Tuesday, December 2, 2014

ဝင်ကြေးနဲ့ဓာတ်ပုံအကြောင်း တစေ့တစ်စောင်း..




ဓာတ်ပုံအကြောင်းတစ်ပိုင်းတစ်စဖတ်လိုက်ရလို့ ကောက်ရေးလိုက်တယ်..ဒီလိုဗျ..၊
အမေရိကန်မှာ ပြခန်းဆိုတာတွေ အများကြီးရှိတယ်..၊ ဘယ်လောက်တောင်များသလည်းဆိုရင် တခါက မြန်မာပြည်က အလည်လာတဲ့ အန်ကယ်ကြီးတစ်ယောက် တောင်ကာရိုလိုင်းနား ပင်လယ်ကမ်းခြေသွားလည်ရင်း ပြခန်းတခုမှာထူးဆန်းသော ၀တ်စုံများ ဆိုလို့ဝင်ကြည့်တော့ မြန်မာပြည်က တိုင်းရင်းသားဝတ်စုံတွေဖြစ်နေတယ်တဲ့..၊
ရှမ်းတိုက်ပုံတွေပါသလို မြန်မာ သတင်းစာ အဟောင်းတွေရောပါတယ်တဲ့၊ ဘာမဟုတ်တဲ့ ပြခန်းအသေးအမွားတွေမှ အများကြီး လုပ်စားနေကြတာ..၊ အပန်းဖြေနေရာလိုမျိုးတွေမှာ ဆို ပိုဆိုးတယ်..၊ အဲ့ဒါတွေသာလိုက်ကြည့်ရရင် ၀င်ကြေးနဲ့တင် ပါသမျှပြောင်မယ်..၊ အထဲရောက်တော့လည်း ဘာမှမဟုတ်ပါဘူး..၊ ၀င်ကြေးကအနည်းဆုံး ဒေါ်လာ ၂၀၊ ၂၅ ရှိတတ်တယ်၊ ဓာတ်ပုံ ဗွီဒီယို မရိုက်ရတဲ့နေရာတွေရှိတယ်..၊ ဓာတ်ပုံရိုက်ရင် ဖလက်မဖွင့်ရတဲ့နေရာတွေရှိတယ် (အချို့ ချက်ပ်ကျောင်းတွေ၊ ပြခန်းတွေ)၊ ထွိုင်ပေါ့ မယူရတဲ့နေရာတွေရှိတယ်..၊
အမေရိကန်နဲ့ အတော်များများနိုင်ငံတွေမှာ သုံးတဲ့ ဥပဒေအကြမ်းဖျင်းကတော့..၊ အများနဲ့ဆိုင်တဲ့နေရာတွေ (Public) မှာ စိတ်ကြိုက် ဓာတ်ပုံရိုက်ခွင့်ရှိတယ်..(ဥပမာ..Street Photography)၊ Shopping mall လို နေရာတွေမှာ ရိုက်ရင် ကိုယ့်မိသားစု သူငယ်ချင်းစသည်ဖြင့် ကိုရိုက်ပေးလို့ရပေမယ့် ဆိုင်တွေ၊ အပြင်အဆင်တွေကိုရိုက်ခွင့်မရှိဘူး၊ တခါက မော တခုမှာ ခပ်တည်တည်နဲ့ လိုက်ရိုက်နေတော့ လုံခြုံရေးကလာပြောတယ်..၊ အတင်းအကြပ်တော့ မဟုတ်ပါဘူး၊ အခုလည်းနေရာတစ်ကာရိုက်တာပါဘဲ..၊ မရိုက်ရရင် လာပြောပေါ့ဗျာ.. နေရာတစ်ကာ ဆိုင်းဘုတ်ရှောက်မဖတ်နိုင်ဘူး..၊ အလကားပြောတာပါ .. လာပြောတော့ ဆောရီး ပေါ့ဗျာ..၊ ဘယ်သူမှ မရိုင်းပါဘူး၊ ဓာတ်ပုံဆရာဆိုတာ သူများမမြင်သေးတာ မရောက်သေးတာ မတွေ့သေးတာ ဒေါင့်စုံက ရှာနိုင် ရိုက်နိုင် တင်ပြနိုင်မှ ဓာတ်ပုံဆရာဖြစ်မှာကိုးဗျ.. ဒါကြောင့်မို့ ဆရာစစ်စစ်ဖြစ်အောင် အခုဓာတ်ပုံရိုက်တာ ခဏရပ်ပြီး အမြင်ဆန်းတွေရအောင် ရောဂနဲ့ ကင်းမီးကောက်ထောင် လေ့ကြင့်နေတယ်.. နောက်တာပါ..၊
အဆောက်အဦးတွေ လူတွေဓာတ်ပုံ၇ိုက်ပြီး ရောင်းပြီးဝင်ငွေရှာချင်ရင် Property release (အဆောက်အဦးလိုသက်မဲ့ရိုက်ရင်), Model release (လူ၊ ပိုင်ရှင်ရှိတိရိစ္ဆာန် ရိုက်ရင်) ဆိုတဲ့ သဘောတူခွင့်ပြုကြောင်းလက်မှတ်လိုတယ်..၊ မဟုတ်ရင်တော့ နောက်မှတွေ့လာလို့ တရားစွဲခံရရင် ဓာတ်ပုံတစ်ပုံအတွက်ဒေါ်လာ သောင်းဂဏန်းလောက်ထိ ကုန်သွားနိုင်တယ်..(ဥပမာ လက်ကမ်းကြော်ငြာတစ်ခုမှာ သွားထဲ့လိုက်မိရင၊်ဈေးကတော့ အစားစားပေါ့ဗျာ သောင်းဂဏန်းက ကျွန်တော်တောင်းချင်တာရေးထားတာ.. )၊ ဒီတော့ Commercial နဲ့ Personal ကွဲဖို့လည်းလိုတယ်..၊ အများအားဖြင့် ပါစင်နယ်ဆို ကိစ္စမရှိပါ၊ တော်ကြာ ငါ့ဓာတ်ပုံကြီး သူ့ဘလော့၊ ဖေ့ဘုတ်မှာ ပါသွားပြီ တရားစွဲမယ်သွားမလုပ်နဲ့ဦး နားရင်းအုပ်ခံနေရဦးမယ်..၊ ဒီတော့ Editorial ဆိုတာလည်းရှိသေးတယ်..၊ ဒါက Release မလိုဘူး..ဥပမာ.. လူတစ်စုအဖွဲ့ဖွဲ့ပြီး မျောက်အခွင့်အရေး ဆန္ဒပြနေတာ ကျွန်တော်၇ိုက်ပြီး သတင်းစာမှာ သွားရောင်းစားလိုက်တာမျိုး..၊
(၂၀၁၄ သြဂုတ်လခန့်က)ဟိုတစ်လောတုန်းကဆို အမေ၇ိကန်က တောတောင်ရူ့ခင်းတွေကို ဓာတ်ပုံရိုက်ခွင့်အတွက် သီးသန့်လိုင်စင်ထပ်တင်ဖို့နဲ့၊ အကယ်လို့ တောထဲမှာ DSLR ကင်မရာတစ်လုံးနဲ့ဓာတ်ပုံရိုက်တာတွေ့ရင် ဒဏ်ငွေ ဒေါ်လာတစ်ထောင်ချဖို့လုပ်ဖူးတယ်..၊
ရေးရင်တော့ အများကြီးဘဲ..၊ အဓိကပြောချင်တာကတော့.. အခုဆိုမြန်မာပြည်ကို နိုင်ငံတကာက ကြေးစားဓာတ်ပုံဆရာတွေအများကြီးအလုအရက်လာနေကြပြီ..၊ မြန်မာပြည်က ကမ္ဘာပေါ်မှာ ဓာတ်ပုံအစားဆုံးတိုင်းပြည်၊ ဒီတော့ ဓာတ်ပုံဆရာတွေက ခရီးသွားလုပ်ငန်းနဲ့တွဲပြီး ၀ါ့ရှော့တွေလုပ်ကြတယ်၊ မြန်မာပြည်ကို သာမန်ခရီးသွားတစ်ယောက်ကို လေယဉ်ခ မပါ ၁၄ ၇က် ကို ဒေါ်လာ ၃၅၀၀ လောက်ယူတယ်၊ ဓာတ်ပုံဝါ့ရှော့ဆိုရင်တော့ ၇ ရက်တစ်ပတ်ကိုဘဲ ဒေါ်လာ ၄၅၀၀ လောက်ယူတယ်ဆိုဘဲ..၊ 



သူ့ဈေးနဲ့သူပေါ့ဗျာ..၊ ဓာတ်ပုံဆရာတစ်ယောက်ရေးထားတာ ဖတ်လိုက်ရတယ်.. ဦးပိန်တံတားမှာ ကလေးတွေကို တစ်ယောက်တစ်ဒေါ်လာလောက်ပေးရိုက်လို့ရဆိုဘဲ..၊ Model release ကိုတော့ ဂိုက်ကို ပေးထိုးခိုင်းလို့ရတယ်တဲ့..၊ ဒါကတော့ ဘာမှ မပြောလိုပါဘူး..၊ ဒီမှာတော့ နာမည် မကြီးသေးတဲ့ ဓာတ်ပုံဆရာနဲ့ မောဒယ် အလကားအလဲအလှည် ရိုက်တာမျိုးရှိတယ်..၊ ဓာတ်ပုံဆရာလည်း ပုံရ မော်ဒယ်လည်း ကြော်ငြာရ..၊
ပြောချင်တာကတော့ မြန်မာ့ ရူ့ခင်းတွေက သိပ်ကိုအဖိုးတန်ပါတယ်..၊ လူတိုင်းလည်း ဓာတ်ပုံမရိုက်ရဆိုတာထက် သတ်မှတ်ကြေးပေးပြီး လွတ်လွတ်လပ်လပ်၇ိုက်ချင်ပါတယ်..၊
ဥပမာ..အိမ်နဲ့နီးပေမယ့် ဓာတ်ပုံမရိုက်ရလို့ ကျွန်တော်မသွားတဲ့နေရာတစ်ခုရှိတယ်..၊

အိမ်နဲ့ မနီးမဝေးက ဘိစ်မိုးလ် ရှေးအိမ်ကြီးဆိုရင် ၀င်ကြေးက တစ်ယောက် ဒေါ်လာ ၆၀လောက်ရှိတယ်..၊
 ကြော်ငြာကလည်း ကောင်းတယ်..၊ အမေရိကန်ရဲ့ အကြီးဆုံးအိမ်ကြီးဆိုပြီး ကြော်ငြာထားတာ..၊ တချိန်ကတော့ ဟုတ်ကောင်းဟုတ်ခဲ့မှာဖြစ်ပေမယ့် အခုတော့ မဟုတ်ပါဘူး၊ သူ့ထက်အများကြီး ကြီးတဲ့ အိမ်တွေ ကာလီဖိုးနီးယားမှာ အများကြီးပါ..၊ အဲ့ဒီအိမ်ကြီးကို သွားရင် အပြင်ကနေဘဲရိုက်လို့ရမယ် အထဲမှာ ပေးမရိုက်ဘူး..၊ အိမ်ကို ကြည့်ရုံသက်သက် ၀ိုင်လေးတစ်ခွက်လောက်နဲ့ တော့ မသွားဘူးဆိုပြီးအခုထိမရောက်ဖြစ်သေးဘူး..၊ 
ဘာသမိုင်းဝင် အဆောက်အဦးမှ လည်းမဟုတ်ပေမယ့် လှလို့..ကင်မရာတစ်လုံး တစ်ရာပေးဆိုရင်တောင်သွားရိုက်ဖြစ်ဦးမယ်..၊ အမှတ်တရ ပစ္စည်းတစ်ခုတောင် ၄၀ ၊ ၅၀ ရှိတာ..၊ ဒါနဲ့ ဒီမှာတော့(အမေ၇ိကန်မှာ) ကင်မရာဖိုးပိုက်ဆံထပ်ပေးရတာတော့ မကြုံဘူးဖူးဗျ..၊ ရိုက်လို့ရတယ်.. မရဘူးဘဲတွေ့နေကြ..၊ ပရိုကင်မရာအကောင်းစား ပေးမယူတာမျိုးရှိတယ်..၊ ဒါပေမယ့် စည်းကမ်းတွေကို ကြိုအသိပေးထားတာ အကောင်းဆုံးဘဲ မဟုတ်လို့ အနားရောက်မှ ပိုက်ဆံထပ်တောင်းရင်တော့ အညစ်ခံရတယ်လို့ယူဆပြီး တစ်ပြားမှမပေးချင်ဘူး၊ အမေရိကန်မှာ ဒါမျိုးတွေရှိတယ် ဥပမာ အင်တာနက် တလ ဒေါ်လာ ၁၄ ဆိုလို ၀မ်းသာအားရယူလိုက်တာ တပ်ဆင်ခ၊ မော်ဒန်ငှားခဆိုပြီး ဈေးတင်ပြီးထပ်တောင်းတော့ သာမာန်တစ်လ ၄၅ ဒေါ်လာတန်ထပ်ပိုကုန်သွားတာမျိုးရှိတယ် ၊ဒါကလည်း ကိုယ့် အရပ်ကိုယ့်ဥပဒေ ဘာမှပြောစရာမရှိပါဘူး..၊ 

မြန်မာပြည်က သမိုင်းဝင် ဆော်ဘွားအိမ်လို ဟာမျိုးတွေကို သွားလည်ရင်ဘယ်လောက်ပေးရမလည်းတော့ မသိပါ..၊
အမေရိကန်မှာ လိုင်စင်ယူထားတဲ့ ဓာတ်ပုံသမားတစ်ယောက်အနေနဲ့ဗဟုသုတအဖြစ် ရှယ်တဲ့သဘောပါ..၊
အများကြီးလည်းမရေးနိုင်သလို..၊ ပုံတွေကိုတော့ အထောက်အထားသဘောမျိုး ကြုံသလို ဖြတ်ယူတင်ပြလိုက်ရပါတယ်..၊ 

မူရင်းလင့် 
https://roadtrippers.com/blog/national-forest-service-will-soon-fine-photographs-1000-for-taking-pictures 
http://www.biltmore.com/

No comments: