Friday, October 16, 2009

မအောင့်နိုင်လို့ပါ

ပြီးခဲ့တဲ့နှစ်လောက်က ငနဲတစ်ယောက်က မြန်မာပြည်အကြောင်းဓာတ်ပုံတစ်ချို့ကို သူ့ဓာတ်ပုံပြပွဲမှာထဲ့ပြတယ်၊ လမ်းဘေးက ခလေးငယ်တွေနဲ့ ညစ်ပတ်တဲ့ဆိုင်လေးတွေပုံပါတယ်၊ ဗီယက်နမ်တို့ ထိုင်းတို့ဓာတ်ပုံတွေလည်းဒီလိုဘဲ၊ လှပတဲ့ပုံတစ်ခုမှမပါဘူး၊ ဒီတော့ ဒီငနဲ ဒီလိုပြတာကို ကျွန်တော် တော်တော် စိတ်ဆိုးမိတယ်၊ ဒီတစ်ခါတော့ကျွန်တော့အလှည့်၊

ကဲပါ..လိုရင်းဘဲရေးတော့မယ်ဗျာ..၊ မြန်မာပြည်မှာ လမ်းဘေးမှာ ရူရူးပေါက်တာတွေ့ရင်မိတ်ဆွေဘယ်လိုမြင်သလဲခင်ဗျာ..၊ မကောင်းဘူး..ဘာဘူး..နိုင်ငံကြီးသားမပီသဘူး စသည်ဖြင့်ပြောမိမလားဘဲ..၊ ကိုယ်ကို တိုင်ကော မအောင့်နိုင်လို့ဆိုပြီးမဆော်မိဘူးလား..၊ စိတ်မဆိုးနဲ့နော်..အတင်းမမေးပါဘူး၊ တစ်ခါထဲပါ ဆိုလည်း ပြီးတာပါဘဲ၊

ဒီတော့ နိုင်ငံကြီးသားဆိုသူတွေကော လမ်းမှာမအောင့်နိုင်ရင်ဘယ်လိုလုပ်ကြမလဲဗျ..၊ အခုမှ သတိရလာပြန်ပြီ.. ငယ်ငယ်က မင်းကွန်းဘက် သွားလည်တုန်း လမ်းဘေးခြုံထဲမှာ ကုန်းကုန်းကွကွနဲ့ ဖြူဖြူဖွေးဖွေးအရာတစ်ခုရုပ်ကနဲတွေ့လိုက်တော့ ဟိုပစ်ဒီပစ်အလွန်ဝါသနာပါတဲ့ ကျွန်တော် ခဲ ရှာပြီးထုမယ်လုပ်မိသေးတယ်..၊ နောက်တော့မှ ကမ္ဘာလှည့်ခရီးသွားအဖြူမတစ် ယောက်ဖြစ်နေတာ သိလိုက်ရတယ်၊ တော်သေးလို့..၊ တောက်.. အဲဒီတုန်းက ကင်မရာတွေဘာတွေမရှိတာနာတယ်..၊

ဟေ့..ဒို့အမေရိကန်မှာတော့ ဒါမျိုးမလုပ်နဲ့ မရဘူး လာမပြောနဲ့..၊ ဒီတစ်ခါတော့ သားကောင်တစ်ကောင်မိပြီ..၊ ကင်မရာကလည်းအရန်သင့်ဆိုတော့ ကဲမင်းဘယ်ပြေးမလည်း..၊


မှတ်ထား.. အရပ်ထဲက ဓာတ်ပုံဆရာ၊ ဒီက "ပါပါရာဇီး" မဟုတ်တောင် "ပါပါနားနီး" တော့ရိုက်တတ်ပါတယ်၊ ကဲ..နောက်မှပုံတွေစုပြီ ပြပွဲလုပ်ရဦးမယ်၊ လာကြည့်ကြနော်..

ဒါနဲ့..အခု.. လျှပ်တစ်ပြတ် ဓာတ်ပုံကိုရူ့စားပြီးရင် မအောင့်နိုင်သူများကို ဘာများပြောမလည်းခင်ဗျာ..၊


ပျော်ရွှင်ကြပါစေ..

3 comments:

kiki said...

အန္တရာယ် လွယ်နိုင်ဘူးးးးးး ဆိုတာ ဒါမျိုး နေမှာပေါ့ လေ .... ကျန်းမာရေး က အရေးကြီးတယ် မဟုတ်လား ။
ဒါမျိုးကိစ္စ ဘယ်အောင့်လို့ ရမှာလည်း နော့ ။
နိုင်ငံကြီးသားဆိုတာလည်း ပေါက်ချိန်တန် ပေါက်ရမှာပဲ ..
ဟဲ ဟဲ ..
ဆက်လက်ပြီး တင်ပြမဲ့  လျှပ်တစ်ပြက်ရိုက်ချက်များကို ရင်ခုန် စွာ စောင့်မျှော်လျှက် ......

( word verification ကြီး ဖြုတ်ထားလိုက်ပါလား ဦးရန်မျိုးရေ ..)

Mya Nandar said...

yeah I totally agree with you. medias always make our country's image to be looked down. there are lots of proletarian and skint places in europe and america.

ဖြူတုတ်လေး said...

I totally agree with you on this issue. They like to point out others' flaws so much so that they overlook their own.