Monday, July 26, 2010

ဟိုက်ပွိုင့် အလှူနဲ့ တစ်ပတ်တာ



ဇူလိုင်လ ၂၄ ရက်နေ့က ဟိုက်ပွိုင့်မြို့ ဘုန်းတော်ကြီးကျောင်းမှာ ရဟန်းခံရှင်ပြု့ပွဲကျင်းပခဲ့ပါတယ်၊ ဘာမှကောင်းကောင်းမွန်မွန် လုပ်မစားတတ်တဲ့ ကျွန်တော်တို့မိသားစုလည်းဒီတစ်ခါတော့ အစားအစာတစ်ခုခုလုပ်ပြီးအလှူမှာပါဝင်ဖို့အားခဲထားတဲ့အတိုင်း ရွှေကြည်မှုန့်နှစ်ဘမ်းလုပ်လိုက်တာ အတော်နောက်ကျပြီးမှ ဘုန်းကြီးကျောင်းကို ရောက်ပါတော့တယ်၊
ပထမတော့ အမျိုးသမီးက သူ့ရုံးက မုန့်လုပ်ကျွှေးလေ့ရှိတဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဆီကနေ၀ယ်ရမယ့်ပစ္စည်းတွေလုပ်ပုံ လုပ်နည်းတွေမေးခဲ့ပြီး ၀ယ်ရမယ့်ဆိုင်လိပ်စာပါမေးခဲ့ပါတယ်၊ အဲ့ဒီဆိုင်က ပါလက်စတိုင်းလူမျိုးရောင်းတဲ့ဆိုင်ပါ၊



ပစ္စည်းများများစားစားတော့မရှိပါဘူး..၊ စပ်စပ်စုစုကျွှန်တော်နဲ့ အရှေ့အလယ်ပိုင်းသား ပါလက်စတိုင်းလူမျိုး အီဆာနဲ့ ဆွေမျိုးစပ်ရင်း စကားကောင်းနေလိုက်တာ သူတို့ဆိုင်မှာရောင်းတဲ့ ကတ်ဂျာ လို့ခေါ်တဲ့ ဆေးရှုတဲ့ ပြောင်း (အမေရိကန်မှာတော့ ပိုက် လို့ခေါ်တယ်) ကနေ ဆေးရှုပုံရှုနည်းတွေဘာတွေ လက်တွေ့စမ်းလိုက်သေးတယ်..၊ မိန်းမနဲ့ ကလေးတွေသာ မပါရင် အီဆာနဲ့ ကျွှန်တော် ဗာဂျီးနီးယားဆေးကို ရောင်စုံချယ်ထားတဲ့ ဆေးပြောင်းလှလှလေးနဲ့ ရှုရင်း တစ်ထောင့်တစ်ညပုံပြင်တွေနဲ့ အလီဘာဘာ အကြောင်းတောင်ရောက်သွားနိုင်တယ်..၊ ကဲကဲ.. ဘာဘဲပြောပြော ရွှေကြည်နဲ့ထောပတ်တော့ရခဲ့တယ်ဗျ..၊ ဒါနဲ့ဘိမ်းစိလိုက်ရှာတော့ မက္ကဆီကန်ဆိုင်တစ်ဆိုင်မှာတွေ့တယ်၊ ပီရူးနိုင်ငံက တင်သွင်းတာပါ၊ ဒီလိုနဲ့ ထောပတ်အရည်ပျော်အောင်ကြို ပြီးတော့ သကြားထဲ့ သကြားအရည်ပျော်အောင်ထပ်မွှေ.. မဟုတ်သေးပါဘူး..သကြားကအရည်မပျော်ဘဲ ပိုပြီးခဲလာတယ်..၊ မဖြစ်ချေဘူးဆိုပြီး လုလုရဲ့ မေတ္တာရပ်ဝန်းမီးဖိုဆောင်မှာ သွားကြည့်လိုက်တော့မှ အိုင်ဒီယာရလာပြီး အုန်းနို့တွေဘာတွေအကုန်ထဲ့ မွှေလိုက်တော့အဆင်ပြေသွားတယ်..၊ လုပ်နည်းတွေက မတူတော့ တစ်ခါတစ်လေလည်းနည်းနည်းတော့လွဲတာပေါ့လေ..၊

မီးမဖုတ်ရသေးခင်..






ဘာဘဲပြောပြော ဘုန်းကြီးကျောင်းကို ဆွမ်းစားအမှီမရောက်ပေမယ့် အချိုပွဲတော့မှီသေးတာပေါ့လေ..၊ ရှင်းလောင်လှည့်တာတော့မမှီတော့ဘူး..၊

နေ့လည်ပိုင်း မပြန်ခင်မှာ ကိုသိန်းတို့နဲ့စကားပြောနေရင်းကနေ ချက်ပါယ်ဟေးကိုလိုက်လည်ဖြစ်တယ်..၊ ဟိုက်ပွိုင့်နဲ့ချက်ပါဟေးကလည်း တစ်နာရီခရီးဘဲကိုး..၊ ချက်ပါယ်ဟေးရောက်တော့ခဏနေပြန်မယ်ဆိုပြီးနေလိုက်တာ မပြန်ဖြစ်ဘဲ တစ်ညအိပ်ဖြစ်သွားတယ်..၊ စူရှီးသူဌေး ကိုသန်းလည်း ကိုသိန်းတို့အိမ်လာလည် တော့ ဆုံမိပြီး ၀ိုင်းဖြစ်တာလည်းပါတယ်..တော်သေးတယ်မနက်က သီလမယူခဲ့လို့..၊ ဒီလိုနဲ့
မနက် ၃နာရီလောက်ကစပြီးစူရှီးလိပ်ရတဲ့ ကိုသန်းလည်း ၃နာရီထိုးခါနီးမှပြန်ရတော့တယ်..၊

အမှန်ကတော့ အဲ့ဒီညက ကိုသိန်းရဲ့ ကြယ်တာရာတွေကြည့်တဲ့မှန်ပြောင်းကြီးနဲ့ ကောင်းကင်ကကြယ်တွေကို လေ့လာမလို့ဗျ..၊ မှန်ပြောင်းကြီးကလည်းအသင့်..ဒါပေမယ့် မိုးလင်းလို့အိပ်မယ်ဆိုတော့မှ မှန်ပြောင်းကြီးကိုသတိရတော့တယ်..၊ ကိုသိန်းကတော့ မှန်ပြောင်းကြီးကိုအတင်းထဲ့ပေးနေပေမယ့်..၊ အင်း..ဒါကြီးနဲ့ဆို အိပ်မရတဲ့ညတွေ များတော့မှာဘဲ ဆိုပြီး ထားခဲ့ရတယ်..၊

အော်.. ဘာလိုလိုနဲ့တစ်ပတ်တော့ ကုန်သွားပြန်ပြီပေါ့ဗျာ..၊ လောလောဆယ်တော့ ၀ီကီလိ က ထုတ်ပြန်တဲ့သတင်းတွေလိုက်ဖတ်နေတာနဲ့ အတော်အချိန်ကုန်နေတယ်..၊ ၀ီကီလိကနေ တစ်ဆင့် ၂၀၀၇ခုနှစ်က သတင်း ပေါက်ကြားမှု့နဲ့ ငယ်ငယ်ရွယ်ရွယ် အမေရိကန်စစ်သားတစ်ယောက်တော့ ထောင်ဒဏ်နှစ် ၅၀ ကနေ နှစ် ၇၀ ထိကျခံရမယ်ဆိုဘဲ..၊ သတင်းပေါက်ကြားတာ သူ့လက်ချက်မှန်း ဘယ်လိုသိသွားသလည်းဆို တော့ ဟတ်ကာ အန်အရီယန် လဲမို ဆိုတဲ့ အင်တာနက်ကွန်ယက်တွေချိုးဖောက် ၀င်ရောက်မှုနဲ့ ထောင်ကျ ချေချုပ်မိထားတဲ့သူက သတင်းပေးလိုက်တာကိုး..၊ ဒီ လဲမို ဆိုတဲ့သူကလည်း ခေသူမဟုတ်ဘူးဗျ.. အန်ဘီစီ သတင်းဌာနက သူ့ကို အင်တာဗျူးတော့ သူတို့သတင်းဌာန အင်တာနက်ကွန်ယက်ကို ငါးမိနစ်အတွင်း မှာဘဲ ချိုးဖျက်ဝင်ပြတာ..၊ သူတို့လို ဟတ်ကာတွေကို ဂရေးဟက် ဟတ်ကာတွေလို့ခေါ်တယ်..၊ ၀ှိုက် နဲ့ ဘလက် ဟတ်ကာတွေကြားထဲမှာပေါ့..၊ သူတို့က ကိုယ်ကြိုးစီးပွားထက် သူများအကြိုးကိုဆောင်ရွက်သူတွေလို့လည်းဆိုနိုင်တယ်..၊ သတင်းဌာနတွေ စီးပွားရေးလုပ်ငန်းတွေရဲ့ လုံခြုံရေးစနစ်တွေကို ထိုးဖောက်ဝင်ရောက်ပြပြီး ဘယ်လိုပျော့ကွက်ဟာကွက်တွေ ရှိတယ်ဆိုတာကို အဲ့ဒီဌာနတွေကိုသတင်းပြန်ပေးတတ်တယ်..၊ ဘာဘဲပြောပြော ဥပဒေကိုချိုးဖောက်တော့ နာမည်တော့သိပ်မကောင်းဘူပေါ့ဗျာ..၊ လဲမို ကလည်း သူ့နာမည်ကို နယူယောက်တိုင်းသတင်းဌာနရဲ့ အဆင့်မြင့် ပညာရှင်များမှတ်တမ်း ဒေတာဘေ့ထဲမှာ သူ့ဟာသူ ၀င်ထဲ့သွားခဲ့သေးတာ..၊ အမယ် ကိုယ့်ဆရာက လုပ်ငန်းတချို့က သူ့လုပ်အားခဆိုပြီး ပိုက်ဆံပေးတော့လည်းမယူဘူးတဲ့ဗျ..၊ တခါတော့ ဆေးချတာများပြီးသေမလိုဖြစ်သေးတယ်..၊ အော်..သူများအကြောင်းတွေလျှောက် ရေးနေမိပြန်ပြီ..၊

ကဲ.. တောင်ရောက် မြောက်ရောက်တွေဖြစ်ကုန်လို့.. ဒီမှာဘဲရပ်နားလိုက်ပါရစေခင်ဗျာ..၊

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကျပါစေ..၊

No comments: