Tuesday, November 19, 2013

လေကြောင်းပြပွဲ နှင့် အမျိုးသမီး စတန့်သမား


Wing Walker Ashley Battles
ဒုတိယ ကမ္ဘာစစ် သရုပ်ပြလေကြောင်းတိုက် ပွဲတွေနဲ့ မွန်ရိုးမြို့လေး မှာ နှစ်စဉ် ကျင်းပလေ့ရှိတဲ့ လေကြောင်းပြပွဲကို သွားခဲ့ပါတယ်..၊ ပြပွဲ အမည်ကတော့ “Warbirds over Monroe” ဖြစ်ပါတယ်..၊

လေကြောင်းပြပွဲတွေဟာ ကမ္ဘာအနှံ့အပြားလူကြိုက်များပါတယ်..၊
တခါတလေ မတော်တဆဖြစ်တက်ကြပါတယ်..၊ တခါဆို တပတ် အတွင်းလေကြောင်းပြပွဲ သုံးနေရာ မှာ (အင်္ဂလန် တစ်နေရာနဲ့ အမေရိကန် နှစ်နေရာ) မတော်တဆမှုတွေဖြစ်ခဲ့ပြီး သုံးဦး အသက်ဆုံးခဲ့ဖူးပါတယ်..၊
အထူးသဖြင့် စွန့်စွန့်စားစား ပြရတဲ့ သရုပ်ပြကွက်တွေပါ၊ အဲ့ဒီ စတန့်သမားတွေထဲမှာ လေယဉ်တောင်ပံပေါ်မှာ လျှောက်သွားပြပြီး အပေါ်က စီးနှင်း သရုပ်ပြသူ Wing Walker  တွေကတော့ အသဲယားစရာပါ..၊
အဲ့ဒီနေ့ က Wing Walker အမျိုးသမီး စတန့်သမားကတော့ Ashley Battles ဖြစ်ပါတယ်၊ သူက ကမ္ဘာ့စံချိန်  ၄နာရီ ၂ မိနစ်နဲ့တင်ထားပါတယ်..၊
အင်တာနက် နှေးရင်တော့ ဖေ့ဘုတ်ဗွီဒီယို ဆိုဒ်အသေးကို ဒီမှာ ကြည့်နိုင်ပါတယ်..၊