Friday, June 19, 2009

ဘယ်လိုလူစားလဲ


ကျွန်တော်မနှစ်က UNC (University of North Carolina at Chapel Hill) မှာတက်ခဲ့ရတဲ့ သင်တန်းတခု ကတော့ ကိုယ်ဘယ်လို personality လဲဆိုတာကိုကိုယ့်ဟာကိုသိရှိဖို့ရန်နှင့် အဲ့ဒီကနေဘယ်လို လူမျိုးကဘယ်လိုမျိုးဆုံးဖြတ်တတ်တယ်၊ ဘယ်လိုပုံစံနဲ့သတင်းအချက်အလက် တွေကိုရယူတတ်တယ်၊ သူ့ရဲ့ စွမ်းအားတွေကိုဘယ် ကနေရယူတယ် နဲ့ လူနေထိုင်မှု ပုံစံဘယ်လိုရှိတယ်ဆိုတာကိုလေ့လာတာပါ၊ တချို့လည်းသိပြီးဖြစ်ပါလိမ့်မယ် မသိသေးတဲ့သူ တွေအတွက်သိသလောက်ပြန်လည်တင်ပြလိုက်ပါတယ်၊



ဒီလို "ပါစင်နယ်လတီ" ကိုတိုင်းတာတဲ့နေရာမှာ indicator ပုံစံမျိုးစုံရှိပါတယ်၊ ကျွန်တော်လေ့လာ ခဲ့တာကတော့ Myers-Briggs Type Indicator (MBTI) ရဲ့ပုံစံပါ၊
ဒီ စံညွှန်းတွေကို ပြု့စု့ခဲ့တဲ့ Katharine Cook Briggs နဲ့ Isabel Briggs Myers တို့ဟာ သားအမိတော်ပါတယ်၊ သူတို့နှစ်ယောက်လုံးဟာ စိတ်ပညာကို ပုံစံတကျသင်ကြားလာခဲ့သူတွေလည်းမဟုတ်ပါဘူး၊ 1920 ခုကာလတွေမှာ Katherine Briggs က Carl Jung ရဲ့စာတွေကိုလေ့လာခဲ့ရာကနေ innate type preferences (မွေးရာပါသဘာဝ အကြိုက်ပုံစံများ) သီအိုရီကိုအခြေခံပြီး ပြု့စုခဲ့တာဖြစ်ပါတယ်၊ ၁၉၄၀ ခုလောက်မှာ လက်တွေ့စတင်အသုံးပြု့ခဲ့ပြီး ၁၉၅၀ ခုလောက်ကစပြီးတော့ အမေရိကန်တဝန်းကတက္ကသိုလ်တွေအတော်များများမှာအသုံးပြု့လာပါတယ်၊



မိမိဘယ်လိုလူလဲဆိုတာစမ်းသပ်ဖို့ နေရာကို ဒီစာရဲ့တစ်နေရာမှာ လင့်ဖော်ပြပေးထားပါတယ်၊

ရည်ရွယ်ချက်တွေကတော့ ကိုယ့်ကိုကိုယ်ပိုပြီးသတိပြုမိလာစေဖို့ နဲ့ ကိုယ်ရဲ့ရပ်တည်ချက် အမြင်ကိုပိုမိုခိုင်မာလာစေဖို့၊ နောက်ပြီးလူတွေတစ်ယောက်နဲ့တစ်ယောက် စွမ်းအင်ရယူရာမှာ သတင်းအချက်အလက်စုဆောင်းရယူရာမှာ ဆုံးဖြတ်ချက်ချတဲ့အခါမှာ နဲ့ နေထိုင်မှုပုံစံတွေ ဟာ ဘယ်လိုမျိုးကွဲပြားခြားနားသလဲဆိုတာကိုလေ့လာသိရှိဖို့ရန်၊ အဲ့ဒီလို သိရှိလာပြီးရင် မိမိကိုယ်ကိုမြင့်တင်ဖို့ ဒီအသိတွေကိုလက်တွေ့မိမိကိုယ်တိုင်နဲ့ အသက်မွေးဝမ်းကျောင်းနယ်ပါယ်အသီးသီးမှာ အသုံးချနိုင်စေရန် တို့ဖြစ်ပါတယ်၊
လူတွေရဲ့တစ်ဦးချင်းစီအကြိုက်မတူမှုတွေကိုနားလည်ဖို့၊မိမိနဲ့အကိုက်ညီဆုံးအသက်မွေးဝမ်းကြောင်းပညာကိုရွေး ချယ်နိုင်ဖို့၊ အခြားလူတွေနဲ့ဆက်ဆံရာမှာ နားလည်မှုပိုရှိလာစေဖို့ တခြားလူတွေရဲ့ မတူကွဲပြားခြားနားမှုကို တန်ဖိုးထားနားလည်လာစေဖို့၊ တစ်ယောက်နဲ့တစ်ယောက်ဆက်ဆံရာမှာ ပိုမိုအပြုသဘောဆောင်နိုင်လာစေဖို့ဆိုတဲ့ ကနဦးရည်မှန်းချက်တွေလည်းရှိပါတယ်၊ ၁၉၄၀ ခုနှစ်ကထဲကစတင်တည်ထောင်ခဲ့တဲ့ Center for the Application of Psychological Type (CAPT) ဆိုတဲ့အဖွဲ့ဟာလည်း ယနေ့ထိ သုတေသနတွေဆက်လက်လုပ်ကိုင်နေကြပါတယ်၊
သူတို့ရဲ့တိုင်းတာမှုစံညွှန်းတွေဟာ တခြားစံညွှန်းတွေထက်ပိုပြီး ခိုင်မာမှုရှိတယ်၊


နောက်ပြီးပို စိတ်ချရပြီး လူကြိုက်များတယ်လို့ဆိုပါတယ်၊ ၆၅ ကနေ ၈၅ (တချို့ကလည်း ၉၀ ရာနှုန်းအထက်)ရာနှုန်းမှန်ကန်မှုရှိတယ်လို့လဲရေးထားပါတယ်၊ ကျွန်တော့်ရဲ့ ရီပို့ ကိုနမှုနာဖော်ပြပေးလိုက်ပါတယ်၊

ပြောရရင်တော့.. အဲ..အပြောခင်ဒါလေးအရင်စမ်းကြည့်ပါဦး (MBTI ပုံစံတော့မဟုတ်သေးပါဘူး)



စမ်းပြီးရင်ဆက်ရအောင်ပါ..
လူတွေဟာဘယ်လို စွမ်းအင်တွေရသလဲဆိုတာမှာ နှစ်မျိုးခွဲပါတယ်၊ Extraversion (E) နဲ့ Introversion (I) တို့ဖြစ်ပါတယ်၊ (အပေါ်က စမ်းသပ်တဲ့ပုံစံမှာ E type စာလုံးပေါင်းမတူတာကိုတော့ ထားလိုက်ပါ)
Extravert (E) တွေကတော့ ပြင်ပလောကကိုအာရုံစိုက်ပါတယ်၊ အဓိကအာရုံလှုံဆော်မှုတွေကပြင်ပကလာပါတယ်၊ စွမ်းအားတွေကို တခြားလူတွေ ပြင်ပအတွေ့အကြုံတွေဆီကနေရယူပါတယ်၊ ပြင်ပနဲ့ဆက်ဆံရာမှာ စတင်လှုပ်ရှားလှုံ့ဆော်ရာမှာတော်သူတွေဖြစ်ကြပါတယ်၊ သူတို့စိတ်ဝင်စားတဲ့ အရာတွေ (ဘာသာရပ်တွေ) ကကျယ်ပြန့်ပါတယ်၊ လူတွေနဲ့ပြောဆိုဆက်ဆံရာမှာ လွတ်လွတ်လပ်လပ်ပွင့်လင်းမှုရှိပါတယ်၊ သူတို့ပုံစံက စတင်ပြောဆိုမယ် ပြီးတော့ တုံ့ပြန်မယ် ပြီးရင် တစ်ခါဆက်ပြီးအကြောင်းအရာတွေကိုဦးဆောင်စတင်ပါမယ်၊ လူတွေနဲ့ပြောဆိုနေစဉ်မှာ တစ်ပြိုင်နက်ထဲ စဉ်းစားတွေခေါ်တတ်ပါတယ်၊ လူတွေကို စတင်မိတ်ဆွေဖွဲ့မယ့်သူမျိုးဖြစ်ပါတယ်၊ မိတ်ဆွေအပေါင်းအသင်းများကျယ်ပြန့်များပြားစွာရှိသူများဖြစ်ပါတယ်၊ လူမှုဆက်ဆန်ရေးကောင်းသူများဖြစ်ပါတယ်၊ စကားပြောဆိုရတာနဲ့ နားထောင်ရတာကိုကြိုက်နှစ်သက်ပါတယ်၊

Introvert (I) တွေကတော့ E တွေနဲ့ပြောင်းပြန်ပါ၊ အာရုံလှုံဆော်မှုတွေက မိမိဘာသာတွေးခေါ်မှုတွေ တုံ့ပြန်မှုတွေကနေ (အတွင်းပိုင်းက)စတင်ပါမယ်၊ မိမိဘာသာစွမ်းအားတွေကို မိမိအတွေ့အကြုံအတွေးအခေါ်တွေကနေရယူတတ်ပါတယ၊်
အလိုက်သင့်တုံ့ပြန်ရာမှာ သူများပြောတာကိုဝေဖန်ပိုင်းခြားရာမှာတော်တဲ့သူတွေဖြစ်ပါတယ်၊
နက်နက်နဲနဲတွေးခေါ်ရတဲအလုပ်မျိုးကိုပိုစိတ်ဝင်စားကြပါတယ်၊ လူတွေနဲ့ဆက်ဆံရာမှာ မိမိမသိသူ မယုံကြည်သေးသူတွေနဲ့တွေ့ရင်နှုတ်ဆိပ်နေတတ်ပါတယ်၊ သူတို့ပုံစံက သူများပြောတာကို တုန့်ပြန်မယ်၊ ပြန်လည်စတင်ပြောဆိုကောင်းပြောဆိုနိုင်ပေမယ့် သူများကိုဘဲတုန့်ပြန်ပြောမယ်ဆိုတဲ့လူမျိုးတွေပါ၊ တယောက်ထဲ စဉ်းစားတွေးခေါ်တဲ့နေရာမှာတော့အကောင်းဆုံးပါဘဲ၊ မိမိယုံကြည်ရသူတွေနဲ့သာအမြင်ခြင်းဖလှယ်တတ်ပါတယ်၊ ယေဘူယျအားဖြင့်တော့ သူများကလာပြီးစကားစမိတ်ဆက်လာတာကို စောင့်နေတတ်ပါတယ်၊ နက်နက်နဲနဲခင်မင်ရတဲ့ မိတ်ဆွေအနည်းငယ်ဘဲထားတတ်ပါတယ် အဲဒီမိတ်ဆွေကလည်းတကယ့်မိသားစုလိုရင်းနီးသူမျိုးဖြစ်ပါမယ်၊ အထူးသဖြင့် စာရေး စာဖတ်တာကို ထာသနာထုံပါတယ် (ဘလောက်ရေးနေသူများဖြစ်နိုင်ပါတယ်)၊

နောက်တစ်မျိုးကတော့ လူတွေဘယ်လိုမျိုးပုံစံနဲ့သတင်းအချက်အလက်တွေရယူသလဲဆိုတဲ့ နေရာမှာလည်းနှစ်မျိုးခွဲ ထားပါတယ်၊ Sensing (S) နဲ့ Intuition (N) တို့ဖြစ်ပါတယ်၊
Sensing (S) ကတော့ သတင်းတွေကိုရယူရာမှာ မြင်တာ၊ ကြားတာ၊ ခံစားသိရှိတာ၊ အရသာ နဲ့ အနံ စတဲ့ အာရုံငါးပါးကိုအသုံးပြုပါတယ်၊ သိရှိပြီးသားအချက်တွေကို အခြေခံပြီးကိုင်တွယ် ပါတယ်၊ လက်ရှိအခြေအနေမှာ (ပစ္စုပန်မှာ) နေထိုင်သူများဖြစ်ပါတယ်၊ လက်ရှိအခြေအနေ ပျော်ရွှင်မှုကိုဘဲအာရုံစိုက်ပါတယ်၊ လက်တွေ့ ဘဝအတွေ့အကြုံတွေကို အခြေခံပြီးဘဲယုံတတ်ပါတယ်၊ ခိုင်မာမှုကိုကြိုက်နှစ်သက်သူတွေဖြစ်ပါတယ်၊
Intuition (N) တွေကတော့ ဆဌမအာရုံကိုအခြေခံပြီး သတင်းတွေကို ဝေဖန်ပိုင်းခြားပါတယ် (ခံစားတွေးမြင်တာမျိုး)၊ ဖြစ်နိုင်ခြေရှိမှုတွေကိုကိုင်တွယ်ရတာကြိုက်ပါတယ် (ချဲထိုးတာမျိုးနေမှာပေါ့)၊ အနာဂတ်ကာလကိုတွေးထင်ပျော်ရွှင်ပြီးနေထိုင်ပါတယ်၊ လက်တွေ့အတွေ့အကြုံတွေထက် သီအိုရီတွေကို ပိုယုံကြည်တတ်ကြပါတယ်၊

နောက်ဆုံးဖြတ်ချက်တွေကိုဘယ်လိုချတတ်သလဲဆိုတာနဲပတ်သတ်ပြီးတော့ Thinking (T) နဲ့ Feeling (F) ဆိုပြီးနှစ်မျိုးခွဲပြန်ပါတယ်၊
Thinking (T) ကတော့ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ကျိုးကြောင်းစပ်ဆက်မှုနဲ့ ရလဒ်အဖြေအပေါ်အခြေခံပါတယ်၊ ပုဂ္ဂိုလ်ရေးမပါဘဲ လက်တွေ့လေ့လာဆန်းစစ်မှု နဲ့စည်းမျဉ်းတွေကိုအသုံးချပြီးဆုံးဖြတ်တတ်ပါတယ်၊ ကျိုးကြောင်းဆက်စပ်တွေးခေါ်မှု (logic) ကိုပိုယုံပါတယ်၊ တရားမျှတမှုကို ဦးထိပ်ထားသူတွေဖြစ်ကြပါတယ်၊ ကျိုးကြောင်းဆီလျော်မှု (Reasonableness) ကိုတန်ဖိုးထားသူများဖြစ်ပါတယ်၊
Feeling (F) ကတော့ ပုဂ္ဂိုလ်ရေးကို အခြေခံပြီး ဆုံးဖြတ်တတ်ကြပါတယ်၊ နောက်ပြီး မိမိကြိုက်တာ မကြိုက်တာ၊ တန်ဖိုးထားမှု နဲ့ လူတွေအပေါ်အကြိုးသက်ရောက်မှုတွေကို အခြေခံဆုံးဖြတ်ဖို့နှစ်သက်တတ်ကြပါတယ်၊ ပုဂ္ဂိုလ်ရေးပေါ်မှာဘဲပိုယုံကြည်တတ်ကြပါတယ်၊ လိုက်လျောညီထွေရှိမှု (Harmony) ကို ဦးထိပ်ထားတတ်ပါတယ်၊ ကိုယ်ခြင်းစာတရား (Compassion) ကိုတန်ဖိုးထားသူများဖြစ်ပါတယ်၊

နောက်ဆုံးအနေနဲ့ ဘယ်လိုဘဝပုံစံ (Lifestyle) ကိုကြိုက်နှစ်သက်သလဲ ဆိုရာမှာလည်း Judging (J) နဲ့ Perceiving (P) ဆိုပြီးနှစ်မျိုးခွဲ ထားပါတယ်၊
Judging (J) တွေကတော့ ဆုံးဖြတ်ချက်ကို ထိထိရောက်ရောက် အလျင်အမြန်ချနိုင်သူတွေဖြစ်ပါတယ်၊ နီးနီးကပ်ကပ်ရှိမှုအပေါ်မှာ ကျေနပ်မှုရှိပြီးနေရထိုင်ရသက်တောင့်သက်သာရှိတတ်ပါတယ်၊ အလုပ်လုပ်ရာမှာစိတ်လှုပ်ရှားရှုပ်ထွေးမှုကို ရှောင်နိုင်ဖို့ စနစ်တကျ ပြင်ဆင်ပြီးစီမံကိန်းဆွဲပြီးလုပ်တတ်ကြပါတယ်၊ အသေခြာမရေရာမှုတွေအပေါ်မှာ သိပ်ပြီးစိတ်ရှည် သည်းခံမှုမရှိတတ်ပါဘူး၊ သူတို့အကြိုက်ကတော့ တိကျသေခြာမှု ပုံစံကြမှုတွေပါဘဲ၊
Perceiving (P) တွေကတော့ ပြောင်းလွယ်ပြင်လွယ်တွေပါ၊ လိုက်လျောညီထွေအလွယ်တစ်ကူအသားတကျနေတတ်ပါတယ်၊ ပြင်ပပရောဂမပါဘဲ စိတ်ထဲရှိတာကိုလုပ်နေရရင်ကြေနပ်နေတတ်သူတွေဖြစ်ပါတယ်၊ ပွင့်ပွင့်လင်းလင်းရှိနေတာကို ထိမ်းသိမ်းထားရတာကြိုက်ပါတယ်၊ ပြီးရမယ်အချိန်မှာ ပြီးသွားဖို့( Deadlines) ကို အာရုံထားပါတယ်၊ အဓိပါယ်နှစ်ခွ ဖြစ်တတ်တဲ့ ကိစ္စတွေ စကားတွေကို သည်းခံနိုင်ကြပါတယ်၊ အဆင်ပြေပြေလိုက်လျောညီထွေနေရတာကြိုက်ပါတယ်၊

ပါစင်နယ်လတီတိုက် ကို ၁၆မျိုးပြန်ခွဲထားပါတယ်၊ ISTJ, ISFJ, INFJ, INTJ, ISTP, ISFP, INFP,INTP,ESTP,ESFP,ENFP,ENTP,ESTJ,ESFJ,ENFJ,ENTJ တို့ဖြစ်ပါတယ်၊ မကြာခင်မိမိဟာ ဘယ်လိုပုံစံနဲ့အကြုံးဝင်လည်းဆိုတာ မေးခွန်းတွေဖြေပြီးရင်သိလာပါလိမ့်မယ်၊
အမေရိကန်ကလူတွေကတော့ သူတို့ရဲ့စစ်တမ်းအရ E 48%, I 52%, S 75%, N 25%, T 45%, F 55%, J 55%, P 45% ရှိတယ်လို့သိရပါတယ်၊


ကဲ..သင်ဘယ်လိုလူမျိုးလဲ ဆိုတာကို ဒီမှာ စမ်းကြည့်လိုက်ရအောင် (ဝက်ဆိုက်ကိုရောက်ရင် Do it! ကိုနှိပ်ပြီးမေးခွန်းတွေကိုဖြေပေးပါ၊ မေးခွန်းကများတော့ အချိန်တော့နဲနဲယူရပါမယ်၊)


အမKom Cbox မှာရေးသွားတာကိုတွေ့ရာကနေ ရေးဖို့စိတ်ကူးရလာတာပါ၊ အမှားအယွင်းရှိခဲ့ရင်ကျွန်တော့တာဝန်သာဖြစ်ပါတယ် MBTI နှင့်မဆိုင်ပါ၊

ရွှင်လန်းချမ်းမြေ့ကြပါစေ..

2 comments:

khin oo may said...

quiz ဖြေကြည့်တာ အံသြဘွယ်ရာ introverted ဆိုဘဲ
ကိုယ့်ကိုယ်ကိုတော့ extroverted လို့ထင်ခဲ့မိတယ်။

khin oo may said...

နောက်တစ်ခုကတော့
You are:

* slightly expressed extravert
* slightly expressed sensing personality
* moderately expressed feeling personality
* distinctively expressed perceiving personality