Tuesday, July 6, 2010

ချက်ပါယ်ဟေး မှရဟန်းခံရှင်ပြု အလှူပွဲ

ဇူလိုင်လ ၃ ရက်နေ့ နဲ့ ၄ရက်နေ့ နှစ်ရက် ချက်ပါယ်ဟေး၊ကာဘိုရိုဘုန်းကြီးကျောင်းမှာ ရဟန်းခံ ရှင်ပြုနားသ မင်္ဂလာ အလှူပွဲ ကျင်းပခဲ့ပါတယ်၊ ရဟန်း ၆ပါး ကိုရင်၁၂ ပါး ပါဝင်ပါတယ်၊
ကျွှန်တော်လည်း အလှူရှင်တစ်ဦးဖြစ်တဲ့ ကိုဟန်သိန်းတို့မိသားစု ဖိတ်ကြားထားတာနဲ့ မဖြစ်မနေသွားခဲ့ပါတော့တယ်၊ အလှူပွဲကို ကျွန်တော်တို့ သောကြ်ာနေ့ညပိုင်းအရောက်သွားခဲ့ပါတယ်၊ ရှားလော့မြို့က ညနေ ၇နာရီကျော်လောက်ထွက်ခဲ့ပြီး ချက်ပါယ်ဟေးဘုန်းကြီးကျောင်းကို ည ၉နာရီခွဲလောက်ရောက်ပါတယ်၊ ရောက်တာနဲ့ မနက်ရဟန်းခံရှင်ပြုပွဲအတွက်ပြင် ဆင်နေကြတာ ကိုခဏလောက်ဝင်ကြည့်ပြီးဓာတ်ပုံရိုက်ခဲ့ပါတယ်၊ ပြင်ဆင်နေသူတွေကတော့ တစ်ညလုံးအိပ်ရမယ့်ပုံ မပေါ်ပါဘူး..၊ အလုပ်တွေအတော်များနေကြပါတယ်၊ ဘုန်းကြီးကျောင်းက မြို့ပြင်မှာ ခြံဝင်းကျယ်ကြီးထဲမှာ ဆိုတော့ လွတ်လွတ်လပ်လပ်ချက်ပြုတ်နေနိုင်ကြပါတယ်၊

နောက်နေ့ မနက်မှာတော့ အကျွှေးအမွေးအစီအစဉ်နဲ့စပြီး နေ့လည်ပိုင်းမှာ ရှင်လောင်လှည့်ပါတယ်၊ နောက်တော့ ဆံချ ပြီး ထုံးစံအတိုင်း အဆင့်ဆင့် ရဟန်းခံရှင်ပြု့ပွဲကိုထုံးတမ်းစဉ်လာနဲ့ အညီ ကျင်းပခဲ့ကြပါတယ်၊

ရှင်ပြုပွဲပြီးသွားပေမယ့် ညနေပိုင်းမှာ နောက်နေ့အလှူအတွက်ပြင်ဆင်ရင်း ကာရာအိုကေ အစီအစဉ်နဲ့ အလှူရှင် အလှူ့အမများက အားရပါးရလွတ်လပ်ပျော်ရွှင်စွာဖျော်ဖြေရေး အစီအစဉ်စတင်ပြန်ပါတယ်၊

နောက်တစ်နေ့မှာတော့ တစ်ခါ မနက်ပိုင်း၉နာရီခွဲလောက်မှာ ရဟန်း၆ ပါးသိမ်ဝင်ပြီးတော့ သိမ်ဆင်း လောင်းလှူပါတယ်၊ ပြီးတော့တရားနာပါတယ်၊ နောက်တော့ အကျွှေးအမွေးအစဉ်နဲ့
ချက်ပါယ်ဟေးတီးဝိုင်းကဖျော်ဖြေပါတယ်၊ သီဆိုသူတွေကတော့ တစ်ချိန်ကမြန်မာပြည်မှာ စင်္ကြာဝဌာကိုစိတ်ကူးယဉ် ဆိုတဲ့ စီးရီးထုတ်ခဲ့တဲ့ အဆိုတော် မခိုင်နဲ့ချက်ပါယ်ဟေးမှ ၀ါသနာရှင်များဘဲဖြစ်ပါတယ်၊

ဒီလိုနဲ့ ညနေပိုင်း၎နာရီမထိုးခင် ရှားလော့မြို့ကို လွတ်လပ်ရေးမီးရှူးမီးပန်းဖောက်ပွဲအမှီပြန်ခဲ့ ကြပါတော့တယ်၊ ၆နာရီခွဲလောက် အိမ်ပြန်ရောက်တော့ ခဏနားပြီး ဗိုက်ဆာတာနဲ့ ရှိတဲ့ ကျက်ဥကျော်စားပြီး လွတ်လပ်ရေးနေ့အထိမ်းအမှတ် မီးရှူးမီးပန်းဖောက်မဲ့ ကာရိုးဝင်းကစားကွင်းကိုချီတက် ခဲ့ကြပြန်ပါတယ်၊ ကစားကွင်းလည်းရောက်ရော ၈နာရီခွဲဘဲရှိသေးတာဆိုတော့ သမီးက သူကြိုက်တဲ့ဟာတွေဝင်ကစားလိုက်ပါသေးတယ်၊ ၁၀နာရီမှာမီးရှူးမီးပန်းတွေ ဖောက်ပြီး နောက် အိမ်ပြန်တော့ ကားတွေအရမ်းကျပ်နေတာနဲ့ ည ၁၂နာရီခွဲခါနီးမှဘဲအိမ်ပြန်ရောက်ပါတော့တယ်ခင်ဗျာ..၊

ရိုက်မိသမျှဗွီဒီယိုနဲ့ ဓာတ်ပုံတွေကိုဖော်ပြပေးလိုက်ပါတယ်၊ နောက်နေ့မှာလည်း ကျန်နေတာတွေကို ဆက်လက်တင်ပြသွားပါမယ်၊

ပျော်ရွင်ချမ်းမြေ့ကြပါစေ











ဓာတ်ပုံများ..



စတိတ်ရှိုး..








ကာရိုးဝင်းမှ လွတ်လပ်ရေးပွဲ




No comments: