မြန်မာတစ်ယောက်အနေနဲ့ တော့တတ်နိုင်သလောက် ပါဝင်သွားမှာဖြစ်ပါတယ်..၊
Saturday, February 14, 2015
သဘင် အမျိုးလည်း မဟုတ်ပါဘဲ..
ရှားလော့ မှာ မြန်မာ ဗုဒ္ဓဘာသာ အသင်းက အငြိမ့်ထောင်တော့ မင်းသမီး မရှိဘူး ဖြစ်နေတာနဲ့ အမျိုးသမီးကို အကူအညီတောင်းတာနဲ့ ငယ်ငယ်က ပညာတွေကို တစ်ခါထုတ်သုံးပြန်ပါတယ်..၊ မိမိအနေနဲ့ တော့ မည်သည်အဖွဲ့အစည်းမှ ပါဝင်တော့မှာ မဟုတ်ပေမယ့် ..၊
မြန်မာတစ်ယောက်အနေနဲ့ တော့တတ်နိုင်သလောက် ပါဝင်သွားမှာဖြစ်ပါတယ်..၊
မြန်မာတစ်ယောက်အနေနဲ့ တော့တတ်နိုင်သလောက် ပါဝင်သွားမှာဖြစ်ပါတယ်..၊
Saturday, May 30, 2009
၂၀၀၉ သင်္ကြန် ပိတ်ပွဲ အမှတ်တရများ

သင်္ကြန်ကို ပုံစံအမျိုးမျိုးနဲ့ ပျော်ရွှင်စွာကျင်းပခဲ့ပုံကို အပြည့်အစုံဖော်ပြခြင်တာနဲ့ ဆက်လက်တင် ပြပေးလိုက်ပါတယ်၊
ယဉ်ကျေးမှု ရိုးရာ အဆိုအကများဖြင့် ဖျော်ဖြေခဲ့သလို ခေတ်ပေါ်တေးဂီတဖြင့်လည်း တင်ဆက်ခဲ့ပါတယ်၊ နောက်ဆုံးပိတ်ကာရာအိုကေအစီအစဉ်ကလည်း တကယ်တော့ တနှစ်စာအမောများကို ချွေးသိပ်ပျော်ရွင်မှုပေးနိုင်ခဲ့ပါတယ်၊
ဒီလိုလွတ်လပ်စွာပျော်ရွင်ကြတာကိုတော့ နားလည်ကြမယ်လို့ထင်ပါတယ်၊
ဒီတော့ ပိတ်ပွဲလေးကိုပါ ထဲ့လိုက်မှ ပြည့်စုံသွားပါမယ်၊

ဗွီဒီယို ကလစ်များကတော့ ထပ်မံမရရှိတော့လိုရသလောက်ဘဲတင်ဆက်လိုက်ပါကြောင်း၊






နောင်နှစ်တွေမှာလည်းဒီအချိန်မှာဘဲသင်္ကြန်ပွဲကိုကျင်းပမယ်လို့သိရပါတယ်၊
ပျော်ရွှင်ပါစေလို့ နော့ကာရိုလိုင်းနားမှ ဆုတောင်းလိုက်ပါတယ်၊
Wednesday, May 27, 2009
နော့ကာရိုလိုင်းနား မြန်မာရိုးရာသင်္ကြန်

မနေ့က အလုပ်ခပ်ရှုပ်ရှုပ်နဲ့ ယူတုမှာ သင်္ကြန်ဗွီဒီယိုတင်ပြီးမှ စာလုံးပေါင်းတွေမှား ကွာလတီက မကောင်းဖြစ်နေတယ်၊ မတတ်နိုင်ဘူး နောက်မှပြန်လုပ်တော့မယ်၊ လောလောဆယ် သတင်းဆိုတာက..
အမြန်တင်ရတာမျိုးဆိုတော့နောက်ရှိတာလေးတွေ ဆက်လုပ်လိုက်တယ်၊ အစီအစဉ်တွေကတော့အများကြီးဘဲ.. ပြီးတော့အကုန်လုံးကောင်းကြတယ်၊ တော်တော်များများတော့ မရိုက်မိနိုင်လိုက်၊ ကဲ..ဘာဘဲပြောပြော နော့ကာရိုလိုင်းနား က မျိုးဆက်သစ်ကလေးများရဲ့ ရိုးရာယဉ်ကျေးမှုကိုချစ်မြတ်နိုးစွာထိမ်းသိမ်းကြပုံကိုတင်ဆက်လိုတာကအဓိကပါ၊
Tuesday, May 26, 2009
နော့ကာရိုလိုင်းနား မြန်မာနှစ်သစ်ကူး (၂)

မိုးရွာမယ်လို့တော့ပြောထားပေမယ့် မနက် အိမ်ကထွက်တော့ရာသီဥတုကအကောင်း
ဒီနေ့တရက်ထဲမှာ ဘဲ နော့ကာရိုလိုင်းနား သင်္ကြန်ကနှစ်နေရာကျင်းပဖို့ရှိတယ်၊ ဟိုက်ပွိုင့် နဲ့ ချက်ပါဟေး၊ကာဘိုရိုမှာ ဒီလိုနှစ်မြို့ကိုအမြဲပေါင်းခေါ်ရတာက နှစ်မြို့ကဆက်နေလို့ ဆိုင်းဘုတ်ဘဲ ခြားတာကိုး၊

ဟိုက်ပွိုင့်သင်္ကြန်ကတနေကုန်ဆိုတော့ မနက်ပိုင်းကိုသွား လိုက်ပြီး နေ့လည်ကျမှ ချက်ပါဟေး၊ကာဘိုရိုကို ဝင်လိုက်မယ်ဆိုပြီး ထွက်လာကြတယ်၊ ဟိုက်ပွိုင့်နားလည်းရောက် ရော မိုးကရွာပါလေရော၊
ဒီလိုနဲ့သွားလိုက်တာ သင်္ကြန်ကျင်းပတဲ့နေရာကိုအလွယ်တကူရှာမ တွေပြန်ဘူး၊ ဒီတော့ဘယ်ရမလည်း ဘုန်းကြီးကျောင်းကို အရင်သွားလိုက်တယ်၊ဘုန်းဘုန်းဆီ လည်းမရောက်တာကြာပြီမို့လား၊ ကျောင်းရောက်တော့ ဆွမ်းစားအမှီ ပြီးတော့ အလှူနဲ့လည်း သွားတိုးတယ်၊ စကားလည်းပြော စားလည်းစားပေါ့ဗျာ၊ ဟင်းတွေက ကောင်းပြီဆိုရင် လူကသိပ် မစားနိုင်ဘူး၊ အိမ်ရောက် မှ ပြန်တန်းတမိတယ်၊ အခြားမြို့ကလာတဲ့ အလှူရှင်တွေလည်း ဟိုက်ပွိုင့် သင်္ကြန်ကိုဆက်သွားမယ်တဲ့၊ မကြာခင်မှာလည်းငါးလွှတ်ပွဲ စတော့မှာဆိုလို၊ ကမန်းကတန်း ဆရာတော်ကိုဝတ်ချ လိပ်စာသေခြာပြန်မေးပြီး ထွက်လာခဲ့တယ်၊ တကယ်တော့ ကျွန်တော်က ဂျီပီအက်စ် မသုံးဘူး မြေပုံသမား အိမ်ကထွက်လည်းလာရော အားလုံးအိမ်မှာကျန်ခဲ့တယ်၊ ဒီလမ်းကသွားနေကျဆိုပြီလာလိုက်တာ၊ ဟိုက်ပွိုင့်မြို့ထဲရောက်မှလမ်းရှာမရဖြစ်ပြီး နဲနဲကြာသွားတယ်၊ ဒီတော့ မနက်ပိုင်းအစီအစဉ်တွေအကုန်တခုမှမမှီလိုက်တော့၊ ပန်းခြံထဲလည်းရောက်ရော အစီအစဉ်ခဏနားပြီးငါးလွှတ်ပွဲသွားဖို့ပြင်ဆင်နေကြပြီ၊ နောက်တော့မိုးကသည်းလာပြန်တယ်၊ ကဲလေမထူးပါဘူး ပြန်ကျပါစို့လို့လုပ်နေတုန်း၊ ဆောက်ကာလိုလိုင်းနားကလာတဲ့မြန်မာ အဖွဲ့နဲ့ဆုံတယ် သူတို့လည်း ချက်ပါဟေးကာဘိုရို သင်္ကြန်ကိုလိုက်မယ်ပေါ့၊ ဂျီပီအက်စ်ထက် လူကိုပိုအားရလို့ နောက်ကမောင်းလိုက်လာကြတယ်၊ လမ်းမှာတော့ မိုးတွေတအားကိုရွာတာဗျို့၊ တော်သေးတယ် ချက်ပါဟေးလည်းရောက်ရော စဲသွားတယ်၊

ချက်ပါဟေး သင်္ကြန်က လယ်တောထဲမှာကျင်းပတာဆိုတော့ အားရပါရနဲ့ လွတ်လွတ်လပ်လပ်ရှိတယ်၊ ဒေသခံတွေလည်း အတော်လာကြတာတွေ့ရတယ်၊ အစားအသောက်တွေကတော့ အလျှံပါယ်ဘဲ ဗျို့ တသုတ်ပြီးတသုတ်ကို ချက်ပြီးလာလာပို့နေတာ၊ ဒီမှာနေကြတဲ့မိသားစုတွေ က စုပေါင်းချက်ပြီးအလှူလုပ်သလို မိမိအိမ်ကလည်း စပါယ်ရှယ် မြန်မာ၊ကရင်၊တိုင်းရင်းသားပေါင်းစုံနဲ့ ထိုင်း အစားအစာ မျိုးစုံကို လက်စွမ်းပြချက်လာကျတော့ အကြိုက်ပေါ့ဗျာ၊ ကလေးတွေကတော့ ကစားလိုက်စားလိုက်နဲ့ ပျော်စရာပါ၊ မုန့်လက်ဆောင်း၊ကျောက်ကျော၊ရွှေရင်အေး၊ မုန့်လုံးရေပေါ် စတဲ့အချိုပွဲတွေကလည်းစုံလိုဗျာ အမျိုးအစားတွေသာချရေးလို့ကတော့ စာရွက်လောက်မှာမဟုတ်၊

ဘာသာပေါင်းစုံ လူမျိုးပေါင်း စုံချက်လာတာဆိုတော့ ဟင်းတွေကလည်းစုံတယ်၊

မိုက်ကြီးနဲ့ လည်း ဟင်းအသစ်များထပ်ရောက်လာတိုင်း ကျေညာနေတော့ သွားသွားကြည့်နေစရာမလို၊ မိုးလေးကတော့ ရွာလိုက်တိတ်လိုက်နဲ့ မို့တော်သေးတယ်၊

ခဏနေတော့ ကျွန်တော်မိတ်ဆွေက သူ့တို့ရဲ့ ရွှေဝါရောင်ဒိုးပတ်အဖွဲ့သားတွေနဲ့ မိတ်ဆက်ပေးတယ်၊
သူ့တို့ကတော့ သမိုင်းကိုကိုယ်တိုင်ပါဝင်ရေးခဲ့ကြသူများပင်၊

အသက်အရွယ်တွေကတော့အတူတူလောက်ရှိတော့ ရှိမယ်၊ တချို့က ရန်ကုန်တက္ကသိုလ်ကနေ ဒုတိယနှစ် တတိယနှစ်လောက်တက်ပြီး ဒီမိုကရေစီအရေးကို လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်ကထဲကလုပ်လာတဲ့သူတွေ၊ တချို့လည်းမန္တလေးတက္ကသိုလ်ကတဲ့၊

ဒါနဲ့ဒိုးပတ်ဝိုင်းဗွီဒီရိုကလစ်တချို့ကိုခွင့်တောင်းပြီးဖော်ပြပေးလိုက်ပါတယ်၊
ကျွန်တော်ကနှစ်မြို့လုံးမှာ ကျင်းပတဲ့သင်္ကြန်ကို လောဘကြီးပြီးသွားချင်တာနဲ့ ယိမ်းကတဲ့ အစီအစဉ်တွေအကုန်လွတ်ကုန်တယ်၊ သူများစီကဘဲဓာတ်ပုံတချို့ကိုခွင့်တောင်းပြီး ပြန်လည်ဖော်ပြ လိုက်ရပါတယ်၊
သင်္ကြန်ယိမ်းဗွီဒီယိုများကိုလည်း ဓာတ်ပုံ သတင်းထောက်ကိုဦး စီ ကနေ လိုက်တောင်းပြီးဆက်လက် ဝေမျှပေးပါဦးမယ်၊ ကိုဦးနဲ့ အဲဒီနေ့မှသိကြွမ်းပေမယ့် သူ့ရဲ့ ကင်မရာနဲ့ ဓာတ်ပုံပစ္စည်းများကိုတော့အတော်အားကျမိပါတယ်၊ သူ့ရဲ့နီကွန်ကင်မရာအကောင်းစားကြီးနဲ့ မှန်ဘီလူးကြီးကတော့မျက်စိထဲကမထွက်ပါ၊ ဒီလိုထောင်ကျော်တန်ကင်မရာတွေတော့ ဘယ်တော့မှဝယ်နိုင်မယ်မသိ၊ မှန်ဘီလူးတွေကလည်း ထောင်ဂဏန်းကပ်နေတာ တော်ရုံဝါသနာနဲ့တော့မဝယ်ဖြစ်ပါ၊
နောက် မှ အယုံသွင်းပြီးငှားရိုက်ရမယ်၊ ဟဲဟဲ..
ရွှင်လန်းချမ်းမြေ့ကြပါစေ..
နော့ကာရိုလိုင်းနားရဲ့ သင်္ကြန်အကြောင်းဆက်လက်ဖော်ပြပေးပါဦးမယ်၊
Monday, May 25, 2009
နော့ကာရိုလိုင်းနားမြန်မာနှစ်သစ်ကူး (၁)
အချိန်မရှိသေးလို့ ကမန်းကတန်း မနေ့ကပြီးသွားတဲ့သကြ`်န်ပွဲအမှတ်တရဓာတ်ပုံအချို့ကိုဖော်ပြပေးလိုက်ပါတယ်၊
စိတ်လှုပ်ရှားစရာကောင်းလှတဲ့ပွဲတော်အကြောင်းအပြည့်အစုံကို နောက်မှဆက်လက်တင်ပြပါမယ်၊
ပွဲတော်ကို ချက်ပါဟေး၊ကာဘိုရိုနဲ့ မိုင်၆၀ ဝေးတဲ့ ဟိုက်ပွိုင့်မြို နှစ်နေရာမှာတပြိုင်ထဲ ကျင်းပတဲ့အတွက်ကျွန်တော် အစီအစဉ်အတော်များများလွတ်သွားပါတယ်၊ နောက်ပြီးမိုးတွေလည်း မနက်ပိုင်းမှာရွာလိုက်ပါသေးတယ်၊
ဘာဘဲပြောပြော အနယ်နယ်အရပ်က မြန်မာများနဲ့ ဒေသခံအမေရိကန်များပူးပေါင်းပါဝင်တဲ့နှစ်သစ်ကူးရိုးရာပွဲကိုအောင်မြင်စွာကျင်း
ပခဲ့ပါပြီ၊ သတင်းအပြည့်အစုံကိုလည်း နိုင်ငံတကာမြန်မာသတင်း ဝက်ဆိုက်များမှာလည်းဒီနေ့ဖော်ပြထားတာတွေ့ရပါတယ်၊
ကျွန်တော်အနေအဲ့လည်း အလည်လွန်ပြီးအိမ်ပြန်မရောက်သေးပေမယ့် နောက်မကျစေရအောင် သူများကွန်ပျူတာမှတဆင့် အမြန် ပို့စ်တင်လိုက်ရပါကြောင်း၊
Friday, May 8, 2009
နော့ကာရိုလိုင်းနား မှ မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော် (ကာဘိုရို၊ချက်ပါယ်ဟေး)
ချက်ပါယ်ဟေး ကာဘိုရို တဝိုက်မှာ အခြေချ နေထိုင်ကြတဲ့ မြန်မာ တိုင်းရင်းသားပေါင်းစုံ စည်းလုံးညီညွတ်စွာ ကျင်းပခဲ့ကြတဲ့ မြန်မာ့ရိုးရာ အတာသင်္ကြန် ပွဲတော်ဟာ ၂၀၀၇ ခုနှစ်ကစတင်ခဲ့ပြီး ယခုဆိုရင်သုံးနှစ် သုံးကြိမ်တိုင်ခဲ့ပါပြီ၊
ကျွန်တော့်မိတ်ဆွေ သင်္ကြန်ဖြစ်မြောက်ရေး တာဝန်ခံ ကိုဇော်မင်းသူ က မကြာမှီ မေလ ၂၄ ရက်မှာ ကျင်းပမဲ့သင်္ကြန်ပွဲတော် ပြင်ဆင်နေကြပုံအကြောင်းနဲ့ အခြေအနေအရပ်ရပ်ကို ရှင်းပြပါတယ်၊ ထို့အပြင်ဓာတ်ပုံအချို့ကိုလည်းပေးပို့ လို့ ခွင့်ပြု့ချက်အရ ဖော်ပြပေးလိုက်ပါတယ်၊ သင်္ကြန်ပွဲ ရဲ့ဓာတ်ပုံတွေကိုလည်းမကြာမှီမှာ ဖော်ပြပေးပါဦးမယ်၊
University of North Carolina (Chapel Hill), Duke University (Durham) နှင့် Chapel Hill, Carrboro တဝိုက်ရှိကျောင်းများ မှအထူးဧည့်သည် တော် များလည်းတက်ရောက်ကြမှာ ဖြစ်ကြောင်း သိရပါတယ်။
နောင်နှစ်များမှာလည်း ယခုကဲ့သို့ မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို ရိုးရာအစဉ်အလာမပျက် နှစ်စဉ်နှစ်တိုင်းကျင်းပမြဲ ဆက်တိုက်ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်၊
Burmatoday မှာဖော်ပြထားတဲ့ သတင်းကိုလည်း ဒီမှာဖတ်နိုင်ပါတယ်၊
နော့ကာရိုလိုင်းနား ရဲ့အခြားမြို့တမြို့ ဖြစ်တဲ့ ဟိုက်ပွိုင့် မှာလည်း သင်္ကြန်ပွဲကျင်းပကြမယ်လို့ သိရှိရပေမယ့် အစီအစဉ် ကိုသိရှိရခြင်း မရှိလို့ မဖော်ပြပေးနိုင်သေးပါဘူး၊
ကမ္ဘာအနှံ့မှာ ကျင်းပနေကြတဲ့ရိုးရာ သင်္ကြန်ပွဲများကိုကြည့်ပြီး ပျော်ရွှင်ကြည်နှူးရင်း မကြာခင်ရောက်လာတော့မယ့် နောလ့်ကာရိုလိုင်းနား ရဲ့ မြန်မာရိုးရာအတာသင်္ကြန် ပွဲကို ရင်ခုန်စွာစောင့်နေမိပါတော့တယ်…
လိပ်စာကတော့..
9118 Old NC 86
Chapel Hill, NC 27516
Time: 12:00 noon to 6 pm
Date: May 24, 2009
ဒီအတိုင်းမောင်းလာရင်လည်းရပါတယ်၊
Subscribe to:
Posts (Atom)