Thursday, November 12, 2009

အခမဲ့ တုတ်ကွေးကာကွယ်ဆေး..



ကျွန်တော့်အမျိုးသမီးကတော့ ရာသီပေါ်ဖလူ နဲ့ H1N1 Flu ကာကွယ်ဆေး ကိုလွန်ခဲ့တဲ့နှစ်ပတ်လောက်ကဘဲထိုးပြီးသွားပါပြီ၊ ကျွန်တော်တို့ဒေသမှာတော့ ၀က်တုတ်ကွေး ကာကွယ်ဆေးကို နာခေါင်းရှူဆေး ဘဲအသွင်းများလို့ ရှူဆေးနဲ့တိုးဖို့များပါတယ်၊ ရှူဆေးက နဲနဲပျော့လို့ ဘေးထွက်ဆိုးကျိုးနည်းတယ်လို့သိရပါတယ်၊



သမီးကြီးအတွက်ကတော့ ဆောင်းရာသီရောက်ရင် ထုံးစံအတိုင်းရာသီပေါ်ဖလူ ကာကွယ်ဆေးကို နှစ်တိုင်း ထိုးပေးပါတယ်၊ ဒီနှစ်တော့ H1N1ကာကွယ်ဆေးပါ အပိုထိုးပေးရပါဦးမယ်၊

H1N1 ၀က်တုတ်ကွေး ကာကွယ်ဆေးက လိုသလောက်အပြည့်အ၀မထုတ်လုပ်နိုင်သေးလို့ ဦးစားပေးနဲ့ထိုးပေးပါတယ်၊ ကလေးအမေတွေကဦးစားပေးထဲမှာ ပါလို့ ကျွန်တော့်အမျိုးသမီး ဆေးခန်း ဆေးစစ်အသွားမှာ မမျှော်လင့်ဘဲသူ့ဆရာဝန်က ထိုးပေးလိုက်တာပါ၊

ကဲပါ..လိုရင်းဘဲပြောတော့မယ်..
ကျွန်တော်တို့မြို့နယ်မှာ ၄နှစ်ကနေ ၁၈နှစ်အတွင်း ကလေး တွေအတွက် ၀က်တုတ်ကွေးကာကွယ်ဆေး နဲ့ ရိုးရိုးရာသီပေါ်တုတ်ကွေးကာကွယ်ဆေး ဒီအပတ် စနေနေ့မှာ အလကားထိုးပေးပါမယ်တဲ့၊ အသေးစိတ်ကတော့အောက်ပါအတိုင်းပါ၊ လူများလား မများလားတော့မသိပါဘူး၊ ကျွန်တော်တော့သွားကြည့်လိုက်ဦးမယ်၊ ကြေညာတာကတော့မနေ့က ၁၁ ရက်နေ့ကမှပါ၊ အခုမထိုးဖြစ်လည်း နောက်ထပ်ရောက်လာရင် ထိုးပေးအုံးမှာမို့ ပူစရာတော့မလိုပါဘူး..၊ အခြားနေရာတွေလည်းရှိဦးမှာပါ၊ လိပ်စာကတော့အောက်ပါအတိုင်းပါ..၊

Youth Flu Clinic

Seasonal (shots) &
H1N1 (mostly mist)
will be available.

Sat. Nov 14th
Ages 4 -18 yrs Only
9am-3pm
(or until vaccine supplies are gone)

Cedar Ridge High School
1125 New Grady Brown School Rd
Hillsborough, NC 27278
* Free * Walk-In * Rain or Shine *
________________________________
Find answers to general flu or vaccine questions:
At: www.co.orange.nc.us/health or
Call: The 24-hour NC Care Line
1-800-662-7030 (English/Spanish) or 1-877-452-2514 (TTY)
Health Dept. Flu Nurse 605-2051

ဆေးမထိုးရသေးလို့လည်းသိပ်တော့မပူပါနဲ့ ကျွန်တော် ဖတ်ထားမိတဲ့ ကာကွယ်ပုံနည်းလမ်းအကျည်းကတော့ ဒီလိုပါ..
ကူးစက်ဝင်ရောက်ပုံက နာခေါင်း နဲ့လည်ချောင်းကတစ်ဆင့်ဖြစ်တဲ့ အတွက်ကြောင့်မို့ ပတ်ဝန်းကျင်မှာ ရောဂါပိုးရှိနေရင် ရှောင်လွှဲဖို့မရနိုင်ပါဘူး၊ ဒီတော့ ကျမ်းမာနေတဲ့သူတစ်ယောက်အနေနဲ့ အောက်ပါအချက်များဖြင့်ကာကွယ်နိုင်ပါတယ်လို့ဆိုပါတယ်..၊
၁) လက်ကို မကြာခဏဆေးပေးပါ၊
၂) လက်နဲ့ မိမိမျက်နှာ နှာခေါင်း ကိုင်တွယ် တာကို ရှောင်ကျဉ်ပါ၊
၃) ဆားငံရေနဲ့ တစ်နေ့နှစ်ခါလောက် ပလုပ်ကျင်းပေးပါ၊ (လည်ချောင်းဝထိရောက်အောင် မော့ပြီး လုပ်ပါ၊ Gargle လုပ်တာကိုဆိုလိုတာပါ၊) လစ်စရင်းနဲ့လုပ်လည်းရပါတယ်တဲ့၊ ရောဂါပိုး အသက်ရှူလမ်းကြောင်းထဲဝင်ရောက်ပြီး ရောဂါလက်္ခဏာပြဖို့၂ရက်၃ရက်ကြာတတ် တယ်လို့ဆိုပါတယ်၊
၎) တစ်နေ့တစ်ကြိမ်ခန့် နှာခေါင်းကို ပြင်းပြင်းညစ်ထုတ်ပေးပါ၊
Clean your nostrils at least once every day with warm salt water.
Blowing the nose hard once a day and swabbing both nostrils with cotton buds dipped in warm salt water..
၅) ဗိုက်တာမင် စီပါတဲ့ အသီး၊ အစားအစာများများစားပြီး ခုခံအားမြှင့်တင်ပါ၊
၆) ပူပူနွေးနွေး အရည်များများသောက်ပေးပါ (ကော်ဖီ၊ လက်ဖက်ရည်၊ ရေနွေးကြမ်း စသည်ဖြင့်..) ပူပူနွေးနွေးအရည်သောက်ပေးတာ ဟာ လည်ချောင်းမော့ပြီး ပလုပ်ကျင်းတာနဲ့(Gargling) နဲ့ အကျိုးအတူတူပါဘဲတဲ့၊ ၀က်တုတ်ကွေးရောဂါပိုးဟာ ဗိုက်ထဲရောက်သွားရင်တော့ မရှင်နိုင်တော့ပါဘူးတဲ့၊

ဆေးလည်းမထိုးချင်ဘူး၊ ရောဂါလည်းမဖြစ်ခြင်ဘူးဆိုရင်တော့ ပူပူနွေးနွေးသာ များများသောက်ပါလို့ ကြားသိသမျှတင်ပြလိုက်ရပါတယ်ခင်ဗျာ..၊ အမှားပါရင်တော့ ၀င်သာပြင်ပေးသွားပါလို့ဘဲပြောပါရစေ..၊

ပျော်ရွှင်ကျမ်းမာကြပါစေ…

http://www.cdc.gov/Flu/protect/keyfacts.htm

3 comments:

JuneOne said...

မှတ်သားသွားပါတ.်။

kiki said...

ဒီမှာလည်း ပြီးခဲ့တဲ့တပါတ်တည်းက H1N1 vaccine တွေထိုးပေးနေပြီ ..ဒါပေမဲ့ အရေအတွက်နည်းနေသေးလို့  ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေနဲ့  ၂ နှစ်အောက် ကလေးများကို ပထမဦးစားပေးအသုတ်အနေနဲ့ပဲထိုးနိုင်သေးတယ် ။common flu vaccine ကတော့ အောက်တိုဘာလဆန်းက စပြီး ၆၅နှစ် အထက်နဲ့ ၈ နှစ်အောက် အားလုံး ရယ် ။ဆေးဘက်ဝန်ထမ်းတွေ အားလုံးရယ်ကို ထိုးပေးပြီးသွားပါပြီ ဦးရန်မျိုးရေ ...

့မြန်မာပြည်က တိုင်းသူပြည်သားတွေကိုလည်း အလားတူ ကျန်းမာရေးစောင့်ရှောက်မှုများ ရစေချင်လိုက်တာ .. ဘယ်တော့များမှ.....

rose of sharon said...

မှတ်သားစရာလေးတွေ ဝေမျှပေးတာကျေးဇူး....