Monday, March 16, 2009

သစ္စာရှင်ကြီး ရဲ့ မိန်းမ ယုံအောင်လုပ်နည်း

ဂျက် တစ်ယောက် မနေ့ညက ခရစ်စမတ်ပါတီမှ ပြန်လာပြီးနောက် ဒီမနက်အိပ်ရာကအနှိုးမှာ ခေါင်းတွေကိုက် ပြီးတော်တော်လေးအနေရခက်နေသည်၊ သာမန်အားဖြင့်သူကအရက်ကိုအမြဲသောက်တတ်သူမဟုတ်၊ ဒါပေမယ့် ညကတော့တော်တော်များသွားသည်၊ ဘယ်လောက်များသလဲဆို အိမ်ကိုဘယ်လိုပြန်ရောက်လာတယ်ဆိုတာကို တောင်မမှတ်မိတော့၊ အပျော်လွန်ပြီးလူမှန်းသူမှန်း မသိအောင်ကိုသောက်ပြစ်ခဲ့သည်၊

အခုတော့အတော်လေးအခံရခက်အောင်အရက်နာကျနေသည်၊ အိပ် ရာထဲမှာဘဲ သူဘာတွေများမှားသွားသေးလည်းပြန်စဉ်းစား သည်၊ စဉ်းစားမရ ဒါနဲသူ့မျက်စိကိုအားယူပြီးဖွင့်ကြည့်လိုက်တော့ အိပ်ရာဘေးကစားပွဲပေါ်မှာ ခေါင်းကိုပျောက်ဆေး အက်စပရင်ဆေးပြားနှစ်ပြားနှင့်ရေဖန်ခွက်တစ်ခွက်ကိုအဆင် သင့်တွေ့ရသည်၊ နောက်ပြီး အဲ့ဒီဘေးမှာ နှင်းဆီနီနီ တစ်ပွင့်၊ ဂျက်ရုပ်တစ်ရက်ထထိုင်ပြီး သူဝတ်ထားတဲ့ သူ့ အဝတ်အစားတွေကို ပြန်ကြည့်သည်၊ အားလုံးသန့်ရှင်းပြီးမီးပူတိုက်ထားတဲ့အဝတ်သန့်သန့်တွေ၊ ပြီးနောက် အိပ်ခန်းကိုကြည့်လိုက်တော့လည်းအားလုံးစနစ်တကျနှင့်အမှိုက်တစ်စမရှိ သတ်ရပ်သန့်ရှင်းနေတာကိုတွေ့ ရပြန်သည်၊ အိမ်တစ်အိမ်လုံးသန့်ရှင်းနေတာကိုအထူးအဆန်းဖြစ်နေသည်၊ ဒါနဲ့ရေခြိုးခန်းထဲရောက်သွားတော့ သူ့မျက်လုံးတစ်ဝိုက်အညိုအမဲစွဲနေတာကိုမှန်ထဲမှာတွေ့သည်၊ မှန်ဒေါင့်မှာတော့ စာလုံးအနီနဲ့ရေးထားတဲ့စာတစ်စောင် ပြီးတော့အသည်းပုံလေးနှင့် သူ့မိန်းမရဲ့ နှုတ်ခမ်းနီနဲ့လုပ်ထားတဲ့အနမ်းသင်္ကေတတစ်ခုလဲစာထဲမှာပါရဲ့၊” အချစ်ရေ မနက်စာကမီးဖိုပေါ်မှာ ပြင်ထားတယ်၊ အချစ်ကြိုက်မဲ့ညစာကောင်းကောင်းချက်ဖို့ဈေးကိုမနက်စောစောသွားတယ်၊ အချစ်များစွာဖြင့် ဂျူလီ” သူလည်းယိုင်ထိုးယိုင်ထိုးနှင့်မီးဖိုဖက်ကိုဝင်သွားတော့ သိပ်သေခြာတာပေါ့ ပူပူနွေးနွေးမနက်စာကအရံသင့်၊ အငွေ့တစ်ထောင်းထောင်းနဲ့ကော်ဖီပူပူတစ်ခွက် ပြီးတော့မနက်ခင်းသတင်းစာတစ်စောင်၊ နောက်တော့ စားပွဲမှာမနက်စာစားနေတဲ့သူ့သားကိုတွေ့ရသည်၊ ဒါနဲ့ မနေနိုင်ဘဲသားကိုမေးရတော့သည် “သား မနေ့ညကအဖေဘာတွေဖြစ်သေးလည်းကွ၊ မမှတ်မိတော့လို့ပြောပြစမ်းပါဦး”
“ကောင်းပြီ၊ အဖေညကမနက်၃နာရီထိုးမှအိမ်ပြန်ရောက်တယ်၊ လူမှန်းသူမှန်းမသိအောင်ကိုမှုးလာတယ်၊ ပြီးတော့ ကော်ဖီစားပွဲပေါ်ကိုလဲကျပြီး စားပွဲကျိုးသွားတယ်၊ ပြီးတော့ အခန်းထဲအဝင်မှာ တခါးဘောင်နဲ့မျက်နှာဝင်ဆောင့်တယ်၊ဒါကြောင့်အဖေ့မျက်စိမှာအညိုအမဲစွဲသွားတာပေါ့” သူလည်းစိတ်ရှုပ်ထွေးသွားပြီး သားကိုထပ်မေးပြန်တယ် “ဒါဆိုဘာလို့ တစ်အိမ်လုံးသန့်ရှင်းနေရတာလဲ၊ ပြီးတော့ဘာလို့ နှင်းဆီနီတစ်ပွင့်နဲ့ မနက်စာပူပူနွေးနွေအရံသင့်ဖြစ်နေရတာလဲ၊ သိရင်ပြောစမ်းပါဦး”
“အော်..ဒါလား.. ညက အမေကအဖေ့ကိုတရွတ်တိုက်အိပ်ခန်းထဲကို ဆွဲသွင်းသွားပြီး အဝတ်လဲပေးဖို့ ဘောင်းဘီချွတ်တော့ အဖေများအော်လိုက်တာ လေ…မလုပ်ပါနဲ့..မလုပ်ပါနဲ့ ငါ့မှာမိန်းမရှိတယ်လို့ အတင်းကိုရုန်းကန်ပြီးအော်တာ”

ပျက်စီးသွားသောကော်ဖီစားပွဲ ဒေါ်လာ ၂၃၉.၉၉
မနက်စာပူပူ ဒေါ်လာ ၄.၂၀
အက်စပရင်ဆေး ဒေါ်လာ .၃၈

ပြောသင့်တဲ့အချိန်မှာ ပြောရမဲ့စကားကိုပြောတာက…… တန်ဖိုးဖြတ်မရပါ၊

(မှတ်ချက်၊ ၊ပါမောက္ခကြီးတဦးရဲ့ တခါးမှာကပ်ထားသော ဆောင်းပါးဖြတ်ပိုင်းတခုကိုဆီလျော်အောင်ဘာသာပြန်ပါသည်)

No comments: