တစ်ခါက
တစ်ဘ၀ များ…
ည
၁၁နာရီကျော်လောက်မှာ ဗာဘူးနီးယားမြို့ (Vavuniya) ကိုရထားဆိုက်တော့ မှောင်မဲနေတဲ့
ရထားပေါ်မှာ အေးအေဆေးဆေး လူရှင်းတဲ့အထိ ထိုင်စောင့်နေပြီးမှ ဆင်းခဲ့ပါတယ်..၊ ရထားကလည်းဒိထက်ရှေ့ဆက်မသွားတော့ပါ..၊
စစ်ဒဏ်ကြောင့် ရှေ့မှာရထားလမ်းအပိုင်းအစတွေ နဲ့ဘူတာရုံအပျက်တွေဘဲရှိပါတော့မယ်.၊ဒီမြို့က
နောက်ဆုံးအစိုးရထိမ်းချုပ်ထားတဲ့မြို့ဖြစ်ပြီး ဒီမြို့ကစပြီး မြောက်ဖက်ကို တမီးအီလန်း
အယ်လ်တီတီအီးကျားသူပုန်တွေ ထိမ်းချုပ်ထားပါတယ်..၊အေကေ ၄၇ကိုင်ထားတဲ့ အစောင့်တွေက လူတွေနဲ့အိပ်တွေကို
စစ်ဆေးပြီးမှ ဘူတာကထွက်စေပါတယ်..၊