Saturday, November 28, 2009

ကျောင်းဖွင့်ပွဲ


ဒီနေ့ နိုဝင်လာလ ၂၈ ရက် မှာ နော့လ်ကာရိုလိုင်းနားပြည်နယ် ချက်ပါဟေးမှာ မြန်မာဘုန်းတော်ကြီးကျောင်းဖွင့်ပွဲကျင်းပခဲ့ပါတယ်၊ ပီနန်ဆရာတော်ဘုရားကြီးနှင့်အတူ.. ဟိုက်ပွိုင့် ဆရာတော်၊ ဂျော်ဂျီယာဆရာတော်အစရှိတဲ့ဆရာတော်များနှင့် အနယ်နယ်အရပ်ရပ်က ဆရာတော်များလည်းတက်ရောက်လာတာတွေ့ရပါတယ်၊







ကျောင်းဖွင့်ပွဲမှာ ရိုးရာအစားအစာမျိုးစုံနဲ့ဧည့်ခံခဲ့သလို အနယ်နယ်အရပ်ရပ်က မြန်မာများလည်း လာရောက်တာကိုတွေ့ရပါတယ်၊ ထို့အပြင် အထက်တန်းကျောင်းသူကျောင်းသားများရဲ့ ကရင်ဒုံးယိမ်းအကများဖြင့်လည်းကပြဖျော်ဖြည်ခဲ့ပါတယ်၊






၁၀ဧကကျယ်တဲ့ ခြံဝင်းထဲမှာ ကလေးများလည်း လွတ်လွတ်လပ်လပ်ဆော့ကစားခွင့်ရခဲ့ကြပါတယ်၊


အင်မတန်အလုပ်ရှုပ်နေကြတဲ့ ဂေါပကအဖွဲ့ဝင်တွေနဲ့တော့ စကားပြောခွင့်သိပ်မရခဲ့ပေမယ့် ကျွန်တော်ရိုက်ခဲ့တဲ့ ဓာတ်ပုံတချို့ကို တင်ပြလိုက်ရပါတယ်၊
















No comments: