Wednesday, March 18, 2015

ဗီယက်နမ်စစ်ပြန်ရဟတ်ယဉ် CH-46D



1970 ခုနှစ် Jan 31 ရက်မှာ ရဟတ်ယဉ်တပ်သား ရေမွန်မိုက်ကယ် ကလောဆန် ဂျူနီယာ တစ်ယောက် ဒီ CH-46D ရဟတ်ယဉ်ကြီးနဲ့ ဗီယက်နမ်နိုင်ငံ ဒါနမ်အနီးမှာ အပြင်းအထန် ပစ်ခတ်ခံနေရပြီး မိုင်းကွင်းထဲပိတ်မိနေတဲ့ အမေရိကန်မရိန်းတပ်သား ၂၀ ကို ကယ်တင်ဖို့ သွားခဲ့ရပါတယ်..၊ ရဟတ်ယဉ်မှူး လက်ဖတင်နင်ကာနယ် လဲဖ်ဘက်တား က လေယဉ်ပေါ်မှာဘဲနေဖို့ပြောပေမယ့်.. ပစ်ခတ်ခံနေတဲ့ ကြားက မိုင်းကွင်းထဲကို ဖြတ်ပြီး ကျဆုံးစစ်သည် တစ်ဦး အပါအ၀င် ဒဏ်ရာရသူ ၁၁ ယောက်ထဲက လမ်းမလျှောက်နိုင်တဲ့သူတွေကို မိုင်းကွင်းကို ဖြတ်ပြီး ၆ ခေါက်တိတိထမ်းခေါ် နိုင်ခဲ့သလို ကျန် အားလုံးလည်း ကယ်ထုပ်နိုင်ခဲ့ပါတယ်၊ ထူထပ်နေတဲ့ မိုင်းကွင်းကြားထဲမှာ သူ့ခြေရာကို ထပ်ခြပ်နင်းပြီး အားလုံးမိုင်းမထိဘဲဆုတ်ခွာ နိုင်ခဲ့ကြပါတယ်..၊
သူ့ကို သမ္မတ ရစ်ချက်နစ်ဆင်က အိမ်ဖြူတော်မှာ Medal of Honor ဂုဏ်ပြု့တံဆိပ်ချီးမြှင့်ခဲ့ပါတယ်..၊
ကလောဆန်ဂျူနီယာကတော့ အသဲရောဂါနဲ့ ၂၀၀၄ မှာကွယ်လွန်ခဲ့ပြီး ရဟတ်ယဉ်ကြီးကတော့ ပြတိုက်ထဲမှာ အနားယူနေပါပြီ..၊


ဒီလို CH-46 (Boeing Vertol CH-46 Sea Knight) ပန်ကာနှစ်ခုနဲ့ ရဟတ်ယဉ်တွေကို စစ်တပ်မှာ ၁၉၆၀ ပတ်ဝန်ကျင်မှာ စသုံးခဲ့ပါတယ်..၊ အရပ်ဖက်သုံးတွေကိုတော့ BV -107 နာမည်နဲ့ထုတ်ခဲ့ပါတယ်..၊ နောက် ကာဝါဆာကီကို ကန်ထရိုက်ပေးပြီး KV-107 ဆိုပြီး ဂျပန်မှာ ထုတ်ပါသေးတယ်၊ ကနေဒါ၊ဆွီဒင်၊ဂျပန် တို့မှာ ဗားရှင်းအလိုက် အသုံးပြုပါတယ်..၊
CH-46A အစားထိုး CH-46D ဗားရှင်းကို ၁၉၆၇ ခုမှာ ဗီယက်နမ်စစ်ပွဲမှာ စသုံးခဲ့ပါတယ်၊ တပ်သား ၂၅ ယောက်တင်နိုင်ပြီး၊ ကုန်ချိန်ပေါင် ၇၀၀၀ သယ်နိုင်ပါတယ်..၊

နောက်တော့ အင်မတန်မှ ဒီဇိုင်းလှတဲ့ ပန်ကာတွေလှည့်နိုင်တဲ့ Bell Boeing V-22 Osprey တွေ နဲ့အစားထိုးခဲ့ပါတယ်၊ V-22 Osprey ထရိန်နင်ကို ၂၀၀၀ခုကထဲကပေးပြီး ၂၀၀၇မှစသုံး..၊

Saturday, February 14, 2015

အီရန်စစ်ဆင်ရေး ပြန်လေယဉ်တစ်စီးနှင့် အမှတ်တရ..

Lockeed Martin EC-130E

အခုမြင်နေ၇တဲ့လေယဉ်ကတော့ အီရန်မှာဆင်နွဲခဲ့ပြီး မအောင်မြင်ခဲ့တဲ့ Operation Eagle Claw မှာပါဝင်ခဲ့ပါတယ်၊ ၁၉၇၉ခု နိုဝင်ဘာလ ၄ရက်နေ့မှာ အီရန်ကျောင်းသားတပ်က အမေရိကန်သံရုံးကို ၀င်စီးပြီး အမေရိကန် ၆၆ ယောက် (52 ၀န်ထမ်း) ကို ပြန်ပေးဆွဲထားခဲ့တာကို ၀င်ကယ်တဲ့ စစ်ဆင်ရေးပါ..၊ အဲ့ဒီစစ်ဆင်ရေးမှာ ၊အာအိပ်-၅၃-ဒီ ရဟတ်ယဉ် ၈စီး ၊ အမ်စီ-၁၃၀ အီး သုံးစင်း၊ အီးစီ-၁၃၀ အီး သုံးစင်းပါဝင်ခဲ့ပြီး အခုမြင်ရတဲ့ ဒီလေယဉ် အီးစီ-၁၃၀ အီး ၆၂-၁၈၅၇ ကတော့ အဲ့ဒီအထဲက တစ်စီးပါ၊ စစ်ဆင်ရေး လျို့ဝှက်နာမည်က Republic 5 ပါ၊
၁၉၆၃ သြဂုတ်လ လမှာ အမေရိကန်လေတပ်က စီ-၁၃၀ အီး ကို စသုံးခဲ့သည်၊ ၁၉၆၇ ဇွန်လမှာ ပြုပြင်ပြောင်းလဲမှုလုပ်ပြီး Airborne Battlefield command center (ABCC) အဖြစ်သုံးခဲ့၊ နောက်ပိုင်း ဒီဇိုင်းအနည်းငယ်ပြောင်းပြီး စီ-၁၃၀-အီး-တူး ဖြစ်လာခဲ့၊ ထိုင်းလေတပ်အခြေစိုက်စခန်းမှာ ထိုင်ပြီး 7th ACCS ကွန်ထရိုးစင်တာအဖြစ်သုံးခဲ့၊ ဗီယက်နမ်စစ် တိုက်ပွဲကာလ မှာ လေယဉ် ၂စီးကို အလှည့်ကျ ကွန်မန်းစင်တာ အနေဖြင့် ၂၄ နာရီ ပတ်လုံးအသုံးပြု့ခဲ့သည်၊ လေယဉ်သက်တန်း ၁၀ နှစ်မှာ ပျံသန်းချိန်နာရီပေါင်း ၂ သောင်းနီးပါးထိရှိခဲ့၊ ၁၉၇၇ ခုနှစ်မှာတော့ စီ-၁၃၀ အီး လေယဉ်ကို အီးစီ-၁၃၀ အီးအဖြစ် အဆင့်မြင့်ခဲ့ပြီး လေထဲမှာပါဆီဖြည့်နိုင်လာခဲ့သည်၊
အီရန်မှာ ဓားစားခံ တွေကယ်ဖို့အခြေအနေမျိုးစုံအတွက် ကယ်ဆယ်ရေးအစီအစဉ်ကို ၅လ ကြာလေ့ကျင့်ခဲ့ကြပါတယ်၊

အီရန်နိုင်ငံထဲက ဒဲဇတ်-၀မ်း လို့သတ်မှတ်ထားတဲ့နေရာ ကို ပထမအဆင့် လေယဉ်တွေရောက်အောင်သွား ပြီးရင် နောက်တဆင့် တီဟီရန်မြို့နားက ဒဲဇတ်-တူး နေရာ ကို အရောက်သွားပြီး ကယ်ဆယ်ရေးလုပ်မယ့် နှစ်ည အစီအစဉ်ပါ၊ အော်ပရေးရှင်းမစခင် သုံးပတ်အလိုမှာ ဒဲဇတ်ဝမ်း နေရာကို စီအိုင်အေ က လေယဉ်ဆင်းဖို့ ညကြည့်မှန်နဲ့ကြည့်မှ မြင်နိုင်မယ့် အင်ဖရာ အချက်ပြမီးတွေတပ်ဆင်၊ မြေပြင်အခြေအနေကို စစ်ဆေးပြီး သဲနမူနာတွေပါယူထားကြပါတယ်..၊ ဒါပေမယ့် အော်ပရေးရှင်းမစခင်မှာဘဲ သဲမှုန်တိုင်းတိုက်ပြီး အပြောင်းအလဲတွေဖြစ်သွားပါတယ်..၊ အာအိပ် ရဟတ်ယဉ် ၈ စီးမှာ ၅စီးဘဲ အကောင်းရောက်လာပါတယ်..၊ အဆိုးဆုံးကတော့ အီးစီ-၁၃၀ အီးတစီးနဲ့ အာအိပ်တစ်စီး ကွင်းထဲမှာဘဲ ချိပ်မိပြီး ပေါက်ကွဲလို့ ၈ယောက်ကျဆုံးပါတယ်၊ ဒီလိုနဲ့ အော်ပရေးရှင်းကို ဖျက်သိမ်းလိုက်ရပြီး ဒဲဇတ်-၀မ်းကနေ လှည့်ပြန်ခဲ့ရပါတယ်..၊
သမ္မတ ဂျင်မီကာတာက သူ့သက်တန်းမကုန်ခင် ဓားစားခံတွေကယ်ထုတ်နိုင်ဖို့ ချက်ချင်း ဒုတိယအစီအစဉ်ကို စပါတယ်..၊အဲ့ဒီအစီအစဉ်မှာ တပ်မတစ်ခုစာလောက်ထိကြီးကျယ်ပြီး လေယဉ် အစီး ငါးဆယ်လောက်ထိပါဖို့ရှိပါတယ်..၊နောက်ဆုံးတော့ သူ့သက်တန်းကုန်ဆုံးအပြီး မိနစ်ပိုင်းမှာဘဲ ရက်ပေါင်း ၄၄၄ကြာ ဓားစာခံတွေ ပြန်လွတ်ပါတယ်..၊
အီရန်သမ္မတ ခိုမေနီကတော့ ဂျင်မီကာတာကို ရှုပ်ချပြီး ဖရားသခင်က သဲနဲ့ပတ်ပြီး အီရန်ကို ကာကွယ်ခဲ့တယ်လို့ဆိုပါတယ်၊ ၁၉၉၇ မှာ သဲမုန်တိုင်းဆိုတဲ့ရုပ်ရှင်ကို အီရန်ကရိုက်ကူးခဲ့ပြီး၊ အီရန်အဆိုတော် ဟာမတ်ဇာမာနီက မုန်တိုင်းနဲ့သီဆိုခြင်း သီချင်းကို ဆိုခဲ့ပါတယ်..၊
အမေရိကန်ဘက်ကသုံးသတ်ချက်အရ ရဟတ်ယဉ်မောင်းသမားတွေဟာ ညပိုင်းအနိမ့်ပျံသန်းမှု့နဲ့ ခေတ်မှီ အင်ဖရာအချက်ပြမှုကျွမ်းကျင်မှု့မရှိလို့သုံးသပ်ပြီး အထူးလေကျောင်းအော်ပရေးရှင်းအဖွဲ့ (SOAR) night stalkers ဖွဲ့ပြီး ခေတ်မှီ အထူး လေ့ကျင့်မှု့တွေစလုပ်ခဲ့ကြပါတယ်၊ ဒါတောင် ယနေ့ခေတ် ဘင်လာဒင်အော်ပရေးရှင်းမှာ ရဟတ်ယဉ်ပျက်ကျတာ ဖြစ်ခဲ့ပါသေးတယ်..၊
အခုမြင်ရတဲ့ republic 5 လေယဉ်ဟာ အီ၇န်က နောက်ဆုံးမှပြန်ထွက်ခဲ့တဲ့လေယဉ်ပါ၊ သဲကုန်းနဲ့ ရှုပ်တိုက်မိပြီး ပျက်ကျမလိုဖြစ်ခဲ့ပါသေးတယ်၊
ကိုမျိုး (yanmyo123.blogspot.com)

Wednesday, December 17, 2014

Tiny beauty! သေးလွန်းရင်လည်း လှနေဆဲ..





ဒီပန်းကလေး ကတော့ Geranium molle လို့ခေါ်သလို အမေရိကန်မှာတော့ Dovefoot cranesbill လို့လည်းခေါ်ပါတယ်..၊ (Shiny geranium ပန်း ကတော့ သူနဲ့ အပင်ဆင်တူပါတယ် အပွင့်ကတော့ ပွင့်ဖတ် ငါးဖတ်ပဲရှိပါတယ်) မူလ ဥရောပတိုက် အလယ်ပိုင်းနဲ့ အနောက်ပိုင်း ဒေသ ကနေ အခုတော့ မြောက်အမေရိက၊ အာရှအလယ်ပိုင်းအထိ ပျံ နှံနေပါပြီ၊ အကြမ်းအားဖြင့် နွေရာသီ Apr ကနေ စက်တင်ဘာလောက်ထိ တွေ့နိုင်တဲ့ ပေါင်းပင်တမျိုးပါ..၊ 
ထိခိုက်ဖူးရောင်အနာအတွက် ဆေးအဖြစ်သုံးနိုင်ပါတယ်..၊ ၀ိုင်နဲ့ ကြိုပြီးသောက်ရင် ဂေါက်ရောဂါ၊ အရိုးအဆစ်နာတို့ အတွက်ကောင်းပါတယ်တဲ့..၊ ကျောက်ကပ် မှာ ကျောက်တည် ရင်လည် ခြေဖျက်ပေးနိုင်ပါတယ်တဲ့..၊
အိမ်နားက မျက်ခင်းပြင်မှာ နွေရာသီဆို အများကြီးတွေ့နိုင်ပါတယ်..၊ 
ပန်းပွင့်ကလေးတွေဘယ်လောက်သေးသလဲဆိုတာ သိနိုင်ရန်လက်မနဲ့ယှဉ်ပြထားပါတယ်..၊ ၀ါသနာ အရ တွေ့သမျှ သဘာဝ အပင်၊ အပွင့်နဲ့ အကောင်လေးတွေကို မှတ်တမ်းတင်ထားတာ အိမ်နားတ၀ိုက် ရှိသမျှတော့ အတော်လေးစုံလာပါပြီ..၊ အခွင့်သင့်ရင် ဆက်လက်ဖော်ပြပေးပါမယ်..၊

Tuesday, December 2, 2014

ဝင်ကြေးနဲ့ဓာတ်ပုံအကြောင်း တစေ့တစ်စောင်း..




ဓာတ်ပုံအကြောင်းတစ်ပိုင်းတစ်စဖတ်လိုက်ရလို့ ကောက်ရေးလိုက်တယ်..ဒီလိုဗျ..၊
အမေရိကန်မှာ ပြခန်းဆိုတာတွေ အများကြီးရှိတယ်..၊ ဘယ်လောက်တောင်များသလည်းဆိုရင် တခါက မြန်မာပြည်က အလည်လာတဲ့ အန်ကယ်ကြီးတစ်ယောက် တောင်ကာရိုလိုင်းနား ပင်လယ်ကမ်းခြေသွားလည်ရင်း ပြခန်းတခုမှာထူးဆန်းသော ၀တ်စုံများ ဆိုလို့ဝင်ကြည့်တော့ မြန်မာပြည်က တိုင်းရင်းသားဝတ်စုံတွေဖြစ်နေတယ်တဲ့..၊

Thursday, October 30, 2014

အမေရိကန်ဂါဗာနာ vs မြန်မာဝန်ကြီး စတိုင်..



မြန်မာပြည်မှာ ပါးရိုက်မယ်ဆိုတဲ့ ၀န်ကြီးရှိသလို အမေရိကန်မှာလည်း အဲ့ဒီလို ဂါဗာနာ ရှိပါတယ်..ပါးရိုက်မယ်လို့တော့ မပြောဘူးပေါ့ဗျာ..၊
နယူဂျာစီ ဂါဗာနာ ခရစ်က အစားပုတ် အ၀လွန်တဲ့ အပြင်..အဲ့လိုအပြောမျိုးတွေနဲ့နာမည်ကြီးသူ..၊ အီးဒီယော့၊ စတူးပစ် လို့လူကြားသူကြားထဲပြောထဲ့တတ်သူပါ..၊
ဗီဒီယိုအဖြတ်၃ ခုမှာ .. ပထမတစ်ခုက မဆိုင်တဲ့ မေးခွန်းလာမေးတဲ့ သတင်းထောက်ကို စတူးပစ်လို့ဆော်ထဲ့လိုက် စဉ်၊ ဒုတိယက တော့ ကျောင်းဆရာ၊ဆရာမတွေနဲ့ အစည်းအဝေးမှာအခြေအတင်ပြောစဉ်..၊ နောက်ဆုံးအပိုင်းကတော့ သူစကားပြောနေစဉ်မှာ ဆန္ဒလာပြတဲ့သူကို ပြောထဲ့လိုက်တာပါ..၊ ဒါမျိုးတွေ သူပြောခဲ့တာ အများကြီး ရှိပါတယ်..၊ သူ့အလုပ်သူ ကောင်းကောင်းလုပ်နေသရွေ့တော့ သူအရွေးခံရမှာပါဘဲ..၊


ဒီလိုအပြောတွေနဲ့ ပတ်သတ်ပြီး MSN BC ရှိုးမှာ ဝေဖန် ဆွေးနွေးပြတာ စိတ်ဝင်စားဖို့ကောင်းပါတယ်..၊
ဂါဗာနာတစ်ယောက်အနေနဲ့ ဒါမျိုးအပြောတွေ အပြုအမှုတွေ ဟာ မြောက်ပိုင်းပြည်နယ်အချို့မှာတော့ အလုပ်ဖြစ်ကောင်းဖြစ်နိုင်ပေမယ်..၊ တောင်းပိုင်းပြည်နယ်တွေမှာတော့ လာလုပ်လို့မရပါဘူးတဲ့..၊ ဆေးခြောက်ကို တရားဝင်လုပ်ပေးမယ်ဆိုပြီး မဲဆွဲတဲ့သူတောင်ရှိသေးတာဘဲ..၊
အမေရိကန်မှာတောင် ပြည်နယ်အလိုက် ဓလေ့စရိုက် နေထိုင်ပုံ အုပ်ချုပ်ပုံ မတူပါဘူး..၊ ဒီတော့ ဒီမိုကရေစီချင်းတော့ တူလို့ရပါတယ်..၊ ဒါပေမယ့် ကိုယ့်ပုံစံနဲ့ကိုယ်ပေါ့ဗျာ..၊

Saturday, October 25, 2014

သရဲခြောက်တဲ့အချိန်..



ဒီလ အောက်တိုဘာလဟာ အမေရိကန်မှာတော့ သရဲများ နေ့ကျင်းပတဲ့လ ဖြစ်ပါတယ်၊
အိုဟိုင်းအိုးပြည်နယ်မှာတော့ သရဲခြောက်တဲ့အိမ် (အပျော် အတွက်လုပ်ထားတဲ့အိမ်) ကို သွားလည်တဲ့ ကံဆိုးရှာတဲ့ ၁၆နှစ်အရွယ် ကောင်မလေးတစ်ယောက်တော့ ဆုံးသွားရှာပါတယ်..၊ ကြောက်လန့်ပြီး သေသွားတယ်လို့ မီဒီယာတွေက ရေးကြပေမယ့် မိဘတွေပြောတာကတော့ ကလေးမလေးမှာ မွေးကထည်းက နှလုံး အခံပါလာတယ်လို့ဆိုပါတယ်..၊

Thursday, December 12, 2013

အမေရိကန် တော်လှန်ရေး တောင်ပိုင်းစစ်ပွဲများ…




 

 The Patriot ရုပ်ရှင်ထဲက စစ်ပွဲအတော်များတွေ ဟာ ကျွန်တော်နေတဲ့ ရှားလော့ နဲ့သိပ်မဝေးတဲ့နေ ရာတွေ မှာဖြစ်ခဲ့တာပါ၊ အဲ့ဒီတိုက်ပွဲတွေဟာ လည်း အမေရိကန်သမိုင်းကို အလှည့်အပြောင်းဖြစ်စေခဲ့တဲ့ အလွန်ထူးခြားတဲ့ ဖြစ်စဉ်တွေမို့ အချိန်အားတဲ့ အခါမှာ လေ့လာဖြစ်ခဲ့ပါတယ်..၊ ရုပ်ရှင်ကတော့ စိတ်ကူးယဉ်ဇတ်လမ်းလုပ်ထားတာဖြစ်ပြီး သမိုင်းအရမမှန်ပါဘူး..၊ ဒါပေမယ့်အဓိကကျောရိုးကတော့ သမိုင်းဖြစ်ရပ်မှန်နဲ့ ဇတ်ကောင်စရိုက်တွေပါ၊
တခါတရံမှာလည်း တိုက်ပွဲဖြစ်တဲ့နေရာတွေလေ့လာရင်း အချိန်မကြည့်မိဘဲ နောက်ကျသွားလို့ တောအုပ်ထဲက မှောင်မှ ပြန်ထွက် ဖြစ်ခဲ့တယ်..၊
နော့ကာရိုလိုင်းနားဟာ အမေရိကန်နိုင်ငံကိုစတည်ထောင်ခဲ့တဲ့ ပြည်နယ်တစ်ခုဖြစ်ပြီး အမှတ်ရစရာ သမိုင်းအဖြစ်အပျက်တွေ အများကြီးဖြစ်ခဲ့ပါတယ်..၊
မှတ်တမ်းဗွီဒီယို တွေတင်ပြပေးသွားပါမယ်..၊ အင်တာနက်နှေးရင် ဖေ့ဘုတ်မှာလည်းကြည့်နိုင်ပါတယ်၊



Thursday, October 14, 2010

အလယ်ခေတ်သို့တစ်ခေါက်



သာယာလှပတဲ့ အမှတ်၇၃ လမ်းမှ ကွေ့ပြီးတောအုပ်ကြီးထဲကို ၀င်လိုက်သည်နှင့် ကျွန်တော်တို့မိသားစု အလယ် ခေတ် (၁၄ရာစုမှ ၁၇ရာစုအလယ်) ကို ပြန်ရောက် သွားလေတော့သည်၊
ကားရပ်ပြီးလှမ်းကြည့်လိုက် တော့ ဟိုးခပ်ဝေးဝေးမှာ အလံတွေတစ်လူလူ၊ ခေါင်မိုးချွန်ချွန် အိမ်တွေ၊ ရှေးခေတ်စစ်ဝတ်စုံတွေအပြည့်နဲ့ အစောင့်တွေချထားတဲ့ မြို့အ၀င်တံခါးကိုလှမ်းမြင်နေရသည်၊ မြို့အ၀င်နားမှာ ရှေးခေတ် လောက်လွဲ ကြီးတစ်ခုချထားလေသည်၊ မြို့နားနီးလာတော့ စီးချင်းထိုးပြိုင်ပွဲဖက်ဆီက ကျွဲချိုမှုတ်သံတွေ နဲ့လူတွေရဲ့တစ်ခဲနက်အော်ဟစ်လိုက်သံတွေ ကိုကြားလာရသည်..၊
ကျွန်တော်တို့အခုရောက်လာတဲ့နေရာက ရှားလော့မြို့ မြောက်ဖက် ဟန်းတားဗေးလ် မြို့နားက အလယ်ခေတ်ယဉ်ကျေးမှုပွဲတော်ပင်ဖြစ်သည်၊ တောအုပ်ကြီးထဲက ၂၂ဧကကျယ်တဲ့နေရာမှာ အလယ်ခေတ်ပုံစံအတိုင်းဆောက်လုပ်ထားတဲ့ မြို့ကလေး (ရွာကလေး) ပင်ဖြစ်သည်၊

ဒီလို ပွဲ (Renaissance festival) တွေက အမေရိကန်အနှံ့အပြားမှာကျင်းပလေ့ရှိပါတယ်၊ နော့လ်ကာရိုလိုင်းနားပြည်နယ်ထဲမှာကို နေရာအတော်များများမှာကျင်းပကြပါတယ်၊

မြို့ထဲလမ်း တစ်လျောက်မှာတော့ ကစားစရာတွေ ရှေးဟောင်းအ၀တ်အစား၊ အသုံးအဆောင်ဆိုင်တွေ..၊ အနုပညာပစ္စည်းအရောင်းဆိုင်တွေ ပန်ပဲဖိုတွေကအစ အစုံရှိသည်၊ ဘီယာနဲ့ဝိုင်ရောင်းတဲ့ဆိုင် တွေမှာလည်းလူတွေစည်လို့..၊ မြို့လည်လမ်းတစ်လျောက်မှာလည်း အလယ်ခေတ်ကလူတွေ နဲ့ အခုခေတ်ကလူတွေရောနှောပြီးသွားလာနေကြသည်၊ တကယ်လို့ ကိုယ်လည်း အလယ်ခေတ်အ၀တ်အစား မရှိလို့ငှားဝတ်ချင်ရင်လည်း အငှားဆိုင်မှာဝင်ငှားလို့ရသည်၊ အဲ.. ၀ယ်မယ်ဆိုလည်းရတယ်.. ပုံစံမျိုးစုံရှိသည်၊ အားလုံးဈေးကတော့ကြီးသည်၊ ဓားတွေဘာတွေအပါဆိုရင် ပုံမှန်ဝတ်စုံတစ်စုံကို ၃၀၀ လောက်ရှိမယ်..၊




ပြဇာတ်တွေ၊ မျက်လှည့်ပွဲတွေ၊ အက အလှ တွေ ဂီတပညာရှင်တွေ စုံလို့ပါဘဲ..၊ သမီးကတော့ ကုလားအုပ်စီးရတာနဲ့ဆင်စီးရတာကြိုက်တယ်..၊ ကျွန်တော်အကြိုက်ဆုံးကတော့ စီးချင်းထိုးပွဲပါဘဲ..၊ ဘုရင်ကြီးနဲ့ အချွှေအရံတွေရောက်ပြီးမကြာခင်မှာဘဲ..ပွဲစ ပါတယ်..၊ ပွဲအစအဆုံးရိုက်ပြီးတင်ထားပါတယ်..တစ်ကယ်တော့ ပြဇာတ်တစ်ပုဒ်ပါဘဲ..၊ နိုက် သူရဲကောင်းတွေ နှစ်ယောက် တစ်ယောက်စီးချင်းထိုးတာပါ..၊



ပုံပြင်တွေထဲက နတ်သမီးလေးတွေ နတ်သားလေးတွေလည်းရှိပါသေးတယ်..၊ စကားမပြောဘဲ ပလွေမှုတ် တဲ့ အတောင်ပံနဲ့နတ်သမီးလေး က သမီးကို ရွှေရောင်အမှုန့်လေးတွေ ပါတဲ့ ပန်းပွင့်ပုံဖန်တုံးလေးတခုပေးလိုက်တယ်..၊

ဘုရင်ကြီးကတော့ မိဖုရားကြီး အပါအ၀င် နောက်ပါအချွေအရံတွေ သက်တော်စောင့်တွေနဲ့
မြို့ရွာထဲမှာ တိုင်းခန်းလှည့်လည်နေတတ်လေရဲ့..၊





ညနေပိုင်းမှာ ဘုရင်ကြီး ချိန်ဘာ တဲနန်းကြီးထဲကို ၀င်ကြည့်ခဲ့တယ်..၊ နောက်တော့ သက်တော်စောင့်တွေကြားထဲက ဘုရင်ကြီးကို ၀င်နှုတ်ဆက်ခဲ့သေးတယ် ..ဘုရင်ကြီး ကို Your Majesty လို့ခေါ်ပြီးနှုတ်ဆက်လိုက်တော့ သူကဆုတွေဘာတွေ တောင်းပေးလိုက်လေရဲ့ (ပါးစပ်နဲ့ဆုတောင်းပေးတာနော်)၊ သူတို့စကားပြောတာ ကရှေးစကားတွေနဲ့ပါ..၊ သမီးကို နတ်သမီးလေး အနမ်းပေးတာ ကို နှစ်တိုင်းလာယူတဲ့… နတ်သမီးအနမ်းကဘာကောင်းသလည်းတော့မသိဘူး..၊
ကျွန်တော်လည်း ဘယ်နားကနတ်သမီးလေးလည်း မသိဘူး သွားယူဦးမှ ဆို ပြီးနောက်လိုက်တော့ အမျိုးသမီးက မျက်စောင်းထိုး ပြီး ဒါ..ကလေးတွေ အတွက်သီးသန့်တဲ့.. တော်လိုလူတွေကိုသာ အနမ်းပေးရရင် နတ်သမီး နေ့မကူး လောက်ဘူးနတ်သတ်ကြွေမှာ..ဆိုဘဲ..၊




နောက်တစ်ခုကတော့ ဗေဒင်ဆရာတွေ လက်ခဏာဆရာတွေဘဲဗျ..၊ လူတွေကိုတန်းစီနေတာဘဲ မေးနေကြတာ..၊ ပန်ဘဲဖိုနားရောက်တော့ ယောင်လည်လည်နဲ့ဓားတွေဝင်ကြည့်တော့ အားပါးပါး ဈေးကြီးလိုက်တာ ဓားမြှောင်တစ်ချောင်း တစ်ရာကျော်တယ်..၊ ရတနာသေတ္တာကြီးဖွင့်ပြီး ရတနာတွေ သေတ္တာတစ်လုံးအပြည့် ၈ဒေါ်လာဆိုတော့ သမီးကအားရပါးရသွားရွှေးနေတော့သည်..၊




အောင်မာ.. ရတနာမြေပုံတွေ သေနတ်တွေ မှန်ပြောင်းတွေ ကြိုးပုခက်တွေ စုံလို့ရောင်းနေတာ.. ဆိုင်ကိုမော့ကြည့်လိုက်တော့မှ ပင်လယ် ဓားပြပစ္စည်းအရောင်းဆိုင်ဖြစ်နေတာကိုး..၊ ကျွန်တော်လည်း ရတနာမြေပုံတစ်ခုပေးဆိုပြီးဝယ်တော့ ပင်လယ်ဓားပြအရောင်းစာရေးမ လှလှလေးက မြေပုံက မှန်ပြောင်းနဲ့တွဲရောင်းတာတဲ့.. မှန်ပြောင်းဝယ်ရင်မြေပုံအလကားထဲ့ပေးမယ်ဆိုဘဲ..၊ ကျွန်တော်ကလည်း လက်ပေါက်ကပ်ပြီး မှန်ပြောင်းမလိုချင်ဘူး မြေပုံဘဲလိုချင်တယ်.. အတင်းဈေးစစ်နေတော့ ကောင်မလေးလည်း ဒီ အာရှပင်လယ်ဓားပြလက်သစ်ကို ပညာပြလိုက်ဦးမယ် ဆိုပြီး အလကားပေးတဲ့ မြေပုံကို ၃ဒေါ်လာတောင်းလိုက်တယ်..၊ အေးလေ..ရတနာမြေပုံဘဲ တန်ပါတယ်..၊ ဒါနဲ့မြေပုံတွေရွှေးတော့ အားလုံးအတူတူကြီးဘဲဖြစ်နေတယ်…၊

ကဲ..ဒီတော့ သူများထက်ဦးအောင် ရတနာတွေရှိရာ အမြန်သွားမှဖြစ်တော့မယ်… ဘိုင်..ဘိုင်..

ရွှင်လန်းချမ်းမြေ့ကြပါစေ..

ပွဲတော်အကြောင်းအသေးစိတ်သိလိုပါက ဒီမှာ ကြည့်ပါခင်ဗျာ..

ဗွီဒီယို













ဓာတ်ပုံ















Saturday, June 26, 2010

တောင်ကာရိုလိုင်းနား သစ်သီးခူးသွားခြင်း











နွေရာသီရောက်လာပြီဆိုတော့ သွားစရာတွေကအများသား…၊ဒီနေ့တော့ ကျွန်တော်တို့မိသားစု ဆောက်ကာရိုလိုင်းနား ပြည်နယ်ထဲက သစ်သီးခြံတစ်နေရာမှာ Peach သစ်သီး တွေသွားခူးကြတယ်၊ ပိခ်ျ ကို မြန်မာလို ကတ္တီပါသီးခေါ်လား သေခြာမသိလို့ ပိခ်ျ လို့ဘဲထားလိုက်ပါရစေတော့..၊
ပိခ်ျ ခြံက တစ်ကယ်တော့ အိမ်နဲ့ သိပ်မဝေးပါဘူး၊ နာရီဝက်လောက်ဘဲမောင်းရတယ်၊ စနေနေ့ဆိုတော့ နောက်ကျမှ အိပ်ရာထတာနဲ့ ကလေးတွေကျွေးမွေးရတာနဲ့ ၁၁ နာရီလောက်မှ အိမ်ကထွက်ဖြစ်တော့တယ်၊ ခရီးက မဝေးပေမယ့်ရာသီဥတုကတော့အတော်ကိုပူနေပါတယ်၊ ၁၀၃ဒီဂရီဖာရင်ဟိုက် လောက်ရှိနေပါပြီ၊ သစ်သီးဆိုင်ကိုရောက်တော့ ၁၁ နာရီခွဲလောက်ရှိပြီ၊ သူတို့ဆိုင်လေးကသိပ်တော့ မကြီးပါဘူး ဒါပေမယ့်ရာသီပေါ် သစ်သီးတွေ ခြံထွက်တခြားဟာတွေလည်းရောင်းပြီး ဈေးဝယ်သူတွေပြည့်နေပါတယ်၊ ရောင်းတာကတော့ အသက်၂၀ ပတ်ဝန်းကျင်ကောင်မလေးတွေပါ၊ သူတို့မိရိုးဖလာ စိုက်ပျိုးလာတဲ့ခြံလို့သိရပါတယ် ၊ ရောက်တာနဲ့ ဈေးရောင်းတဲ့ကောင်မလေးတစ်ယောက်ကို ကိုယ်တိုင်ခူးခြင်တယ်လို့ဆိုတော့ ဘယ်ပိခ်ျ အမျိုးခူးမလည်းမေးပါတယ်၊ ပိခ်ျ အမျိုးတွေကလည်းအတော်များပါတယ်၊ သူတို့ဆီမှာရနိုင်တာတွေကတော့ အောက်ပါအမျိုးတွေပါ..၊

Flavorich
Rubyprince
Southern Belle
Redhaven
Gala
White Lady
Early Belle
Winblo
Carogem
Loring
Contender
Rustin Red
Blake
Cresthaven
Georgia Belle
Monroe
Indian Red Cling
China Pearl
Big Red
Autumn Prince

တို့ဖြစ်ပါတယ်၊ များသောအားဖြင့် မေလကုန် ဇွန်လ ကနေစပြီး သြဂုတ်လကုန် စက်တင်ဘာလထိရနိုင်တယ်လို့ဆိုပါတယ် (အမျိုးအစားအလိုက်သီးချိန်မတူပါဘူး) ကျွန်တော်လည်းအမျိုးတွေများလို့ ရွှေးရခက်နေတာနဲ့ ဆိုင်က ကောင်မလေးက အရင်မြီးကြည့်ပါလားလို့မေးပါတယ်၊ အို..ရှုပ်ပါတယ် မြီးမနေတော့ပါဘူးဆိုပြီး ကျွန်တော်လည်း White Lady ကိုရွှေးလိုက်ပါတယ်၊ ဒီတော့ ကောင်မလေးက သူ့ကားနောက်ကလိုက်ခဲ့ဆိုပြီး သစ်သီးထဲ့ဖို့ စက္ကူပုံး တစ်ခုရယ် သစ်သီးခူးဖို့ ခြင်းကလေးတွေရယ်ပေး ကာ ခြံထဲကိုလိုက်ပို့ပေးပါတယ်၊ သစ်သီးခြံတွေကို အမျိုးအစားအလိုက်သပ်သပ်စီနေရာခွဲထားတော့ ခြံတစ်ခြံမှာ အမျိုးအစားတစ်မျိုးဘဲရနိုင်ပါတယ်၊ ဒါနဲ့ သူ့ကားနောက်ကမောင်းလိုက်သွားပြီးခြံကိုရောက်တော့ ခူးပြီးမှ ဆိုင်ကိုပိုက်ဆံလာပေးလို့ပြောပြီး ဆိုင်ကိုပြန်သွားပါတယ်၊ ဒီတော့ ကျွန်တော်တို့ မိသားစု လေးယောက် သစ်သီးခြံထဲကို တက်ကြွစွာဝင်သွားကြပါတော့တယ်..၊ ဟူး..ပူလိုက်တာလည်းလွန်ပါရောဗျာ..၊

ခြံထဲရောက်ပြီး White Lady လေးတွေ ( ပိခ်ျသစ်သီးတွေ)မြင်ရတော့ အမောပြေသွားပါတော့တယ်၊
ပိခ်ျ သစ်သီးလေးတွေက ရွေဝါရောင် နီညိုရောင်လေးတွေသန်းပြီး နူးညံ့တဲ့အမွေးနုလေးတွေဖုံးအုပ်နေကာအလွန်ကိုလှပါတယ်၊ အသီးလေးတွေက စားရက်စရာမရှိ အလှကြည့်နေဖို့ဘဲကောင်းတော့တယ်၊ တကယ်တော့လည်း ခြံထဲရောက်တာနဲ့ဘဲ ၄-၅ လုံးလောက်အရင်ခူးစားလိုက်မိတယ်၊ နှုးညံ့ပြီး ချိုမြနေတာပါဘဲ..ကောင်းမှကောင်း၊ အဟဲ.. ပြောတုန်းကတော့ အလှကြည့် မယ်လေးဘာလေးနဲ့..၊ ဟိုက်..ရေမဆေးဘာမဆေးနဲ့ စားပြီးမှသတိရတယ် ပိုးသတ်ဆေးတွေဖျန်းထားရင် ဘယ့်နဲ့လုပ်မလည်း..၊ အဲ..အခုထိတော့ ဘာမှမဖြစ်သေးဘူး..(တကယ်တော့ သူတို့ဆီမှာ ဒီအချိန် မဖြန်းပါဘူး..စားသုံး သူတစ်ခုခုဖြစ်ရင် တာဝန်ရှိတာကိုး)၊







သစ်သီးခူးတာကလည်းမခက်ပါဘူး နှိမ့်နှိမ့်လေးတွေနဲ့ ပြွတ်ခဲနေအောင်သီးနေတာဆိုတော့..
တကယ်ခူးမယ်ဆိုရင် ခြံအစပ်မှာတင် ခူးရုံနဲ့ ခဏလေးတစ်ပုံးရပါတယ်၊ ဒါပေမယ့်လည်းခြံအတွင်းပိုင်းကိုဝင်ခူးရင်တော့ပိုကောင်းတဲ့ သစ်သီးတွေရနိုင်တာနဲ့ အတွင်းပိုင်းကိုဝင်ခူးပါတယ်၊ ရှောက်ကြည့်နေတာနဲ့ ဘဲ နာရီဝက်လောက်ကြာသွားတယ်၊ ခူးတာကတော့ ခဏလေးပါ၊ ခူးပြီးလို့သူတို့ဆိုင်လည်းပြန်ရောက်ရော အိုက်စကရင်အကြီးကြီးတစ်ခု သမီးကိုဝယ်ကြွေးပြီး ပြန်ခဲ့ကြပါတော့တယ်၊
လမ်းမှာတော့ ဆော့ကာရိုလိုင်းနားက ဓာတ်ဆီဈေးပိုချိုတာနဲ့ ဆီဝင်ထဲ့ခဲ့ပါတယ်၊

ဒါပါဘဲခင်ဗျာ.. နောက်မှ စတောဘယ်ရီတို့လို အခြားရာသီပေါ်တွေ လိုက်ခူးလိုက်ဦးမယ်၊ ပျော်စရာကောင်းတယ်ခင်ဗျ..၊




ပျော်ရွှင်ချမ်းမြေ့ကြပါစေ..

Friday, June 25, 2010

တရားဝင်စကားမရှိတဲ့တိုင်းပြည်



နိုင်ငံတိုင်းလိုမှာ တရားဝင်ရုံးသုံး ဘာသာ စကား (Official Language) ရှိပေမယ့် နာမည်ကြီးနိုင်ငံကြီးတစ်နိုင်ငံမှာတော့ နိုင်ငံတော်ရဲ့ တရားဝင်ရုံးသုံးဘာသာစကားမရှိသေးပါဘူး၊ အဲ့ဒါဘယ်နိုင်ငံဖြစ်မလည်း လို့သိတ်စဉ်းစားမနေပါနဲ့ အဲ့ဒီနိုင်ငံကတော့ အမေရိကန်နိုင်ငံဘဲဖြစ်ပါတယ်၊
ကမ္ဘာ့အင်အားကြီးနိုင်ငံကြီးဖြစ်ပြီး အခုထိ နိုင်ငံတော်ရဲ့ တရားဝင်ရုံးသုံးဘာသာစကား မသတ်မှတ်နိုင်သေးတာ ထူးဆန်းမနေဘူးလား၊ အင်္ဂလိပ်စကားကတရားဝင်ဘာသာစကား မဟုတ်ဘူးလား၊ ဟုတ်ပါတယ် အင်္ဂလိပ်စကားက အမေရိကန်မှာ အများသုံးနေတဲ့ ရုံးသုံးဘာသာစကားပါ၊ ဒါပေမယ့် အင်္ဂလိပ်စကားတစ်မျိုးထဲကိုလုံးဝ သုံးတာတော့မဟုတ်ပါဘူး၊ ဒါကြောင့်လည်း အင်္ဂလိပ်ဘာသာကို အမေရိကန်တစ်နိုင်ငံလုံးရဲ့ တရားဝင်ရုံးသုံးဘာသာစကားအဖြစ်တော့ အခုထက်ထိမသတ်မှတ်နိုင်သေးပါ၊ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့်အခုထိ မအောင်မြင်သေးပါဘူး၊ နောင်လည်းသတ်မှတ်ဖို့မဖြစ်နိုင်သလောက်ပါဘဲ..၊



အမေရိကန်မှာ အင်္ဂလိပ်စကားကလူဦးရေ ၈၃ ရာနှုန်းလောက်ရဲ့ မိခင်ဘာသာစကား ဖြစ်ပြီး ၉၆ ရာနှုန်းလောက်က ကျွမ်းကျင် စွာပြောဆိုနိုင်ပါတယ်တဲ့ (၂၀၀၀ ခုနှစ်စစ်တမ်းအရ)၊ ဒုတိယအများသုံးစကားကတော့ စပန်းနစ်ဖြစ်ပြီး လူဦးရေ ၁၂ရာနှုန်းအထက် မှာပြောဆိုကြပါတယ်၊ ဒါတောင် လက်တင်အမေရိက စပန်းနစ် စကားပြောနိုင်ငံတွေက တရားမ၀င် ၀င်ရောက်နေထိုင်တဲ့သူတွေမပါသေးပါဘူး၊ ခန်းမှန်းခြေ ၁၂ သန်းကနေ သန်း၂၀အထိရှိနိုင်ပါတယ်တဲ့၊ ဘယ်သူမှတော့ ကိန်းကဏန်းအတိအကျမပြောနိုင်ပါဘူး၊

နောက်ပြီး ဂျာမဏီ၊ ပြင်သစ်၊ တရုတ်၊ အီတလီ စတဲ့စကားတွေ အပြင် အခြားဘာသာ တွေကိုလည်း ဒေသအလိုက် တွင်တွင်ကျယ်ကျယ်သုံးဆွဲနေကြဆဲဖြစ်ပါတယ်၊ အခုဆိုရင်တော့ ကာလီဖိုးနီးယားဖက်မှာ တရုတ်စကား (မန်ဒရင်း) ကအတော်လေးတွင်ကျယ်လာတယ်လိုဆိုပါတယ်၊ နယူယောက်ဖက်မှာတော့ ကန်တုံစကားပြောတဲ့တရုတ်များတယ်လို့သိရပါတယ်၊ နောက်ပြီး စပန်းနစ်စကားနဲ့ဆက်နွယ်ပြီး ဖိလစ်ပိုင်က တာဂါလော့စကားတို့ ပိုလန်စကားတို့ စသည်တို့လည်းအများကြီး သုံးစွဲကြပါသေးတယ်၊ တချို့ပြည်နယ်တွေရဲ့ရွေးကောက်ပွဲတွေမှာ လူဦးရေပေါ်မှုတည်ပြီး တရုတ်၊ ဂျပန်၊ ကိုရီးယားဘာသာတွေပါ သုံးပါတယ်တဲ့၊

အခုအချိန်မှာ အမေရိကန်ပြည်နယ် ၂၈ခုမှာ တော့ အင်္ဂလိပ်ဘာသာကို ပြည်နယ်ရဲ့ တရားဝင်ရုံးသုံး ဘာသာစကားအဖြစ်သတ်မှတ်ထားပါတယ်လို့ဆိုပါတယ်၊
အဲ့ဒီလို အင်္ဂလိပ်စကားကိုတရားဝင်ရုံးသုံးသတ်မှတ်ထားတဲ့ ပြည်နယ်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်၊
· Arizona
· Alabama
· Alaska
· Arkansas
· California
· Colorado
· Florida
· Georgia
· Idaho
· Illinois
· Indiana
· Iowa
· Kansas
· Kentucky
· Massachusetts
· Mississippi
· Missouri
· Montana
· Nebraska
· New Hampshire
· North Carolina
· North Dakota
· South Carolina
· South Dakota
· Tennessee
· Utah
· Virginia
· Wyoming
တို့ဖြစ်ပါတယ်၊
ဒါပေမယ့်လည်း အင်္ဂလိပ်ဘာသာကို တရားဝင်အဖြစ်သတ်မှတ်ထားတဲ့ ကာလီဖိုးနီးယားပြည်နယ်မှာ ကလပ်စီ ယဉ်မောင်းလိုင်စင်ဖြေမယ်ဆိုရင် ဘာသာစကား ၃၂ မျိုးနဲ့ဖြေနိုင်ပါတယ်တဲ့၊ တရားဝင်ရုံးသုံးဘာသာစကားဆိုရာမှာ အနည်းဆုံးအင်္ဂလိပ်ဘာသာကိုသုံးစွဲရမယ်ဆိုတဲ့သဘောဖြစ်ပြီး၊ လုံးဝအင်္ဂလိပ်ဘာသာဘဲသုံးစွဲရမယ်လို့မဆိုလိုပါဘူးတဲ့၊ ဒီတော့ အနည်းဆုံးအင်္ဂလိပ်ဘာသာ တရားဝင်အထောက်အထားတစ်ခုရှိရမှာဖြစ်သလို တခြားဘာသာတွေနဲ့လည်းသုံးစွဲနိုင်တယ် (တခြားဘာသာ ကော်ပီ၊ ဘာသာပြန်စသည်ဖြင့်) လို့ဆိုပါတယ်၊
အင်္ဂလိပ်ဘာသာကို တရားဝင်ရုံးသုံးဘာသာစကား လို့မသတ်မှတ်ထားတဲ့ပြည်နယ်တွေကတော့အောက်ပါအတိုင်းပါ..၊
· Connecticut
· Delaware
· Maine
· Maryland
· Michigan
· Minnesota
· Nevada
· New Jersey
· New Mexico
· New York
· Ohio
· Oklahoma
· Oregon
· Pennsylvania
· Rhode Island
· Texas
· Vermont
· Washington
· West Virginia
· Wisconsin
နောက်ပြီး အင်္ဂလိပ်အပြင် အခြားစကားတွေကိုပါတရားဝင်သုံးစွဲတဲ့ ပြည်နယ်တွေနဲ့ အမေရိကန်ပိုင် နယ်မြေတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်၊
· Hawaii (English and Hawaiian) (1978)
· Louisiana (English and French legally recognized, although there is no official language) (1974)
· New Mexico (English and de facto Spanish)
· Maine (English and French both de facto)
· American Samoa (Samoan and English)
· Guam (Chamorro and English)
· Northern Mariana Islands (English, Chamorro, and Carolinian)
· Puerto Rico (Spanish and English) (1993)
ဒီတော့ကား အမေရိကန်မှာ ဘာသာစကားမျိုးစုံနဲ့ တွဲရေးထားတဲ့စာတွေကိုနေရာအနှံ့မှာတွေ့နိုင်ပါတယ်၊ နော့လ်ကာရိုလိုင်းနားမှာတော့ အင်္ဂလိပ်နဲ့ စပန်းနစ်ဘာသာတွဲရေးထားလေ့ရှိပါတယ်၊



ဝါရှင်တန် ပြည်နယ်မှာဆိုရင်တော့ အင်္ဂလိပ်အပြင် တရုတ်၊ ဗီယက်နမ် နဲ့ စပန်းနစ်ဘာသာ အပါ အ၀င်လေးဘာသာနဲ့ရေးထားတာ တွေ့နိုင်ပါတယ်၊

ဒီလို တစ်ကွဲတစ်ပြားဖြစ်နေတာကို တက်လာတဲ့ သမ္မတတွေက ပြောင်းလဲဖို့မကြိုးစားကြတော့ဘူးလား လို့မေးစရာရှိပါတယ်၊ သူ့တို့ရဲ့ သဘောထားကို သမ္မတလောင်းတွေရဲ့ စကားရည်လုပွဲ ဒီဗွီဒီယို ကလစ်မှာလေ့လာကြည့်နိုင်ပါတယ်၊



အမေရိကန်မှာ တစ်ကမ္ဘာလုံးကလူမျိုးပေါင်းစုံလာရောက်အခြေချကြဆိုတော့ ဘာသာစကားတွေ ယဉ်ကျေးမှုတွေကလည်းအစုံလိုဖြစ်နေပါတယ်၊ အမေရိကန်နိုင်ငံကလည်း သူ့နိုင်ငံမှာအခြေချနေထိုင်တဲ့လူမျိုးတစ်မျိုးရဲ့ လူဦးရေဟာ သတ်မှတ်အရည်အတွက်ရောက်လာရင် အဲ့ဒီလူမျိုးတွေသုံးစွဲတဲ့ ဘာသာစကား ယဉ်ကျေးမှုကိုအသိအမှတ်ပြု့ အခွင့်အရေးပေးပါတယ်၊ ၂၀၁၀ သန်းခေါင်စာရင်း အရမြန်မာလူမျိုးဦးရေ အတိုင်းအတာတစ်ခုထိရှိလာရင် မြန်မာစကားဟာလည်း နေရာဒေသအလိုက် ဘာသာပြန်ဆိုသုံးစွဲခွင့်ရလာနိုင်ပါမယ်၊ ဒါပေမယ့်လည်း မြန်မာပြည်က ရောက်လာသူတွေက သန်းခေါင်းစာရင်းဖောင် ဖြည့်စွတ်ရာ မှာ တစ်ယောက်တစ်မျိုးစီရေးထဲ့ကြလို့ လူဦးရေအမှန်ရဖို့ ခက်နေပါတယ်လို့ အာဖက်အေ သတင်းမှာ ဖတ်လိုက်ရပါသေးတယ်၊

အလုပ်အကိုင်နဲ့ပတ်လို့တော့ အမေရိကန်နိုင်ငံကအလုပ်အတော်များများမှာ တန်းတူအခွင့်အရေးရှိကြောင်း ခွဲခြားမှုမရှိကြောင်း ဒီလို အထင်အရှားဖော်ပြကြလေ့ရှိပါတယ်၊

“(company name) does not discriminate with respect to employment terms and conditions on the basis of race, color, gender, national origin, age, religion, creed, disability, veterans’ status, sexual orientation, gender identity or gender expression.”

ဒါပေမယ့်လည်း လက်တွေ့မှာတော့ တခြားစီပါ ဥပဒေမှာချွင်းချက်တွေကအများသားကိုဗျ..၊ မြန်မာပြည်နဲ့ မထူးပါဘူး ဒီမှာလည်း မင်းအသိ ဘယ်နှစ်ယောက်ရှိသလည်းက စတော့တာပါဘဲ၊ ဘယ်လို ဒီအလုပ်အကြောင်းသိတာလည်း၊ လူသုံယောက်ကထောက်ခံပေးရမယ်ဆိုကထဲက သွားပြီပေါ့၊ ဒီကြားထဲမှာ တချို့အလုပ်တွေက စပန်းနစ်စကားတတ်မှရတာရှိပါသေးတယ်၊ ဒီကိစ္စကို မကြေနပ်လို့ လူမဲတွေ ဆန္ဒပြကြပါသေးတယ်၊ အောက်ကဗွီဒီယိုလေးမှာ စပန်းနစ်စကားမတတ်လို့အလုပ်ပြုတ်သွားတဲ့ မီးသတ်ဌာန က Supervisor တွေအကြောင်းတွေ့နိုင်ပါတယ်၊



ဒီနေရာမှာ အမေရိကန်မှာ နေတဲ့အမေရိကန်မီးသတ်ဌာနက ကြီးကြပ်သူတွေ စပန်းနစ်စကားမတတ်လို့ အလုပ်ပြုတ်တာ မခံချိမခံသာဖြစ်စရာပါ၊ တစ်ဖက်ကစဉ်းစားကြည့်ရင်လည်း ဒါကဖြစ်သင့်ပါတယ်၊ တစ်ချို့အလုပ်တွေက အလွန်အန္တရယ်များတော့ လက်အောက်ငယ်သားတွေနဲ့ ဆက်သွယ်စကားပြောလို့မရရင် အုပ်ချုပ်သူကဘာမှအဓိပါယ်မရှိတော့ပါဘူး၊ အဲ့ဒီအချိန်မှာ တောမီးတွေကအကြီးအကျယ်လောင်နေတော့ မီးသတ်သမားကအရေးတကြီးလိုနေတာကိုး၊ အင်္ဂလိပ်စကားပြောတဲ့ လူမဲတွေ လူဖြူတွေက ဘာလို့ အလုပ်လာမရှောက်ကြသလည်း၊ အန္တာရယ်များပြီး အလွန်ပင်ပန်းမယ့်အချိန်ဖြစ်နေတာ လည်းပါ ပါလိမ့်မယ်၊ ဒီကတောမီးတွေက အလွန်ကြောက်စရာကောင်းတာကိုး မီးသတ်တွေလည်းမီးလောင်ခံ ရပြီးသေကြရတာကလား၊ အလုပ်တော့ လက်ကြောတင်းအောင်မလုပ်ချင်ဘူး ပြီးမှ တကယ်လုပ်နိုင်တဲ့လူကို အင်္ဂလိပ်စကားမတတ်ဘဲဘာကြောင့်အလုပ်ရတာလည်း လို့ပြောတာလည်း မဖြစ်သင့်ပါဘူး၊ လူမျိုးခွဲခြားနှိပ့်ချဆက်ဆံ ရင်အမေရိကန်ဥပဒေအရ တရားဆွဲလို့ရပါတယ်၊ ဒါပေမယ့် လူမဲတွေ အတော်များများမှာ တော့ဒီလိုစိတ်ဓာတ်ရှိတတ်ပါတယ်၊ ဒီလိုဆိုတော့လည်း တစ်ဖက်ကကြည့်ရင် သူ့ဟာနဲ့သူအဆင်ပြေနေတယ်လို့ဆိုရပါမယ်၊ ဟစ်စပန်းနစ်တွေကလည်း အလုပ်အရမ်းလုပ်ပေမယ့် တချို့လည်းအလွန်ဆိုးသွမ်း ပြီး လူသတ်ရမှာ လက်မနှေးတဲ့သူတွေအများကြီးပါ၊ ဘာဘဲပြောပြောစပန်းနစ်စကားက တော့ အမေရိကန်နိုင်ငံအနှံ့သုံးလို့ရနေပါတယ်၊

နောက်တစ်ခုက အမေရိကန်အင်္ဂလိပ်က ဘယ်နှစ်မျိုးများရှိသလည်းထင်စရာရှိပါသေးတယ်၊ နယူယောက်ဖက်က စကားကို နော့လ်ကာရိုလိုင်နား ဆောက်ကာရိုလိုင်းနားစတဲ့တောင်ပိုင်း ဒေသက (သာမန်အရပ်သား) လူတွေက အချို့နေရာတွေမှာသိပ်နားမလည်တတ်ပါဘူး၊ တောင်ပိုင်းသံနဲ့ မြောက်ပိုင်းသံကွဲပါတယ်၊ ကျွန်တော့်အတွေ့အကြုံအရတော့ သင်တန်းတစ်ခုမှာ ဆရာမက သူ့စကားနားမလည်ရင် ပြန်မေးပါတဲ့..၊ ကျွန်တော်တောင်ကြောင်သွားတယ် လူတွေဒီလောက်အများကြီးထဲက ကိုယ့်ကိုများရည်ရွယ် ပြောသလားပေါ့..၊ နောက်မှ သူကနယူယောက်ကအခုမှပြောင်းလာလို့ပါတဲ့..၊ နောက်ပြီး Duke University က ဆရာမတစ်ယောက်ကပြောဘူးသေးတယ် သူဈေးသွားဝယ်တော့ သူမေးတာကို ဈေးဆိုင်က၀န်ထမ်းကနားမလည်ဘူးတဲ့၊ ကျွန်တော့်အနေနဲ့ကတော့ နယူးယောက်လေသံက ပိုရှင်းပါတယ်၊ ဒီကြားထဲ လူမဲစကားကရှိပါသေးတယ်၊ လူမဲအင်္ဂလိပ်စကားဆိုပါတော့ ကျွန်တော့်အနေနဲ့တော့ သူတို့အချင်းချင်းပြောနေရင် ၈၀ရာခိုင် နှုန်းလောက်နားမလည်တာများပါတယ်၊ အသိလူမဲတစ်ယောက်ကပြောပါတယ် ငါတို့အမဲအခြင်းခြင်းတွေ့ရင်ဒီလိုဘဲ လူမဲစကားပြောင်းပြောတယ်တဲ့..၊ ဒီတော့ လူကြားသူကြားမှာတော့ ပညာတတ်အင်္ဂလိပ် လို့ပြောမလား ဒါမှမဟုတ် Standard English လိုပြောဆိုသုံးစွဲမှအရာရာမှာအဆင်ပြေပါတယ်၊ ဒီနေရာမှာ စကားမစပ်ပြောရရင် အမေရိကန်တွေ အချို့လည်းဒေသစွဲ အတော်ရှိကြပါတယ်၊ နယူယောက်ကလူတွေက သူတို့မြို့ကို သိပ်ချစ်တတ်ကြပါတယ် သူတို့မြို့မှအကောင်း၊ သူကနယူယောက်ကလာတာစသည်ဖြင့်ထဲ့ထဲ့ပြောတတ်တာသတိထားမိပါတယ်၊ တစ်နေရာမှာတော့ နယူးယောက်သားက သူ့မြို့ကို ကာလီဖိုးနီးယားနဲ့ယှဉ်ပြီး ပိုကောင်းသလိုလိုပြောမိလို့ တစ်ဖက်လူအတော်ဒေါသဖြစ်သွားပါတယ်၊ ကာရိုလိုင်းနား သား တွေလည်း နယူးယောက်ကို သိပ်သဘောမကြပါဘူး၊ (လူမဲ) အသိတစ်ယောက်ကပြောဘူးတယ် နယူးယောက်သွားရင်သတိထားတဲ့ လူတွေကရှုပ်ရှက်ခတ်နေပြီး သိပ်ရိုင်းကြတယ်တဲ့၊ ထားပါတော့..

ပြန်ဆက်ရရင်..တချိန်က အမေရိကန်နိုင်ငံမှာ ဂျာမန်စကားကို တရားဝင်ရုံးသုံးဖြစ်ဖို့ကြိုးစားခဲ့ဘူးတယ်လို့ဆိုရိုး ရှိပါတယ် (Muhlenberg legend)၊ ဂျာမန်လယ်သမားတွေကအမေရိကန်နိုင်ငံအနှံ့ အပြားမှာလယ်ယာတွေပိုင်ဆိုင်ခဲ့ကြပြီး၊ မြို့ပြအတော်များများမှာလည်းဂျာမန်စကား၊ စာတွင်တွင်ကျယ်ကျယ်သုံးစွဲခဲ့ကြပါတယ်၊ ပထမကမ္ဘာစစ် ဒုတိယကမ္ဘာစစ်တွေ နောက်ပိုင်းမှ တစ်ဖြေဖြေး ဂျာမန်စကားကို သိပ်မသုံးကြတော့တာပါ၊ အမေရိကန်တွေအနေနဲ့လည်း ရန်သူ့စကားကိုသုံးစွဲရင်မျိုးချစ်စိတ်ရှိရာမရောက်ဘူးလို့ သက်ရောက်စေလို့ပါတဲ့၊ ကျွန်တော့်အသိ နှစ်ယောက် (သပ်သပ်စီ) ကိုစကားစပ်မိလို့မေးမြန်းကြည့်မိရာက သူတို့တွေကဂျာမန်မျိုးနွယ်တွေဆိုတာသိရပါတယ်၊ အခု တော့ သူတို့ ဂျာမန်စကားမပြောကြတော့ပါဘူး၊ ဒါပေမယ့် ပြောတဲ့သူတွေလည်းအများကြီးရှိနေပါသေးတယ်၊

တကယ်ဆို..ဘာသာစကားနဲ့ပတ်သတ်လို့ပြောရရင် အမေရိကန်လိုနိုင်ငံကြီးမပြောနဲ့ သီရိလင်္ကာလို နိုင်ငံငယ်လေးမှာတောင် နိုင်ငံတော်ရဲ့ရုံးသုံးဘာသာစကားကို ဆင်ဟာလိ နဲ့ တမီးလ် နှစ်မျိုးသတ်မှတ်ထားပါတယ်၊ ကျွန်တော်သီရိလင်္ကာမှာ ပြည်တွင်းစစ်ကာလ နေခဲ့စဉ်တုန်းက မြောက်ပိုင်းရုံးက တမီးလ်ဝန်ထမ်းက ကိုလံဘိုမြို့က ဆင်ဟာလိဝန်ထမ်းကိုဖုန်းဆက်တော့ အင်္ဂလိပ်လိုပြောတာသတိထားမိပါတယ်၊ တမီးလ်ဝန်ထမ်းဟာတကယ်ဆိုရင် ဆင်ဟာလိစကားကိုကောင်းကောင်းပြောတတ်ပါတယ် ကိုလံဘိုမြို့မှာကျောင်းနေခဲ့ပြီး သူ့အဖေကိုယ်တိုင်က ရဲအရာရှိဟောင်းတစ်ဦးပါ၊ ဒါပေမယ့်သူ တို့ပြည်တွင်းစစ် ကာလမို့မပြောတာလားတော့မသိပါဘူး၊
နောက်ပြီး ဆွစ်ဇာလန်နိုင်ငံမှာဆိုလည်း တရားဝင်ရုံးသုံးဘာသာစကား (official language(s)) ကို French, German, Italian နဲ့ Romansh ဆိုပြီး လေးမျိုးတောင်သတ်မှတ်ထားပါတယ်၊
ဒီလိုဆိုတော့ သူတို့နိုင်ငံကလူတွေဟာ ဘာဘဲပြောပြောဘာသာစကား ၃မျိုး ၄မျိုးတော့ လူတိုင်းလိုပြောတတ်ဖို့ အခွင့်အရေးရကြမှာဖြစ်ပြီး၊ စကားများများ ပြောတတ်တော့ နေရာအတော်များများမှာ သူများထက် တစ်ပန်းသာပါတယ်၊

ကျွန်တော့်အမြင်ကိုပြောရရင်တော့ အမေရိကန်နိုင်ငံရဲ့ တရားဝင်ဘာသာစကားကို အင်္ဂလိပ်တစ်မျိုးထဲသတ်မှတ်ထားစေချင်ပါတယ်၊ ဒါမှလည်းလူတိုင်းအင်္ဂလိပ်လိုပြောဆိုဆက်သွယ်ပြီး တစ်ယောက်နဲ့တစ်ယောက်နားလည်မှုပိုရှိလာပါမယ်၊ ပိုမိုထိရောက်မှုရှိပါမယ်၊ အန္တရယ်ရှိတဲ့နေရာတွေမှာလည်း ချက်ချင်းအကြောင်းကြားရတာမြန်ဆန်ပါမယ်၊ မဟုတ်လို့ကတော့ ဘာသာပြန်နေရတာနဲ့ဘဲ အချိန်ကုန်၊ ငွေကုန်ပါတယ်၊ နောက်ပြီး တခြားဘာသာစကားမျိုးစုံသုံးစွဲခွင့်ရနေရင်လူသစ်တွေအနေနဲ့လည်း အင်္ဂလိပ်စကားလေ့လာဖို့ သိပ်စိတ်အားမထက်သန်နိုင်တော့ပါဘူး၊ ကြာရင်အမေရိကန်မှာ လူတွေကအနေနီးပြီး စိတ်ချင်းဝေးကာ စီးလုံးညီညွတ်မှုကိုရှာဖို့လွယ်ပါတော့မလားမသိပါဘူး၊ ဒါပေမယ့်လည်း အထက်ကတင်ပြခဲ့သလို ဖြစ်မှမဖြစ်နိုင်သေးတာဘဲ..၊

ဒီတော့ မိမိရဲ့ ယဉ်ကျေးမှုဘာသာစကားကို ထိမ်းသိမ်းတာက တဖက် တိုင်းပြည်ရဲ့ရုံးသုံးဘာသာစကားနဲ့ ဘယ်လူမျိုး ဘယ်ဘာသာကဘဲဖြစ်ဖြစ် တစ်တိုင်းပြည်လုံးကို ကိုယ်စားပြု ချစ်တတ်တဲ့စိတ် အမေရိကန်တွေ အားလုံး နဲ့ ကျွန်တော်တို့အားလုံးရော ခွဲခွဲခြားခြားသိရဲ့လားလို့စဉ်းစားမိရင်း ရပ်နားလိုက်ပါရစေ..၊

ရွှင်လန်းချမ်းမြေ့ကြပါစေ..

အချက်အချို့ကို Wikipedia မှရယူပါသည်၊