Wednesday, August 27, 2014

သေနပ် ကြိုက်ရင်..

တနင်္လာနေ့က အရီဇိုးနားပြည်နယ်မှာ အလည်လာတဲ့မိသားစုတစ်စုက ၉ နှစ်သမီးကို သေနပ်ပစ်ကွင်းမှာ သေနပ်ပစ်သင်စေတယ်..၊ သင်တဲ့သေနပ်က အူဇီ စက်သေနပ်အတို၊ တစ်ချက်ချင်းပစ်တော့ အိုကေ၊ ဒါနဲ့ ဖူးအော်တိုလည်းတင်ပေးလိုက်ရော သေနပ်ကို ကလေးက မထိန်းနိုင်တော့ သင်တဲ့သူပါပစ်မိပြီး သေပါလေရော..၊




မစ်ဇိုရီပြည်နယ်မှာတော့ ကျောင်းဆရာတွေသေနပ်ပစ်လေ့ကျင့်နေကြပြီ..၊ ကျောင်းတက် ရင်သေနပ်ကြီးတကားကားနဲ့ စာသင်ကြတော့မလားမသိ..၊ ရှားလော့မှာတော့ အလယ်တန်းကျောင်းမှာ လက်နက်အပြည့်အစုံနဲ့ ရဲတစ်ယောက်အမြဲစောင့်ကြပ်နေလေ့ရှိတယ်..၊ ဖာဂူဆန် မြို့မှာ လူဖြူရဲက လူမဲ ဓပြ သံသယရှိသူကို ပစ်သတ်လို့ ဆူပူဆန္ဒပြနေကြလေရဲ့..၊ အဲဒီအချိန်ပတ်ဝန်းကျင်မှာဘဲ ရှားလော့မှာ ရဲနှစ်ယောက်ကို လူမဲထောင်ထွက် တစ်ယောက်က ပစ်လိုက်လေရဲ့..၊ လူတွေက ရဲတွေကို လွယ်လွယ်အပစ်တင် နေပေမယ့် နှစ်စဉ် ပြည်နယ်အလိုက် အသတ်ခံရတဲ့ ရဲတွေ စာရင်းကိုလည်း လေ့လာသင့်တယ်..၊ ရှားလော့လိုမြို့ တစ်မြို့ထဲမှာတောင် အပတ်စဉ် လို ပစ်ခတ်သတ်ဖြတ်တာတွေရှိနေတတ်တာ အဆန်းတော့မ ဟုတ်..၊ လူတိုင်းလို သေနပ်ကိုင်ကြတဲ့တိုင်းပြည်မှာ ရဲတွေဘက်ကလည်း အမြဲ အသင့်ပြင်ထားရတာမဆန်း၊ ရဲဖမ်းခံရတဲ့ အခါတိုင်းမှာလည်း လက်နှစ်ဖက်ကို သူတို့ မြင်သာ အောင်ပြထားဖို့မမေ့စေဖို့နဲ့..ကားထဲမှာ ဟိုရှာဒီရှာမလုပ်မိစေဖို့ သတိထားရပါမယ်..၊ ရဲတွေက အများအားဖြင့် အေးအေးဆေးဆေးပါဘဲ..၊ အာချောင်ပြီး ကန်တန်တန်လုပ်မယ်ဆိုရင်တော့ သူတို့ကို ခုခံမယ်လို့ယူဆပြီး အတင်းဆွဲလှဲခံရနိုင်ပါတယ်..၊ အမေရိကန်မှာ အများအားဖြင့် သတ်မှတ်မိုင်နှုန်းကျော်မောင်းမှုနဲ့ တော့ တစ်ခါမဟုတ်တခါ သတိမထားမိရင်အဖမ်းခံရနိုင်ပါတယ်..၊ တခါက အမေရိကန်မြို့လေးတစ်မြို့ကို မြန်မာနိုင်ငံက စစ်ဘေးဒုက္ခသည်တစ်ယောက်ရောက်လာပြီးသူနေတဲ့ အပါ့မန့် ၀င်းဘေး မီးရထားသံလမ်းနားမှာ လမ်းရှောက်ရင်း လေညည်းခံပြီး သာယာနေတုန်း အရပ်ဝတ် လူဖြူ အမျိုးသမီးတစ်ယောက်က ကိုယ့်အခန်းကိုယ်ပြန်ဖို့ ခြေဟန်လက်ဟန်ပြရင်း ပြောလေရဲ့..၊ သူက နားမလည် ကြောင်တောင်တောင်နဲ့ အခန်းထဲ ပြန်ဝင်မယ်လုပ်တုန်း ဗြုန်းဆို သံလမ်းတဖက်က အနက်ဝတ် စပါယ်ရှယ်ရဲတွေတက်လာပြီး သူ့ အပေါ်ထက်အခန်းနဲ့ အပြန်အလှန်ပစ်ကြတာ ဆူညံသွားပါရောတဲ့..(ပြန်ပြောပြသူ မမှတ်မိတော့)..၊ ဂျော်ဂျီယာ ရောက်စ မြန်မာ ဒုက္ခသည် လူငယ်နှစ်ယောက် အိမ်နားက ဈေးဆိုင်က လမ်းရှောက်အပြန် ဗလိုင်းကြီး ပစ်သတ်ခံရတာ ကြားဘူးမယ်ထင်ပါတယ်..၊ ဒီတော့ သေနပ် တလက်မှ ၂၀၀..၃၀၀ လောက်ပေးရတာဆိုတော့ ကာကွယ်ဖို့ဝယ်ထားရမှာ ဖြစ်ပေမယ့်.. စနစ်တကျ ကိုင်တွယ်ဖို့တော့လိုပါမယ်..၊

ရန်မျိုး (နော့လ်ကာရိုလိုင်းနား)
မူရင်းလင့်များ..၊ http://newyork.cbslocal.com/2014/08/27/officials-9-year-old-girl-accidentally-kills-gun-instructor-with-uzi/ မစ်ဇူရီ ကျောင်းဆရာသတင်း.. http://www.foxnews.com/on-air/fox-and-friends/blog/2014/06/23/missouri-training-teachers-carry-concealed-weapons-classroom ဖာဂူဆန် အခြေအနေ liveကြည့်ချင်ရင် လင့်.. http://www.reddit.com/live/tdrph3y49ftn/ ရှားလော့ ရဲပစ်ခံရတဲ့သတင်း.. http://www.charlotteobserver.com/2014/08/17/5112055/police-officer-reportedly-shot.html#.U_4ndjJdWqg

1 comment:

:P said...

ကြောက်စရာကြီးတွေ