Wednesday, March 18, 2015

ဗီယက်နမ်စစ်ပြန်ရဟတ်ယဉ် CH-46D



1970 ခုနှစ် Jan 31 ရက်မှာ ရဟတ်ယဉ်တပ်သား ရေမွန်မိုက်ကယ် ကလောဆန် ဂျူနီယာ တစ်ယောက် ဒီ CH-46D ရဟတ်ယဉ်ကြီးနဲ့ ဗီယက်နမ်နိုင်ငံ ဒါနမ်အနီးမှာ အပြင်းအထန် ပစ်ခတ်ခံနေရပြီး မိုင်းကွင်းထဲပိတ်မိနေတဲ့ အမေရိကန်မရိန်းတပ်သား ၂၀ ကို ကယ်တင်ဖို့ သွားခဲ့ရပါတယ်..၊ ရဟတ်ယဉ်မှူး လက်ဖတင်နင်ကာနယ် လဲဖ်ဘက်တား က လေယဉ်ပေါ်မှာဘဲနေဖို့ပြောပေမယ့်.. ပစ်ခတ်ခံနေတဲ့ ကြားက မိုင်းကွင်းထဲကို ဖြတ်ပြီး ကျဆုံးစစ်သည် တစ်ဦး အပါအ၀င် ဒဏ်ရာရသူ ၁၁ ယောက်ထဲက လမ်းမလျှောက်နိုင်တဲ့သူတွေကို မိုင်းကွင်းကို ဖြတ်ပြီး ၆ ခေါက်တိတိထမ်းခေါ် နိုင်ခဲ့သလို ကျန် အားလုံးလည်း ကယ်ထုပ်နိုင်ခဲ့ပါတယ်၊ ထူထပ်နေတဲ့ မိုင်းကွင်းကြားထဲမှာ သူ့ခြေရာကို ထပ်ခြပ်နင်းပြီး အားလုံးမိုင်းမထိဘဲဆုတ်ခွာ နိုင်ခဲ့ကြပါတယ်..၊
သူ့ကို သမ္မတ ရစ်ချက်နစ်ဆင်က အိမ်ဖြူတော်မှာ Medal of Honor ဂုဏ်ပြု့တံဆိပ်ချီးမြှင့်ခဲ့ပါတယ်..၊
ကလောဆန်ဂျူနီယာကတော့ အသဲရောဂါနဲ့ ၂၀၀၄ မှာကွယ်လွန်ခဲ့ပြီး ရဟတ်ယဉ်ကြီးကတော့ ပြတိုက်ထဲမှာ အနားယူနေပါပြီ..၊


ဒီလို CH-46 (Boeing Vertol CH-46 Sea Knight) ပန်ကာနှစ်ခုနဲ့ ရဟတ်ယဉ်တွေကို စစ်တပ်မှာ ၁၉၆၀ ပတ်ဝန်ကျင်မှာ စသုံးခဲ့ပါတယ်..၊ အရပ်ဖက်သုံးတွေကိုတော့ BV -107 နာမည်နဲ့ထုတ်ခဲ့ပါတယ်..၊ နောက် ကာဝါဆာကီကို ကန်ထရိုက်ပေးပြီး KV-107 ဆိုပြီး ဂျပန်မှာ ထုတ်ပါသေးတယ်၊ ကနေဒါ၊ဆွီဒင်၊ဂျပန် တို့မှာ ဗားရှင်းအလိုက် အသုံးပြုပါတယ်..၊
CH-46A အစားထိုး CH-46D ဗားရှင်းကို ၁၉၆၇ ခုမှာ ဗီယက်နမ်စစ်ပွဲမှာ စသုံးခဲ့ပါတယ်၊ တပ်သား ၂၅ ယောက်တင်နိုင်ပြီး၊ ကုန်ချိန်ပေါင် ၇၀၀၀ သယ်နိုင်ပါတယ်..၊

နောက်တော့ အင်မတန်မှ ဒီဇိုင်းလှတဲ့ ပန်ကာတွေလှည့်နိုင်တဲ့ Bell Boeing V-22 Osprey တွေ နဲ့အစားထိုးခဲ့ပါတယ်၊ V-22 Osprey ထရိန်နင်ကို ၂၀၀၀ခုကထဲကပေးပြီး ၂၀၀၇မှစသုံး..၊

No comments: