Thursday, March 26, 2009

နော့ကာရိုလိုင်းနား ၏ အတိတ်မှ ဖြစ်ရပ်များ












ဗြိတိသျှလူမျိုးမိသားစုအချို့ ပါဝင်သည့် စုစုပေါင်းလူတစ်ရာခန့်ရှိသော လူတစ်စုအမေရိကတိုက်၏အရှေ့ဘက် ကျွန်းတန်းရှည်ကြီးသို့ဆိုက်ရောက်လာကြသည်၊ ကျွန်းတန်းကြီး၏အတွင်းဘက်က ရီနှုတ် ကျွန်း ခံတပ် လေးဆီသို့ရောက် တော့မနှစ်ကထားခဲ့သော ခံတပ် အစောင့်များတစ်ယောက်မှ မရှိကြတော့ သူတို့အစား ကြိုးစွဲချသတ်သေခဲ့ဟန်တူသော လူတစ်ယောက် ၏အရိုးစုကသာ ခံတပ်အဆောက်အဦးထဲမှာ တွဲလောင်းဖြစ် လျက်စောင့်ကြိုနေသည်၊ နောက်ပြီး ဖြစ်သလိုအမြန်ရေးချစ်ထားခဲ့ဟန်တူသော အသိရခက်တဲ့စာလုံးအပိုင်းအစ အချို့ကိုသစ်လုံးတန်းမှာတွေ့ရပြန်သည်၊ ဒီအစောင့်တွေဘယ်လိုကံကြမ္မာဆိုးနဲ့များတိုးခဲ့ပါလိမ့်..

ဘာဘဲပြော ပြော သူတို့အားလုံးနယ်မြေသစ်မှာဘဝသစ်စကြဖို့ပြင်ကြရပေတော့မည်၊ ဘုရင်စနစ်ကလွတ်ခဲ့ပြီ၊ ကလေးတွေကတော့ဆော့ကစားကာပျော်နေကြသည်၊ ကိုယ်ဝန်ဆောင်မိခင်လောင်းတစ်ဦးကတော့မကြာမှီမွေးဖွားလာမည့်က လေးအတွက်စိတ်လှုပ်ရှားနေသည်၊ ဒီလိုနဲ့မကြာမှီမှာဘဲ သူမ၏အဖေအဖွဲ့ခေါင်းဆောင်က
အားလုံးကို ခေါ်ပြီးအစည်းအဝေး ကျင်းပသည်၊ သူကအင်္ဂလန်ကိုပြန်ပြီးနောက်လူတွေကိုထပ်ခေါ်ရဦးမည်၊ ဒီတော့ကျန်ခဲ့မည့်သူတွေကိုတာဝန်တွေ ခွဲဝေပေးခဲ့ရမည်၊ မကြာခင်မှာအမေရိကန်နိုင်ငံကြီးကိုသူတို့တည်ထောင်ကြပေတော့မည်၊ ဒါပေမယ့်.. ယခင်စ ခန်းစောင့်တွေဘာဖြစ်ခဲ့ကြသလဲ၊ သူတို့အဖွဲ့ကောဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်ကြရဦးမလဲ..၊ အနည်း ဆုံးနောက်ထပ်ရောက်လာမည့်အဖွဲ့မရောက်ခင် လိုအပ်တာတွေပြင်ဆင်ထားရမည်၊ ကျရောက်လာမည့်အန္တရယ် တွေကိုကြံကြံခံထားရမည်၊ သူတို့တွေအားလုံးကအခုမှကျွန်းလေးပေါ်မှာဘဲရှိကြသေးသည်၊ အခုထိတော့ ဟိုးဘက်ကမ်းကုန်းပေါ် မှာနေတဲ့ဒေသခံအင်ဒီယန်းတွေနဲ့အဆင်ပြေနေသေးသည်…၊
အထက်ပါအကြောင်းအရာများကတော့အမေရိကန်မှာယခုထိအဖြေရှာမရသေးတဲ့ ပျောက်ဆုံးသွားတဲ့ အမေရိ ကန်နိုင်ငံကို ၁၅၈၇ခုနှစ်မှာ ပထမဆုံးစတင်အခြေချဖို့ရောက်လာခဲ့ကြတဲ့ ဗြတိသျှလူမျိုးလူတစ်စုအကြောင်းပါ၊ သည်လော့ကိုလိုနီ ဆိုတဲ့ပြဇာတ်ကအခုထိကပြနေဆဲပါ၊ ရုပ်ရှင်လည်းရှိတယ်..၊ သူတို့အဖွဲ့ခေါင်းဆောင်က ၃လအတွင်းပြန်လာမယ်ဆိုပေမယ့် အင်္ဂလိပ် စပိန်စစ်ကြောင့် ၃နှစ်ကြာမှပြန်လာနိုင်ခဲ့တယ်၊ တကယ်တော့ အမေရိကန်ကိုသူတို့ထက်အရင်အခြေချဖို့ကြိုးစားခဲ့ကြတာကတော့ စပိန်တွေပါ၊ ၁၅၆၇ ခုနှစ်မှာဘဲ နော့ကာရိုလိုင်းနားအတွင်းပိုင်း မှာ ဖို့ဆန်ဂျွန်းကိုစတည်ထောင်ခဲ့ကြ တယ်လို့ဖတ် ရပါ တယ်၊ (အင်္ဂလိပ်တွေအမှန်တကယ်ပထမဆုံးမြို့ပြတည်နိုင်ခဲ့တာကတော့ဗာဂျီးနီးယားမှာပါ)၊ နောက်ပိုင်း မှာ အသားလတ်လတ် နှင့်မျက်လုံးအရောင်ထူးခြားတဲ့အင်ဒီးယန်းတချို့ကို တွေ့ရတယ်လို့ဆိုပြီး တော့ ဒီပြောက်ဆုံးသွားတဲ့လူအချို့ဟာ အင်ဒီးယန်းတွေနဲ့ သွေးနောသွားနိုင်တယ်လို့လည်း မှတ်ချက်ပြု့တာဖတ်ရဖူးပါတယ်၊

ဒီလိုနဲ့ကျွန်တော်တို့ ဗာဂျီးနီးယားဒဲယား တံတားရှည်ကြီးကိုဖြတ်ပြီး ရီနှုတ်ကျွန်းကိုရောက်ခဲ့ကြပါတယ်၊ ဗာဂျီးနီးယားဒဲယားဆိုတာကတော့ ပြောင်းရွှေ့အခြေချသူများရဲ့ အမေရိကန်မှာပထမဆုံးမွေးတဲ့ ကလေးရဲ့အမည်ပါ၊ အထက်ပါ ဇာတ်လမ်းမှာပါတဲ့ကိုယ်ဝန်ဆောင်အမျိုးသမီးကမွေးခဲ့တာပါ..၊

ကျွန်တော်လည်း သမီးကို ငါးပြတိုက်လိုက်ပြဖို့ကတိရှိတဲ့အတွက် အမှတ် ၆၄ လမ်းမကြီးအတိုင်းဘယ်ဘက်ကိုကွေ့ဝင်လိုက်ပါတယ် ကျွန်းရဲ့ဒီဘက်ချမ်းတစ်ရှောက်မှာ ငါးပြတိုက်၊ သည်လော့ကိုလိုနီ နဲ့ ဖို့ရားလေ ခံတပ်တို့ရှိတယ်လေ..၊

ရီနှုတ်ကျွန်းကဆက်ထွက်တော့ကျွန်တော့်မှာနောက်ထပ်သမီးနဲ့ အမျိုးသမီးကိုပြောစရာအကြောင်းတွေသတိရ လာပြန်သည်..၊
အချိန်က ၁၉ဝ၃ခုနှစ်ဝန်းကျင်ဖြစ်သည်၊ အိုဟိုင်းအိုးပြည်နယ်ဘက်က ညီအစ်ကိုနှစ်ယောက်နှင့်လူတစ်စု ဒီကျွန်း တန်းကြီးကိုရောက်လာကြသည်၊ ကျွန်းတန်းကြီးဆိုတာကရီနှုတ်ကျွန်းရဲ့ အပြင်ဘက် အက်တလန်တစ်သမုဒ္ဒရာ ကမ်းခြေ မိုင်တစ်ရာ့ငါးဆယ်ကျော်ရှည်သည့် အောက်တားဘန့် လို့ခေါ်သည့်ကျွန်းတန်းကြီးဖြစ် သည်၊ သူတို့လူတစ်စု စိတ်ကြိုက်နေရာတစ်ခုကိုရွှေးပြီးစခန်းချလိုက်ကြသည်၊ အဲဒီနေရာကတော့ ကေးဒီဗယ်ဟေးလို့ခေါ်တဲ့ သရဲသတ်တောင်ကုန်းနားမှာဖြစ်သည်၊ သူတို့စိတ်ကြိုက် လေတိုက်နှုန်းနှင့် မြေပြင်အခြေနေကိုရပြီ၊ ဒီတော့စမ်းသတ်မှုတွေစတင်ဖို့ပြင်ဆင်ကြတော့သည်၊ အကိုက အလုပ်လုပ်ရင် ညီကထမင်းချက်၊ ညီအလုပ်လုပ်ရင်အကိုကထမင်းချက်နှင့်တက်ညီလက်ညီရှိလှသည်၊ သူတို့ကတော့ ကျွန်တော်တို့အားလုံးသိကြတဲ့လေယာဉ်ကိုပထမဆုံးစတင်ပျံသန်းခဲ့ကြတဲ့ ရိုက်ညီနောင်ပါဘဲ၊ သူတို့ ကေးဒီဗယ်ဟေးပေါ်ကနေ အကြိမ်များစွာလေဟုန်စီးစမ်းသပ်မှုတွေလုပ်ခဲ့ကြပြီး နောက်အောင်မြင်စွာလေ ယာဉ်ကိုပျံသန်းခဲ့ကြသည်၊
ကျွန်တော်တို့ ရိုက်ညီနောင်ပျံခဲ့တဲ့အမှတ်တရနေရာက ပြတိုက်ကိုဝင်ကြည့်ရင်း ငယ်ငယ်ကကျောင်း စာမှာသင်ခဲ့ရတဲ့ သူတို့အကြောင်းကိုပြန်အမှတ်ရလာသည်၊ ရိုက်ညီနောင်နှင့်မနီးမဝေး က ကစ်တီဟော့ မှာစွန်ပျံ ဂလိုက်ဒါတွေစီးလို့ရသည်၊ ကျွန်တော့ငယ်ငယ်ကအိမ်မက် တွေထဲမှာ တစ်နေ့ကြရင်စွန်ပျံကြီးစီးပြီးလေထဲမှာပျံဝဲမယ်ဆိုတာပါသည်၊ အခုတော့ရောက်ခဲ့ပြီလေ..၊ ဒါမှမဟုတ်လေယာဉ်အသေးလေးနဲ့ ကျွန်းကြီးပေါ်ရှောက်ကြည့်လို့လည်းရ သည်၊ ကျွန်တော်အမေရိကန်ရောက်စ နော့ကာရိုလိုင်းနားကို ပြောင်းပြီးမကြာခင်မှာဘဲ ကလေးနဲ့အမျိုးသမီးကိုခွဲပြီး ဒီကျွန်းကြီးမှာတစ်ယောက်ထဲ (တကယ်တော့အခြားမြန်မာတစ်ယောက်နှင့်) ဆူရှီးလာလိပ် ခဲ့ရသည်၊ နောက်တခုကတော့ ကျွန်တော်တို့ပြည်နယ်က ကားလိုင်စင်ပလိပ်ပြား (ပုံမှန်တံဆိပ်ပြားများသာ)(အမေရိကန်မှာကားနံပတ်ကိုကိုယ့်စိတ်ကြိုက်လဲလုပ်လို့ရသည်၊ ဥပမာ.. နံပတ်အစား ကိုယ့်နာမည်ကိုယ်ပေးလို့ ရသည်) တွေမှာ ရိုက်ညီနောင်ရဲ့လေယဉ်နဲ့ ဖတ်စ်အင်ဖလိုက်ဆိုပြီး ဖော်ပြထားသည်၊ နောက်တခုက အိုဟိုင်အိုးပြည်နယ်ကလဲ ဖတ်အင်ဖလိုက်ဆိုပြီးလုပ်ထားသည်၊ ဘာလို့လဲဆိုတော့ရိုက်ညီနောင်က အိုဟိုင်ရိုး ကလေ၊ ဟိုမှာပျံဖိုနေရာ ရာသီဥတုမရှိလို့ဒီမှာလာပျံရတာကိုး၊

ကဲကဲ.. တစ်ခြားအကြောင်းလေးတွေဆက်ဦးမယ်၊

အစာမကြေဖြစ်ခဲ့တာကတော့ကြာပြီ၊ ပြောရမယ်ဆိုရင်တော့ အမေရိကန်မက်ဆီကန်စစ်ကစရမည်၊ တက်ဆက် ကမက်ဆီကိုကခွဲထွက်သည်၊ ၁၈၃၆ ခုနှစ်အတွင်းက အယ်လ်မိုတိုက်ပွဲကတော့ နာမည်ကြီးပါဘဲ (ရုပ်ရှင်ကလဲသိပ်ကောင်းသည်၊ ဆေးဗင်းပရိုက်ဗိတ်ရန်ရုပ်ရှင်က နောက်ဆုံးတိုက်ပွဲမှာ တွမ်ဟန့်ပြောသွားသည် ဒီနေရာက အယ်မိုလ် ဆိုတာ နောက်ဆုံးမဆုတ်တမ်းတိုက်ရမယ်နေရာကိုသတ်မှတ်သွားတာ၊ ဟုတ်သည် အယ်မိုလ်ခံတပ်ကလူတွေ တစ်ယောက်မှမလွတ်ခဲ့၊ ထွက်မပြေးခဲ့ အားလုံးအသေခံပြီး အင်အားအဆပေါင်းများစွာသာတဲ့ မက်ကဆီကိုတပ်ကြီးကို အသေခံတိုက်သွားသည်၊ ဒါကြောင့် အယ်မိုလ်ကိုသတိရပါဆိုတဲ့စကားကျန်ခဲ့သည်၊ မက်က္ကစီကိုဗိုလ်ချုပ်စန်တာအန်နာရဲ့တပ်တွေနဲ့ အမေရိကန်တပ်တွေရဲ့တိုက်ပွဲတွေကတော့ ၁၈၄၈ ခုနှစ်လောက်မှဘဲပြီးသွားသည်၊ တက်ဆက် ကျွန်ပြည်နယ်တစ်ခုတိုးလာသည် (တက်ဆက်ပြည်နယ်က မြန်မာပြည်ထက်မသိမသာလေးကြီးသည်)၊ နောက်ကာလီဖိုးနီးယား…၊ ဟုတ်ကဲ့… အဲ့ဒီတုန်းက မီးဖိုဘေးမှာစာဖတ်ပြီး ပညာတတ်ဖြစ်လာတဲ့ အီဘရာဟင်လင်ကွန်းက ကွန်ဂရက်မှာဘဲလုပ်နေပြီ၊ သူကလဲဒီဇာတ်လမ်းမှာအဓိကနေရာကပါခဲ့သည်၊
သူအခုတော့သမ္မတဖြစ်ပါပြီ (၁၈၆၁-၁၈၆၅)၊
အချိန်က ၁၈၆၁ ဝန်းကျင်နွေဦးကာလ၊ အင်အားအသင်အတင့်ရှိတဲ့ စစ်တပ်တဖွဲ့ ဟာ ဆောက်ကာရိုလိုင်းနားပြည်နယ်အရှေ့ပိုင်းတနေရာကိုချီတက်နေကြသည်၊ မကြာခင်မှာဘဲ ဆူညံတဲ့ပေါက်ကွဲသံတွေနှင့် တိုက်ပွဲတစ်ခုစတင်လိုက်သည်၊ သူတို့ ဆောက်ကာရိုလိုင်းနား ပြည်နယ်ထဲက ဖို့ဆန်တာ ခံတပ်ကိုဝင်တိုက်ကြတာပါ၊ ဒီလိုနဲ့ ဂျက်ဖာဆင်ဒေးဗစ် ဦးဆောင်တဲ့ အမေရိကန်တောင်းပိုင်းပြည်နယ်များအဖွဲ့ ကွန်ဖက်ဒရေးရှင်း (စီအက်အေ) ကအမေရိကန် (ယူအက်အေ)မှ ခွဲထွက်ကြောင်းကျေညာပြီး တောင်ကာရိုလိုင်းနားပြည်နယ်ထဲက အီဗရာဟင်လင်ကွန်းရဲ့ ယူနီယံတပ် ရဲ့ခံတပ်ကိုဝင်တိုက်ပြီး ပြည်တွင်းစစ်ကြီးစတင်ခဲ့သည်၊ ဒီလိုနဲ့အမေရိကန်ပြည်တွင်းစစ်ကြီးစ ဖြစ်ပြီး သိပ်မကြာခင်မှာဘဲ နော့ကာရိုလိုင်းနားနဲ့ ဗာဂျီးနီးယားတို့ တောင်ပိုင်းကွန်ဖက်ဒရေးရှင်း ပြည်နယ်တွေနှင့်ပူးပေါင်းပြီး ပြည်တွင်းစစ်ကြီးမှာပါဝင်လာတော့သည်၊ တောင်ပိုင်းတပ်ဗိုလ်ချုပ် ရောဘတ်အီးလီး ကလည်းတကယ့်ဝါရင့် တိုက်ရည်ခိုက်ရည်ပြည့်ဝသူ ဖြစ်သည်၊ ပြောရမယ်ဆိုရင်တော့ တောင်ပိုင်းက ရောဘတ်အီးလီး၊ ဂျိုးဇတ်ဂျွန်စတန်၊ စီအက်အေ သမ္မတ ဂျက်ဖာဆန်ဒေးဗစ် တို့နဲ့ ယူအက်အေဘက်က ဗိုလ်ချုပ်ဂရန်၊ ရှားမန်း စသည်တို့ဟာ မက္ကစီကို စစ်ပွဲမှာတုန်းကတော့ ရာထူးအဆင့်ဆင့်မှာအတူတိုက်ခဲ့ကြသူတွေပါ၊ အမေရိကန်နိုင်ငံမှာ အီဘရာဟင်လင်ကွန်း၊ သောမက်ဂျက်ဖာဆင်စသည့် အမေရိကန်တည်ထောင်သူ သမ္မတတွေရဲ့ပုံကိုတောင်ကြီးတစ်ခုအပြည့်ထုလုပ်ထားတဲ့နေရာတစ်ခုရှိသလို၊ ဂျင်နရယ်လီးတို့ရဲ့ ပုံတွေကိုလည်း တောင်ကြီးတစ်ခုမှာ အပြည့်ထုလုပ်ထားတာ ဂျော်ဂျီယာမှာရှိသည် (သူတို့သုံးယောက်ကတော့မြင်းကြီးတွေစီးလို့လေ)၊ ဒီတော့အခုထိ စိတ်အစာတော့ကြေသေးဟန်မတူ၊ အဲဒီလို ကွန်ဖယ်ဒရေးရှင်း တပ်တွေထဲမှာ နောက်မှပူးပေါင်းခဲ့ပေမယ့် စစ်သားနဲ့ စစ်လက်နက်ပစ္စည်းအများဆုံးထောက်ပံ့ပေးနိုင် ခဲ့တာကတော့ နော့ကာရိုလိုင်းနားသားတပ်တွေပါဘဲ၊ အထင်ကရသမိုင်းဝင်တိုက်ပွဲတိုင်းမှာ သူတို့ပါဝင်ခဲ့ကြတယ်၊ ဒီနေရာမှာထပ်ပြောရမယ်ဆိုရင် နော့ကာရိုလိုင်းနားကို တာဟီး စတိတ်လို့လည်းခေါ်တယ် တာဟီး (ကတ္တရာဖနောင့်) ဆိုတာက ဟိုးလွန်ခဲ့တဲ့နှစ်တွေက ဒီပြည်နယ်ထဲမှာ ကတ္တာစေးချက်တဲ့နေရာ (တာပစ်) တွေအများကြီးရှိခဲ့ပြီး အင်္ဂလန်ကို အများဆုံးတင်ပို့ခဲ့တယ်၊ (ကတ္တရာဆိုတာ တကယ်တော့ သစ်ပင်ကချက်တဲ့ သစ်စေးကိုဆိုလိုတာပါ၊ ရေနံကတ္တရာနှင့်မရောစေလိုပါ) ဒီလိုဆိုတော့နော့ကာရိုလိုင်းနားသားတွေရဲ့ခြေထောက်တွေမှာ အမြဲလိုကတ္တရာတွေပေလို့နေပါတယ်၊ ဒါကိုတင်စားပြီး တခုခုလုပ်ရင်ဘယ်တော့မှနောက်မဆုတ်ဘူး ခြေထောက်ကို တောင်ကတ္တရာနှင့်ကပ်ထားတယ်ဆိုတဲ့သဘောပါ၊ ပြည်တွင်းစစ်မှာလည်း သူတို့နောက်မဆုတ်တန်း ယူနီယံတပ်တွေကိုတိုက်ခဲ့ကြပါတယ်၊ ဗာဂျီးနီးယားသားတွေနဲ့အတူတိုက်တော့ ဆုတ်ဖို့ဖြစ်လာရင် သူတို့က တာဟီး ကွဆိုပြီး မဆုတ်တန်းတိုက်ခဲ့ကြတယ်ဆိုပါတယ်၊ ဒါကိုအစွဲပြု့ပြီး (လူတဦးရဲ့ပြောပြချက်ပါ) အခုထိ တာဟီးစိတ်ဓာတ်ဆိုပြီးဂုဏ်ယူကြပါတယ်၊ ကျွန်တော်တို့နေရာတိုင်းမှာ ဦးထုတ်တွေ အင်္ကျီတွေမှာ တွေ့နေရတဲ့ NY တံဆိပ်ကိုတော့သိမှာပါ၊ သူ့လိုဘဲနာမည်ကြီးတဲ့တံဆိပ်က NC တံဆိပ်လေ၊ အဲဒါကတော့ နော့ကာရိုလိုင်းနား ယူနီဗာစတီရဲ့တံဆိပ်ဘဲပေါ့၊ ဘတ်စကက်ဘော နဲ့ဘောလုံးမှာနာမည်ကြီးအသင်းပါဘဲ (အထူးသဖြင့်အမျိုးသမီးဘောလုံးမှာပါ်)၊
အမေရိကန်ပြည်တွင်းစစ်မှာ အဓိကထားပြောကြတာတော့ ကျွန်စနစ်ကိုထောက်ခံတဲ့ပြည်နယ်နဲ့ မထောက်ခံတဲ့ပြည်နယ် တွေစစ်ဖြစ်တာကိုရှေ့တမ်းတင်ကြပါတယ်၊ တကယ်ကောဟုတ်ပါ့မလား.. ဟုတ်တော့ဟုတ်ပါတယ်..တခြားအကြောင်းတွေလည်းရှိပါတယ်၊ ဒါတွေတော့ထားလိုက်ပါတော့.. တခုအမှတ်ရဖို့ကတော့ အမေရိကန်တောင်ပိုင်းဒေသတွေမှာသာစိုက်ပျိုးရေးလုပ်ငန်းတွေအဓိကဖြစ်ထွန်းပြီး ရာသီဥတုမျှတပါတယ်၊ ဒီတော့ကျွန်လုပ်အားများများလိုပါတယ်၊ မြောက်ပိုင်းပြည်နယ်တွေမှာတော့ ကျွန်သိပ်မရှိပါဘူး၊ အမေရိကန်ဟိုးမြောက်ပိုင်းပြည်နယ်ကလူတစ်ယောက်ကပြောပြဘူးပါတယ် တဲ့ သူအသက်၂ဝအထိလူမဲတစ်ခါမှမမြင်ဘူးခဲ့ဘူးတဲ့၊ (ကျွန်တော့်အသိလူမဲဂျက်ဂီတပညာရှင်တစ်ဦးရဲ့ကိုယ်တွေ့ပါ သူငယ်စဉ်မြောက်ပိုင်းဘက်ကိုရောက်သွားစဉ်က သူ့နဲ့စတင်တွေခဲ့တဲ့လူဖြူတစ်ယောက်ပြောခဲ့တာပါတဲ့)၊ အကျဉ်းချူပ်ပြန်ကောက်ရရင် ၁၈၆၁ ကနေ၁၈၆၅ ထိကြာခဲ့တဲ့ ပြည်တွင်းစစ်မှာ တောင်ပိုင်း ၁၁ပြည်နက်ကစစ်သား ၂သိန်း၆သောင်းကျော် နဲ့ မြောက်ပိုင်း၂၃ပြည်နယ်ကစစ်သား ၃သိန်း၆သောင်းကျော်သေကြေခဲ့ပါတယ်၊(ကြားနေပြည်နယ်တွေလည်းရှိပါတယ်) စုစုပေါင်းသေဆုံးသူ၁သန်းကျော်ပါတယ်(အရပ်သားအပါအဝင်)၊ ၈ရာခိုင်နှုန်းသော အသက်၁၃ နှစ်မှ၄၃နှစ်အတွင်းလူဖြူယောက်ျားတို့သေဆုံးခဲ့ပါတယ်၊ ကျွန်စုစုပေါင်း ၄သန်းလွတ်မြောက်ပါတယ်(တောင်းပိုင်းမှ ၃သန်းခွဲနဲ့ မြောက်ပိုင်းမှ၅သိန်းခန့်)၊ အင်္ဂလိပ်ကတော့ တောင်ပိုင်းကိုထောက်ပံ့ပေးခဲ့ပါတယ်၊ ဘာလို့လဲဆိုတော့သူလိုခြင်တဲ့ဝါဂွမ်းကတောင်ပိုင်းကရတာကိုး၊

ကဲကဲရပ်တော့မှ…
အဲဒီအကြောင်းတွေစာရှည်မှာစိုးလို့ထားခဲ့တော့မယ်၊ တိုင်းတူကေး (သတ်ရမည့်အချိန်) နဲ့ လိုက်အော့ဘီးစ် (ပျားတို့ရဲ့ဘဝ) ရုပ်ရှင်တွေကြည့်လိုက်ရင် လူဖြူလူမဲအကြောင်းအစေ့တစ်စောင်း နားလည်လာပါလိမ့်မယ်၊ အခြားရုပ်ရှင်တွေလည်းအများကြီးပါ၊ များသောအားဖြင့်တော့ဒီလိုကားတွေကနာမည်မကြီးတာများသည်၊ အမေရိကန်နဲ့မက္ကဆီကို စစ်ပွဲရုပ်ရှင်တွေကတော့ One Man's Hero နဲ့ Alamo တို့ ရှိတယ်၊ အမေရိကန်ပြည်တွင်းစစ်ဖြစ်ရပ်မှန်နောက်ခံကားတွေကတော့ အများကြီးပါ Gettysburg, glory, ride with the devil, andersonville, gods and generals, North and the south စတဲ့ကားတွေရှိတယ်၊ ယူတု မှာ ရှာကြည့်ရင်တချို့ရှိမယ်၊ ဂက်တီဘတ်ကတော့ နာမည်ကြီးပါ ၃ရက်အတွင်းစစ်သား၅သောင်းလောက်သေကြေခဲ့တဲ့ စစ်ပွဲကြီးပါ၊

အထက်ပါအကြောင်းအရာတွေကတော့ ကျွန်တော်နေတဲ့ပြည်နယ်ရဲ့ အကြောင်းတချို့ကိုဖော်ပြလိုက်တာပါ၊ နော့ကာရိုလိုင်းနားဟာ အမေရိကန်နိုင်ငံစတင်ထူထောင်တဲ့ပြည်နယ်၁၃ ခုမှာပါခဲ့သလို စစ်ရေးစစ်ရာမှာလည်းအရေးပါတဲ့နေရာကပါခဲ့ပါတယ်၊ ပုလဲဆိပ်ကမ်းကို ဂျပန်တွေဗုံးကျဲပြီးနောက်မှာ အရင်ဆုံးစစ်ကူရောက်သွားခဲ့တဲ့ သင်္ဘောကတော့ ယူအက်စ်အက်စ်နော့ကာရိုလိုင်းနား ခရူဇာစစ်သင်္ဘောကြီးပါ၊ အဲဒီခေတ်ကတော့အကောင်းဆုံးထဲမှာပါခဲ့ပါတယ်၊ လေယာဉ်တင်သင်္ဘောတွေကိုအကောင်းဆုံးအကာအကွယ်ပေးခဲ့သလို၊ အဓိကကျွန်းသိမ်းတိုက်ပွဲတွေမှာ (အိုင်အိုဂျီးမား၊ အိုကီနာဝါ စသည့်ကျွန်းများ) ကျွန်း ပေါ်ကလှိုင်ဂူတွေထဲထိ ဝင်အောင်အမြောက်တွေနဲ့ပစ်ထဲ့နိုင်ခဲ့ပါတယ်၊ ဂျပန်နိုင်ငံထိတိုက်ပွဲပေါင်းများစွာဝင်ခဲ့ပြီးအခုတော့ အနားယူပြီး နော့ကာရိုလိုင်းနားက ဝယ်မင်တန်မြို့နားမှာ ပြတိုက်အဖြစ်ဆက်ရှိနေပါတယ်၊

နောက်ထပ်သတိရလာပြန်တာကတော့ နော့ကာရိုလိုင်းနားအနောက်ပိုင်းက ချာရိုးကီး တောင်တန်းတွေအကြောင်းပါ၊ ၂၀၀၈ မှာတော့တစ်ခေါက်ရောက်သေးတယ်၊ လှပတဲ့တောင်တန်းတွေနဲ့ ရှေးက ချာရိုးကီး အင်ဒီးယန်းတွေနေတဲ့ဒေသပေါ့ဗျာ၊ တောင်ပေါ်အပန်းဖြေစခန်းတွေရှိတယ်၊

ဘာဘဲပြောပြောကျွန်တော်နော့ကာရိုလိုင်းနားမှာ နေရတာတော့ အသားကျလာပါပြီ၊ ဒါပေမယ့်လည်း ပြောင်းခြင်သေးတယ်၊ အင်းလေ.. စီးပွားရေးလေးပြန်ကောင်းလာတဲ့အချိန်ကျရင်ပေါ့..၊

Monday, March 16, 2009

သစ္စာရှင်ကြီး ရဲ့ မိန်းမ ယုံအောင်လုပ်နည်း

ဂျက် တစ်ယောက် မနေ့ညက ခရစ်စမတ်ပါတီမှ ပြန်လာပြီးနောက် ဒီမနက်အိပ်ရာကအနှိုးမှာ ခေါင်းတွေကိုက် ပြီးတော်တော်လေးအနေရခက်နေသည်၊ သာမန်အားဖြင့်သူကအရက်ကိုအမြဲသောက်တတ်သူမဟုတ်၊ ဒါပေမယ့် ညကတော့တော်တော်များသွားသည်၊ ဘယ်လောက်များသလဲဆို အိမ်ကိုဘယ်လိုပြန်ရောက်လာတယ်ဆိုတာကို တောင်မမှတ်မိတော့၊ အပျော်လွန်ပြီးလူမှန်းသူမှန်း မသိအောင်ကိုသောက်ပြစ်ခဲ့သည်၊

အခုတော့အတော်လေးအခံရခက်အောင်အရက်နာကျနေသည်၊ အိပ် ရာထဲမှာဘဲ သူဘာတွေများမှားသွားသေးလည်းပြန်စဉ်းစား သည်၊ စဉ်းစားမရ ဒါနဲသူ့မျက်စိကိုအားယူပြီးဖွင့်ကြည့်လိုက်တော့ အိပ်ရာဘေးကစားပွဲပေါ်မှာ ခေါင်းကိုပျောက်ဆေး အက်စပရင်ဆေးပြားနှစ်ပြားနှင့်ရေဖန်ခွက်တစ်ခွက်ကိုအဆင် သင့်တွေ့ရသည်၊ နောက်ပြီး အဲ့ဒီဘေးမှာ နှင်းဆီနီနီ တစ်ပွင့်၊ ဂျက်ရုပ်တစ်ရက်ထထိုင်ပြီး သူဝတ်ထားတဲ့ သူ့ အဝတ်အစားတွေကို ပြန်ကြည့်သည်၊ အားလုံးသန့်ရှင်းပြီးမီးပူတိုက်ထားတဲ့အဝတ်သန့်သန့်တွေ၊ ပြီးနောက် အိပ်ခန်းကိုကြည့်လိုက်တော့လည်းအားလုံးစနစ်တကျနှင့်အမှိုက်တစ်စမရှိ သတ်ရပ်သန့်ရှင်းနေတာကိုတွေ့ ရပြန်သည်၊ အိမ်တစ်အိမ်လုံးသန့်ရှင်းနေတာကိုအထူးအဆန်းဖြစ်နေသည်၊ ဒါနဲ့ရေခြိုးခန်းထဲရောက်သွားတော့ သူ့မျက်လုံးတစ်ဝိုက်အညိုအမဲစွဲနေတာကိုမှန်ထဲမှာတွေ့သည်၊ မှန်ဒေါင့်မှာတော့ စာလုံးအနီနဲ့ရေးထားတဲ့စာတစ်စောင် ပြီးတော့အသည်းပုံလေးနှင့် သူ့မိန်းမရဲ့ နှုတ်ခမ်းနီနဲ့လုပ်ထားတဲ့အနမ်းသင်္ကေတတစ်ခုလဲစာထဲမှာပါရဲ့၊” အချစ်ရေ မနက်စာကမီးဖိုပေါ်မှာ ပြင်ထားတယ်၊ အချစ်ကြိုက်မဲ့ညစာကောင်းကောင်းချက်ဖို့ဈေးကိုမနက်စောစောသွားတယ်၊ အချစ်များစွာဖြင့် ဂျူလီ” သူလည်းယိုင်ထိုးယိုင်ထိုးနှင့်မီးဖိုဖက်ကိုဝင်သွားတော့ သိပ်သေခြာတာပေါ့ ပူပူနွေးနွေးမနက်စာကအရံသင့်၊ အငွေ့တစ်ထောင်းထောင်းနဲ့ကော်ဖီပူပူတစ်ခွက် ပြီးတော့မနက်ခင်းသတင်းစာတစ်စောင်၊ နောက်တော့ စားပွဲမှာမနက်စာစားနေတဲ့သူ့သားကိုတွေ့ရသည်၊ ဒါနဲ့ မနေနိုင်ဘဲသားကိုမေးရတော့သည် “သား မနေ့ညကအဖေဘာတွေဖြစ်သေးလည်းကွ၊ မမှတ်မိတော့လို့ပြောပြစမ်းပါဦး”
“ကောင်းပြီ၊ အဖေညကမနက်၃နာရီထိုးမှအိမ်ပြန်ရောက်တယ်၊ လူမှန်းသူမှန်းမသိအောင်ကိုမှုးလာတယ်၊ ပြီးတော့ ကော်ဖီစားပွဲပေါ်ကိုလဲကျပြီး စားပွဲကျိုးသွားတယ်၊ ပြီးတော့ အခန်းထဲအဝင်မှာ တခါးဘောင်နဲ့မျက်နှာဝင်ဆောင့်တယ်၊ဒါကြောင့်အဖေ့မျက်စိမှာအညိုအမဲစွဲသွားတာပေါ့” သူလည်းစိတ်ရှုပ်ထွေးသွားပြီး သားကိုထပ်မေးပြန်တယ် “ဒါဆိုဘာလို့ တစ်အိမ်လုံးသန့်ရှင်းနေရတာလဲ၊ ပြီးတော့ဘာလို့ နှင်းဆီနီတစ်ပွင့်နဲ့ မနက်စာပူပူနွေးနွေအရံသင့်ဖြစ်နေရတာလဲ၊ သိရင်ပြောစမ်းပါဦး”
“အော်..ဒါလား.. ညက အမေကအဖေ့ကိုတရွတ်တိုက်အိပ်ခန်းထဲကို ဆွဲသွင်းသွားပြီး အဝတ်လဲပေးဖို့ ဘောင်းဘီချွတ်တော့ အဖေများအော်လိုက်တာ လေ…မလုပ်ပါနဲ့..မလုပ်ပါနဲ့ ငါ့မှာမိန်းမရှိတယ်လို့ အတင်းကိုရုန်းကန်ပြီးအော်တာ”

ပျက်စီးသွားသောကော်ဖီစားပွဲ ဒေါ်လာ ၂၃၉.၉၉
မနက်စာပူပူ ဒေါ်လာ ၄.၂၀
အက်စပရင်ဆေး ဒေါ်လာ .၃၈

ပြောသင့်တဲ့အချိန်မှာ ပြောရမဲ့စကားကိုပြောတာက…… တန်ဖိုးဖြတ်မရပါ၊

(မှတ်ချက်၊ ၊ပါမောက္ခကြီးတဦးရဲ့ တခါးမှာကပ်ထားသော ဆောင်းပါးဖြတ်ပိုင်းတခုကိုဆီလျော်အောင်ဘာသာပြန်ပါသည်)