Friday, May 8, 2009

နော့ကာရိုလိုင်းနား မှ မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော် (ကာဘိုရို၊ချက်ပါယ်ဟေး)


ချက်ပါယ်ဟေး ကာဘိုရို တဝိုက်မှာ အခြေချ နေထိုင်ကြတဲ့ မြန်မာ တိုင်းရင်းသားပေါင်းစုံ စည်းလုံးညီညွတ်စွာ ကျင်းပခဲ့ကြတဲ့ မြန်မာ့ရိုးရာ အတာသင်္ကြန် ပွဲတော်ဟာ ၂၀၀၇ ခုနှစ်ကစတင်ခဲ့ပြီး ယခုဆိုရင်သုံးနှစ် သုံးကြိမ်တိုင်ခဲ့ပါပြီ၊
ကျွန်တော့်မိတ်ဆွေ သင်္ကြန်ဖြစ်မြောက်ရေး တာဝန်ခံ ကိုဇော်မင်းသူ က မကြာမှီ မေလ ၂၄ ရက်မှာ ကျင်းပမဲ့သင်္ကြန်ပွဲတော် ပြင်ဆင်နေကြပုံအကြောင်းနဲ့ အခြေအနေအရပ်ရပ်ကို ရှင်းပြပါတယ်၊ ထို့အပြင်ဓာတ်ပုံအချို့ကိုလည်းပေးပို့ လို့ ခွင့်ပြု့ချက်အရ ဖော်ပြပေးလိုက်ပါတယ်၊ သင်္ကြန်ပွဲ ရဲ့ဓာတ်ပုံတွေကိုလည်းမကြာမှီမှာ ဖော်ပြပေးပါဦးမယ်၊


အကြောင်းအမျိုးမျိုးနဲ့ရောက်ရှိအခြေ ချလာကြတဲ့ ချက်ပါယ်ဟေး ကာဘိုရိုမြို့နေ မြန်မာလူမျိုး တိုင်းရင်းသားပေါင်းစုံဟာ အခက်အခဲအမျိုးမျိုးကြားက အချိန်လုပြီး ကိုယ်ထူ ကိုယ်ထ အချိန်၊လုပ်အား ၊ငွေ တို့ထဲ့ဝင်ကြပြီ်း အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး ရိုးရာမပျက် နှစ်သစ်ကူးပွဲတော်ကို ကျင်းပနေကြောင်းသိရပါတယ်၊

ယခုမြန်မာ့ရိုးရာနှစ်သစ်ကူးပွဲတော်မှာ သက်ကြီးပူ ဇော်ပွဲ၊ကံစမ်း လက်မှတ်မဲဖေါက်ခြင်း၊ရိုးရာယဉ်ကျေးမှု အကပေါင်းစုံ၊သင်္ကြန် လှပျိုဖြူများရဲ့ သင်္ကြန်ယိမ်းပေါင်းစုံ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကပေါင်းစုံအပြင် ရွှေဝါရောင်သင်္ကြန်မောင်အဖွဲ့ရဲ့ဒိုးပတ်သံချပ်များဖြင့် မြိုင်မြိုင်ဆိုင်ဆိုင်ကျင်းပဖို့စီစဉ်ထား ကြောင်းသိ ရပါတယ်။
ဒါအပြင်ကြွရောက်လာတဲ့ပရိတ်သတ်အားလုံးကို လူမျိုး၊ဘာသာမရွေး သုံးဆောင်နိုင်တဲ့မြန်မာ အစားအ သောက်ပေါင်းစုံနဲ့စတုဒီတာ ဧည့်ခံ ကျွေးမွေးမှာဖြစ်ပြီး၊ UR-Not Me! ခေတ်ပေါ်တေးဂီတအဖွဲ့ ရဲ့ Live Show အစီအစဉ် လည်းပါဝင်မှာဖြစ်ကြောင်း သိရပါတယ်၊ ပတ်ဝန်းကျင်မြို့များဖြစ်တဲ့ Raleigh, Wilmington, New Burn,Garner န့ဲ Pittsboro တို့အပြင် နီးစပ်ရာပြည်နယ်များဖြစ်တ့ဲ Kentucky, Virginia, Georgia, Maryland, Washington DC, South Carolina, Oregon တို့မှ မြန်မာမိသားစုများ လည်းလာရောက် ဆင်နွဲကြမယ် လို့သိရပါတယ်။
University of North Carolina (Chapel Hill), Duke University (Durham) နှင့် Chapel Hill, Carrboro တဝိုက်ရှိကျောင်းများ မှအထူးဧည့်သည် တော် များလည်းတက်ရောက်ကြမှာ ဖြစ်ကြောင်း သိရပါတယ်။
နောင်နှစ်များမှာလည်း ယခုကဲ့သို့ မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို ရိုးရာအစဉ်အလာမပျက် နှစ်စဉ်နှစ်တိုင်းကျင်းပမြဲ ဆက်တိုက်ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်၊
Burmatoday မှာဖော်ပြထားတဲ့ သတင်းကိုလည်း ဒီမှာဖတ်နိုင်ပါတယ်၊

နော့ကာရိုလိုင်းနား ရဲ့အခြားမြို့တမြို့ ဖြစ်တဲ့ ဟိုက်ပွိုင့် မှာလည်း သင်္ကြန်ပွဲကျင်းပကြမယ်လို့ သိရှိရပေမယ့် အစီအစဉ် ကိုသိရှိရခြင်း မရှိလို့ မဖော်ပြပေးနိုင်သေးပါဘူး၊
ကမ္ဘာအနှံ့မှာ ကျင်းပနေကြတဲ့ရိုးရာ သင်္ကြန်ပွဲများကိုကြည့်ပြီး ပျော်ရွှင်ကြည်နှူးရင်း မကြာခင်ရောက်လာတော့မယ့် နောလ့်ကာရိုလိုင်းနား ရဲ့ မြန်မာရိုးရာအတာသင်္ကြန် ပွဲကို ရင်ခုန်စွာစောင့်နေမိပါတော့တယ်…
လိပ်စာကတော့..
9118 Old NC 86
Chapel Hill, NC 27516
Time: 12:00 noon to 6 pm
Date: May 24, 2009
ဒီအတိုင်းမောင်းလာရင်လည်းရပါတယ်၊

4 comments:

Unknown said...

Where is the information of High Point's Thinggyan Festival?

ကိုမျိုး said...

Nay ရေ လင့်မချန်ခဲ့လို့ဒီကဘဲအကြောင်းပြန်လိုက်တယ်၊ ဟိုက်ပွိုင့်သကြ`်န်ကလည်းမေလ ၂၄ရက်ဘဲ၊ နေရာက 101 Gordon Street, Hight Point, NC 27260 Washington terrace Park မှာပါ အချိန်ကတော့ မနက်၉နာရီကနေညနေထိလို့သိရတယ်၊ burmatoday မှာလည်းဖော်ပြထားတယ်၊

Anonymous said...

သီချင်းလာဆိုချင်လို့ရမလား?

ကိုရင်နော်ခင်လေးငယ် said...

ယိမ်းသမလေးတွေ တယ်ချောသကိုး...း)

ကိုရင်နော်