Saturday, February 28, 2009

အမှတ်တရ သီရိလင်္ကာ


သီိရိလင်္ကာနိုင်ငံ မြို့တော်ကိုလံဘို ရဲု့ ကယုနာရက်ပ် နိုင်ငံတကာလေဆိပ်ကိုလေယာဉ်ဆိုက်တော့ မနက် ၂နာရီခန့်ရှိပြီ၊ ဘာလိုလိုနှင့် မမျှော်လင့်ဘဲ ဗုဒ္ဓဘာသာယာဉ်ကျေးမှု့ ထွန်းကားရာ သီဟိုဋ္ဋ် ကျွန်းသို့ရောက်ခဲ့ပါပြီ်၊ ဘာတွေများ လေ့လာရမလဲတွေးရင်း လေဆိပ်ကထွက်ခဲ့သည်၊ လေဆိပ်ကထွက်ထွက်ခြင်းဘဲ ကျွန်တော်အတော်လန့်သွားသည်၊ ကားတိုက်ပြီပေါ့၊ ဒရိုင်ဘာဘယ်လိုမောင်းတာလဲတောင်ထင်မိတယ်၊ ဟုတ်တယ်လေ ကားနှစ်စီးရှောင်တော့ သူက ညာဘက်မယူဘဲ ဘယ်ဘက်ကိုဆွဲလိုက်တာကိုး၊ ဘယ်ဟုတ်မလဲ နောက်တော့မှသဘောပေါက်သွားတယ် ဒီမှာကဘယ်မောင်း၊

ကျွန်တော်လည်းထွက်သာလာခဲ့တာ ဒီနိုင်ငံအကြောင်းဘာဆိုဘာမှ ကြိုမလေ့လာခဲ့၊ လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်က စစ်တွေလေဆိပ်မှာ ဆုံတဲ့ သီရိလင်္ကာသား ယူအန် အရာရှိတဦး ပြောပြတဲ့ သွားလည်သင့်တဲ့နေရာတွေလောက်ဘဲမှတ်လာခဲ့ရသည်၊ တကယ်တော့ ဟိုး.. ဘင်္ဂလားနယ်စပ်ကနေတိုက်ရိုက်လာခဲ့ရတာလို့ဆိုရမည်၊ ကံကောင်းလို့ရောက်တာလို့လဲဆိုရမည် လွန်ခဲ့တဲ့တစ်လလောက်က စစ်တွေနဲ့ အငူမော် ကြားမြစ်သုံးခွကို စက်လှေလေးနဲ့ အဖြတ် မုန်တိုင်းမိတာ ကံကောင်းလို့မသေတယ်၊ အဲ့ဒီအချိန်ကလဲအလုပ်အလွန်များတာဆို တော့ ဌာနေကိုယ်စားလှယ်ပြောတဲ့ လုပ်ငန်းတာဝန်တွေလောက်ဘဲ မှတ်သားခဲ့ရတာကိုး၊ ကိုလံဘို ရုံးနဲ့လေဆိပ်နဲ့ကအ တော်ဝေးသည် ကားတစ်နာရီကျော်ခန့်မောင်းမှရောက်တယ်၊ ရုံးဆိုပေမယ့်လည်း အိပ်ခန်းသုံးခန်းရှိသည့် တိုက်ပုလေးဖြစ်သည်၊ ဌာနေကိုယ်စားလှယ် နဲ့ ဒေသဆိုင်ရာမန်နေဂျာ တို့ကတိုကျိုရုံးကတစ်ယောက်နဲ့ ကျွန် တော့်ကိုပြောစရာရှိတာနဲနဲပြောပြီသူတို့အိမ်ပြန်သွားကြသည်၊ ကဲ အိပ်မယ်လုပ်မှသူတို့ဆီကခြင်ထောင်ကိုစိတ်ပျက်သွားသည် ကျွန်တော်တို့လိုလေးထောင့်မဟုတ် ဇာကိုအပေါ်ကစုချည်ထားသလိုမျိုးဖြစ်ပြီး တရားထိုင်တဲ့ခြင်ထောင်လိုမျိုးဖြစ်သည်၊ ဒီတော့လက်နှင့်ခြင်ထောင် အလွယ်တကူထိပြီး ထိတဲ့နေရာ ခြင်ကိုက်ခံရသည်၊ တခုသတိထားရတာက အဲဒီအချိန်က ဒန်ဂီ ရောဂါ (ခြင်ကိုက်လျင်ဖြစ်တဲ့တုတ်ကွေးတမျိုး)တွေအဖြစ်များနေတဲ့အချိန်၊ ဧပြီလဆိုတော့လည်းအတော်ပူသည်၊ ဒီတော့ခြင်ဆေးထွန်းအိပ်ရသည်၊ ဒီလိုနဲ့အိပ်ဖို့ပြင်ဆင်နေရင်းမိုးလင်းသွားတော့တယ်၊ မနက်မိုးလင်းတော့ ငှက်ကလေးတွေအတော်များများကိုခြံ ထဲမှာတွေ့ရသည်၊ အိမ်ဘေးကပ်ရက်အပြင်ထုတ်ထားတဲ့လသာဆောင်လို နေရာမှာဘဲ မနက်စာစားရင် စဉ်းစားမိတယ်၊ တခါမှလာဖို့မစဉ်းစားမိဘဲ သီဟိုဋ္ဋ်ကို ရောက်ခဲ့ပြီလို့၊ ဘုရားတွေစုံအောင်ဖူးရမယ်လို့လည်းအားတင်းထားမိတယ်၊ ဒီလိုနဲ့ ကိုလံဘိုရုံးမှာနှစ် ညလောက်အိပ်ပြီး ပရောဂျက်တွေရှိရာ မြောက်ပိုင်း ဘာဘူးနီးယားကိုရထားဖြင့်ချီတက်ခဲ့ကြတယ်၊

ပင်လယ်နှင့်ကပ်နေသည့် ကိုလံဘိုမြို့တနေရာ၊
သီရိလင်္ကာမှာတော့ ဒီလိုခြင်ထောင်နဲ့အိပ်ရမယ် ကိုလံဘိုရုံးမှာ ညညဆိုဒီနေရာမှာထိုင်ပြီး.. ကိုလံဘိုဘူတာရုံ

ကိုလံဘိုဘူတာကတော့ရန်ကုန်ဘူတာလောက်ပါဘဲ နဲနဲတော့ပိုငယ်ပြီး ပိုဟောင်းသလားလို့.. ကိုလံဘိုကနေ ဘာဘူးနီးယား ထိက ၆နာရီကျော်ကျော်ဘဲရထားစီးရတာ၊ ရထားသံလမ်းနှစ်ခုအကွာအဝေး ကမြန်မာပြည်မှာထက် ပိုကျယ်တာသတိထားမိတယ်၊ ရထားတွဲတွေကလည်းအဟောင်းတွေများတယ်၊ လမ်းမှာလည်းတချို့နေရာတွေမှာ တော်တော်ခုန်တယ်၊ လမ်းမှာတော့ ကျွန်တော်တို့ဆီမှာလို ဘူတာမှာကလေးတွေဈေးလိုက်ရောင်းတာမရှိဘူး၊ ရေကုသိုလ်လိုမျိုးမရှိဘူး၊ ရေသောက်ခြင်ရင် ဘူတာမှာထားတဲ့ ဘုံဘိုင်တွေကနေ ကိုယ့်ဟာကိုယ်ရေဘူးနဲ့သွားထဲ့ရတယ်၊ ဘူတာထဲက ဈေးဆိုင်ကနေ လည်းရေသန့်ဘူးတို့ စားစရာတို့ဝယ်လို့ရတယ် သူတို့ဆီမှာနာမည်ကြီးတဲ့ဆေးလိပ်က ဂိုးလိ လို့ခေါ်တဲ့စီးကရက် ၊ ဒီလိုနဲ့..ညနေလေးနာရီခွဲလောက်မှာကိုလံဘိုကနေရထား ထွက်ပြီးဟိုကို ၁၀နာရီခွဲ ကျော်ကျော်လောက်ရောက်တယ်၊ ဘူတာရုံရောက်တော့ လုံခြုံရေးတွေအပြည့်တွေ့ရ တယ် ရထားပေါ်ပါလာသူတွေကိုအနည်းအကျည်းစစ်ဆေးတယ်၊ နောက်မှသိရတာက ဒီဘာဘူးနီးယားဘူတာကရထားသွားလို့ရတဲ့နောက်ဆုံးဘူတာဖြစ်ပြီးဟိုဘက်မှာ သံလမ်းတွေ၊ ဘူတာတွေကအကုန်လုံး ပျက်စီး နေကြတယ်၊ အဲ့ဒီအချိန်က အယ်တီတီအီး သူပုန်တွေနဲ့ အပြစ်အခတ်ခဏရပ်ဆဲထားပြီး ပြန်လည်ထူထောင်ရေးတွေ လုပ်နေချိန်၊ ဒါပေမယ့်အချိန်မရွေးပြန်ပြီးတိုက်ပွဲတွေဖြစ်လာ နိုင်တော့နှစ် ဖက်လုံးက အသင့်အနေအထားမှာရှိနေကြတယ်၊ မကြာခဏ ထိတွေ့ ပြစ်ခတ်မှုသတင်းတွေတော့ကြားနေရသည်၊ ဒီလိုနဲ့ ရထားဘူတာကနေရုံးကို ကိုယ့်အထုပ်ကိုယ်ဆွဲပြီးလမ်းရှောက် သွားကြတယ်၊ ရုံးနဲ့ဘူတာနဲ့ကသိပ်မဝေး၊ ဘူတာရုံလမ်းထဲမှာဘဲ၊ နောက်ဆုံးတော့ကျွန်တော်နေရမယ့်ရုံးကိုရောက်ခဲ့တယ်၊ ရုံးကတော့သိပ်မကျယ်ဘူး၊ အိပ်ခန်းသုံးခန်းဘဲရှိတယ်၊ အဲဒီရုံးမှာတော့ဝန်ထမ်းအတော်များတယ်၊ ပရောဂျက်တွေ နဲ့နီးတဲ့နေရာကိုး၊ အလုပ်က စစ်ဖြစ်တဲ့နေရာက လူတွေကိုလာကူညီတဲ့အလုပ် ကျောင်းတွေ တံတားတွေ ဘာတွေဆောက် ပေးတာမျိုး၊ နောက်ပြီးစက်မှုလက်မှုကျွမ်းကျင်သင်တန်းတွေလည်းပေးတယ်၊ အဲ နောက်နေ့ကြတော့ ကျွန်တော်တို့ မြောက်ဘက်သူပုန်တပ်တွေထိမ်းထားတဲ့နယ်ထဲကရုံးဆီကို ကားနဲ့ဆက်ထွက်ကြတယ်၊ ဘာဘူးနီးယားရုံးကထွက်ပြီးမကြာခင်မှာဘဲ မီးလောင်ထားတဲ့ ဘူတာရုံအကြွင်းအကျန်နဲ့ သံလမ်းအပိုင်းအစတွေ ကို ဟိုမှာဒီမှာဖြတ်သွားရင်းတွေ့ရတယ်၊ ကျည်ဆံရာ ဗရပွနဲ့တိုက်ပျက်တွေလည်းအများကြီးတွေ့တယ်၊ စစ်စခန်း တွေကလည်းနေရာတကာမှာပေါ့၊ ကင်းစခန်းတွေ၊ ကင်းလှည့်နေတဲ့တပ်တွေကို ကြည့်နေရင်းမှာဘဲ နောက်ဆုံးရန်သူနဲ့ရင်ဆိုင်ထားရာ စစ်တပ်စခန်းကိုရောက်တယ၊် အဲ့ဒီမှာကားတွေကိုသူပုန်နယ်ဘက်ဖြတ်ဖို့စာရွက်စာ တမ်းနဲ့စစ်ဆေးရေးနည်းနည်းလုပ်တယ်၊ ကျွန်တော်တို့ကတော့ ယူအန်နဲ့ပေါင်းလုပ်တာဆိုတော့ သဘောလောက် ဘဲစစ်တာပါ၊ တခြားကားတွေကိုတော့သေခြာစစ်တယ်၊ သာမန်ခရီးသည်တွေအကုန် နိုးမန်းလမ်းကို လမ်းလျောက်ပြီးဖြတ်ရတယ်၊ နိုင်ငံတကာကြက်ခြေနီအဖွဲ့က ဟိုဘက်ဒီဘက်မှာ စခန်းဂိတ်လေး တခုစီဆောက်ထားပြီးအချိန်ပြည့်စောင့်ကြည့်နေကြတယ်၊ အဓိကကတော့ စက်ကရိယာအပိုပစ္စည်းလိုဟာတွေကိုသူပုန်ဘက်သယ်ခွင့်မပြု့ဘူးလို့သိရတယ်၊ ဒီလိုနဲ့ စစ်တပ်ဘက်ကစစ်ဆေး ပြီးတော့ ကိုက်၆၀၀ ကွာတဲ့ နိုးမန်း လမ်းကိုဖြတ်ရတယ်၊ နိုးမန်းလမ်းဆိုတာကတော့ အပြစ်အခတ်ရပ်ဆဲထားစဉ်ကာလမှာ ယာယီသတ်မှတ်ထားတဲ့ ထိမ်းခြုပ်နယ်မြေနှစ်ခုကြားကအကွာအဝေးကိုဆိုလိုတာပါ၊ ကျည်ဆံတစ်ကမ်းပေါ့လေ၊ တကယ်တော့လည်း အေကေ ၄၇ တွေကကိုက်တစ်ထောင်အထိပြစ်လို့ရတယ်တဲ့၊ ပြောရရင်တော့..ဟိုဘက် ဒီဘက်နှစ်ဘက်စစ်တပ်တွေ တယ်ထားတဲ့နေရာပေါ့ဗျာ၊ ဒီA9 လမ်းမကြီးက အပြစ်အခတ်ရပ်ဆဲပြီးနောက်ပိုင်းမှနိုင်ငံတကာအကူအညီနဲ့ပြန်ပြုပြင်ထားတာလို့သိရတယ်၊ မိုင်းသတိပေးဆိုင်းဘုတ်တွေကတော့ဘာဘူနီးယားက ထွက်ကထဲကလမ်းဘေးဝဲယာမှာအပြည့်ဘဲဗျို့၊ ကားလမ်းဘေး ကမြေကြီးပေါ်တောင်မနင်းရဲအောင်ဘဲ၊ ဒီလိုနဲ့နိုးမန်းလမ်းကို ဖြတ်ပြီးတော့ ဟိုဘက်ကသူပုန်တပ်တွေကလည်းကားတွေကိုတခါစစ်ဆေးပြန်သေးတယ်၊ ၁၅မိနစ်လောက်ကြာတယ်၊ ပြီးတော့မှ ကျွန်တော်တို့အဖွဲ့ ကျားသူပုန်ခေါင်းဆောင်ကြီး ပရာပါဂရန် ရုံးစိုက်ရာ ကျားသူပုန်တို့ရဲ့ဌာနချုပ်မြို့တော် ကီလီနိုချီ်ကို ဆက်လက်ချီတက်ကြတယ်၊ စကားမစပ်ပြောရရင်တော့ ပရာပါဂရမ် ဆိုတာက အိန္ဒိယဝန်ကြီးချုပ်ဟောင်း ရာဂျစ်ဂန်ဒီကို အသေခံဗုံးဖောက်ခွဲလုပ်ကြံဖို့ အမိန့်ပေးခဲ့သူလို့သိရပြီး သူတို့ရဲ့နာမည်ကြီးအသေခံဗုံးခွဲသမားတွေကြောင့်လည်း နိုင်ငံတကာက အကြမ်းဖက်အဖွဲ့လို့သတ်မှတ်ထားတယ်၊ အဲ.. ဘာဘူနီးယားကနေ ကီလီနိုချီအထိက ကားနဲ့စုစုပေါင်း၃နာရီ ဝန်းကျင်မောင်းရတယ်၊ ကီလီနိုချီရုံးရှေ့မှာက မြေနီလမ်းကလေးရှိတယ်၊ ပြီးတော့ဟိုဘက်မှာ ရေမြောင်းလေး တခုပြီးတော့လယ်ကွင်းတွေရှိတယ်၊ သူတို့လယ်တကွက် ပြန်ရဖို့ကလဲ မနည်းလုပ်ရတာ မိုင်းကိုအရင်အကွက်ချ ပြီးရှင်းရတယ် ပြီးမှလယ်ကွင်းတွေကိုပြန်ပြုပြင်ရတာ၊ မိုင်းရှင်းတဲ့သူတွေက အိန္ဒိယကလူတွေများတယ်လို့သိရ တယ်၊ အဲဒီမြောက်ဘက်ပိုင်းမှာက တောအုပ်ထူထူမရှိဘူး၊ တောင်ကုန်းမြင့်မြင့်လဲမရှိဘူး၊ တောတန်းလေးတွေနဲ့ ကုန်းနှိမ့်နှိမ့်လေးတွေဘဲရှိတာ၊ အဲ့ဒီတောတန်းလေးတွေထဲ ရှောက်သွားချင်စရာပေါ့၊ တကယ်တော့ လမ်းပေါ်က လွဲပြီးဘယ်မှသွားလို့မရပါဘူး၊ မိုင်းထိတဲ့သတင်းတွေက နေ့တိုင်းလိုကြားနေရတာ၊ တခါဆို မိသားစု ကိုယ့်အိမ် နေရာဟောင်းကိုပြန်လာကြပြီး အိမ်ပြန်ဆောက်ဖို့ခြံရှင်းတာ တင့်ကားမိုင်းနဲ့မိပြီး သားအဖသုံးယောက်လုံးသေ သွားကြရှာတယ်၊ တင့်ကားမိုင်းဆိုတာက လူတက်ခုန်တောင်ကွဲတာမဟုတ်ဘူးတဲ့ သင့်တင့်တဲ့အလေးချိန်၊တုန်ခါမှုနဲ့မှကွဲ တာမျိုးဆိုဘဲ၊ ဘယ်လိုကဘယ်လိုဖြစ်တယ်တော့ဆက်မသိတော့ဘူး၊ ဆိုလိုတာကတော့ အဲ့ဒီရုံးလေးကတိတ် တိတ်ဆိတ်ဆိတ်နဲ့ ပတ်ဝန်းကျင်ကလဲသာယာတယ်၊ ငှက်ကလေးတွေဆိုတာလဲမျိုးစုံကိုခြံထဲမှာရှိတယ်၊ ငှက်သိုက်နှိမ့်နှိမ့်လေးတခုထဲမှာ အပြာရောင်ငှက်ဥလေးတလုံးတောင် တွေလို့ဓာတ်ပုံရိုက်လာသေးတယ်၊ အဲ..တခုဆိုးတာကတော့ မျောက်တွေကလဲအုပ်လိုက်ဘဲ နည်းတဲ့ကောင်ကြီးတွေမဟုတ်ဘူး၊ တကယ်တော့လဲ ဒီ နိုင်ငံမှာက မျောက်တွေကိုလွတ်လပ်ရေးပေးထားတော့ တစ်နိုင်ငံလုံးမျောက်တွေနေခြင်သလိုနေကြတာ၊

မိုင်းရှာနေကြသူများ နှင့်မြန်မာအင်္ဂျင်နီယာတစ်ဦး စစ်ဒဏ်ကြောင့်ပျက်စီးနေတဲ့စက်ရုံတစ်ရုံ ကီလီနိုချီရုံးရှေ့ကမြေနီလမ်းကလေး ကီလီနိုချီမှကျွန်တော့်နေ့လည်စာ၊ တမီးနယ်ထဲမှာဒီလိုဘဲစားရတယ် တမီးကျားသူပုန်တို့ရဲ့ အမှတ်တရစစ်သင်္ချိုင်း အပြာရောင်ငှက်ဥလေး

အနုရဓပူရလိုနှစ်ထောင်ချီကြာပြီဖြစ်တဲ့ရှေးဟောင်းတံခိုးကြီးဘုရားတွေနဲ့မြို့မှာဆို မျောက်တွေဆိုတာ အများကြီး အမျိုးစုံဘဲ၊ မြို့ထဲကအိမ်တွေပေါ်မှာလဲအုပ်လိုက်နေကြတာ၊ နောက်ကြုံမှ အဲ့ဒီမြို့ ကဘုရားတွေနဲ့ မြန်မာဘုန်းကြီးကျောင်းအကြောင်းရေးအုံးမယ်၊ ကဲကဲ ပြန်ဆက်ရရင်တော့ အဲ့ဒီကီလီနိုချီမြို့လေးဟာသာယာပေ မယ့် စစ်ဒဏ်ကြောင့် အရာရာဟာပျက်စီးနေကြတယ် အိမ်တွေဟာလဲ ကျည်ဆံရာတွေဗရပွနဲ့ပေါ့၊ ဒါပေမယ် အယ်တီတီအီးတွေအသစ်ဆောက်ထားတဲ့တိုက်တွေ၊ ရုံးတွေ ဆေးရုံတွေလည်းရှိတယ်၊ အချို့လဲဆောက်လက်စ ပေါ့ဗျာ၊ မြို့လယ်ကောင်က ခရစ်ယာန်ချပ်ကျောင်းလေးကတော့ ကျည်ဆံရာအပြည့်နဲ့ နံရံနဲ့ လက်ဝါးကပ်တိုင် ဘဲကျန်တော့တယ်၊ အဲဒီဘက်မှာတခုထူးခြားတာက တချို့နေရာတွေမှာ ဘာသာရေးဆိုင်ရာ ကျောက်တိုင်လေး တွေရှိတယ် အဲ.နတ်ကွန်းလိုဟာမျိုးနေမှာပေါ့ ခရစ်ယာန်လား ဟိန္ဒူလား ဘာလားတော့မသိဘူး ကျောက်ရုပ်တရုပ်စီရှိတတ်ကြတယ်၊ တမီးတွေကတော့ ဟိန္ဒူတွေပါဘဲ ဒါပေမယ်စစ်ရပ်ဆဲကာလမှာ ကူညီဖို့ရောက်လာတဲ့အဖွဲ့တွေထဲမှာ ခရစ်ယာန်အဖွဲ့တွေလဲပါတာကိုး၊ အဲဒီလိုနဲ့ ကျွန်တော်ကီလီနိုချီမှာ နှစ်ရက်လောက်နေတယ်၊ ကျွန်တော်တို့ကီလီနိုချီရုံးမှာလုပ်တဲ့သူတွေကတော့ ဘယ်သူတွေဖြစ်မလဲဆိုတာခန့် မှန်းလို့ရမှာပေါ့၊ ငွေစာရင်းအရာရှိက အယ်တီတီအီးခေါင်းဆောင်ကြီး ပရာပါဂရမ်ရဲ့ အိမ်နီးခြင်း ပြီးတော့သူပုန် အဖွဲ့ရဲ့စာရင်းစစ်၊ ကိုလံဘိုရုံးက ငွေစာရင်းအရာရှိကတော့ ဆင်ဟာလိ မျိုးချစ်အမျိုးသားပါတီကလူ၊ ဒီလူတွေက အစွန်းရောက်မျိုးချစ်တွေဆိုပြီးနာမည်ကြီးတယ်၊ သူတို့ကြားမှာကျွန်တော်အတော်ညှိနှိုင်းပေးရတယ်၊ ရန်သူကြီး တွေကိုး၊ များသောအားဖြင့်အစည်းအဝေးတွေက ကြားရုံးဖြစ်တဲ့ ဘာဘူးနီးယားမှာဘဲ လုပ်ဖြစ်တယ်၊ နောက်တရုံးကလဲ မန်နာကျွန်းဘက်မှာရှိသေးတာကိုး၊ အဲဒီမန်နာ ကျွန်းကို သွားရတာက ကျောက်တုံးတွေဖို့ထား တဲ့ တာရိုးလိုလမ်းပေါ်ကနေ ပင်လယ်ဝကိုဖြတ်ပြီးနောက်တံတားတွေနဲ့ဆက်ပြီး သွားရတာ၊ အဲဒီကနေ ရာသီဥတုကောင်းရင် အိန္ဒိယဘက်ကိုလှမ်းမြင်နိုင်တယ်ပြောတယ်၊ နှစ်ပေါင်း၄၀၀ ကျော်လောက်(သေခြာမမှတ်မိတော့)က သင်္ဘောသားတွေယူလာပြီးစိုက်ခဲ့တဲ့ (အာဖရိကမျိုးလား တောင်အမေရိကမျိုးလားမမှတ်မိတော့)သစ်ပင်ကြီးတစ်ပင်ရှိတယ်၊ ဘာဘူးနီးယားက မန်နာကျွန်းကို သွားတဲ့လမ်းတစ်လျောက်မှာ လဲစစ်တပ်စခန်းတွေ ကင်းလှည့်နေတဲ့တပ်စုတွေအများကြီးဘဲ တွေ့တယ်၊ ဒေါင်းငှက်တွေကတော့ နေရာတကာမှာကိုပေါမှပေါဘဲ ကားလမ်းဘေးမှာကိုအုပ်လိုက်နေကြတာ၊ အဲဒီကားလမ်းတလျောက်နဲ့မနီးမဝေးမှာ ကလည်း ရန်သူနဲ့ရင်ဆိုင်ထားရတဲ့ နိုးမန်းလမ်း ရှိတယ်လေ၊ ကျွန်တော်အတွက် ကြာတော့လဲမဆန်းတော့ပါဘူး အပတ်တိုင်း ကို နိုးမန်းလမ်းကိုဖြတ်ပြီး သွားနေရတာဆိုတော့၊ ဒီလိုနဲ့ကိုလံဘိုနဲ့ ကီလီနိုချီကြား ကူးလိုက်သန်းလိုက် နဲ့နေခဲ့ရတယ်၊ ကိုလံဘိုမှာဆို ရုံးပိတ်ရက်တွေမှာ မြို့အနှံ့ရှောက်သွားတယ်၊ မြို့ထဲကို ဘတ်စ်ကားစီးသွား တယ်ပြီးရင်လမ်းလျောက် မောရင်တွေ့ရာဆိုင်ဝင်စား ခဏနား ဆက်လျှောက် ညနေစောင်းတော့အိမ်ပြန်၊ အဲလေ ရုံးပြန်ပေါ့၊ တခါတလေ တော့ မြန်မာဘုန်းကြီးတွေရှိတဲ့ ကလျာနီ ဘက်ကကျောင်းကိုလဲ သွားတယ်၊ ကလျာနီ အကြောင်းကိုတော့နောက်မှရေးတော့မယ်၊ ကလျာနီကိုတော့လူတိုင်းသိပါတယ်နော်..မသိသေးရင်လည်းနောက်တခါမှ ရေးအုံးမယ်၊ ကဲကဲ ညနေဆောင်းလာရင်ဘာလုပ်လဲဆိုတော့ ဘတ်စ်စီးပြီးရုံးပြန်တယ်၊ ဘတ်စ်ကနှစ်ဆင့်စီးရတယ်၊ ကားပေါ်မှာသီချင်းဆိုပြီးတော့၊ မျက်လှည့်ပြပြီးတော့ ပိုက်ဆံတောင်းတဲ့သူတွေရှိတယ်၊ လက်မှတ်ရောင်းတွေကတော့လက်နဲ့လှည့်ပြီး လက်မှတ်ထုတ်တဲ့စက်ကလေးနဲ့ သတ်မှတ်နေရာအတိုင်း သတ်မှတ်ဈေးနဲ့ရောင်းတယ် ၊ တခါတလေလမ်းပျောက်လို့ဘတ်စ်ကားမှတ်တိုင်ကိုမသွားတတ်တော့ရင်တော့ ဘဂျားလို့ခေါ်တဲ့သုံးဘီးကား ငှားပြန်ရတာပေါ့၊ ရုံးပြန်ရောက်ရင်တော့ ရေချိုးပြီး တခေါက်ပြန်ထွက်တယ်၊ လမ်းထိပ် ခပ်လှမ်းလှမ်းမှာ ထမင်း ဆိုင်သန့်သန့်ရှိတယ်၊ အဲ.. မနီးမဝေးမှာလဲ ဘီယာ နဲ့အရက်ဆိုင်ရှိတယ်၊ သူတို့နဲ့ကျွန်တော်တို့ အရက်ကိုခေါ်တာခြင်းတူတယ် ဒီတော့အရက်ဆိုပြီးပြီ၊ အဲဒီဆိုင်က စားသောက်ဆိုင်မဟုတ်လို့ အဲဒီမှာတော့သောက်လို့မရဘူး ဘုံဆိုင်လို အပေါက်လေး ကနေဘဲရောင်းတာ ဘီယာဝယ်ရင်တော့ပုလင်းဖိုးအပေါင်ဆောင်းပေးရတယ်၊ တချို့လဲဆိုင်ဘေးမှာဘဲ သောက်ပြီးပုလင်းပေါင်ပြန်ယူသွားတဲ့သူတွေရှိတယ်၊ မှောင်ရိပ်လဲနဲနဲကျတာကိုး၊ ကျွန်တော်ကတော့ပထမ ပုလင်းပေါင်ပေးရတယ် နောက်တော့ ဘီယာဝယ်တိုင်းပုလင်းခွံတွေပြန်ယူယူသွားတယ်၊အလည်းအလှယ်ပေါ့ဗျာ၊ ဟဲဟဲ..ရောက်တဲ့အရပ်မှာတော့သောက်ဖြစ်တယ်၊ တကယ်တော့လည်းတယောက်ထဲညညတွေဆို သိတ်ပြင်းဖို့ကောင်းတာ၊ ဘော်ဒါကလဲ တိုကျိုပြန်သွားတော့ပိုဆိုးတာပေါ့၊ သူရှိတုန်းဆို ညဘက်တွေဆိုတညလုံး ကိုလံဘိုမြို့ထဲမှာလျှောက်သွားကြတယ်ဲ မိုးလင်းခါနီးမှပြန်တာ၊ တယောက်ထဲဆိုတီဗီကြည့်လိုက်၊ ခြံထဲထွက်ထိုင်ပြီးသောက်လိုက်နဲ့ အချိန်ကုန်တယ်၊ အဲတခုပြောရအုံးမယ်.. ဘာဘူးနီးယားက အရက်ဆိုင်တဆိုင်မှာဆို ရှိသမျှဘုရားတွေကို တန်းဆီပြီး စဉ်တခုပေါ်မှာတစ်တန်းထဲတင်ထားတာတွေ့ခဲ့ရတယ်၊ ဘာသာအားလုံးကိုကိုးကွယ် တယ်ဆိုတဲ့သဘောလားတော့မသိ၊ အရက်အကြောင်းသာစပ်မိလို့ထဲ့ရေးရတာ ဘာသာရေးအသိအမြင်ဗဟုသုတတွေလည်း တပုံကြီးရခဲ့တယ်၊ အနုရဓပူရမြို့ဟောင်းဘက်ကိုလဲ မကြာမကြာ ရောက်တာကိုး၊ ကန္ဒီ မြို့က မြန်မာဘုန်းကြီးကျောင်းလည်းရောက်ခဲ့တယ်၊ ကျောင်းကြီးကအကျယ်ကြီးဘဲ ကျောင်ထဲမှာ ကျယ်လိပ်တွေမွေးထားတာတော်တော်များတယ်၊ သူတို့ကကုန်းလိပ်မျိုးတွေဆိုတော့ ခြံထဲမှာဒီအတိုင်းလျှောက်သွားနေကြတယ်၊ နောက်ပြီး ၅နှစ်လောက်မှ ပြည်သူလူထုကို ဖူးဖို့ တခါဖွင့်တဲ့ စွယ်တော်ရှင်စစ်ကိုလည်းအနီးကပ်ဖူးခဲ့ရတယ်၊ ဘုရားပွင့်တော်မှုရာ မဟာဗောဓိညောင်ပင်က အကိုင်းကိုပင့်ဆောင်လာပြီး စိုက်ထားတဲ့မှုလမဟာဗောဓိပင်လို့ဆိုရမယ့် အနုရဓပူရက မဟာဗောဓိပင်ကိုလည်း တတိယထပ်ထိတက်ပြီးဖူးခဲ့ရတယ်၊ အခုထိ ဆရာဝန်တွေနဲ့ကျပ်မတ်ပြီးကာကွယ်စောင့်ရှောက်ထားကြတယ်၊ ဒါတောင် အယ်တီတီးအီးတွေက တခါဗုံးဝင်ခွဲသွားသေးတယ်တဲ့၊ နောက်ပြီး “မဟာစေတီ”ီကိုလည်းဖူးခဲ့ရတယ်၊ ဆိုစကားအရတော့ သာသနာကွယ်ပြောက်ရင် ရှိသမျှဓာတ်တော်မွေတော်တွေ အကုန်ဒီဘုရားမှာ ပြန်လာစုပြီး မှကွယ်မယ် ပြောတာဘဲ၊ ဟုတ်မဟုတ်တော့နီးစပ်ရာ ဆရာတော်တွေကိုသာမေးကြည့်ကြစေလိုပါတယ်၊ သူများအပြောမို့ပါ၊ နောက်ပြီး “မဟိန်ဓ” လှိုင်ဂူဘုရား၊ ဆိုစကားအရတော့ သိရိလင်္ကာနိုင်ငံကို ဗုဒ္ဓသာသနာ စတင်ရောက်တဲ့နေရာလို့လဲပြောပါတယ်၊ အနုရဓပူရကမြန်မာဘုန်းကြီးကျောင်းကတော့ တကယ့်ကို အားလုံးနဲ့နီးတဲ့မြို့ဟောင်းရဲ့အလယ်လောက်မှာရှိပါတယ်၊ တကယ်လို့ အဲ့ဒီကိုများရောက်ခဲ့လို့ မြန်မာဘုန်းကြီးကျောင်းကို သုံးဘီးငှားပြီး သွားလိုရင်ဖြင့် “ဘုရုမေ ပန်စေလေ” လို့သာပြောလိုက်ပါ လူတိုင်းသိကြပါတယ်၊

အနုရဓပူရမြို့ဟောင်းမှ မဟယဈေတီ (သတိ သီရိလင်္ကာနိုင်ငံတွင် ဘုရားစေတီများကိုနောက်ခံထားပြီးဓာတ်ပုံမရိုက်ရပါ လူအများရှေ့တွင်ရိုက်လျင်သတိထားပြီးရိုက်ပါ)ရှေးဟောင်းထူပါရုံဘုရား BC၃ရာစု ရှေးဟောင်းစေတီတစ်ဆူ အနုရဓပူရမှမြန်မာဘုန်းတော်ကြီးကျောင်းဆိုင်းဘုတ် အနုရဓပူရမြို့ဟောင်းတနေရာ ရှေးဟောင်းရေကန်တစ်ခု ရေကန်တစ်ခု၏အနီးကပ်မြင်ကွင်း

ထူခြားတာလေးတွေကိုပြောရရင်တော့ သူတို့တိုင်းပြည်မှာ ဘုန်းကြီးကိုအလွန်ရိုသေတယ်၊ ဘုန်းကြီးနဲ့တစ်တန်းထဲ ဘယ်တော့မှမထိုင်ဘူး၊ ဘုန်းကြီးကလည်း ဆေးလိပ်တောင်သောက်လို့မရဘူး ဘုန်းကြီးအလုပ်မလုပ်နိုင်ရင်လည်းဝတ်ဖို့မလွယ်ဘူးထင်တယ်၊ ဒါကြောင့်ထိုင်းတို့ မြန်မာပြည်တို့မှာ သံဃာ ၅သိန်းလောက်စီရှိကြပေမယ့် သီဟိုဋ္ဋ် မှာတော့၅သောင်းလောက်ဘဲရှိတယ်လို့ ပြောသံကြားတယ်၊ ဒါတောင် ၂၀၀၄ ခုရွေးကောက်ပွဲမှာ ဘုန်းကြီး ၄-၅ပါး အမတ်ဝင်ရွေးတာ အနိုင်ရလိုက်တယ်၊ ဘုန်းကြီးနဲ့တိုင်ပြည်အုပ်ခြုပ်တာ ဘယ်လိုပတ်သတ်လဲတော့မသိ၊ ပြီးတော့ပါလီမန်မှာ စကားများရန်ဖြစ်ကြပြီး ဘုန်းကြီးတစ်ပါးအရိုက်ခံရလို့ဆေးရုံရောက်သွားတယ်၊ ဒါကတော့သူတို့နိုင်ငံအတွက် ရှက်စရာတစ်ခုလိုဖြစ်သွားတယ်၊ အဲဒါကလွဲလို့ပေါ့လေ သူတို့တွေက အကောင်ပလောင်မသတ်ကြဘူး သတ်သတ်လွတ်စားကြတာလဲများတယ်၊ ဒါကြောင်ဖွတ်ကြီးတွေဆို မြို့ထဲမှာကိုတခါတရံတွေ့နိုင်တယ်၊ ဘုရားရှိခိုးတာကြတော့တမျိုးဖြစ်ပြန်ရော.. ဘုရားဘက်ကို ခြေဆင်းထိုင်ပြီးလက်အုပ်ချီရှိခိုးတယ်၊ ကျွန်တော်က သေခြာထိုင်ပြီး ဘုရားရှိခိုးတာကို အထူးအဆန်းလိုကြည့်ကြတယ်၊ ဥပုတ်နေ့လိုအခါကြီးရက်ကြီးတွေနဲ့ ဘုရားသွားရင် ဆင်ရဲခြမ်းသာမရွေးအားလုံး အထက်အောက်အဝတ်ဖြူဘဲဝတ်ကြတယ်၊ တန်းတူဘဲ ကြမ်းပေါ်မှာအိပ်ကြတယ်၊ မေလထဲက ဘာသာရေးပွဲနေ့တွေမှာဆို အနုရဓပူရတမြို့လုံး ဖြူဖွေးနေအောင်ဘဲ လူတွေပြည့်နေတယ်၊ ဥယာဉ်လိုမြို့ဟောင်းထဲကမြက်ခင်းတွေသစ်ပင်အောက်တွေမှာထိုင်ပြီး “စပီကာ”ကနေလွင့်နေတဲ့တရားကိုသိန်းဂဏန်းလောက်နီးပါးရှိတဲ့လူတွေဝိုင်းနာကြတယ်၊ လူငယ်လေးတွေလည်းအများကြီးဘဲ၊ ဘုန်းကြီးတွေရှိတဲ့တရားစဉ်နားထိကျွန်တော်သွားကြည့်ခဲ့တယ်၊ ဘုန်းကြီးတွေက တော့တစ်ပါးပြီးတစ်ပါးဘဲ တစ်နေ့လုံး တစ်ညလုံးများလားတော့မသိ၊ ဘာလို့လဲဆိုတော့ နောက်တစ်နေ့မှာဘဲကိုလံဘိုကိုခရီးဆက်ခဲ့လို့ပါ၊ ကိုလံဘိုမှာလည်း အလှအပမီးရောင်စုံတွေနဲ့ ပန်းချီတွေချယ်ထားတဲ့ မန်းတပ် တွေဆိုတာအများကြီးဘဲ၊ ကျွန်တော်တို့သင်္ကြန်ကားအလှပြသလိုဘဲ သီချင်းတွေဆိုလို့ပေါ့၊ ထမင်းကျွေးတဲ့နေရာတွေလည်းမြို့ထဲမှာအများကြီးရှိတယ်၊ မရှက်မကြောက်လမ်းဘေးမှာ တန်းစီပြီးဝင်စားရတာ၊ အထဲမှာလူပြည့်ရင်ခဏစောင့်ပေါ့၊ ကျွန်တော်တောင် ခပ်တည်တည်တန်းစီပြီး ဝင်စားခဲ့သေးတယ်၊ ဘာရှက်စရာလဲ ဗဟုသုတပေါ့ ဟဲဟဲဟဲ..၊ ပြောရအုံးမယ် ဗျို့ အဲ့ဒီလိုအခါကြီးရက်ကြီးမျိုးမှာ ဘယ်မှာမှ အရက်ဘီယာဝယ်လို့မရဘူး၊ ဟိုတယ်ကြီးတွေကအစ လမ်းဘေးဆိုင်အထိမရဘူး၊ မယုံရင် လောင်းလို့ရတယ်၊ကျွန်တော်အရူးထပြီးလိုက်ရှာတာ ကာစီနို ကစားတဲ့ဟိုတယ်တွေထိတောင်ရောက်တယ်၊ မရဘူး နောက်တော့လည်း ရှာတွေ့တာပါဘဲ၊ ကျွန်တော့်ဘော်ဒါကသိတယ်လေ..၊ ဘယ်မှာလည်း လို့တော့မမေးနဲ့ မပြောနိုင်ဘူး ကတိပေးထားရလို့ပါ၊ ကဲကဲစာကတော်တော်ရှည်သွားပြီးနားတော့မှ အဲ..နောက်ဆုံးတစ်ခုတော့ပြောလိုက်ဦးမယ်.. ကျွန်တော် ငှက်တွေအများကြီးတွေ့ခဲ့ပေမယ့် စာကလေး ကိုတော့လုံးဝမတွေ့ခဲ့ဘူးဗျာ.. ဘာလို့ပါလိမ့်၊ အမေရိကားမှာတောင်စာကလေးငှက်လေး တွေရှိတာဘဲ၊ အကယ်လို့များ သီဟိုဋ္ဋ် ကိုဘုရားဖူးရောက်ခဲ့ရင် စာကလေးတွေ ရှာကြည့်ပြီးတွေ့ရင်ပြန်ပြောကြပါ၊
တကယ့်တကယ် နောက်ဆုံးပြောခြင်တာကတော့..့ ဒီဖေဖေါ်ဝါရီလထဲမှာဘဲ အယ်တီတီအီးတွေစစ်ရှုံးလို့ နယ်မြေတွေအကုန်ပြန်ပေးလိုက် ရပြီ၊ ပရာပါဂရမ်ကြီး သူ့လည်ပင်းက ဆိုင်ရာနိုက်ကိုသောက်လိုက်ပြီလားမသိ၊ ကျွန်တော်ကတော့တခါတရံ အသိမိတ်ဆွေ တမီးတွေကိုစိတ်ပူမိပါရဲ့၊ နောက်ပြီး အသေခံဗုံးခွဲတဲ့သူတွေ့ရဲ့အမှတ်တရသင်ချိုင်းကိုလည်းသွားကြည့်ခဲ့မိ့သေးတယ်လေ၊ သူတို့ဘက်ကတော့သူရဲကောင်း နိုင်ငံတကာကတော့ အကြမ်းဘက်သမားတွေလို့သတ်မှတ်ထားတယ်၊ အခုတော့ပြီးခဲ့ပါပြီ၊ အမှတ်တရအကြောင်းတွေသာဆက်ပြောရမယ်ဆိုရင်တော့စာအုပ်တစ်အုပ်စာရှိတာပေါ့ဗျာ..၊

ဒါပေမယ့်..ဟုတ်ကဲ့ အမှတ်တရ သီဟိဋ္ဋ်ု ကိုဒီမှာဘဲရက်နားလိုက်ပါရစေ၊

(ယခုစာပါအကြောင်းအရာ၊ဓာတ်ပုံများကိုယူသုံးလိုပါက ကြိုတင်ခွင့်ပြုချက်တောင်းစေလိုပါသည်ခင်ဗျာ..)

Tuesday, February 24, 2009

အခြေခံဗုဒ္ဓဘာသာ

မင်းလိုလူရေးသားတဲ့ အခြေခံဗုဒ္ဓဘာသာ ကိုတင်ဆက်လိုက်ပါတယ်၊ နောက်အခန်းဆက်များကိုလဲ အပတ်စဉ်တင်ဆက်သွားပါမည်၊
အခြေခံဗုဒ္ဓဘာသာ သင်ကြားရေးအတွက်လည်း အကြံပြုကြစေလိုပါသည်၊

အခန်း(၁)
ဗုဒ္ဓဘာသာဝင်ဆိုသည်မှာ ရတနာမြတ်(၃)ပါးနှင့်တကွ ကံကံ၏အကျိုးကိုယုံကြည်သက်ဝင် သောသူကိုဆိုပါသည်။
ရတနာမြတ် (၃)ပါး
(၁) ဘုရားရတနာ
လေးအသင်္ချေနှင့်တစ်သိန်းသောကမ္ဘာကာလပတ်လုံးဘုရားဖြစ်တော်မူရန်အတွက် ပါရမီ(၁၀)ပါး၊ စွန့်ခြင်း(၅)ပါးနှင့်တကွ အထူးထူးသောပါရမီတို့ဖြည့်ကျင့်ခဲ့ပြီး နောက်ဆုံးယခု ဘဒ္ဒကမ္ဘာ၌ သဗ္ဓညုတဥာဏ်၊ ဗောဓိဥာဏ်၊ အသဝေက္ခယဥာဏ်များကိုရရန်(၆)နှစ်တာမျှ ကျင့်ကြံခဲ့ပြီး ဘုရားဖြစ်တော်မူခဲ့သော သုံးလောကထွဋ်ထားမြတ်စွာဘုရား။

(၂) တရားရတနာ
မြတ်စွားဘုရားသည် ကောင်းစွာဟောကြားထားအပ်သော သစ္စာ(၄)ပါး၊ မဂ္ဂင်(၈)ပါး အစရှိသည့် လောကီကောင်းကျိုး၊ လောကုတ္တရာကောင်းကျိုး ပေးစွမ်းနိုင်သော ပိဋက(၃)ပုံ။
(၃) သံဃာရတနာ
ဘုရားဟောကြားထားအပ်သောတရားတော်များကို လိုက်နာကျင့်သုံးပြီး နိဗ္ဗာန် ရောက်ကြောင်းအကျင့်တို့ကို ကျင့်ကြံအားထုတ်နေကုန်ကြသော အရိယာသံဃာ၊ သမုတိ သံဃာနှင့်တကွပရိယတ္တိသာသနာ၊ပရိပတ္တိသာသနာပဋိဝေဓသာသနာတော်ထမ်းဆောင် လျှက် ရှိ သောရဟန်း သံဃာတော်များ။
ဤရတနာမြတ်(၃)ပါးကို ကိုးကွယ်ယုံကြည်သက်ဝင်သောသူကို ရတနာမြတ်(၃)ပါး ဟုခေါ်ပါသည်။
ရွတ်ဆိုပုံမှာ ----
( ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ၊ သံဃံသရဏံ ဂစ္ဆာမိ။ )
ရတနာ(၃)ပါး၌သက်ဝင်ယုံကြည်သောသူကို သရဏဂုံတည်သူဟုခေါ်ပါသည်။
သရဏဂုံတည်သောသူသည် ဗုဒ္ဓဘာသာ၏ အောက်အထစ်ဆုံးသောနေရာ၌ ရှိသူဖြစ် သည်။ တစ်နည်းအားဖြင့် ဗုဒ္ဓဘာသာ၏ အောက်အကျဆုံးသောသူဖြစ်ပါသည်။ သို့သော်လဲ သရဏဂုံတည်ကာမျှဖြင့် များစွာသောအကျိုးကျေးဇူးရှိပါသည်။ အကယ်၍ သရဏဂုံ တည်သူသည် အခြားသောကြီးလေးသည့် အကုသိုလ်ကံမရှိပါက အပါယ်(၄)ဘုံသို့ မကျ ရောက်တော့ပါ။ ထိုသရဏဂုံတည်သူအဖြစ်မှတဆင့်တက်ကာ ပါရမီဖြည့်ကျင့်ပြီး အဆုံး စွန်သောဘ၀၌ မဂ်ဖိုလ်နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ပါသည်။ ထို့ကြောင့်ကွယ်လွန်အနိစ္စ ရောက်သွားသူအား အစွဲအလမ်းကြောင့် နေအိမ်ပတ်ဝန်းကျင်မှာရှိနေပါက သရဏဂုံတည်ရန် သေသူကိုသရဏဂုံတင်လေ့ရှိပါသည်။


ကံကံ၏အကျိုးကိုယုံကြည်ခြင်း
(၃၁)ဘုံ၌ကျင်လည်ကြကုန်သော ကောင်းကင်၌ရှိကြကုန်သောနတ်၊ ဗြဟ္မာများ၊ လူသားများ၊ တိရိစ္ဆာန်ဘုံ၌နေကြကုန်သော ကျွဲ၊ နွား၊ မြွေ၊ ကျား၊ ဆင်၊ ရေ၌ရှိကြကုန်သောငါး စသည့်တိရိစ္ဆာန်များ၊ ငရဲပြည်၌ရှိကြကုန်သော ငရဲခံနေကြသူများ၊ သရဲ၊ တစ္ဆေ၊ ပြိတ္တာ စသည့် မကောင်းသောဘ၀၌ ရောက်ရှိနေကြကုန်သောသတ္တ၀ါများ၊ ဆင်းရဲခြင်း၊ ချမ်းသာခြင်း၊ အသက်ရှည်ခြင်း/တိုခြင်း၊ ရုပ်အဆင်းလှခြင်းမလှခြင်း စသည့် မိမိတို့ပြုလုပ်ခဲ့သော မကောင်း သောအလုပ် (အကုသိုလ်ကံ) ၊ ကောင်းသောအလုပ် (ကုသိုလ်ကံ) တို့ကြောင့် ဖြစ်ကြရသည် ဟု ယုံကြည်လက်ခံခြင်း။
ဤသို့အားဖြင့် ဘုရား၊ တရား၊ သံဃာ ရတနာမြတ်(၃)ပါးနှင့်တကွ ကံကံ၏ အကျိုးကို ယုံကြည်လက်ခံသောသူကို ဗုဒ္ဓဘာသာဝင်ဟုခေါ်ပါသည်။
ထိုမှတပါး သင်သည်ရတနာမြတ်(၃)ပါးနှင့်တကွ ကံကံ၏အကျိုးကိုမယုံကြည်ခြင်း (သို့) ဘုရားသည်ဘုရားဟုတ်မှဟုတ်ပါ့မလား၊ တရားတော်အတိုင်းကျင့်ကြံရင်ကော အကျိုး ထူးခံစားရမလား၊ ရဟန်းသံဃာတော်သည်လဲလူကဲ့သို့သာလျှင်မဟုတ်ဘူးလား၊ လူသည်၎င်း၊ တိရိစ္ဆာန်သည်၎င်း သေပြီးရင်ပြီးပြီ ဘာမှမရှိတော့ဘူးလား (သို့) အခြားဘာသာဝင်များ ပြောသကဲ့သို့ဖြစ်နေမလား၊ စသည်စသည်ကဲ့သို့သော ယုံမှားသံသယဖြစ်ခြင်း (သို့) ငါ၏ဘိုးဖွားမိဘများက ဤဘာသာကိုကိုးကွယ်သောကြောင့်ငါလဲကိုးကွယ်ရပါသည်ဟု မိမိကိုယ်ကိုခံယူထားသူများ၊ ဤကဲ့သို့ဖြစ်နေကြသူများသည် ဗုဒ္ဓဘာသာဝင်မဟုတ်ကြ သေးပါ။
ထို့ကြောင့်သင်သည်ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ရန်အတွက် ရတနာမြတ်(၃)ပါးနှင့် တကွ ကံကံ၏အကျိုးကိုသံသယရှင်းရှင်းဖြင့် အကြွင်းမဲ့ယုံကြည်ဖို့ လိုအပ်ပါသည်။
(စကားချပ်၊၊ကမ္ဘာဖြစ်ခြင်း၊ ပျက်ခြင်းနှင့်(၃၁)ဘုံအကြောင်းများကို နောင်အခန်းများ တွင် အကြယ် တ၀င့် ရှင်းပြပါမည်၊ )

မင်းလိုလူ

ကျွန်တော်နှင့်ပျောက်သွားသောစကားလုံးများ

ကျွန်တော်စာတွေသာရေး ထားတာတချို့ကို ဖော်ပြသင့်မသင့် ကိုယ့်ဟာကို ဆုံးဖြတ်မရဘူးဖြစ်နေမိတယ်၊ သေသေခြာခြာပြင်ပြီးမှ ဘဲတင်တော့မယ်စိတ်ကူးတယ်၊ ဒီကြားထဲ သက်တမ်းအနည်းငယ်ကြာပြီဖြစ်တဲ့ ကွန်ပျူတာလေး လည်းကျွန်တော့်ဒဏ်မခံနိုင်ဘဲ မနေ့က နည်းနည်းကြောင်သွားတယ်၊ ကျွန်တော့်မှာမနှစ်က အသစ်တလုံး ထပ်ဝယ်ထားတာတောင် သူ့ကိုဘဲဆက်သုံးဖြစ်တယ်၊ အသစ်ကတော့သမီးနဲ့ အိမ်ရှင်မအတွက် ဖြစ်သွားတာပေါ့၊ ဘာဘဲပြောပြော သံယောဇဉ်ကလဲ ရှိတယ်လေ၊

အမေရိကားရောက်ရောက်ခြင်း ဝယ်ထားခဲ့ရတဲ့ ဂိတ်ဝေး လက်တော့ကလေး၊ Celeron ပရိုဆက်ဆာနဲ့ RAM ကဆို၁၉၀ MB ဘဲရှိတာ၊ ဒီခေတ် 2GB, 4GB တွေနဲ့ တော့တခြားစီပေါ့၊ သူ့ထဲကို ဗိုင်းရပ်တွေ၊ ထရိုဂျင်တွေဝင်လာလိုက် မောင်းထုတ် လိုက် နဲ့ အခုထိတော့ ကောင်းနေဆဲပါဘဲ၊ သူတခုခုဖြစ်သွားတိုင်း ကျွန်တော်အသဲအသန်ပြင်ရင်း ပညာတွေလဲ အများကြီးရခဲ့တယ်၊ အဲဒီ ပြင်တဲ့အကြောင်းတွေရေးရအောင်ကလဲ ကျွန်တော်က ကွန်ပျူတာပညာရှင်မဟုတ်တော့ မရေးသင့်ဘူး ထင်ပြန် ရောဗျာ၊ ဟုတ်တယ်လေ ကိုယ်ကိုယ်တိုင်တောင် ဖိုရမ်တွေထဲမှာ သူများရှင်းပြထားတာလိုက်ရှာဖတ်ပြီး လုပ်ရတာကိုး၊ ဒါပေမယ့်ဗျာ စာဖတ်သူတခုခုအကျိုးရှိမယ်ထင်လို့ရေးလိုက်တယ်၊ လောလောလတ်လတ် ဖြစ်သွားတာကတော့ ကျွန်တော် လျာရှည်ပြီး အာစတမ် လို့ခေါ်တဲ့ ဒက်စတော့ ကိုအလှဆင်တဲ့ဆော့ဝဲ တခု တင်ထားခဲ့တယ်၊ တော်တော်ကောင်းပါတယ်၊ ဝင်းဒိုးဘလိုင်းလို မျိုးပေါ့ ဗျာ အပြင်အဆင်ကတော်တော်မိုက်တယ်၊ ကွန်ပျူတာလဲသူနဲ့ဆိုပိုပေါ့လာတယ်၊ သူ့ကို နောက်ထပ်အများကြီး ထပ်ထဲ့သုံးလို့လဲရသေးတယ်၊ ဒီလိုနဲ့ ကျွန်တော်အဲ့ဒါတွေဘဲ တချိန်လုံး ရှောက်လုပ်နေမိပြန်ရော၊ မဖြစ်ခြေ ဘူးအချိန်ကုန်တယ် ပြီးတော့ ကွန်ပျူတာလဲနေရာကုန်တယ်လေ၊ ဒီတော့ပြန်ဖြက်ပြစ်ရမှာပေါ့၊ အဲ..ဖြက်တဲ့နေရာ မှာလဲ ကျွန်တော့မှာ အကောင်းစားဖြက်တဲ့ဆော့ဝဲတခုရှိသေးတယ် ပါဖက်အန်အင်စတောလား ဆိုတဲ့ခြေရာ မကျန်အောင်ဖြက်တဲ့ ဟာ၊ ဒါတောင်ကျွန်တော်မှာစီကလင်းနား တို့ ရက်ကူးရား (RegCure) တို့ရှိသေးတယ်၊ အဲဒါတွေကြောင့်လည်းသူကခုထိသုံးလို့ကောင်းနေသေးတာနေမှာပေါ့၊ နောက်မှဝယ်တဲ့ 2GB RAM ရှိတဲ့ Vista ထက်တောင်အင်တာနက်သုံးရင်ပိုကောင်းသေးတယ်၊ ဘာကြောင့်ပိုကောင်းနိုင်သလဲ ဆိုတာတွေကိုကြုံရင် အတွေ့အကြုံကိုအခြေခံပြီးရေးပြပါအုံးမယ်၊ ကဲကဲ ပြန်ဆက်ပါရစေ၊..ဒီလိုနဲ့ ပါဖက်ကိုသုံးပြီးဖျက် လိုက်တာ အကောင်းလွန်သွားပြီး၊ အထဲကဖွန့်တွေပါအကုန်ပြက်ကုန်ရော၊ ကွန်ပျူတာတခုလုံးဘာမှကိုဖတ်လို့မရတော့ဘူး၊ ဘာမှကိုဖတ်လို့မရတော့ဘယ်လိုပြင်ရမလဲလေ၊ ကဲလေ ဖွန့်တွေပြက်တာဆို ပြန်ကူးထဲ့မယ် ဆိုပြီး သူများဆီကနေ သွားကူးလာတယ်၊ ပြီးတော့ DOS နဲ့သုံးပြီးပြန်ထဲ့တယ်၊ မရဘူး၊ ဖြစ်နိုင်မယ်ထင်တဲ့ပြင်တဲ့ DOS ကွန်မန်းတွေလဲကုန်သလောက်ရှိသွားပြီ၊ ရက်ကူးရား လဲမကယ်နိုင်တော့ဘူး၊ ကြိုးစားပြီး ရီစတိုးလုပ်လိုက်တာ အရင်က စတာ့အပ်လုပ်ရင် ကြာမှာစိုးလို့ရပ်ထားတဲ့ကောင်တွေတောင် ပြန်တက်လာတယ်၊ အဲဒီအထိ စာလုံးတွေကဖတ်မရသေးဘူး၊ လေးဒေါင့်တွေ၊အမြောက်တွေ နဲ့ဂြိုလ်သားစာတွေဖြစ်နေတုန်းဘဲ၊ ကဲကဲ.. ဝင်းဒိုးဒရိုင်ဘာ အမြန်ရှာမှဆိုတော့ မြန်မာပြည်မှာသာ ဖြစ်နိုင်တာဒီမှာ တော့ငွေပေးဝယ်မှဘဲရမယ်၊ နောက်ဆုံးရာဟူးအန်းစားမှာသွားတွေ့တယ်၊ အဲဒီမှာနှစ်နည်းပေးထားတယ်၊ နှစ်ခုလုံးကောင်းတယ်၊ နောက်တနေရာကတော့ ကောင်းတော့ကောင်းတယ် နဲနဲရှုပ်တယ် သူက နုတ်ပတ်ထဲမှာ ကော်မန်းတွေဝင်ရေးပြီး ဖိုဒါတခုဆောက်ရမယ် ပြီးတော့မှ အဲဒီကနေ လမ်းကြောင်းပြန်ဆောက်ရမှာ၊ ပြီးတော့ကျွန်တော့်မှာနှုတ်ပတ်တောင်ရေးလို့မှမရတာ၊ ရာဟူးအန်းဆားထဲကအ တိုင်းဆိုရင်တော့ ငွေမကုန်တော့ဘူးပေါ့လေ ၊ဒါနဲ့ အိုးပန်းအော့ဖစ် ကို တခြားကွန်ပြူတာနဲ့ ဒေါင်းလုပ်လုပ်လိုက်တယ် ပြီးတော့အင်စတောလုပ်လိုက်တယ်၊ ဟောဗျ ပေါ်လာပါပြီ ဖတ်လို့ရတဲ့စာလုံးလေးတွေ၊ အမလေးတော်သေးလို့၊ အဲဒီမှာ အဆင့်လေးနဲနဲတော့ရှိတာပေါ့ ကွန်ထရိုးပန်နယ်ကနေ လိုအပ်နေသေးမယ့်ဖွန့်တွေပြန်ထဲ့ဖို့၊ အဲ..မိုက်ကရိုဆော့အော့ဖစ်ရှိရင်တော့ပိုကောင်း မယ်ထင်တယ်၊ မသိသေးသူတွေအတွက် အလွယ်နည်းလေးမို့ လက်ဆင့်ကမ်းလိုက်ပါတယ်၊ ဒါမျိုးကဖြစ်တော့ဖြစ် ခဲပါတယ်၊ ဝင်းဒိုးမှာလုံးဝဖျက်လို့မရတဲ့ဖွန့်တွေရှိတယ်လေ..၊ ကဲကဲအခုတော့ဇော်ဂျီနဲ့ စာတွေပြန်ရေးနေပါပြီ၊ နောက်တခါကြုံမှ လက်တော့မှာ Window Admin ပတ်စ်ဝက်မေ့သွားရင် ဘယ်လိုလုပ်ရမလဲဆိုတာရေးပါဦးမည်၊ ဒတ်စတော့လိုဖွင့်ပြီး စီမော့ဂျမ်ပါ မှာသွားပြင်စရာမလိုဘဲနဲ့ အလွယ်နည်းပေါ့ဗျာ..၊ ကျွန်တော်လည်းနောက်ဆိုအဆင်ပြေအောင် system recovery diskတို့ စစ်စတမ်ရီစတိုးပွိုင့်တို့ကြိုလုပ်ထားမှဖြစ်မယ်၊
အကယ်၍ ထပ်မံဖြည့်စွတ်ဝေဖန်အကြံပြုမည်ဆိုပါက ပြုစေလိုပါတယ်၊ ကျေးဇူးတင်ပါတယ်၊

Friday, February 20, 2009

လက်ဆင့်ကမ်းခြင်း

ကျွန်တော်ဒီတခါရေးမယ့်အကြောင်းကတော့ အီးမေး ပို့တဲ့အခါဆောင်ရန်ရှောင်ရန်လေးတွေနဲ့၊အဲ့ဒီက တဆင့်ဘယ်လိုဘိုင်းရပ်တွေ ဂျမ့်မေးတွေ ရောက်လာနိုင်တယ်ဆိုတာကို သတိပြုကြဖို့ပါ၊ ဒါလေးများ လို့လဲဆိုချင်ဆိုပေါ့လေ မသိသေးသူတွေအတွက် သတိမထားမိသူတွေအတွက်ရည်ရွယ်ပါတယ်၊ တကယ်တော့ အီးမေးကိုနေ့စဉ်သုံးနေကြပေမယ် တချို့ကတော့ ကိုယ့်ဆီရောက်လာတဲ့ စိတ်ဝင်စားဖွယ်ရာ အီးမေးတချို့ကို အလွယ်တကူဘဲ ကိုယ့်မှာရှိတဲ့အီးမေးလိပ်စာတွေဆီ

ဖော်ဝါ့ လုပ်နေကြတာတွေ့ရပါတယ်၊ ကျွန်တော်လည်းနေ့စဉ် မိတ်ဆွေတွေဆီက ဖော်ဝါ့ အီးမေးတွေရနေပါတယ်၊ အဲဒီ ဖော်ဝါ့အီးမေးတွေထဲမှာ တခြားသူတွေရဲ့ အီးမေးလိပ်စာတွေပါလာပါတယ်၊ တကယ်လို့ကျွန်တော်က ထပ်ပြီးဖော်ဝါ့လုပ် ခြင်းဖြင့် အီးမေး လိပ်စာတွေ အဲ့ဒီအီးမေးမှာ ပိုများလာပါမယ်၊ စပမ်မာ တွေလိုချင်တာလဲ ဒီအချက်ပါဘဲ၊ ဖတ်ရတဲ့ဆောင်းပါးထဲမှာ တော့ ဘယ်လိုစနစ်တကျဖော်ဝါ့လုပ်ရ မယ်ဆိုတာ သိတဲ့သူက ၅၀% လောက်ဘဲရှိတယ်လို့ဆိုပါတယ်၊ ဒီတော့အကယ်လို့ မသိသေးရင် တော့ဆက်ဖတ်ကြည့်လိုက်ပါ၊ စနစ်တကျဖော်ဝါ့လုပ်ခြင်းဖြင့်လည်း မိမိမိတ်ဆွေ တွေရဲ့ ပုဂိုလ်ရေးလွတ်လပ်မှုကိုကာကွယ်ရာရောက်ပါတယ်၊ သူတို့ရဲ့နာမည်တွေ အီးမေးလိပ်စာတွေက မဆိုင်သူ တွေဆီရောက်ကုန်မှာ မဟုတ်လား၊ ဒီလိုပုံလာတဲ့အီးမေးတွေဟာ နောက်ဆုံး စပန်မာတွေဆီကိုရောက် သွားမယ်၊ ဒါမှမဟုတ် ဘိုင်းရပ်သမားတယောက်ယောက်ဆီရောက်သွားမယ်၊ အဲဒီလူက ဗိုင်းရပ် တွေဖြန့်ခြင်ရင် အီမေးမှာတွဲပြီး ပို့လိုက်ရုံဘဲမဟုတ်လား၊ ဒါကြောင့်လဲ ဗိုင်းရပ်တွေအလွယ်တကူပြန့်ကုန်တာပေါ့၊ ကျွန်တော်တို့ထဲကတယောက်ယောက်က စိတ်ဝင်တစားဖွင့်ကြည့်လိုက်ရုံနဲ့ ဗိုင်းရပ်ဝင်သွားပြီ၊ ဟော..နောက်ထပ် ဘယ်လောက်ဒီဗိုင်းရပ်ထပ်ပြန့်ဦးမယ်မသိ၊ ဒီတော့မဖြစ်ခင်ကကြိုတင်တားကြတာပေါ့၊ အဲဗျာ.. ဒါတွေက ထရိုဂျင်တို့ အက်အဝဲယား တို့ စသည်ဖြင့် သူတို့ရဲ့အဓိကလုပ်ဆောင်ပုံအလိုက် နာမည်အအမျိုးမျိုးနဲ့ပေါ့လေ၊ သူတို့ဘယ်လိုအလုပ်လုပ်ဆိုတာတော့သိတဲ့သူလဲသိကြမယ်ထင်ပါတယ်၊ စာရှည်မှာစိုးလို့မရေးတော့ပါ၊ နောက်ပြီး ဒါတွေကြောင့်လဲ စပန်မာတွေဆီကနေတဆင့် ကျွန်တော်တို့နေ့စဉ်မလိုလားအပ်တဲ့အီးမေးတွေ၊ ကြော်ညာတွေ တပုံကြီးရနေကြတာပေါ့၊ သူတို့က ပို့လိုက်တဲ့အီးမေးတစ်ဆောင်ရပြီး ဖွင့်မိတာနဲ့ သူတို့က ၅ဆင့် လောက်ဘဲရတယ်ဆိုဘဲ၊ လူအများကြီးဆိုတော့ငွေအများကြီးရမှာပေါ့၊ ကျွန်တော်တို့ကတော့ ကိုယ့်အခြင်းခြင်းမခံရအောင် အတတ်နိုင်ဆုံးကာကွယ်ရမယ်၊ ဒါမှ ဝေါမတ်ဂစ်ဖ်ကဒ် တို့ ဟောလိဝုတ်စ် သရုပ်ဆောင်တို့ ဒီဗွီဒီတခွေ ၂၅ဆင့် ကြေညာတို့မရမှာ၊ ခံရဘူးတဲ့သူတွေကတော့ခံရပြီးပြီ ၊ ကျွန်တော်ကတော့ နောက်ထပ်လူတွေမခံ ရစေချင်ဘူး၊
ကဲကဲ အဓိကတရားခံ အီးမေးတွေကို ဘယ်လို စတစ်တကျဖော်ဝါ့လုပ်မလဲဆိုတာဆက်လိုက်ရအောင်၊
တကယ်လို့ အီးမေးဖော်ဝါ့ထပ်လုပ်တော့မယ်ဆိုရင်…
(၁) Forward ကိုအရင်နှိပ်ပြီး ပါလာတဲ့လိပ်စာတွေကိုအရင်ဖြက်ပြစ်လိုက်ပါ၊ Subject က FW ဆိုတာကြီးပါဖြက်လိုက ဖြက်ပြစ်လိုက်ပြီး၊ အသစ်ပြင်ရိုက်လိုကရိုက်လိုက်ပါ၊ တခြားလူတွေရဲ့လိပ်စာတွေကို မလိုလားအပ်သူဆီမရောက်တော့သလို၊ မိတ်ဆွေတွေရဲ့ ပရိုက်ဗေဆီကိုကာကွယ်ပြီးသားလဲဖြစ်ပါတယ်၊
(၂) ကိုယ်ကနေ မိတ်ဆွေတွေအများကြီးဆီတပြိုင်နက်ထဲပို့တော့မယ်ဆိုရင် To တို့ Cc တို့ကိုမသုံးပါနဲ့ Bcc (Blind Carbon Copy) မှာထဲ့ပြီးပို့လိုက်ပါ၊ ဒါဆို မဆိုင်သူတွေ တယောက်လိပ်စာတယောက်မရကြတော့ဘူးပေါ့၊
(၃) နောက်ပြီး တချို့အီးမေးတွေမှာ ပါတတ်တဲ့ ဒီစာကို ၁၀ စောင်ဝေရင်ဘာဖြစ်မယ်ညာဖြစ်မယ် ဆိုတာ နဲ့ Petition လုပ်ခိုင်းတာတွေကိုသတိထားပြီးလိုက်မလုပ်မိကြဖို့ပါဘဲ၊
ကျွန်တော်ကတော့တခါက မိတ်ဆွေတွေအားလုံးဆီကို To နဲ့ဘဲ အီးမေးတွေပို့လိုက်တယ် ဘာလို့လဲဆိုတော့ တယောက်လိပ်စာတယောက်သိဖို့နဲ့ နောင်ဆက်သွယ်ရလွယ်ကူဖို့ရည်ရွယ်လို့ပါ ၊ ရည်ရွယ်ချက် အလိုက် ပေါ့ဗျာ၊ အဖွဲ့ဝင်အားလုံးသိရှိပြီးကြောင်းသက်သေခံ အတည်ပြု့လိုတဲ့အခါ.. စသည်ဖြင့်.. to တို့ cc တို့ကိုသုံးရမှာပေါ့၊

ကျွန်တော်ကတော့စိတ်ဝင်စားစရာဖော်ဝါ့အီးမေးလေးတွေကို ကြိုက်ပါတယ်၊ ဘာလို့လဲဆိုတော့ တယောက်ယောက်က မအားမလပ်ပေမယ့် သတိရနေသေးတယ်၊ခင်နေသေးတယ်ဆိုတာကို ဒီလိုအီးမေးလေး တွေ၊ သတင်းလေးတွေက သတိပေးနေတာကိုး၊ ကျွန်တော်တို့ ဆက်ပြီး ဖော်ဝါ့ပို့နေကြဦးမှာပါ ဒါပေမယ့် လိုအပ်တဲ့အခါ Bcc လေးသုံးဖို့ပါ၊
ကဲ..ဒီလောက်ပါဘဲ ကျေးဇူးတင်ပါတယ်၊ မသိသေးသူများကို ပြောပြပေးပါ၊ ဆောင်းပါးတပုဒ်ကို အမှတ်ရပြီး ပြန်ရေးလိုက်တာပါ၊

Tuesday, February 17, 2009

အခမဲ့ဆေးကုသခြင်း

ဒီတခါတော့ ကျွန်တော်သိတဲ့ အခမဲ့ဆေးကုသလို့ရတဲ့နေရာတခုအကြောင်းရေးမလို့ပါ၊ ငွေကြေးတတ်နိုင်သူတွေ အတွက်မရည်ရွယ်ပါဘူး၊ ကျွန်တော်လိုဆင်းရဲသား တွေအတွက်တော့အဆင်ပြေမယ့်နေရာတခုမို့ အသိပေး လိုက်တာပါ၊ ပြီးတော့ ဆိုရှယ်တို့၊ လိုင်စင်တို့ ဘာလုပ်လဲ၊ ဝင်ငွေဘယ်လောက်လဲ၊ ဘယ်မှာနေလဲ တို့ပြောစရာလဲမလိုဘူး၊ ကိုယ်ဟာကိုပြောချင်ရင်တော့ပြောပေါ့လေ၊ ဘာလို့လဲဆိုတော့ ဆိုရှယ်စတာဒီကျောင်းသူလေးတွေက

လုပ်ငန်းခွင်အတွေအကြုံယူဘို့တော့အဆင်ပြေလားဘာလားတော့မေးနိုင်တယ်၊ အဲဒီနေရာကို ကျွန်တော်တို့ဘက်ကမြန်မာတချို့လဲသိကြမယ်ထင်ပါတယ်၊ ဘာဘဲပြောပြော တခြားဒေသတွေမှာလည်း ဒီလိုနေရာမျိုးတွေရှိနိုင်တာဘဲ ရှာကြည့်ကြစေလိုပါတယ်၊ ပြီးရင်အခြင်းခြင်းလက်တို့အသိပေးထားလိုက်ကြပေါ့၊
ပထမဆုံးအနေနဲ့ ဒေသဆိုင်ရာ လူမှုရေးဆေးခန်းတွေအကြောင်း ပြောခြင်ပါတယ်၊ အရင်ကတော့ ကျွန်တော်တို့ အော်ရိန့်ခ်ျ ကောင်တီ ဆေးခန်းကိုသွားပါတယ်၊ ဒါပေမယ့်အဲဒီနေရာက သိပ်အဆင်မပြေပါဘူး၊ မိမိအတွက်ဆရာဝန် သတ်မှတ်ပေးတာမျိုးမရှိပါဘူး၊ အပွိုင့်မန့်လုပ်တာလည်းအခြေအနေအရကြာတတ်ပါတယ်၊ ဆေးကုခတော့ ထုံးစံအတိုင်း ဝင်ငွေပေါ်မှုတည်ပြီး ရာခိုင်နှုန်းနဲ့ဘဲ ပေးရပါတယ်၊ အဲဒီမှာ နိုင်ငံသား ဖြစ်သူ တွေနဲ့ မယ်ဒီကိတ်ရှိသူတွေ များပါတယ်၊ ဆိုရှယ်ဆားဗစ်နဲ့လည်းတွဲထားတာကို၊ အခြားတွဲထားတဲ့ရုံးတွေလဲရှိပါသေးတယ်၊ ကျွန်တော်တို့ အတွက်ကတော့ဘာမှ ရှောက်လို့မရပါဘူး၊ ဂရင်းကဒ်သမားဆိုဆောရီးပါဘဲ၊ ထားပါတော့ဒါမျိုးကအားလုံးသိကြ ပြီးသားပါ၊
ကျွန်တော့အမျိုးသမီးနဲ့ ကလေးမှာ ဘာ အင်ရှုးရားရန့် မှမရှိသေးဘူး၊ ဒီတော့အားလုံး အိတ်ဆိုက်ဘဲပေါ့၊ နောက်ပိုင်းတော့ ကလေးအတွက် အင်ရှုးရားရန့် ဝယ်ထားလိုက်တယ်၊ တလနှစ်ရာတောင်ပေးရတယ်ဗျာ၊ တကယ်တော့လည်း တနှစ်မှတစ်ခေါက်၊ နှစ်ခေါက်လောက် ဘဲဆေးခန်းပြရတာ၊ တခုသတိရလို့ပြောရအုံးမယ် သိကြတဲ့အတိုင်းဘဲ တက်ကလိမ်းရင် ဆေးကုသခထဲ့လို့ ရတယ်ဆိုတာ၊ ဒီထဲမှာ ကျမ်းမာရေးအတွက် ယူထားတဲ့ အင်ရှူးရားရန့် ဘိုးမပါဘူး၊ တိုတိုပြောရရင်ဗျာ တနှစ်အတွင်း စုစုပေါင်း ဆေးကုခက မိမိဝင်ငွေရဲ့ (၇) ရာခိုင်နှုန်းကျော်ရင်တော့ အချိုးကျ နဲနဲပြန်ရမယ်၊ အဲ နောက်ပြီး ခင်ဗျားကို မနှစ်က စတိတ်ကဖြစ်စေ တနေရာရာက ရီဖန်း တမျိုးမျိုးဒါမှမဟုတ် အခြားဝင်ငွေတမျိုးမျိုးအတွက် ဖောင်၁၀၉၉ တစ်စောင်လောက်ပေးပို့လို့ ရရှိခဲ့ရင်တော့ ပမာဏပေါ်မှုတည်ပြီး ဒီနှစ် တက်ကလိမ်းတဲ့အခါ ပြန်ရမယ်ငွေကတော့သိသိသာသာကိုနည်းသွားလိမ့်မယ်၊ တချို့ဆိုပြန်တောင်လျော်ရတယ်၊ နဲနဲပြောပြမယ်..
ဘော်ဒါတစ်ယောက် မနှစ်က ရီဖန်း ၇၁၂ ဒေါ်လာအတွက် ဖောင် ၁၀၉၉G တစ်စောင်ရထားတယ်၊ အဲ့ဒါကိုထဲ့ပြီး တွက်ကြည့်လိုက်တော့ သူ ၁၀၇ ဒေါ်လာပြန်လျော်ရမယ်၊ မထဲ့ဘဲတွက်လိုက်ရင် သူ့အနေနဲ့ ၁၅၀၀ ကျော်ပြန်ရမယ်၊ ကဲသူဘယ်လောက်နှစ်နာသွားလဲ..ကြည့်တော့၊ ကျွန်တော်လဲ ၁၂၀၀ ကျော်တန် ၁၀၉၉ mis တစ်စောင်ရထားတယ်၊ ဘယ်လောက်ခံရအုံးမလဲ.. လုပ်ခြင်အုံးဟဲ့ ကြားပေါက်အလုပ်တွေ.. မသိတော့လဲခံရတာပေါ့လေ၊ ဒီနှစ်တော့မရဘူး လုပ်ရင်လဲသေခြာ ပြောရမယ်.. ရမယ့်အထဲက အခွန်တခါထဲနှုတ်ပြီးမှပေးလို့၊ ပြီးမှတော့ လာပြီး ၁၀၉၉ ကြီးမပို့နဲ့ မလိုခြင်းဘူးလို့၊ ဒါကြောင့်လဲ သူများဟာတွေသာ ကလိမ်းပေးနေတာ ကိုယ့်ဟာကိုအခုထိ မကလိမ်းရသေးဘူး၊ မရှိလို့လုပ်စားပါတယ်ဆိုမှ လုပ်ရက်ကြတယ်..၊ အဲဗျာ..ရေးတာက ဆေးခန်းအကြောင်း အခုအခွန်အကြောင်းရောက်သွားပြန်ပြီ၊
ခွင့်လွတ်ကြဗျာ နောက်ဆိုရင်တော့တိုးတက်လာမည်ထင်ပါတယ်၊ ဒါပေမယ့် ရစ်တတ်တာ ဝမ်းတွင်းပါဆိုတော့လဲပြင်ဖို့ ခက်သား..၊
ဆေးခန်းအကြောင်းပြန်ဆက်ရရင် ဇတ်လမ်းကဒီလိုဗျ.. တနေ့တော့ ကျွန်တော့်အမျိုးသမီးမှာ ထူးဆန်းတဲ့၊ တခါမှသူ မဖြစ်ဘူးတဲ့ဝေဒနာ တမျိုး ဖြစ်လာတယ်၊ ယောက်ျားတွေအတွက်တော့မသိသေးရင်ဗဟုသုတပေါ့ဗျာ..၊ ကျွန်တော်ကတော့ သူဟာသူပျောက်သွားလိမ့်မယ်ထင်တာ နှစ်ရက်အထိမပျောက်သေးဘူးဗျ၊ ခက်ပြီး အမေရိကန်ရောက်တာမှ တစ်နှစ်ကျော်ဘဲရှိသေးတာ ဘယ်သွားလို့သွားရမှန်းမသိ၊ အသိမိတ်ဆွေလဲမရှိ၊ ငွေကလဲမရှိ၊ အင်ရှူးရားရန်ဆိုတာဝေးလို့ အလုပ်တောင် ရတာသိပ်မကြာသေးဘူး၊ ဗမာအသိကလဲမရှိတော့ အလုပ်ထဲက စပန်းနစ်မိတ်ဆွေအမျိုးသမီးကိုဘဲ မေးကြည့်ရတာပေါ့၊ စပန်းနစ်တွေကဒါတွေကြွမ်းတယ်လေ၊ သူကတော့သူ့မိသားစုကျမ်းမာရေးအတွက်ဘယ်လိုလုပ်ထားတယ်ဆိုတာရှင်းပြပြီး လွိုက်ဒ်လမ်းက ကာဘိုရို ဆေးခန်းကိုသွားဖို့ညွှန်တယ်၊ အဲ့ဒီမှာ ဆေးကုခကို ဝင်ငွေပေါ်မှုတည်ပြီးတော့ဘဲပေးရတာလို့ပြောတယ်၊ အရင်နေရာနဲ့သိပ်တော့မထူးပါဘူးလို့စိတ်ထဲကထင်လိုက်တယ်၊ မြန်မာပြည်သားတွေအတော်များများလဲအဲ့ဒီမှာ တွေ့ရတယ်၊ သူတို့ကတော့စပွန်ဆာရှင်တွေအကူအညီ၊အသင်းအဖွဲ့တွေကူညီမှုနဲ့အဆင်ပြေတယ်ဗျ ကျွန်တော်ကြတော့ အပွိုင်မန့်လုပ်ဖို့မပြောနဲ့ စာရင်းသွင်း ရီဂျက်စတာတောင်လုပ်မရဘူး၊ လက်ခံကောင်တာက စပန်းနစ်မကလဲမာလိုက်တာလွန်ရော၊ ပြောတာကိုလဲနားမလည်သလိုလိုဂရုမစိုက်သလိုလိုလုပ်နေတယ်၊ ပြီးမှမနက်ဖြန်ပြန်လာခဲ့တဲ့၊ ဒီမှာကလဲဝေဒနာခံစားနေရတာ ဆိုတော့ မနက်ဖြန်ကိုစောစောဘဲ ထပ်သွားခဲ့တယ်၊ အဲဒီတခါမှာလည်း စပန်းနစ်မနဲ့ဘဲထပ်တွေ့တယ်၊ အူကြောင်ကြောင်လုပ်ပြန်ရောဗျို့၊ ကျွန်တော်လည်းဒေါသထွက်လာပြီ၊ ဒါနဲ့မင်းငါပြောတာနားလည်းလားလို့ မေးလိုက်တယ်၊ မင်းငါပြောတာမှနားမလည်းရင် မင်းကိုစပန်းနစ်လိုပြောစေချင်သလား၊ အမေရိကန်အင်းဂလိပ်နဲ့ပြောရမလားလို့မေးလိုက်တယ်၊ ဟုတ်တယ်လေ ကျွန်တော်တို့မှာ အရေးပေါ်ဆေးရုံသွားဖို့ကဘာမှရှိတာမဟုတ်တော့ဒီမှာရကိုရမှဖြစ်မှာကိုး၊ ဘော်ဒါစပန်းနစ်နဲ့ ဒေသခံဘော်ဒါတွေကလည်းဒါမျိုးဆိုကူညီဘို့အသင့်ဘဲ၊ ဖုန်းဆက်ပြီး တိုက်ရိုက်ပြောခိုင်းလိုက်မလို့၊ ဒါတောင်ဒီအမျိုးသမီးကမလျော့သေးဘူးဗျို့၊ မနက်၈နာရီ မှာဒီဖုန်းကိုဆက်ပါတဲ့ သူကတော့ဘာမှမတတ်နိုင်ဘူးလုပ်ပြန်ရောဗျို့၊ ကဲလေ ဘာတတ်နိုင်မှာလဲပြန်ခဲ့ရတာပေါ့၊ ကျွန်တော့ဘော်ဒါစပန်းနစ်ကိုပြောပြတော့ သူကပြောတယ် အဲဒီလိုရုံးအလုပ်လေးဘာလေးလုပ်ရပြီး၊ ဒီမှာမွေးတဲ့ဟာတွေကဒီလိုဘဲတဲ့ သူတို့ကိုယ်သူတို့ဆရာကြီးလိုလုပ်နေကြတာလို့ပြောတယ် သူလဲကြည့်မရဘူးတဲ့၊ နောက်နေ့မှမရရင် ဘေးကရုံးခန်းကိုတခါးခေါက်ပြီးဝင်လိုက်တဲ့ အဲ့ဒီမှာ သူတို့အရာရှိရှိတယ်တဲ့၊ တခါထဲတိုင်လို့မှာလိုက်တယ်၊ အမျိုးသမီးလဲသူ့ဝေဒနာသူကြိတ်ခံပေါ့၊ ဒီလိုနဲ့မနက်လဲရောက်ရောနာရီကြည့်ပြီးနေတယ်၊ ၈နာရီထိုးဖို့တစ်မိနစ်အလိုမှာ ဘဲဖုန်းဆက်လိုက်တယ်၊ ဖြစ်ခြင်တော့ အဲဒီအမျိုးသမီးဘဲဖြစ်နေတယ်၊ အပွိုင့်မန့်လုပ်မရဘူးဘာဘူးလုပ်ပြန်ရော၊ မဆိုင်တဲ့ဟာတွေလျှောက်မေးသေးတယ်၊ ဒီတစ်ခါတော့ မရတော့ဘူးလွန်သွားပြီ ရရင်ရ မရရင်ချဘဲ မဟုတ်လား၊ မင်းဘဲမနေ့က ဆက်ခိုင်းလို့ငါဆက်တာ မင်းနာမည်မပြောနဲ့မင်းအသံတောင်မှတ်မိတယ်၊ အေး ငါ ၁၀မိနစ်အတွင်းရောက်အောင်လာခဲ့မယ်လို့ပြောပြီး၊ ချက်ခြင်းထွက်သွားလိုက်တယ်၊ တွေ့ကြပြီပေါ့ကွာ ဟင်းဟင်းဟင်း.. အညာသားစိတ်ကြီးတယ်..၊ ဟိုလည်းရောက်ရော အူကြောင်ကြောင်ထပ်လုပ်နေပြန်ရောဗျာ၊ ဒီတော့ ငါမင်းတို့လူကြီးနဲ့တွေ့ခြင်တယ်လို့ပြောလိုက်တယ်၊ ဒီအချိန်မှာဘဲ သူ့ဘေးကအမျိုးသမီးတစ်ယောက်ကဝင်လာပြီး အခုအချိန်မှာအပွိုင့်မန့်လုပ်ရင်ထပ်ကြာနေမယ်ပေါ့ ချက်ခြင်းလဲပြလို့မရနိုင်ဘူးဆိုတော့ ညနေ၅နာရီမှာ တစ်ခေါက်ထပ်လာခဲ့ပါလို့ပြောတယ်၊ အဲဒီအခါမှာတော့ချက်ခြင်းကုပေးမယ့်လူတွေရှိတယ်လို့ပြောတယ်၊ နောက်တစ်ယောက်က ထပ်လိမ်ပြန်ပြီလားထင်မိရဲ့၊ သေခြာမေးတော့မှရှင်းပြတယ်၊ UNC ကအလုပ်သင်ဆရာဝန်တွေနဲ့ ကြီးကြပ်သူတွေက လူတိုင်းကို ဗုဓဟူးနေ့တိုင်းညနေ ၅ နာရီနောက်ပိုင်းကစပြီး အခမဲ့စမ်းသပ်ကုသပေးတယ်လို့ပြောပြတယ်၊ ဘာဘဲဖြစ်ဖြစ်ဗျာ အခမဲ့လဲကုရမယ် ဒီနေ့ကလဲဗုဓဟူးနေ့ဆိုတော့ကောင်းပြီဆိုပြီးပြန်ခဲ့တယ်၊ ညနေမှာတစ်ခေါက်ပြန်သွားတယ်၊ ဘာတွေလုပ်ရမလဲဆိုတော့..ဒီလိုဗျ
ဆေးခန်းကိုရောက်ရောက်ခြင်း ကောင်တာမှာထိုင်နေတဲ့လူကိုမေးကြည့်ခြင်ကြည့်၊(လူဟောင်း ပြန်ချိန်းထားလို့လာတာဆိုရင်တော့တစ်ခါထဲသွားတွေ့ရတယ်) ဒါမှမဟုတ်ရင်လဲ ဝင်ဝင်ခြင်း ညာဘက်က ကောင်တာရှေ့မှာချထားတဲ့စာရွက်တစ်ရွက်ထဲမှာ ကိုယ်ဟာကို နာမည်ရေးစာရင်းသွင်းထားလိုက်ပြီးထိုင်စောင့်နေရုံဘဲ၊ သူတို့ထဲကတစ်ယောက်ကထွက်လာပြီးခေါ်လိမ့်မယ်၊ အဲဒီမှာရောဂါကိုပြောပြပေါ့၊ ကိုယ်ရောဂါကိုအခြေခံပြီးသက်ဆိုင်ရာ ဆရာဝန်ကိုလွှဲပေးလိမ့်မယ်၊ သူတို့ကရောဂါကိုဘဲ အဓိကထားမေးတာပါ၊ ဆိုရှယ်နံပတ်တို့၊ လိုင်စင်တို့၊ဘယ်မှာနေလဲတို့၊ ဝင်ငွေတို့ဘာဆိုဘာမှမမေးဘူး၊ တစ်ပြားမှလဲပေးစရာမလိုဘူး အခုထိပေါ့လေ၊ မကောင်းဘူးလား၊ ဒီတော့ဘယ်သူဖြစ်ဖြစ်လွတ်လွန်လပ်လပ်သွားကုလို့ရတယ်၊ ကျွန်တော့အမျိုးသမီးလဲတခါထဲအရေးကြီးတဲ့ သာအိမ်ကင်ဆာတို့၊ရင်သားကင်ဆာတို့ ပါတစ်ခါထဲစစ်ခဲ့တယ်၊ နောက်တော့အကြောင်းပြန်တယ်ဘာမှမရှိဘူး OK တယ်တဲ့၊ အား.. မေ့တော့မလို့ ကျွန်တော့အမျိုးသမီးဘာရောဂါဖြစ်လဲဆိုတာ ဖော်ပြရအုံးမှာဘဲ၊ သူကတော့ပြောချင်ပါ့မလားမသိဘူး ဒါပေမယ်ဗျာ လူတိုင်းသိထားစေချင်လို့ ရေးလိုက်မယ်၊(အခုဘဲပြောတယ်ရေးလိုက်ပါတဲ့) ဒီလိုဗျ အမေရိကားမှာ အမျိုးသမီးတိုင်းနီးပါးဖြစ်တဲ့ရောဂါပါ၊ အဲ့ဒါကဆီးအောင့်တဲ့ရောဂါတစ်မျိုးဘဲ၊ အမြဲလိုလို အပေါ့သွားခြင်နေတာ သွားလို့လဲမရဘူး ၊ကြာရင်သွေးနဲနဲပါလာမယ်၊ ဒီတော့အတော်ခံရခက်တာပေါ့ဗျာ၊ ဒီကောင်က ဘက်တီးရီးယားတစ်မျိုးကဖြစ်တာ၊ ဘောင်းဘီဝတ်တာကြာပြီးချွှေးကနေဖြစ်တတ်တာ၊ နောက်ပြီးကူးလဲကူးတတ်တယ်၊ သူများအဝတ်ယူဝတ်မိတာမျိုးတို့ကပေါ့လေ၊ ဒီရောဂါကအမျိုးသမီးတိုင်းနီးပါးကိုဖြစ်တာ၊ ယောက်ျားတွေမပါဘူးနော်၊ ဒီရောဂါအကြောင်း နဲ့ဘာလို့အမျိုးသမီးတိုင်းဖြစ်တာကို ကျွန်တော်သိနေရတာလဲဆိုတော့.. ထားပါတော့ဗျာရှည်ပြန်အုံးမယ်၊ အဲအဲ မေ့တော့မလို့ အဲ့ဒီရောဂါက ကုရတာဘာမှမခက်ဘူးဆေးလေး၎လုံးလား ၅လုံးလားဘဲသောက်ရတာ၊ ပထမနှစ်လုံးထဲကိုကပျောက်နေပြီ၊ ဆေးပတ်လည်အောင်တော့သောက်ပေါ့ဗျာ၊ တော်ကြာ ဆေးယဉ်ပြီးခဏခဏဖြစ်နေမယ်၊ ကျန်သေးတယ်ဆေးဘိုးကတော့ ၅၀%လားမသိဘူးပေးရတယ်၊ ၁၀ဒေါ်လာလားမမှတ်မိဘူးပေးရတယ်၊ ဘယ်မှာဝယ်ဝယ် ဆရာဝန်လက်မှတ်နဲ့ဝယ်ရတယ်၊ ဆေးနာမည်သိခြင်ရင်တော့ တိုက်ရိုက်ကျွန်တော့ကိုမေးဗျာ၊ လောလောဆယ်ရှာနေရမှာမို့မရေးတော့ဘူး၊ ကိုယ့်ဟာကိုယ်လဲဝယ်လို့မှမရတာ၊တကယ်လို့တစ်ယောက်ယောက်အကူအညီလိုအပ်ရင် ကျွန်တော်ကတော့အကူအညီပေးဖို့အသင့်ပါ၊ အဲ ဟိုတစ်ခါလိုက်ပို့ပေးတဲ့အမကြီးတစ်ယောက်ကတော့ကျွန်တော့်ကိုမကြေမနပ်ပြောသွားတယ်၊ စောင့်ရတာကြာတယ်တဲ့၊ နောက်ပြီးကျွန်တော့်ကိုခိုင်းလိုက်တာလဲလွန်ရော ငါတို့စပန်းနစ်မဟုတ်ဘူးလို့သွားပြောလိုက်လို့လဲပါရဲ့၊ ပြီးတော့ဆရာဝန်ကိုကိုယ်ကြိုက်တာရွှေးလို့မရဘူးလားတဲ့၊ ဆရာဝန်တွေကိုလည်းရစ်လိုက်တာဗျာ ဘေးကမျက်နှာပူတယ်၊ ကျွန်တော်ကတော့ နောက်ဆိုမြန်မာတွေဆိုရင် ဒီလိုဘဲလို့ထင်မှာလဲဆိုးရိမ်မိတယ်၊ သူဒီစာဖတ်မိလို့စိတ်ဆိုးလဲ မတတ်နိုင်ဘူး ပြောပြခြင်လွန်းလို့ပါ၊
နောက်ဆိုအခမဲ့အပြင် ဒါတွေပါ ဆောင်ရွက်ပေးပါလို့ သူတို့ကိုပြောထားရအုံးမယ်၊
လိပ်စာအတိအကျကတော့..Carrboro Community Health Center, 301 Lloyd Street, Carrboro, NC 27510 ပါခင်ဗျာ..၊
နောက်တခါတော့အခမဲ့ကလေးမွှေးခြင်းအကြောင်းရေးမလားလို့၊

အားလုံးကျမ်းမာကြပါစေ၊

Monday, February 16, 2009

ပြုပြင်ရန်ရှိပါက...

ဒီနေ့ကျွန်တော်စဉ်းစားမိတာကတော့ ဘလောက်ထဲမှာဖော်ပြတဲ့အကြောင်းလေးတွေ နဲ့ပတ်သတ်လို့ပါ၊ ကျွန်တော့အနေနဲ့ လူနာမည် အလုပ်အကိုင်စသည် တို့ကို ကာယကံရှင်ရဲ့ သဘောတူညီမှုမရှိဘဲဖော်ပြပိုင်ခွင့် မရှိပါဘူး၊ နောက်ပြီး

လောလောဆည်မှာတော့ ကျွန်တော်တို့ အသိုင်းအဝိုင်းထဲက လူတွေလောက်ဘဲ ဒီဘလောက်ကိုသိကြ ဖတ်ကြမယ်ထင်ပါတယ်၊ ဘာဘဲပြောပြော ကျွန်တော့်အနေနဲ့ လူတိုင်းရဲ့ ပုဂိုလ်ရေးကို လေးစားကြောင်း အထင်အရှား သိစေချင်ပါတယ်၊ လောလောဆယ် ဖော်ပြပါ မည်သူမဆို ဖော်ပြပါ အကြောင်းအရာပိုင်းကိုဘဲဖြစ်ဖြစ် အမည်ကိုဘဲ ဖြစ်ဖြစ်ကန့်ကွက်နိုင်ပါတယ်၊ ကျွန်တော်ချက်ချင်း တည်းဖြတ်ပြုပြင်ပေးပါမည်၊ လောလောဆယ်မှာတော့နှုတ်အားဖြင့်ခွင့်တောင်းပြီး ဖော်ပြထားမိပါတယ်၊ ခွင့်မတောင်းမိသူတွေကိုတော့ မဖော်ပြထားပါ၊ ကျွန်တော့ကို ဝေဖန်အကြံပြုသူများအားလုံး ကို လေးစားစွာဖြင့် ဘလောက်ပါအကြောင်းအရာများကို ပြင်ဆင်ပေးပါမယ် လိုအပ်ပါကတပုဒ်လုံးကို ချက်ခြင်း ဖြက်ပြစ်ပေးပါမည်၊ မည်သို့ဆိုစေကာမှု သူတပါးရဲ့ ပုဂိုလ်ရေး ပရိုက်ဗေစီ ကိုလေးစားရမည့် လူ့ကျင့်ဝတ်ကိုတော့ လိုက်နာရမည်ဖြစ်ပါသည်၊ သို့ဖြစ်ပါသဖြင့် ကျွန်တော့်ကိုဝေဖန်အကြံပေးခြင်းအားဖြင့်ကူညီ ရာရောက်သလို၊ အချိန်မှီပြုပြင်နိုင်ပါလိမ့်မည်၊ အကြံပေးမှု၊ အားပေးမှုများကိုများစွာကျေးဇူးတင်ရှိပါသည်၊ ပြောပြလိုသည်များကို ယခုအီးမေးသို့လည်းပေးပို့နိုင်ပါသည် myoyan08@gmail.com

Sunday, February 15, 2009

နော့ကာရိုလိုင်းနားမှ မြန်မာထမနဲပွဲ


ကျွန်တော်တို့ နော့ကာရိုလိုင်းနား မြန်မာများရဲ့ စုပေါင်း ထမနဲ ပွဲကြီးဟာဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပပြီးစီးခဲ့ပါပြီ၊
နော့ကာရိုလိုင်းနားတလျောက် နေထိုင်ကြတဲ့ အနယ်နယ်အရပ်ရပ်မှ တိုင်းရင်းသားပေါင်းစုံ ပါဝင်ဆင်နွဲကြတဲ့ စည်းလုံးခြင်းကို ဖေါ်ဆောင်တဲ့ ထမနဲပွဲကြီးရဲ့အဓိပါယ်ကိုလည်း ပြည်ဝစေခဲ့ပါတယ်၊

ကျွန်တော်တို့ချပါယ်ဟေး-ကာဘိုရိုမှ လူငယ်အချို့ နဲ့ ဟိုက်ပွိုင့် မှလူငယ်များရဲ့ တက်ကြွတဲ့လုပ်အားများ၊ ဥကဌကြီး ဦးလွင်စိုးရဲ့ ဦးဆောင်စီစဉ်မှုများ ဟာအဓိကအခန်းမှပါဝင်ခဲ့ပါတယ်၊ ထမနဲပညာရှင်ကြီး ဦးဟန်စိန်ဟာဖြင့် ထမနဲ ဒယ်များကို တဒယ်ပြီးတဒယ် မမောနိုင်မပန်းနိုင် အချိုးအစား ကျစေရန်ကိုယ်တိုင် ကြီးကြပ် ရောစပ်နေတာကို တွေ့ရပါတယ်၊ ထမနဲ ထိုးနေကြသူများကို ကြည့်ခြင်းဖြင့် ဆရာတော်မိန့်ကြားတဲ့ ထမနဲ ရဲ့စည်းလုံးခြင်းအဓိပါယ်ကို အထင်အရှားမြင်တွေ့နိုင်ပါတယ်၊
ထမနဲတစ်ဒယ်ကို ဦးဟန်စိန်နှင့် ကြွမ်းကျင်သူတို့ ကပြင်ဆင်ပြီး တာနှင့်တပြိုင်နက် စိတ်လှုပ်ရှားဖွယ်ရာ ထမနဲထိုးခြင်း အဆင့်ဆင့် ကိုစတင် တွေ့မြင်နိုင်ပါပြီ၊ အစပိုင်းမှာ အလှူရှင် နှင့် ပါဝင်ဆင်နွဲလိုသူများ ၀င်ရောက်ပြီး လက်တွေ့ ထမနဲ ထိုးနိုင်ကြပါတယ်၊ ထို့အတူ ဒိုးပတ်ဝိုင်းကလည်း စတင်ပြီး တီးမှုတ် နေကြပါတယ်၊ ဒိုးပတ်ပညာရှင်များ ရဲ့ တက်ကြွတဲ့တီးလုံးတီးကွက်များဟာ ဖြင့် လည်း ထမနဲ ထိုးပွဲကို ပိုပြီး သက်ဝင်လှုပ်ရှား စေပါတယ်၊ ဒီလိုနဲ့ ထမနဲ တစ်ဒယ်ဟာဖြင့် နောက်ဆုံးအဆင့်ကိုရောက်လာ ပါပြီ၊ အရှိန်အဟုံအမြင့်ဆုံး အချိန်လို့ဆိုရပါမယ်၊ ဒိုးပတ်ဝိုင်းဟာဖြင့်လည်း ပိုပြီး မြိုင်ဆိုင်တက်ကြွလာသလို နောက်ထပ်လူနှစ်ယောက် ထပ်တိုး ပြီး အားနှင့်မာန်နှင့် အတင်းကို ထိုးရတဲ့ အဆင့်ပါ၊ အမျိုးသမီးအဖွဲ့ကလည်း ဘေးကနေ အားပေးနေကြတာ တကယ်ပျော်စရာ ကောင်းလှပါတယ်၊ ထမနဲ ကို ဆွမ်းတော်တင်ဖို့ ပြင်ဆင် ပြီး နောက် ဧည့် ပရိတ်သတ်များကို လက်ဖက်ရည်၊ကော်ဖီ များ နှင့် ဧည့်ခံပါတယ်၊
ကျွန်တော်အနေနဲ့ အစီအစဉ်အချို့ကို ဖော်ပြဖို့ ကျန်ကောင်းကျန်နေ နိုင်ပါတယ်၊ ဒါကြောင့်အကျဉ်းချုပ်ကို ထပ်မံဖော်ပြချင်ပါတယ်၊
မနက်ပိုင်းမှာ ဦးလွင်စိုး နှင့် ကိုဖိုးဇော် တို့ ကထင်းများခွဲပြီး၊ ဦးဟန်စိန် နှင့် ဆရာခိုင်တို့က လည်း မနက်စောစော ချက်ပါယ်ဟေးမှ အရောက်လာခဲ့ ကြပြီး အခြားဂေါပကအဖွဲ့ ၀င်များနှင့်အတူ လိုအပ်သည်များကို ကြိုတင်စီစဉ်ကြကြောင်းသိရပါတယ်၊ ကျွန်တော်ကတော့ အနည်းငယ်နောက်ကြပြီးမှရောက်ခဲ့ပါတယ်၊ ကိုအောင်သန်း နှင့် ဆရာခိုင်တို့ကိုတော့ အလှူငွေလက်ခံတဲ့နေရာမှာ တွေ့ရပြီး၊ ကိုတင်လှကိုတော့ အသံဆိုင်ရာကရိယာများနှင့်အတူ ကာရာအိုကေ ကိုတာဝန်ယူထားတာသတိထားမိပါတယ်၊ ဒိုးပတ်ဝိုင်းမှာဖြင့် ကိုအောင်ထွန်း၊ ကိုနိုင်၊ ကိုရဲ နှင့်ဦးအောင်တို့အပြင် အခြား လူငယ်များကိုလည်းတွေရပါတယ်၊ ဦးဟန်စိန်ကြီးဟာဖြင့် ထမနဲအထိုးကောင်းရုံသာမက အကလည်း အလွန်ကောင်းသူပါ၊ ညနေပိုင်းရောက်တော့ သူဟာအဆိုလည်း အလွန်ပိုင်သူဖြစ်ကြောင်းတွေ့ရပါတယ်၊ သူတို့တတွေ ဒိုးပတ်တီးလိုက်ကြ၊ ထမနဲထိုးလိုက်ကြနှင့်ကြည့်ရသည်မှာပျော်စရာ အလွန်ကောင်းလှပါတယ်၊

ကျွန်တော်တို့မနက်ပိုင်းမှာဘဲ ပထမဆုံး လက်ဖက်ရည်၊ကော်ဖီချို နှင့် ထမင်းကိုစတင်ကျွေးမွေးနေပါတယ်၊ ကျွန်တော်တို့မြန်မာပြည်အလွမ်းပြေ ထမင်းကို တ၀စားကြရပါတယ်၊ အလှူရှင်များကလည်းတစ်ဦးပြီးတစ်ဦး အိမ်မှ လက်စွမ်းပြချက်လာ တဲ့ မြန်မာထမင်းဟင်းများကို ယူလာကြပါတယ်၊ ငပိရည်တို့ စရာမှအစ မြန်မာဆီပြန်ဟင်း အမျိုးမျိုး၊ ကြက်သားနှင့်ပဲဟင်းကိုတော့ ကျွန်တော်အကြိုက်စားပြီး၊ ရန်ကုန်က ချစ်တီးထမင်းဆိုင်ကိုတောင်ပြန်သတိရမိပါတယ်၊ အမလေး လေး ဗိုက်တောင်ပြန်ဆာလာပြီ၊

နေလည့်ပိုင်းမှာ ဆရာတော်ကြီး က သီလယူ ရေစက်ချတရားနာ စေပါတယ်၊
ဒီလိုနဲ့ ထမနဲထိုးပွဲ ကြီးဟာဖြင့်လည်း ညနေထိဆက်သွားပါတယ်၊ နောက်ဆုံးပိတ် သိမ်းဆည်းတာတွေကို ဦးလွင်စိုးဇနီး ဒေါ်မွှေး နှင့် ဦးအောင်ရဲ့ဇနီး တို့ ကဦးဆောင်ပြီးမမောနိုင်မပန်းနိုင် လုပ်နေကြတာကို တွေ့ရပါတယ်၊ ဒီလိုပွဲတွေကို အစအဆုံး စီစဉ်လုပ်ကိုင်ပေးနေတဲ့ အခြားမိသားစုတွေကိုအမည်မသိလို့ မဖော်ပြနိုင် ပေမယ့်၊ ကျွန်တော်အနေနဲ့လူမှု့ ရေးအသိစိတ်ဓာတ်ပြည့်ဝ တဲ့နော့ကာရိုလိုင်းနားမှ မြန်မာမိသားစု များကို မှတ်တမ်းတင်အပ်ပါတယ်၊

ညနေပိုင်းမှာ ဟိုက်ပွိုင့် လူငယ်နဲ့ ချပါယ်ဟေး-ကာဘိုရိုလူငယ်တို့ ရဲ့ ဘော်လုံးပွဲ ကျင်းပခဲ့ပြီး ဟိုက်ပွိုင့်က ၄ဂိုး ၂ဂိုးနဲ့ အနိုင်ရခဲ့ကြောင်းသိရပါတယ်၊ ဟိုက်ပွိုက်လူငယ် ကိုမင်းလွင်က တစ်ဂိုးသွင်းတယ်လို့လည်းသိရပါတယ်၊ နောက်တစ်ကြိမ်မှာ ဖြင့်ချပါယ်ဟေး-ကာဘိုရိုဘက်မှ ကျွန်တော်ပါဝင်ကစားမှာ ဖြစ်ပြီး ဟိုက်ပွိုင့်လူငယ်များ အနေဖြင့် ထပ်မံအနိုင်ရဘို့ဖြစ်နိုင်မယ်မထင်တော့ပါ၊ သူတို့ကံကောင်းသွားသည်မှာ ကျွန်တော့ကိုနိုင်ငံတကာ ဘောလုံးအဖွဲ့ချုပ်က တစ်သက်လုံး ဘောလုံးမကစားတော့ ဖို့ပါယ်ထားလို့ပါ၊ အလကား စတာနော်..၊ ကျွန်တော်က ကွန်ပြူတာဂိမ်း ထဲမှာ နဲ့ လေနဲ့ဘဲ ကန်တတ်တာ၊

ကျွန်တော်တို့ လူမကြီးတကြီးများလည်း ကိုအောင်ထွန်းအိမ်မှာ ညနေပိုင်း ထပ်မံဆုံတွေ့ကြပါတယ်၊ ဒီလိုနဲ့ညအတော်လေးမိုးချုပ်မှ အိမ်ပြန်ဖြစ်ကြပါတယ်၊ အိမ်အပြန်လမ်းမှာတော့ ကျွန်တော့်ကို ရဲတစ်ယောက်က လေးစားစွာနဲ့ လက်မှတ်တစောင်ချီးမြှင်ပါတယ်၊ အဲ့ဒီလက်မှတ်အတွက် အခန်းအနားနဲ့ တရားရုံးမှာ မကြာခင် ကျွန်တော် သွားရောက် ပြီးအလှူငွေထဲ့ဝင်ဖို့ရှိပါတယ်၊ အဲ့ဒီအလှူပွဲမှာတော့ ဒိုးပတ်ဝိုင်းလေး မထဲ့နိုင်တာကိုဖြင့် ၀မ်းနည်းပါကြောင်း ဖော်ပြရင်းဒီမှာဘဲရပ်နာုးပါရစေ၊

Thursday, February 12, 2009

ဖလော်ရီဒါမှ နော့ကာရိုလိုင်းနားသို့

ဒီနေ့စိတ်ကူးတဲ့ရာ ပြောခြင်တာတွေ ကတော့ အမေရိကန်က ဒေသအလိုက် ပြောပုံဆိုပုံနဲ့စိတ်သဘောထားလေးတွေမတူကြူတဲ့အကြောင်းနဲ့ စပ်မိစပ်ရာတွေပါ၊ ဒါတောင်ကျွန်တော် ဖလော်ရီဒါကနေ ၀ါရှင်တန်ဒီစီ အထိဘဲရောက်ဘူးသေးတာနော်၊ အခုပြောမှာတွေကတော့ကျွန်တော့်တွေအကြုံ့ကို ရှယ်ရာလုပ်တဲ့သဘောဘဲ၊ အခြားတယောက်က တမျိုးကြုံခြင်ကြုံရ နိုင်တယ်၊ ဆိုလိုခြင်တာက အမေရိကန် မှာ စတိတ်အလိုက် ဥပဒေတွေကွဲပြားသလို လူတွေရဲ့စရိုက်လဲ ကွဲတာတွေပါ၊ လူမျိုးခွဲခြားမှုတွေကလဲ အခုထိရှိနေ ပြော နေကြဆဲကိုး၊

ကျွန်တော်အမေရိကန်ကိုရောက်စ အခက်အခဲလေး တွေနဲ့ယှဉ်ပြီးပြောပြမယ်၊ ရောက်ပြီဆိုတော့ တိုးတက်ရာ တိုးတက်ကြောင်း လမ်းကြောင်းလေးတွေ ရှာရတာပေါ့ဗျာ၊ ခက်တာက အညာသား ကျွန်တော် ဒီမှာဆွေမျိုးအပေါင်းအသင်းဆိုလိုတယောက်မှ ကိုမရှိဘူး၊ စမ်းတ၀ါးဝါးနဲ့ရောက်လာ ခဲ့ရတာ၊
ကူညီမဲ့လူနေနေသာသာ နှိပ်ကွက်မဲ့လူက အရံသင့်၊ ရောက်ရောက်ခြင်းစူရှီးလိပ်ရတာပေါ့ မနက်၇နာရီက နေ ည ၈ နာရီ ၉နာရီအထိဘဲ၊ ကျွန်တော်တို့ရွှေဗမာများ စောင့်မ ချက်ကနာတယ်၊ ရန်ကုန်လက်ဘက်ရည်ဆိုင် တွေထမင်းဆိုင်တွေမှာလုပ်ကြတဲ့ကလေး တွေကိုကိုယ်ခြင်းစာမိတယ် သူများအပြောအဆိုခံပြီး ကျွန်လိုခိုင်းတာကလား၊ ထမင်းကျွေးတာတောင် သူတို့ကသပ်သပ် အားရပါးရစားပြီးမှစားရတယ်၊ ၁၁နာရီလောက်ရှိပြီပေါ့ဗျာ၊ အမယ်ကိုယ့်လူတို့က သူတို့စားတဲ့ ဟင်းကိုအကျန်တောင်ကျွေးတာမဟုတ်ဘူး၊ သပ်သပ်ဖြစ်သလိုချက်ထားတဲ့ ကျက်သား တခွက်ကို မကုန်မခြင်း မင်းဟာမင်းရေခဲသေတာÅ ထဲကယူစားပေတော့ တဲ့၊ ကိုယ်ကကလေးတယောက်နဲ့ဆိုတော့ ကြိတ်မှိတ်ခံပေါ့၊ ဂရင်းကဒ်ကတော့တလအတွင်း သူဟာသူရောက်လာတယ်၊ ဆိုရှယ်ကဒ်ကိုဘယ်လိုလုပ်ရမလဲမေးတော့၊ သကောင့်သား က စောင့်တဲ့၊ နောက်မှသူများပြောပြလို့သိရတယ်ရုံးမှာ သွားရှောက်ရတယ်ဆိုတာ၊ အေးဗျာ အကုသိုလ်များတယ်၊ နောက်မှဒီလူတွေအကြောင်း ဆက်ရေးတော့မယ်၊ ကုန်ကုန်ပြောရရင် ဘာမှအကူအညီမပေးဘူးဆိုတာသိလာရတော့ကိုယ်ဟာကိုယ်လိုအပ်တာလိုက်လုပ်ရတော့တာပေါ့၊ ကလေးကို ကျောင်းအပ်ရမယ်၊ မိန်းမကို လဲကျောင်းအရင်တက်ခိုင်းရမယ်လေ၊ ကိုယ့်လူကအစမှာနှစ်ပတ်မှတရက်ဘဲ နားရက်ပေးတာ ပြီးတော့ ဘယ်မှလိုက်မပို့နိုင်ဘူးလို ပေါ်တင်ပြောထားတော့ ဒီလိုဘဲချီတက် ရတော့တာပေါ့၊ ရွှေမန်းသားတွေဘဲ (တကယ်တော့မိုင်၅၀ ကျော်ဝေးတဲ့ရွာကပါ) ခေသူမဟုတ်ဘူးလေ၊ လမ်းထိပ်က ဆဲဗင်းအလဲဗင်း (မနက်၇နာရီမှ ည၁၁နာရီအထိဖွင့်သောဆိုင်) စတိုးဆိုင်က ကုလားကြီးကိုဘဲမေးရတာပေါ့၊ အာရှသားချင်းကူညီရှာပါတယ် ဘယ်ကိုဘယ်လိုသွားပြောပြရှာတယ်၊ ဖုန်းလဲသှူဆီကဘဲဆက်ရတာ၊ ကိုယ့်ဆရာ အကောင်းစား က သူအိမ်ကဖုန်းတောင်ပေးသုံးတာမဟုတ်ဘူး၊ လမ်းရှာဖို့အင်တာနက်သုံးဖို့ကြတော့လဲ သူသား (အခြောက်) က ကွန်ပြူတာကို အကုန်ဖြုတ်သိမ်းထားပြန်ရော၊ စကားမစပ်ပြောရအုံးမယ် ကိုယ့်လူအခြောက်က ယောက်ျားယူပြီးအိမ်ပေါ်ခေါ်တင်ထားတာကလား.. စပန်းနစ်ကောင်လေးတကောင်နဲ့၊ ဒါပထမဆုံးကြုံဘူးတာဘဲဗျို့၊ ရွှေ အခြင်းခြင်းသာဒီကောင်ကနှိပ်ကွက်ခြင်တာ သူ့ယောက်ျား အဲအဲ ဘယ်လိုပြောရမလဲ ...ထားပါတော့ဟိုကောင်လေးကိုတော့ လိုလေသေးမရှိပြုစုတာ ကျွန်တော့မိန်းမတောင် တခါမှ ဒီကောင် သူကောင်လေးကိုပြုစုသလို မပြုစု ဘူး သေးဘူး၊ ကော်ဖီဖြော်တိုက်တယ်၊ ထမင်းခူးပေးတယ် ကုန်ကုန်ပြောရရင် အ၀တ်အစားကအစ ဗျ သေခြာဝတ်ပေးတာကလား ၊ ကျွန်တော်ဆိုမျက်စိရှက်လို့ မနက်မနက်ပတ်ရှောင်နေရတယ်၊ ဒီလို စေတနာထားတာနော်၊ ကဲကဲ သူများအတင်းလေး ဒီမှာရပ်မှ၊ ဆက်ပြောပြမယ် ဒီလိုနဲ့ ဘတ်စ်ကားဂိတ်ကိုသွားရတယ်၊ ရောက်တာကလဲနှစ်ပတ်ဆိုတော့မအူမလည်နဲ့ပေါ့ဗျာ၊ ကလေးကိုဆေးစစ်ဖို့အတွက် ဆေးခန်းကိုသွားရတာလေ၊ ဘယ်လောက်ဘဲဗမာပြည်ကစစ်ခဲ့စစ်ခဲ့ လိုအပ်တာတွေထပ်စစ်ရမယ်၊ကာကွယ်ဆေးတွေထိုးရမယ်လေ၊ ကလေးကသုံးနှစ်ဆိုတော့ မနီးမဝေးက မှုကြိုကျောင်း မှာအပ်ထားတာ၊ ဒါမှလဲ သူအမေကလမ်းရှောက်ပြီးသွားကြိုနိုင်မှာလေ၊ ဘယ်သူကလိုက်ပို့မှာလဲ၊ ဒါတောင်ကလေးကိုကျောင်းအပ်တာကိုကိုယ့်ဆရာတို့က ဘလိုင်းကြီးဝင်ဟောက်သေးတယ်၊ တခါတလေ စိတ်မချလို့လင်မယားဖုန်းဆက်ဖို့ဖုန်းလေး လိုက်ဝယ်ပေးပါ ဆိုတာ လူကို ပြောလိုက်တာ စုံရောဘဲ၊
ဒီလိုနဲ့ညမိုးခြုတ်အိမ်ပြန်ရောက်မှ စကားပြောရတော့တယ်၊ အဲအဲ ..စကားကပြတ်ပြတ်သွားတယ်ပြောခြင်တာက ဖလော်ရီဒါမှာ ကျောင်အပ်ရတာ အဆင်ပြေတယ်ဗျာ၊ ကလေးကိုချက်ခြင်းလက်ခံထားလိုက်တယ်၊ လိုအပ်တာတွေကို တော့ သတ်မှတ်ရက်အတွင်းလုပ်ပေး ဆိုပြီး သွားရမယ်နေရာတွေကအစညွှန်ပြပေးတယ်၊ အဲဒီကလူတွေက နော့ကာရိုလိုင်းနားကလူတွေထက်စာရင်ဖော်ရွေတယ်လို့ပြောရမယ်၊ ဘတ်စ်ကားဂိတ်ရောက်တော့လဲ အဲဒီမှာတွေ့တဲ့ အမျိုးသမီးကြီးကို သွားခြင်တဲ့နေရာပြောပြီး ဘယ်လို ဘတ်စ်ကားစီးရမလဲပေါ့ ကျွန်တော်ရောက်တာ နှစ်ပတ်ပဲရှိသေးတယ် ဒါပထမဆုံးဘတ်စ်ကားစီးခြင်းဘဲလို့ပြောပြတော့အမျိုးသမီး ကြီးက ကြင်ကြင်နာနာနဲ့ သေခြာရှင်းပြတယ်၊ ဘတ်စကားကတော့တနာရီမှတစီးဘဲရှိတာ၊ ကျွန်တော်ကနှစ်ဆင့်စီးရမယ်၊ တကြောင်းကိုတစ်ဒေါ်လာ တစ်နေကုန်အသွားအပြန်ကြိုက်ရာဘတ်စ်စီး ၄ဒေါ်လာ (သိတ်တော့မမှတ်မိတော့ဘူး)၊ ကျွန်တော်စီးမဲ့ဘတ်စ်ကအရင်လာတော့သူကိုယ်တိုင်ဘတ်စ်ကားပေါ်တက်ပြီးလက်မှတ်ကိုစက်ကဘယ်လိုဝယ်ဆိုတာလိုက်ပြပေးတယ်၊ ပြီးတော့ဘတ်စ်ကားဆရာကိုလဲဆင်းရမယ်နေရာကိုကြိုပြောပေးလိုက်တယ်၊ ကျေးဇူးတင်လိုမဆုံးပါဘူး တကယ်ပါ၊ နောက်တနေရာမှာ တနာရီနီးပါး ထပ်စောင့် ဘတ်စ်ကားလဲလာရော ကားဆရာကို သွားခြင်တဲ့နေရာကြိုပြောပြရတာပေါ့ အစိုးရဆေးခန်းနားကမှတ်တိုင်ရောက်ရင်ရပ်ပေးပါပေါ့၊ ဒါငါ့ရဲ့ပထမဆုံးအမေရိကန်ဘတ်စ်ကားစီးခြင်းဘဲလိုပြောတော့ သူကတောင်နောက်လိုက်သေးတယ်၊ ငါလဲအခုမှ ဒီကားစမောင်းတာကွတဲ့၊ ဒီလိုနဲ့ဆေးခန်းရောက်တော့လဲ လူတွေကအများကြီးဗျာ၊ အကြာကြီးစောင့်ရတယ်၊ ဒါပေမယ်လုံးဝမရစ်ဘူးဗျာ၊ လုံးဝဟောက်စားမလုတ်ဘူး၊ မသိမတတ်တဲ့လူဆိုပြီး နပ်စ်မတွေကကူညီကြတယ်၊ နော့ကာရိုလိုင်းနားမှာတော့ ဆေးခန်းမှာ စကားများရတာသုံးလေးခါရှိပြီ၊ များသောအား ဖြင့် အောက်ခြေကလူတွေနဲ့ ဖြစ်တာများတယ်၊ နောက်မှ ကျွန်တော်နဲ့ စကား များရတဲ့အကြောင်းတွေကို စုပြီးရေးမယ်၊ ဒီဘက်ကလူတွေကနဲနဲဆက်ဆံရေးကြဲတယ်၊ ဟိုရောက်ဒီရောက်ဖြစ်ကုန်ပြန်ပါပြီ ထားပါတော့၊
ကဲကဲ .. သတိရလို့ ဆက် ပြောရအုံးမယ် ဖလော်ရီဒါမှာ တယောက်နဲ့တယောက်ပါးခြင်းကပ်ပြီးနမ်းရတဲ့ဓလေ့ရှိတယ်၊နော့ကာရိုလိုင်းနားဘက်မှာတော့သိပ်မတွေ့ဘူး၊ ဖလော်ရီဒါမှာ အလုပ်ဝင်စက အလုပ်ထဲမှာ နှူတ်ဆက်ပြီးနမ်းကြတာတွေတွေ့တော့ ကျွန်တော်ရှောင်ရှောင်နေရတယ်၊ တနေ့တော့ ရှောင်လို့မရ ဘဲထိတ်တိုက်တွေရော ကျွန်တော့်ရှေ့ကတယောက်က အလုပ်ထဲက စပန်းနစ်မလေးကိုဖက်နမ်းပြီးနှုတ်ဆက်လိုက်တယ်၊ ပြီးရင်ကျွန်တော့်အလည့်၊ ခက်ပြီး..၊ အေးလေ ပထမအကြိမ်ဆိုတော့ ရွှံ့တွန့်တွန့်နဲ့ပေါ့ ဗျာ… နောက်တော့လဲ အေးဆေး ဖြစ်သွားတာပါဘဲ ဟဲဟဲ..၊
ကျွန်တော့်မိန်းမလဲအဲ့ဒီအတွေ့အကြုံရခဲ့ရဲ့၊ လင်မယားနှစ်ယောက်စကားစပ်တိုင်း ပြောပြောပြီးရီရတာ အခုအထိဘဲ၊ သူ အနီးအနားက ကွန်မြုနတီ ကောလိပ်မှာ ကျောင်းသွားအပ်တုန်းကပေါ့၊ ကျွန်တော်တော့မပါဘူး သူတယောက်ထဲသွားတာ ဟိုမှာ ၀င်ခွင့် စစ်ပြီးလို့လက်ခံကြောင်း အကြောင်းကြားလို့ ဖိုင်နင်ရှယ်အေ့ ရှောက်ဖို့သွားတာ၊ အကုန်သူတို့ကဘဲလုပ်ပေးတာပါ ကိုယ်ကမေးတာဖြေပြီးလက်မှတ်ထိုးရုံဘဲ၊ အားလုံးလဲပြီးရော အဲဒီအမျိုးသမီးကြီးက ပါးထိုးပေးပါရောတဲ့၊ ကျွန်တော်နဲနဲပြောပြထားလို့သူကနမ်းရမယ်ဆိုတာ သဘောပေါက်ပြီး ရွတ်ဆိုနမ်းချလိုက်တယ်တဲ့၊ ဒါပေမယ်နမ်းပုံ နမ်းနည်းက မှားသွားတယ်ဆိုတာနောက်မှသိရတယ်၊ အမှန်က အဲဒီလိုနှုတ်ဆက်နမ်းရင် ပါးခြင်းဘဲကပ်ပြီး ပါစပ်က ပြွတ်ဆို အသံလုပ်လိုက်ရတာ၊ အဲဒါ ချိ တူချိလိုခေါ်တယ်တဲ့၊ သူကတော့တကယ်နမ်းချပလိုက်တယ်တဲ့၊ အမလေး လေး နောက်ဆက်တွဲ ဘာမှဆက်မဖြစ်လာလို့ တော်သေးတယ်၊ လူတိုင်းနေရာတိုင်းတော့မဟုတ်ဘူးနော်.. ကိုယ်နဲ့ ခင်မင်ရင်းနှီးပြီးမှ ဒါမှမဟုတ် အခြေအနေအရလုပ်ရတာ၊ ကျွန်တော်ကျောင်းသွားစုံစမ်းတုံးကတော့ ဒါမျိုးမလုပ်ခဲ့ရပါဘူး၊ ဖလော်ရီဒါမှာ တခုသဘောကြတာက ကျောင်းဝင်းထဲမှာ ခွေးအလတ်စားအရွယ်လောက်ရှိတဲ့ ပုတ်သင်ညိုကြီးတွေ ရယ် ကြိုးကြာ နီ (ဖလက်မင်းဂိုး)ငှက်တွေရယ်ဘဲ၊ အေးဗျာ ဒါပေမယ့် ကျွန်တော်တို့တွေဘာကျောင်းမှမတက်ခဲ့ကြရပါဘူး၊ စူးရှီး ဆိုင်ရှင်ငနဲ နဲ့အဖွဲ့က ၀ိုင်းကန့်ကွက်ကြတာနဲ့ ပြန်ထွက်ခဲ့ရတယ်၊ နော့ကာရိုလိုင်းနား မှာကျောင်းသွားစုံစမ်းတော့ အဆင်မပြေသေးတာ အခုအထိဘဲ ၊ မြန်မာပြည်တကသိုလ်ကလဲရစ်လိုက်တာ ၇လ ကြာပြီအခုထိ တောင်းထားတဲ့ထောက်ခံစာစာရွက်စာတမ်းတွေမပို့သေးဘူး၊ ပို့တာတွေကတလွဲတွေ၊ သွားပြောခိုင်းထားတဲ့မရီးကလဲ သွားတိုင်း အတောင်းခံအဟောက်ခံနေရတော့မသွားခြင်တော့ဘူးတဲ့၊ ဘာဆက်လုပ်လို့လုပ်ရမှန်းတောင်မသိဘူး၊ ဘာဘဲပြောပြော ဆွေမရှိမျိုးမရှိအသိတယောက်မှမရှိဘဲ တွေတဲ့ သူနဲ့မိတ်ဆွေဖွဲ့ပြီးနေလာတာ ဘာလိုလိုနဲ့ ၂ နှစ်တောင်ကျော်လာပါပေါ့လား၊ အမေရေ သားတနေ့တော့ရွာမှာအလှူပြန်လာလုပ်အုံးမှာပါ….၊
ဒါနဲ့ ဆရာခိုင် ပြောပြတဲ့လက်ရှိ ပြောင်းလဲသွားတဲ့ မြန်မာပြည် ကအလှူအတန်းလုပ်ပုံတွေ ကို ကျွန်တော် တို့ ငယ်စဉ် ကအလှူတွေနဲ့နှိုင်းယှဉ်ရေးပြပါဦးမယ်..

Wednesday, February 11, 2009

ကျွန်တော်နှင့် တက်ကလိမ်းသူများ အကြောင်း

အခုတလော ကျွှန်တော်တို့ ချပယ်ဟေး-ကာဘိုရို တကျော ကမြန်မာများ နဲနဲလှုပ်လှုပ်ရှားရှားတက်ကြွနေ ကြသည်၊ အမေရိကန် တခွင်လုံး
တနှစ်တာအတွက်အခွန်ရှင်းလင်းတဲ့ရာသီရောက်လာပြန်ပါပြီ်၊ ပိုက်ဆံများများပြန်ရမယ့် သူတွေကတော့ပျော်ကြမှာပေါ့ဗျာ၊ အဲ့ဒီ တက်ကလိမ်း ကြတဲ့ အကြောင်းလေးနည်းနည်း သိသလောက် ရေးကြည့်မယ်၊

ကြားနေရတာကတော့ဟိုမှာကလိမ်းရင်ပိုရတယ်၊ ဒီမှာကလိမ်းရင်ပိုရတယ်နဲ့ ပြောနေကြတာပါဘဲ၊ တကယ်တော့လဲ စိတ်ရှည်လက်ရှည်တွက်ပေးတဲ့သူပေါ်မှာလဲမှုတည်တာပေါ့၊ တနှစ်နဲ့တနှစ်ကလဲ ဥပဒေ

အပြောင်းအလဲလေးတွေရှိသေးတယ်မဟုတ်လား၊ သေခြာတာတော့အားလုံးဆော့ဝဲယား တွေနဲ့ တွက်ကြတာပါဘဲ၊ ဘာ ဆော့ဝဲယား သုံးသုံး IRS အခွန် ဥပဒေနဲ့ အညီဖြစ်ရမှာကတော့အသေ အခြာပေါ့၊ ကောင်းတယ်မကောင်းဘူးဆိုတာတော့ သုံးတဲ့သူ ရဲ့ဆော့ဝဲယား ကျွှမ်းကျင်မှု ပေါ်မှုတည်တာပေါ့၊ ကျွှန်တော်ကတော့ အိပ်အာ-ဘလောက် သုံးနေကျဆိုတော့အဲဒါဘဲ ဆက်သုံးဖြစ်တယ်၊ ချပယ်ဟေး-ကာဘိုရို အနီးတ၀ိုက်က w2 တခုဘဲရှိတဲ့ သူတွေအတွက် က တကယ်ဆို အလွယ်လေးပါ၊ နောက်ဆိုအဝေးကြီးသွားစရာမလိုတော့ဘူး ဆရာခိုင် နဲ့ ကိုမှန် တွက်ပေးလိမ့်မယ်၊ ဟိုက်ပွိုက်က ဘဲတပွေတော့ ရွှေ မြန်မာများအားပေးလို့ အတော်လေး ၀င်ငွေကောင်း နေတယ်ဆိုဘဲ၊ အကြမ်းဖျင်း ခန့်မှန်းတွက်တာတောင် ၅၀ တောင်းတယ်တဲ့၊ ကောင်းရော၊ ဘယ်နှစ်မျိုးတွက်ပေးလဲတော့ မသိဘူး၊ တကယ်ဆိုသုံးလေးမျိုးတွက်ပေးရင်တော့ မဆိုးပါဘူး၊ ဘယ်လိုပုံစံနဲ့ကလိမ်းရင်းအကောင်းဆုံးလဲ ချိန်ကြည့်ရတာပေါ့၊ ဘာဘဲ ပြောပြော ပေါ့ ဗျာ ဂရုတစိုက် စေ့စေ့စပ်စပ်မေးမြန်းတွက်ပေး တယ်ဆို ကောင်းတာ ပေါ့၊ အခုတော့ ဒီငနာ က ဟောက်စား လာလုပ်တယ်ကြားတော့ တော်တော် စိတ်ကသိကအောင့်ဖြစ်မိတယ်၊ ဟိုမှားဒီမှား ဟိုကျန်ဒီကျန် ဖြစ်တယ်ဆိုတဲ့အသံလဲကြားရဲ့၊ ကျွှန်တော်တော့တခါမှမရောက်ဘူးလို့ ဒီလူကိုမမြင်ဘူး ပါဘူး၊ သူများအသံကြားနဲ့ရေးလို့ အတင်း ပြောတယ်ဆိုလဲဆိုပေါ့ဗျာ၊ ကျွှန်တော်ကတော့ဒီသတင်းမျိုး ရှယ်ယာ လုပ်သင့်တယ်ထင်လို့ရေးလိုက်တာဘဲ၊ တယောက်ယောက်က တခုခု ပြောခြင်ရင်တော့ ဒီဆောင်းပါးဘေးက Cbox ထဲ ၀င်ရေးသွားဗျာ၊

ကဲကဲ အကြမ်းဖြင်းပြောရရင် တက်ကလိမ်းတာ ပုံစံ ၅ မျိုး ရှိတယ်၊
၁၊ တ ဦးခြင်း (Single)
၂၊ အိမ်ထောင်နှင့် ခွဲ ကလိမ်းခြင်း
၃၊ အိမ်ထောင်နှင့် ပေါင်းကလိမ်းခြင်း
၎၊ အိမ်ထောင်ဦးစီး
၅၊ တရားဝင် မုဆိုဖို၊ မုဆိုးမ ဆိုပြီးကလိမ်းလို့ရတယ်၊

ခင်ဗျားရဲ့ဝင်ငွေအနည်းအများ တနှစ်အတွင်း အလုပ်လုပ်တဲ့ကာလတွေပေါ်မှုတည်ပြီး ခွဲတာ နဲ့ပေါင်းတာ ကွာတာရှိလာမယ်၊ ဘာလို့လဲဆိုတော့ ဒီနိုင်ငံမှာ မိသားစု ရဲ့ဝင်ငွေပေါ်မှုတည်ပြီး ဆင်းရဲ ချမ်းသာအမှတ် ကိုခွဲထားတာကို၊ အဲဒီနေရာမှာ သက်သာခွင့်တွေပေး ထားတာရှိတယ်၊ ရာခိုင်နှုန်းတွေ မှုတည်ကိန်းတွေ ကပြောင်းသွားမယ်၊ ဖောင် 1040 မှာ ကြည့်ရင်ဒါတွေသိနိုင်တာဘဲ၊ အမယ်ဒီနေ့ ကျွှန်တော် ဖောင် 1040X တခုတောင် လုပ်ဘူးသွားတယ်၊ အသိတယောက်ကို ဟိုက်ပွိုက်က ဆရာ ကဆော်ထဲ့ပေးလိုက်တာ လေ၊ အတူတူခြင်းယှဉ်ကြည့်တော့မှ ၁၂၀၀ ကျော်လောက် နည်းနေမှန်းသိရတယ်တဲ့၊ နောက်တခေါက်လိုက်သွား မေးတော့ မခြေမငံပြောလွတ်တယ်တဲ့၊ ဒီလိုနဲ့ဆရာခိုင်နဲ့ ကိုမှန်တို့ဆီရောက်လာရော..၊ ဒါနဲ့ ဆရာခိုင်နဲ့ ကိုမှန် တို့အိမ်မှာ တွက်ကြည့်လိုက်တော့ သိတ်သေခြာသွားတာပေါ့၊ ဒါနဲ ကိုမှန် လည်း အခွန်တင်ပြီးသွားတဲ့ ၁၀၄၀ ကို ပြင်ဖို့ လုပ်ရပါလေရောပေါ့၊ ကဲကဲ မသိသေးရင် တော့ဗဟုသုတ ပေါ့ဗျာ၊ အခွန်တင်ပြီးသွားလိုနောက်မှ အမှားအယွင်းအစုံတရာရှိလာရင် ဘာမှမပူနဲ့ အချိန်မရွေးပြင်လို့ရတယ်၊ အယင်နှစ်ကအမှားရှိခဲ့ရင်လဲပြင်လို့ရတယ်၊ ကိုယ်ဟာကိုယ်သိလို့ပြင် တာက ကောင်းတာပေါ့ဗျာ၊ အခွန်ကသိလို့ပြင်ခိုင်းရင်တော့ ဒဏ်ကြေးတွေပါလာမယ်၊ အတိုးတွေပါလာမယ်၊ တချို့ဟာတွေက နှစ်အတော်ကြာမှပေါ်လာတတ်တယ်၊ အစထဲက အပြီးလုပ်တာအကောင်းဆုံးဘဲ၊ ဘာလို့လဲဆိုတော့ အစက အီးဖိုင်နဲ့တင်ထားပြီးသား ကြီးမှာ နောက်မှ 1040X ကို ဖြည့်ပြီးစာတိုက်က ပို့ရတော့ ကိုယ့် ရဲ့ဖိုင်ကိုအာရုံစိုက် ခံရတာပေါ့၊ ဟိုမှာက သတ်မှတ် ကိန်းဂဏန်းပမာဏတွေကို ဘဲ ပရိုဂရမ်က အလံနီပြပြီးသတိပေးနေတာ၊ ဘာဘဲပြောပြောဘယ်လောက်ဘဲမှန်မှန် ကိုယ်ကိုစစ်လားဆေးလားလုပ်တာကိုတော့ဘယ်သူမှမကြိုက်
ဘူး၊ ကဲကဲ ရှည်သွားပြီး IRS အကြေင်းရိုက်ထားတဲ့ ဒီနှစ်ထုတ် 7 ပေါင် ဆိုတဲ့ရုပ်ရှင် ကြည့်လိုက်၊ မင်းသားက ၀ီစမစ်၊ လူကြမ်းက ကိုမှန် အဲလေ ဆရာခိုင်လဲပါသပေါ့ သူ့အဖေက ရှေးခေတ်ကသူကြီးဆိုလားဘဲ၊ အလကားစတာ နော်..၊ ကဲကဲ ပြန်ဆက်မယ်..
ဒီလိုနဲ့ ဖောင်ဖြည့်ဖို့ တွက်ကြည့်လိုက်တော့ မှ ဘာမှမမှားဘူး ဖြစ်နေပြန်ရော၊ ခက်ပြီ၊ ဆက်ရှာတော့ အမှားက ဘောက်ကလေး တခုမှာ ခြစ်ခဲ့ဖို့ကျန်သွားတာ၊ အဲဒါကို ခြစ်မှ အစိုးရကပေးတဲ့ ခရက်ဒစ် ပေးငွေဆောင်းရမှာ လေ၊ ဒါတော့ ကိုမှန် လည်းမလုပ်တတ်ဘူး၊ ဆော့ဝဲနဲ့ ညွှန်ကြားချက် မရှိဘဲလုပ်ရင် ပိုဆိုသွားမယ်၊ ဒါနဲ့ တကယ့်လက်မှတ်ရှိတဲ့ သူဆီ ချီတက်သွား ကြတယ်၊ ဒါတောင်စာရွက်လေး တရွက်ထဲက ဂဏန်းလေးတလုံးဖြည့်ဖို့ ၂နာရီ ကျော်ကြာသွားတယ်၊ နောက်ဆုံးတော့ လဲ အဆင်ပြေသွားပါတယ်၊ နောက်ထပ်ငွေ၁၆၀ ကျော်ထပ်ကုန်ပြီး နောက်ရမယ့်ဒုတိယချက်က ၆ ပတ်တောင် မှစောင့်ရမယ်တဲ့၊ စဉ်းစားကြည့်ဗျာ သူများအပြောအဆိုခံပြီး ငွေတရာ လောက်ပိုယူမလား (တကယ်တော့လဲ ဒီဟာမျိုးကပိုရစရာလဲ မရှိပါဘူး) ကောင်းကောင်းမွန်ဆက်ဆံခံရပြီး နဲနဲ လျှော့ယူမလား၊ ကျွန်တော်ကတော့ ဒုတိယဟာဘဲယူမယ်၊ မဟုတ်တောင် နေရာတကာမှာ တစ် ပေးရသေးတာဘဲ..၊
စိတ်မဆိုးရင်တော့တခုပြောခြင်တယ် ကိုယ်အတွက်ကြောင့်နဲ့တော့ မြန်မာတွေလူအတွေလို့ အပြောမခံပါရစေနဲ့ဗျာ၊ ကိုယ်ကိုကိုယ်တန်ဘိုးထားကြပါ၊ ကျွန်တော်ဒါတွေကြားရင် နာလွန်းလို့..၊
ဒါတောင်အခြောင် အဆဲခံလိုက်ရသေးတယ်၊ ကြိုပြောထားရဦးမယ် ကိုမှန်တို့ က ရှုပ်ရှုပ်ရှက်ရှက် လူမှုရေး ပြသနာများနဲ့ဝေးဝေးနေတယ်ဆိုတာပါဘဲ၊ သူ့ဟာနဲ့သူတောင် အတော်ရှုပ်နေရှာတာ.. အိမ်တောင်သန့်ရှင်းရေးမလုပ်နိုင် ရှာဘူးတဲ့..ရေကောမှန်မှန်ချိုးရဲ့လားမသိ…၊
ကဲ ကဲ
စာလဲရှည်သွားပြီး နောက်မှ တခုခြင်းသိသမျှနည်းနည်းခြင်းရေးသွားမယ်၊ ခင်ဗျားတို့သိသမျှလဲ ရေးကြလေ …၊ ဝေဖန်ကြလေ ဒါမှတိုးတက်လာကြမှာပေါ့ ဟုတ်ဘူးလား၊
အခွန်ထမ်းအားလုံး အဆင်ပြေကြပါစေ..

