Wednesday, August 27, 2014

သေနပ် ကြိုက်ရင်..

တနင်္လာနေ့က အရီဇိုးနားပြည်နယ်မှာ အလည်လာတဲ့မိသားစုတစ်စုက ၉ နှစ်သမီးကို သေနပ်ပစ်ကွင်းမှာ သေနပ်ပစ်သင်စေတယ်..၊ သင်တဲ့သေနပ်က အူဇီ စက်သေနပ်အတို၊ တစ်ချက်ချင်းပစ်တော့ အိုကေ၊ ဒါနဲ့ ဖူးအော်တိုလည်းတင်ပေးလိုက်ရော သေနပ်ကို ကလေးက မထိန်းနိုင်တော့ သင်တဲ့သူပါပစ်မိပြီး သေပါလေရော..၊

Monday, August 11, 2014

Sunday, August 10, 2014

နယူးယောက်ခရီး - ၂၀၁၄




ဒီနှစ် နွေဦး ကျောင်းပိတ်ရက်မှာ နယူးယောက်မြို့ကို သွားလည်ခဲ့ပါတယ်..၊ ကျွန်တော်နေတဲ့ ရှားလော့မြို့ ကနေ နယူးယောက်ဟာ မိုင်၆၅၀ ခန့်ဝေး ပြီး ၁၀ နာရီကျော်ခရီးပါ၊
အမေရိကန် တောင်ပိုင်းသားတွေ အနေနဲ့တင်စား ပြောရရင်တော့ နယူးယောက်ဟာ ရန်ကုန်နဲ့ မန္တလေးလိုပါဘဲ..၊  စကားပြောလေယူလေသိမ်း ကအစ ဓလေ့စရိုက်မတူပါဘူး၊
ဒီလိုနဲ့ မနက် ၃ နာရီလောက်ထပြီး လေဘာတီရုပ်တု ကုတို့ သင်္ဘော ၃နာရီခွဲ အမှီ မောင်းခဲ့ပါတယ်..၊ လမ်းမှာ ဗာဂျီးနီးယား၊ အနောက်ဗာဂျီးနီးယား၊ မေရီလန်း၊ ပန်ဆယ်ဘေးနီးယား၊နယူးဂျာစီ ပြည်နယ်တွေကို ဖြတ်မောင်းခဲ့ပါတယ်..၊