Sunday, June 28, 2009

ကျွန်တော်စားဖိုမှုး



ကျွန်တော် ထမင်းဟင်းတွေမျိုးစုံကြိုးစားချက်ပါသော်လည်း ထုံးစံအတိုင်းအဆင်မပြေပါ၊ သူများဘလောက်တွေမှာရေးထာတာတွေကိုလိုက်သရေကျပြီးထမင်းစားမှဘဲအဆင်ပြေတတ်ပါ တယ်၊ အမျိုးသမီးကမကြာခင်မီးဖွားတော့မှာဆိုတော့ ထမင်းငတ်ဖို့ကအကြောင်းဖန်လာပါပြီ၊ ကိုယ်ကိုတိုင်က ဖြစ်သလိုစားလာတဲ့သူဆိုတော့ အရေးမကြီးပေမယ့်၊ သမီးအတွက်ကအရေးကြီးပါတယ်၊

ဒီတော့ သမီးကြိုက်မယ့်ဟာတွေလုပ်တတ်အောင်အရင်ကြိုးစားရပါတယ်၊ သမီးကပီဇာကြိုက်တယ်ဆိုတော့ အရေးပေါ်ရယ်ဒီမိတ်ပီဇာလေး ဖုတ်ကြွေးလိုက်ရင်အဆင်ပြေနိုင်ပါတယ်၊ ဒီတော့ ပထမဆုံး ပီဇာဖုတ်ပါတယ်၊ အမျိုးသမီးကလုပ်ကြည့်ပါဆိုတဲ့ သဘောနဲ့လွတ်ထားပေးပါတယ်၊ အမယ် အလွန်ခက်ခဲနက်နဲတဲ့ ရီလေရှင်နယ်ဒေတာဗေ့တွေတောင်ကိုယ်တိုင်လုပ်လာတာ၊ ဘာမှမပေါ်တော့တဲ့ လက်တော့ကွန်ပျူတာတစ်လုံးတောင်လောလောလပ်လပ် ပြင်ထားတဲ့လူ၊ တစ်ခါမှ မမြင်ဘူးဘဲနဲ့ ထရီနတီတို့၊ ကနော့ပစ်တို့၊ ပေါပီတို့လို လင်းနက် ဆော့ဝဲတွေကိုသုံးပြီး ၀င်းဒိုးတွေကို ကလိလာတဲ့သူ၊ နောက်ဆုံးပေါ်နည်းပညာတွေကိုမျက်ချည်မပျက်လိုက်ကြည့်နေတဲ့လူ၊ အလွန်လက်ပေါက်ကပ်တဲ့လူတွေနဲ့အလုပ်လုပ်လာတဲ့ကောင်၊ လူမျိုးပေါင်းစုံနဲ့ ပြသနာပေါင်းစုံရှင်းလာတဲ့ကောင်၊ နောက်ပြီးအမေရိကန်နိုင်ငံမှာအစား အသောက်ကိုင်တွယ်ခွင့် လက်မှတ်ရ စူရှီးလိပ်ဆရာ ကို (လုပ်စရာမရှိလို့ဝင်လုပ်တာပါ၊တစ်သတ်လုံး စူရှီးတစ်မျိုးဘဲလုပ်တတ်ပါတယ်၊ ဒါလည်းမလုပ်မဖြစ်လို့ တတ်တာပါ၊ လက်မှတ်ကတော့စာဖတ်စာမေးပွဲဝင်ဖြေ ရင်ရတာပါဘဲ) ဒီလို အညွှန်းအပြည့်အစုံပါတဲ့ ပီဇာကို ဘေကာထဲ ထဲ့ပီးခလုတ်နိုပ်တဲ့ အလုပ်လောက်ကိုလာခိုင်းတာတော့ အတော်ကိုသိက္ခာကျစရာကောင်းပါတယ်၊ ဟင်းဟင်းဟင်း..အစမ်းအနေနဲ့ တစ်ချပ်စာလှီးပီး ဖုတ်တဲ့ဘမ်းထဲထဲ့လိုက်ပါတယ်၊ အံ့မာ မီးကို ၃၇၅ဒီဂရီပေးဆိုပါလား..ဟုတ်ပြီ ပေးလိုက်ပြီ..ပရီဟိဆိုတာကတော့ဘာလဲမသိ ဒါကအရေးမကြီးပါဘူး ပူရင်သူ့ဟာသူကျက်သွားမယ့်ဟာဘဲ..၊ ကြည့်ရတာ ဒီလူတွေကလည်းနည်းနည်းကို ကြီးကျယ်လိုက်ရမှ..၊ ဖိုထဲထဲ့ ခလုပ်နိုပ်ဒါဘဲပေါ့ဗျာ..၊ ကဲကဲ ၁၅မိနစ်ဆိုဘဲ..နည်းနည်းသေချာအောင် မိနှစ်၂၀ပေးလိုက်မယ်..၊ ဟိုတစ်ခါ မိုက်ခရိုဝေ့နဲ့လုပ်တာ ချိတွေသာအရည်ပျော်သွားတယ်..အထဲကမကျက်၊ ဒါကကိစ္စမရှိ အပြင်ကချောင်းကြည့်လို့ရတာဘဲ..၊ ဟောပြောရင်းဆိုရင်း အနံကထွက်လာပြီ တူးနံလိုလိုဘဲ..၊ ၁၅မိနစ်ကမပြည့်သေး၊ အော်တိုဘေကာဆိုတော့ မိနစ်နှစ်ဆယ်မှ သူ့ဟာသူပိတ်မယ်၊ ကဲ..ဒီတော့ ခလုပ်ကို ၅မိနစ်ပြန်ရှော့လိုက်မယ်၊ ဟိုက်..ရှော့မရတော့ပါလား..၊ ပိုပြီးညော်နံထွက်လာပြီ..မထူးပါဘူး မီးခလုပ်ပိတ် စက်ကိုအတင်းဖွင့် ပြီးဆွဲထုတ်လိုက်တော့ မီးခိုးတစ်လုံးလုံးနဲ့အပေါ်ကနဲနဲတူးသွားတယ်..၊ ဖိုင်းယားအလမ်းမမြည်ခင် အရင်ပြေးဖြုတ်ထားလိုက်တယ်..ဘာဖြစ်ရင်ဘာလာမယ်ဆိုတာ အကွက်ကမြင်ပြီးသား..၊ အံမာ..ဘာလို့လွင့်ပစ်ရမှာလည်း အကောင်းကြီး စားလို့ရတာပေါ့..မခံချင်စိတ်နဲ့ပြောပြီးစားကြည့်ပါတယ်..၊ မစားခင်းဓာတ်ပုံလေးတောင်ရိုက်လိုက်သေးတယ်..၊ ခွီး.ဟီးဟီး..ခါးလိုက်တာဗျ..နံလည်းနံတယ်..၊ နေအုံး အိမ်ရှင်မကြည့်နေလားကြည့်လိုက်ဦးမယ်..၊ သူမရှိတုန်းအသာအမိုက်ပုံးထဲထဲ့လိုက်ရင်း..ဘာသိဘာသာနေလိုက်တယ်..၊ အော်..နောက်တော့မှစာသေချာပြန်ဖတ်မိတယ်..၁၂လက်မပီဇာတစ်ခုလုံးကို ဖုတ်မှ ၁၅မိနှစ်ပေးရတာကိုး..၊ တောက်..ဒါတောင်သတိမထားမိ..၊ စာကလေးတစ်ကောင်နဲ့ ကျွဲတစ်ကောင်မီးဖုတ်ရင် မီးအပူအတူတူပေးပြီးဖုတ်လို့ဘယ်ရမလဲ..၊ ကလေးတောင်သိမယ်..၊ကျွန်တော်မသိလိုက်..၊ အေးလေ..ပညာရှိသတိဖြစ်ခဲဘဲ..၊ထားလိုက်ပါတော့၊



သမီးက ကြက်သားခေါက်ဆွဲစွတ်ပြုတ်လည်းကြိုက်တယ်..၊ ဒီတစ်ခါတော့ အညံ့မခံတော့ ရယ်ဒီမိတ် ဆိုဒီယမ်ရှော့ထားတဲ့ ဘူးတွေမှအများကြီး၊ နောက်ပီးသူကပေါက်ဆီကြိုက်တယ် ဆိုတော့ အအေးခဲထားတဲ့ပေါက်ဆီနဲနဲဆောင်ထားလိုက်မယ်၊ ဒိတ်မအောက်ခင်စားပေါ့၊ ဒိတ်တစ်ရက်နှစ်ရက်အောက်လည်းဘာဖြစ်လဲ..၊ ဗမာပြည်မှာဘယ်တုန်းကများ ဒိတ်ကြည့်ပြီးစားဖူးလို့လဲ၊ ရှိလည်းမရှိ၊ ကလေးမငိုဖို့နဲ့ သူ ဗိုက်ဆာပြေဖိုအရေးကြီးတယ်၊ သမီးကတစ်ခုခုအမြဲစားချင်နေတတ်တော့ အာလူးကျော်တော့သိပ်ဝယ်ကျွေးလို့မဖြစ်၊ ကံကောင်းထောက်မစွာ တရုတ်ဆိုင်က နေကြာစိလှော်တွေတွေ့လို့အများကြီးဝယ် လိုက်တယ်၊ အမယ်သူကြိုက်တယ်တဲ့..၊ ကိုယ့်ဟာကို ဆိုအသားတစ်မျိုးမျိုးကြော်ထားပြီး ကြက်ဥရှိရင်ပီးတယ်၊ ကလေးကိုချက်ကြွေးရမှာတော့အတော်စိတ်ပျက်စရာဘဲဗျို့..၊ ကလေးကလည်းအဖေကို ကျောင်းပိတ်တုန်းပညာပေးလိုက်တာလည်းမျိုးစုံပါဘဲလား၊



ဘာဘဲပြောပြော ဒီနေ့တော့ ကလေးပေါက်စအတွက်ပစ္စည်းတွေတော့အတော်စုံသလောက်ဝယ်ခဲ့ပြီ၊ မွေးဖို့က ၆ရက်ဘဲလိုတော့တာကလား..ကလေးကြည့်ရတာလည်းအဖေလို အတိအကျသမားဖြစ်ပုံရတယ် စောမွေးမယ့်ပုံမပေါ်၊ ဘာဘဲပြောပြော..ယောက်က္ခမကြီးရေ ကယ်ပါဦးဗျ..၊ကလေးကိုဘယ်လိုရေချိုးပေးရပါ့..၊ကတုံးဘယ်လိုရိတ်ရပါ့၊ ထမင်းဘယ်လိုကျွေးရပါ့၊ အမလေးလေး..ဒီကြားထဲ.. အိမ်ရှင်မကတစ်ပတ်လောက်တော့ ဟင်းချက်ကျွေးပါတဲ့..
ကိုယ့်ကိုချစ်ရင် ပီဇာစားပါလားဟင်.


7 comments:

khin oo may said...

ဖတ်သွားပါသည်

I am a good cooker...


28 Jun 09, 22:35
kom: အပေါ်ဆုံးကဘယ်ကဆိုင်လဲ စလုံးကဆိုင်တွေ နဲ့တူလိုက်တာ.

28 Jun 09, 22:34
kom: ဘူးတွေ ကတော့အများကြီးရန်ကုန်မှာ ဆိုရင်တော့ သေငှေးဘဲ။ ဒီမှာကတော့ကိုယ်မချက်တတ်လို့ ဒီလိုနစ်ပါးသွားနေရတာ ဘဝ ဘဝ လူမသိဘူး။

28 Jun 09, 22:33
kom: ဝယ်တာ များလှချည်လား ပိုက်ဆံမဖြုန်းပါနဲ့ ခလေးက ခဏလေးနဲ့ကြိးသွားမယ။်

28 Jun 09, 22:32
kom: whah.. အတော်တူးသွားတာဘဲ။

28 Jun 09, 22:32
kom: ကြက်ဥလေးပြူတ်ကျွေးကြည့်ပါလား။ ပီဇာထက်လွယ်မယ်ထင်တယ။် သူမသဘောတူရင်ပေါ့။

28 Jun 09, 22:31
kom: အအေးခဲထားတဲ့ပေါက်စီလည်းတွေ့တွေ့နေသားဘယ်လိုလုပ်စားရမှန်းမသိတာနဲ့ အခုထက်ထိ ကို မစားရသေးပါဘူး။ ဆိုဒီယမ်လျော့ထားတာတွေကလည်း စားမကောင်းသလိုဘဲ။