Sunday, February 8, 2009

နော့ကာရိုလိုင်းနားမှ မြန်မာရိုးရာပွဲ များ (ဖေဖေါ်ဝါရီ ၂၀၀၉)

အခုရေးမှာကတော့ကျွှန်တော်ဒီနေ့ရရှိတဲ့ နော့ကာရိုလိုင်းနား
မြန်မာဗုဒ္ဓဘာသာအသင်းကြီးရဲ့အစည်းအဝေးမှတ်တမ်းအတိုချုပ်သတင်းပါ၊ သတင်းပြန်ကြားအသိပေးတဲ့သဘောပါ၊
အမှားအယွင်းတခုခု စာထဲမှာပါဝင်ခဲ့ပါက ကျွှန်တော့်တာဝန်သာ ဖြစ်ပါသည်၊ အသင်းကြီးတွင်တာဝန်မရှိပါ၊
ဒီနေ့ ဖေဖေါ်ဝါရီလ ၇ရက်နေ့နေ့လည် ၂နာရီမှညနေ၅နာရီအထိ အသင်းကြီး၏အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးကို ဟိုက်ပွိုက်ဘုန်းတော်ကြီးကျောင်းမှာ ကျင်းပခဲ့ကြောင်းသိရှိရပါတယ်၊ ဆွေးနွေးခဲ့တာတွေကတော့အောက်ပါအတိုင်းပါ...

၁၊ တနှစ်တာရှေ့လုပ်ငန်းစဉ်များ..
၂၊ ရေတို၊ရေရှည် လုပ်ငန်းစဉ်များ...
၃၊ လူမှုရေးဆိုင်ရာကှုညီမှုလုပ်ငန်များ...
၎၊ မြန်မာ့ရိုးရာသင်္ကြင်္င်္င်္င်္င်္င်္င်္င်္န်ပွဲ ဖြစ်မြောက်ရေး...
၅၊ ရိုးရာထမနဲပွဲ အစီအစဉ်အသေးစိတ်နဲ့
၆၊ ရံပုံငွေရှာဖွေရေး လုပ်ငန်းများ ပါဝင်ပါတယ်။

အသေးစိတ်ကို အသင်းကြီးမှ လိုအပ်သလိုတာဝန်ယူထုတ်ပြန်မည်ဟုသိရပါတယ်၊ အကြမ်းဖြင်းအားဖြင့်သိရသည်မှာ...

မြန်မာ့ရိုးရာသင်္ကြင်္င်္င်္င်္င်္င်္င်္င်္န်ပွဲကို နော့ကာရိုလိုင်းနားမှာ ဘာသာရေး၊လူမှုရေး ပွဲများတွဲဘက်ပြီး ရိုးရာယဉ်ကျေးမှုဓလေ့ ထုံးစံနှင့်အညီကျင်းပကြနိုင်ရန်ဆွေးနွေကြကြောင်းသိရပါသည်၊

ရှေ့လာမည့်အပတ် ဖေဖေါ်ဝါရီလ ၁၄ ရက်၊ စနေနေ့ မှာ ရိုးရာ ထမနဲပွဲ ကျင်းပဖို့ရှိကြောင်းသိရပါတယ်၊
အလှူထမနဲပွဲမှာ အိုစည်ဒိုးပတ် အက များအပြင် ကာရာအိုကေလေးပါတွဲဖက်နိုင်ရန်စီစဉ်ကြဖို့ရှိကြောင်းပါသိရပါတယ်၊ ဒီလိုဖြစ်မြောက်ဖို့အတွက် ဟိုက်ပွိုင့်မှဥက္က္က္ကဠကြီးဦးလွင် ရဲ့ဦးဆောင်မှုနဲ့တာဝန်များခွဲဝေပြီးဖြစ်ကြောင်းသိရပါတယ်၊ သို့ပါသော်လည်း အားကောင်းမောင်းသန် လူငယ်များ၏လုပ်အား များလိုအပ်လျက်ရှိပါတယ်၊ အမျိုးသမီးများရဲ့စွမ်းအားပြည်ပံ့ပိုးမှုကိုလဲ ရရှိ မှာဖြစ်ပါတယ်၊ ချပယ်ဟေး မှလူငယ်များကိုဇော်ဇော်နှင့်ဆက်သွယ်စရင်းပေး လှူဒန်းနိုင်သလို၊ လုပ်အားဖြင့်လဲပါဝင်ကြစေလိုပါတယ်၊ တချို့သော သူများကတော့မိမိတို့ လှူဒန်းမည့်ထမနဲပွဲ အတွက်အစစအရာရာပြင်ဆင်ပြီးကြောင်းသိရပါတယ်၊ ရပ်ဝေးမှတကူးတကလာမည့်သူအလှူရှင်များအတွက်လဲ ထမနဲပွဲမှာ ပါဝင်လှူဒန်းကုသိုလ်ပြုနိုင်ရန်စီစဉ်ထားကြောင်းသိရပါတယ်၊
ထမနဲပွဲတပွဲစာ ဒေါ်လာ၅၀ ဖြင့်ပါဝင်ကုသိုလ်ပြုနိုင်ပါသည်ဟုသိရပါတယ်၊ သက်ဆိုင်ရာ ဒေသအလိုက် အဖွဲဝင်များမှတဆင်ကြိုတင်လှူဒန်းနိုင်သလို၊ မနက်ဘုန်းတော်ကြီးကျောင်းသို့ ရောက်သောအခါမှလည်း အသင်းကြီးမှကြိုတင်စီစဉ်ထားသော ကောက်ညှင်း၊အုန်းသီးအစရှိသည်တို့ကို တပွဲစာ၊နှစ်ပွဲစာစသည်ဖြင့် လည်းလှူဒန်းနိုင်ကြပါကြောင် သတင်းကောင်းသိရပါတယ်၊ သို့ပါသော်လည်း ကြိုတင်စာရင်းပေးသွင်းလှူဒန်းပါက ပိုကောင်းပါတယ်၊ ရိုးရာထုံးစံနှင့်အညီ ဖြစ်စေရန်ဝယ်ချမ်းလုပ်ကိုင်ရမည့်အလုပ်များ ရှိကြောင်းသိရပါတယ်၊ ထမနဲပွဲကို ဦးဆောင်သူတဦးဖြစ်သော နည်းပညာ အတွေ့အကြုံများစွာရှိသူ ဦးဟန်စိန် ပြောပြသော ၀ယ်ချမ်းရမည်ပစ္စည်းများမှာအောက်ပါအတိုင်းဖြစ်ကြောင်းသိရပါတယ်၊

၁၊ ကောက်ညှင်း
၂၊ အုန်းသီး
၃၊ မြေပဲ
၎၊ ဂျင်း
၅၊ ဆီ
၆၊ နှမ်း
၇၊ လေးညှင်း
၈၊ ဆား
၉၊ ကျက်သွန်ဖြူ
၁၀၊ ငှက်ပျောဖတ်
၁၁၊ သီဟိုစေ့ တို့အဓိကပါဝင်ကြောင်းသိရပါတယ်၊

လက်ဖက်ရည်အချိုပွဲအတွက်လဲပြင်ဆင်ရဦးမည်ဟုသိရပါတယ်၊

အစီအစဉ်အပြည့်အစုံမှာ...(ကျောင်းဖိတ်စာမှကူးယူဖေါ်ပြပါသည်)
နေရာ - မြန်မာဘုန်းကြီးကျောင်း
Address: 6612, Brass Road, Jamestown, NC 27282
အစီအစဉ် - (၁) နံနက် ၁၁ နာရီ သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်း
အစီအစဉ် - (၂) နေ့ ၁၂ နာရီစပြီးထမနဲပွဲစတင်ကာ ကြွရောက်လာကြသော ဧည့်သည်များအား ရိုးရာထမနဲနှင့် လက်ဘက်ရည်ချိုတို့ဖြင့်ဧည့်ခံကြွေးမွေးခြင်း၊

ပြုနိုင်သောကုသိုလိများမှာ - (၁) ထမနဲတဒယ်နှင့်လက်ဘက်ရည်ချိုတအိုး ကို ဒေါ်လာ ၅၀၊(၂) စားသောက်ဘွယ်ရာတမျိုးမျိုး၊

ထမနဲပွဲတော်အကြောင်းအကျဉ်း - မြန်မာ့ရိုးရာထမနဲပွဲတော်ကို ကောက်ဦးပေါ်စတပို့တွဲလတွင် မြန်မာလူမျိုးတို့ ပျော်ရွင်စွာကျင်းပလေ့ရှိကြသည်၊ ကောက်ညင်း၊မြေပဲဆံ၊ နှမ်း၊ဂျင်း၊အုန်းသီးဆံတို့ကို နှမ်းဆီနှင့် တစ်သားထဲဖြစ်သည်အထိအပူပေးပြီးလူအများအင်တိုက်အားတိုက် ကျွမ်းကျင်စွာ ဟန်ချက်ညီညီ ထိုးရသည် ကိုထမင်းနှဲဟုခေါ်သည်၊
ကောက်သစ်များကို ထူးခြားသည့် အရသာကောင်းစားစရာတစ်မျိုးဖြစ်အောင်ရှေးမြန်မာတို့ ဖန်တီးခဲ့ကြခြင်းဖြစ်သည်၊ ထမင်းနှဲကဲသို့တစ်သားတည်းဖြစ်အောင်ညီညွတ်ကြရမည်ကို ညွှန်ပြသည့် စုပေါင်းညီညာမှုသက်သေပွဲဟုဆိုရမည်ဖြစ်ပါသည်၊ မြန်မာလူမျိုးတို့သည် ထမနှဲ ကိုရာသီစာအဖြစ်မြိန်ယှက်နှစ်သက်စွာစုပေါင်းစားသုံးလေ့ရှိကြသကဲသို့ ထမနှဲအလှူပွဲကိုလည်း ကောက်သစ်ဦးအလှုအဖြစ်လှူဒါန်းကာ ကုသိုလိပြုကြလေ့ရှိသော မြင့်မြတ်သည့် အလှူပွဲတော်ဖြစ်သည်ဟုလည်းဆိုရပေမည်၊

အခြားအစီအစဉ်များ လည်း သိရှိသလို အချိန်နှင့်အပြေးညီဖေါ်ပြနိုင်ဖို့ ကျွှန်တော်ကြိုးစားသွားပါမယ်၊
ဘာသာရေးလူမှုရေးလုပ်ငန်းများကို စိတ်အားထက်သန်စွာ အချိန်လုပြီးကြိုးစားဆောင်ရွက်နေကြသော အသင်းကြီး၏ အလုပ်အမှုဆောင်အဖွဲ့ဝင် များကိုလဲ များစွာ ကျေးဇူးတင် လေးစားကြောင်းဖော်ပြလိုပါတယ်၊

ထမနဲပွဲမှာဆုံတွေ့ကြပါစို့၊

Friday, February 6, 2009

နာဂစ်အလှူ မှ စခဲ့သည်..

ကျွှန်တော်အခုဘဲ ဒီဘလောက်လေး စမ်းလုပ်တာ တ၀က်တပျက်ပြီးသွားပြီ၊ စရေးလို့ရပြီဆိုတော့ ရေးကြည့်မယ်၊ ဘာရေးရမလဲ?? ဟုတ်ပြီ ဒီဘလောက်အကြောင်းဘဲစရေးမယ်၊ အစကတော့ ကျွှန်တော် နာဂစ်အလှူရှင်တွေကို ရီပို့ ပေးတဲ့အနေနဲ့စဖြစ်ခဲ့တာပါ၊ ဒါပေမယ့်လဲ ကိုယ်တိုင်ကိုယ်ကျသွားလှူတဲ့လူတွေစစ်အစိုးရကလိုက်ဖမ်းတော့ဆက်မလုပ်ရဲတော့ဘူး၊ ဘာလဲ
ကြောက်တယ်ထင်လို့လား၊

ဝေးသေး..ကိုယ်က မြန်မာပြည်အပြင်ရောက်နေတာဘဲ၊ ဒါပေမယ့် တကယ်ကိုယ်ကျိုးစွန့်ပြီးသွားလှူတဲ့ ကျွှန်တော့်လူတွေအခက်တွေ့မှာစိုးလို့ ဘယ်နေရာမှာဘယ်အချိန်ကဘယ်လောက် ဘာတွေလှူခဲ့တယ် မဖော်ပြဘဲရပ်ခဲ့ရတယ်၊ အခုတော့လုပ်လက်စအလုပ်ကိုတန်းလန်းထားရင် ဆုံးမတတ်တဲ့ အမေ ပြောတာလေး ပြေးပြေးသတိရလို့ ဒီဘလောက်လေးကို မြန်မာဘလောဂါများအကူအညီနဲ့ဆက်လုပ်လိုက်တယ်၊ ကိုစေတန်နဲကိုရန်အောင်တို့ကိုပထမဆုံးကျေးဇူး တင်ကြောင်း ပြောခြင်ပါတယ်၊ ဘလောက်အပြင်အဆင်ကတော့မလှဘူး၊သီခံပြီးသာ အားပေးကြပါ၊ မကြာခင်ဖြေးဖြေးသားနားလာအောင်ကြိုးစားမှာပါ၊ တကယ်တော့ပြင်ရတာကပိုခက်တယ်...၊အပြင်အဆင်လှလှလေးနဲ့ အစအဆုံးပြန်လုပ်ရင်ကောင်းမလားလဲတွေမိရဲ..၊ ကဲကဲ ဟိုရောက်ဒီရောက်နဲ့ လှူတဲ့အကြောင်းလေးပြန်ဆက်ပါရစေ၊
လိုရင်းပြောရရင်တော့..
မုန်တိုင်းသတင်းကြားတော့ ကျွှန်တော့်လဲတတ်အားသမျှလှူဖို့အားထုတ်ခဲ့တယ်၊ လက်ထဲမှာလဲ ငွေလေးနဲနဲရှိတာနဲ့ မြန်မာပြည်ကကျွှန်တော့်လူကိုလှမ်းဆက်သွယ်တယ်၊ တိုက်ရိုက်ရောက်တဲ့နည်းနဲ့အမြန်ဆုံးလှူပေးပါပေါ့၊ ဒီလိုနဲ့ မြန်မာပြည်ကိုလာလည် ဘူးတဲ့အမေရိကန်အချို့နဲ့အဆက်အသွယ်ရတယ်၊ သူတို့လဲလှူချင်တယ်လို့ပြောတယ်၊ ဘယ်လိုလှူရမလဲမေးကြတယ်၊ ဒီလိုနဲ့ အလှူငွေထဲ့ဝင်ကြတာ ဒေါ်လာ၃၀၀၀ကျော်ရတယ်၊ ၀ါရှင်တန်စတိတ် ဆီရက်တဲ ကဒေါက်တာကြီးတယောက်က ၂၀၀၀ လှူတယ်၊ ကျွှန်တော်ဘယ်သူဆီကို မှအလှူလိုက်မခံပါဘူး၊ သူများအဆင်ပြေမှန်းမသိ ဘဲအတင်းအလှူလိုက်ခံတာ ကျွှန်တော့်အမြင်မှာ မကောင်းဘူးထင်လို့ပါ၊ လိုအပ်ကြောင်းအသိပေးလိုက်ပြီးရင် လှူချင်တဲ့သူ လှူနိုင်တဲ့သူကတတ်နိုင်သလောက်လှူတာပါဘဲ၊ တာခါတလေ မရှိတဲ့အချိန်မှာ အတင်းအလှူခံတာကြုံဘူးရင် နားလည်မှာပါ၊ သူများလဲငရဲမပေးချင်ဘူး ကိုယ်လဲငရဲမယူချင်ဘူး၊ ကိုယ့်ယုံကြည်ချက်အထဲ သူများအတင်းဆွဲမထဲ့ချင်တာလဲပါတာပေါ့၊ လက်ခံလာတဲ့တနေ့ ကိုယ်ကိုယုံကြည်လာတဲ့အခါ အနည်းနဲအများ ပူးပေါင်းလာမှာပါ၊
သူများကိုဆရာလုပ်သလိုဖြစ်နေပြီ တယောက်နဲ့တယောက် ချည်းကပ်ပုံစတိုင်ခြင်းတော့ဘယ်တူမလဲ မဟုတ်လား။
ဒီလိုနဲ့ ကျွှန်တော်တို့ဝေးလံတဲ့ ကျွှန်းတကျွှန်း နဲ့အနီးဝန်းကျင်မိသားစု၂၅၀ ကျော်ကိုအိုးခွက်၊အ၀တ်အစား၊ဆန်ဆီ၊ဆေး စတဲ့အရေးကြီးတာ တွေ လှူခဲ့ပါတယ်၊ အညာက ကျွှန်တော်တို့ဆွေမျိုးနီးစပ်အပေါင်းအသင်းများကလဲ အ၀တ်အစား၊ ဆေးဝါး နဲ့ ငွေသိန်း၂၀ ခန့် (ကျွှန်တော့်အတိအကျမသိပါ)၊ ရန်ကုန်ကသူတွေကတော့ လူအား ငွေအားဖြင့်ပါ ပါဝင်လှူဒန်းကြပါတယ်၊ ကိုယ်တိုင် ကိုယ်ကျ မှန်တိုင်းဒေသကိုသွားရောက်ခဲ့သူ ရန်ကုန်မှ နှစ်ယောက် နှင့် မန်းတလေး မှ နှစ်ယောက်ကိုအမည်မဖေါ်ပြနိုင်ပေမယ် မှတ်တမ်းတင်ချင်ပါတယ်၊ မကြာခင်ကဘဲ ဒေါက်တာကြီးမြန်မာပြည် ကိုအလည်ရောက်နေခဲ့ပါတယ်၊ ကျွှန်တော်တို့ဆက်လုပ်နေတဲ့ မိဘမဲ့ဂေဟာကိုလဲရောက်ခဲ့တယ်လို့သိရပါတယ်၊ ကျွှန်တော်တို့အပေါင်းအသင်းညီအကိုတွေ ဟိုးအရင်ထဲကလုပ်ခဲ့ကြတာပါ၊ ကျွှန်တော်ကအခုမှနှမ်းဖြူးအဆင့်ပါ၊
ကဲကဲဒီလောက်ပါဘဲ၊
ကျွှန်တော့်ရဲ့အရုပ်ဆိုးဘဘောက်ကိုလမ်းမှားရောက်လာသူအပေါင်း ရွှင်လန်းချမ်းမြေ့ကြပါစေ၊ မကြာခင်မှာနာမည်ပြောင်းပြီ သတ်သတ်ရပ်ရပ်ဖြစ်အောင်ကြိုးစားသွားပါမယ်၊ အမှန်တော့သူများရဲ့ဒီဇိုင်း တမ်းပလိ ကိုရှာရှည်ပြီးလျှေက်ပြင်ရာကနေဖြစ်သွားတာ၊