘူးဖြစ်နေပြန်တယ်၊ ဒီတော့ နို့ဘူး (ဖော်မြူလာ) တိုက်ရတော့မလိုလိုဖြစ်လာရော..၊ မဖြစ်သေးဘူးဆိုပြီး ဆေးရုံက ညွှန်ကြားတဲ့အတိုင်း သူတို့ဆီကိုဖုန်းဆက်လိုက်တော့..၊ သူတို့က ရေခဲဝတ် ဒါမှမဟုတ် ဂေါ်ဖီထုတ် အရွက်နဲ့ နဲ့နို့ကိုအုံပေးလို့ပြောပါတယ်၊ မရပါဘူး၊ ဒါနဲ့နောက်နေ့ဖုံး ထပ်ဆက်တော့.. ချက်ချင်းဘဲ နို့ဆရာမ (lactation consultant) ကို အိမ်ကိုလွှတ်ပေးပါတယ်၊ သူလာပြီး လုပ်ပေးတော့မှဘဲ အားလုံးအဆင်ပြေသွားပါတယ်..၊

သူကလည်း အမြဲတမ်းဖုံးဆက်ပြီး မေးနေပါတယ်၊ သမီးကသိပ်မငိုပါဘူး. . အေးအေးဆေးဆေးနေပါတယ်၊ တစ်လ အရွယ်မှာဘဲ စပြီးရီပြတတ်လာပါတယ်၊ နောက်တစ်ခုအခက်အခဲဖြစ်တာက ကလေးကို ဘယ်လိုရေချိုးရမလည်း ဆိုတာပါ..ကျွန်တော်တို့လည်းမချိုးပေးဘူးတော့ မချိုးပေးရဲဘူးဖြစ်နေတယ်၊ အကြီးမတုန်းကတော့ သူ့အဖွားဘဲ အကုန်လုပ်ပေးခဲ့တာကိုး၊


နောက်တော့ မိတ်ဆွေနှစ်ယောက်ရောက်လာပြီး ကလေးကို ရေချိုးပေးခဲ့တဲ့အပြင် ဘူးသီး ဟင်းခါးပါချက်ပေးသွားပါတယ်၊


အခုတော့ ကိုယ့်ဟာကို ချက်တတ်ပါပြီ၊ ကလေးကိုလည်း ရေချိုးပေးတတ်ပါပြီ၊ ကလေးကို ဂတုံး တုံးပေးဖို့ဘဲကျန်တော့တယ် ဒါလည်း အဲဒီမိတ်ဆွေ ကလာကူညီမယ်ပြောပါတယ်၊ ကျွန်တော်ကလည်း တုံးမပေးရဲသေးဘူးဗျ..၊

ကလေးအတွက်ကုန်ကျစရိတ်ကတော့ ဒိုက်ပါ နဲ့ တိုလီမိုလီနဲနဲ ပါးပါးဘဲကုန်ကျပါတယ်၊ ကလေးကို မိခင်နို့တိုက်တဲ့အတွက် နို့ညစ်တဲ့ ပန့်လေးတစ်ခု ပေးပါတယ်၊ နွားနို့၊ကျက်ဥ လတ်လတ်ဆပ်ဆပ်အသီးအနှံ ၊တူနာငါး ၊ပဲ ၊ချိစ်၊ ဖျော်ရည်၊ စီရီယယ် စသည်တို့ အမြဲပေးပါတယ်၊ ဒါကတော့ အမေရိကန်မှာ ကျွန်တော့် ဝင်ငွေက မိသားစုလေးယောက်နဲ့တွက်ရင် နည်းနေလို့ပါ အမျိုးသမီးကလည်း အလုပ်နားထားတာကိုး၊ မကြာခင်တော့ပြန်စဖြစ်မလားမသိသေးပါဘူး..၊ ဒီတော့ ကျွန်တော်က ဝင်ငွေနည်း သူပေါ့ဗျာ .. ကဲပါ..မကြွားတော့ပါဘူး၊

ကျွန်တော့်နာမည်တော့ မင်းနန္နာ (ရှင်မွေးလွန်း ရဲ့ချစ်သူ) လို့ပြောင်းဖို့စောပါသေးတယ်.. နောက်တာပါ..


ဘာတွေသဘောကျနေတယ်မသိ..












အိပ်ပျော်နေတယ်..












နိုးပြီ နိုးပြီ













ခေါ်မှာလား..












ခေါ်လည်းမခေါ်ဘူး..













လည်လည် သွားမယ်..






















မေမေ အလုပ်များနေရင် ငြိမ်ငြိမ်လေးနေပါ့မယ်..






















မမ ကြီးက ချီထားတယ်..










ဒီလောက်ပါဘဲခင်ဗျာ..

ရွှင်လန်းချမ်းမြေ့ကြပါစေ..

7 comments:

amk said...

သမီးလေးတစ်ဖနီ က ပြုံးနေတာ ချစ်စရာကြီးဗျ. သမီးတွေကြီးပဲ ဆိုတော့ သားတစ်ယောက်တော့ ရ အောင် မွေးရ အုံးမှာပေါ့နော် အကိုကြီး မင်းနန္နာ

JuneOne said...

ချစ်စရာလေးတွေ။သားလေး၁ယောက်လောက်မွေးပါအုံး။
ဒီမှာတော့ သား၁ယောက်ထပ်ရမှာကြောက်လို့ ရပ်ထားတယ်။

An Asian Tour Operator said...

ချစ်စရာလေးပါလား.. ကျွန်တော်လည်း နောက်တစ်ယောက် ယူဖို့ ကြံစည်နေတယ်..
အနည်းဆုံးသုံးယောက်လောက်ပါဘဲ..ဟီးဟီးး)

Thet Nandar said...

သမီးချောတွေ ချည်းပဲနော်။ ကံကောင်းပါတယ်။ သမီးကြီးက ဒုတိယတန်းဆိုတော့ သူ့ ကျောင်းတက် တဲ့ အတွေ့အကြုံ လေးတွေပါ ရေးပေးပါအုံးရှင်။ ရေခြား မြေခြားက ကလေးတွေရဲ့ ပညာရေးကို စိတ်ဝင်စားလို့ပါ။

Life is for Success said...

a ko,
if convience, pls share me how to do for bathing for baby. I really want to know, also both of us do not know how to do. Why need to take for bu thee hin khar ? for breast feeding for mum? Also can share how to do this soup?

with rgrds

rose of sharon said...

45ရက်သမီးလေးကပြုံးလိုက် ရီလိုက်နဲ့ အားလုံးကို နားလည်နေသလိုဘဲနော်... အောက်ဆုံးက ညီအမ နှစ်ယောက်ပုံလေးကိုကြိုက်တယ်

kiki said...

ဦးရန်မျိုးကြီး နောင်ဆို ခမည်းခမက် တော်ချင်သူတွေ ခုတည်းက စာရင်းသွင်းခိုင်းထားအုံး နော် ။
သမီးတွေက အချောလေးတွေချည်းဆိုတော့ ...

တကယ်ချစ်စရာကောင်းတာဘဲနော် ...
အားကျမိတယ် ...
ပျော်ရွှင်ဖွယ်ရာ မိသားစုဘဝလေး ကောင်းလိုက်တာ ...
ဦးမင်းနန္ဒာကြီးရေ ..ဆက် ကြိုးစား နော် ..
တနှစ်တယောက် .. နဲ့  ဘောလုံးတသင်းစာ ရအောင် ..
အစိုးရ ထောက်ပံ့ပေးတာ ဘာပူစရာ ရှိလဲ လို့  .. :)

ခင်မင်စွာဖြင့်
ကိကီ ..