28 Jun 09, 22:30
kom: ဘူး။ မုန်လာဥချဉ်ရည်နဲ့ ကြက်ဥချဉ်ရည်ပုဇွန်ကြောဘဲ ချက်ကြွေးလာတာ တစ်သက်လုံး။ အဲံဒီပီဇာလည်းမြင်မြင်နေတာကြာ

28 Jun 09, 22:28
kom: ချင်းလဲတူတယ်။ ထမင်းချက်တော့ မီးသွေးနဲ့ချက်တာပေါ့။ ဟိုတုံးက ပျော့သွားတော့ လူလစ်တာနဲ့ တအိုးလုံးသွန်ပြစ်လိုက်ပြိး ပြန်ချက်လိုက်တယ်။ ဒါဘဲကွဆိုပြီ။ ကလေးမရှိတာလဲ သူကေးလကံကောင်းတယ။် အမျီူးသားတော့ကံမကောင်းရှာ

28 Jun 09, 22:27
kom: ဟုတ်တယ်။ဟင်းချက်တယ်ဆိုတာ သိတ်ခက်တယ်။ မလွယ်ဘူး။ တခြားဟာလုပ်ရတာကလွယ်သေးတယ။် ဖြစ်နေကြ။ ရန်ကုန်အိမ်ကထည့်ပေးလိုက်တဲ့ငါးကြော်ကိုပြန်နွေးရင်တောင် တူးသွားတဲ့ကောင်ပါ။ ဒီကလည်း တူတူဘဲ။ လူမမြင်ခင် လွတ်ပစ်ချင်တာချ

28 Jun 09, 22:23
kom: လာပြီ

28 Jun 09, 20:52
kom: လာဖတ်သွားသည်။

khin oo may said...

ဟေ့။ဒီမှာ ဟင်းတစ်ခွက် အကြံရပြီ.။ မဆိုးဘူး သူကလေးကိုမေးကြည့် အကြံရနိုင်တယ်။

http://rose-sharon.blogspot.com/2009/06/blog-post_26.html

မောင် said...

ဟင်းချက်တာဆိုလို့ ကြက်ဥ ပဲ ကြော်တတ်တာ... ၇ယ်ဒီမိတ် တွေ ဝယ်ပြီး မိုက်က၇ိုဝေ့ ထဲ ထည့်စား၇တာပေါ့...

JuneOne said...

တော်လိုက်တဲ့ စားဖိုမှးု။
သမီးအတွက် ပစ္စည်းတွေသိပ်မ၀ယ်နဲ့။ခဏလေးနဲ့မသုံးရဘူး။
ကလေးကအထွားမြန်လို့။လိုမှ ၀ယ်တာအကောင်းဆုံး။
စီနီယာမလို့ ဆရာလုပ်သွားပါတယ်။:)

စိတ်စမ်းရေ said...

ပညာရှိဆိုတော့ တခါတခါဖြစ်တက်ပါတယ်...။
ဘာလေးမွေးလဲ ဟင်....။

Unknown said...

ဟေးးးးး ဟေးးးးး ပီဇာဆိုင် ဖွင့်ရင်ပြော.... ရှောင်မလို့... :D
ကျွန်တော့်လို မလုလုဆို့ ရှင်မင်းတို့ဆီ ဆိုဒ်မှာ သွားသင်ပြီး စမ်းချက်ကြည့်ပါ့လား သူတို့ရေးထားတာ အသေးစိတ်ဆိုတော့ ယောင်္ကျားလေးတွေလဲ လိုက်ချက်လိုပ အဆင်ပြေတယ်ဗျ။ ဟဲ ဟဲ... ကျွန်နော်တော့ smoke detector ကိုအပြီး ဖြုတ်ထားလိုက် တယ်အေးရော.........:P

rose of sharon said...

တော်တော်အလုပ်ရှုတ်နေမှာဘဲနော်..