ဒီနေ့စိတ်ကူးတဲ့ရာ ပြောခြင်တာတွေ ကတော့ အမေရိကန်က ဒေသအလိုက် ပြောပုံဆိုပုံနဲ့စိတ်သဘောထားလေးတွေမတူကြူတဲ့အကြောင်းနဲ့ စပ်မိစပ်ရာတွေပါ၊ ဒါတောင်ကျွန်တော် ဖလော်ရီဒါကနေ ၀ါရှင်တန်ဒီစီ အထိဘဲရောက်ဘူးသေးတာနော်၊ အခုပြောမှာတွေကတော့ကျွန်တော့်တွေအကြုံ့ကို ရှယ်ရာလုပ်တဲ့သဘောဘဲ၊ အခြားတယောက်က တမျိုးကြုံခြင်ကြုံရ နိုင်တယ်၊ ဆိုလိုခြင်တာက အမေရိကန် မှာ စတိတ်အလိုက် ဥပဒေတွေကွဲပြားသလို လူတွေရဲ့စရိုက်လဲ ကွဲတာတွေပါ၊ လူမျိုးခွဲခြားမှုတွေကလဲ အခုထိရှိနေ ပြော နေကြဆဲကိုး၊
ကျွန်တော်အမေရိကန်ကိုရောက်စ အခက်အခဲလေး တွေနဲ့ယှဉ်ပြီးပြောပြမယ်၊ ရောက်ပြီဆိုတော့ တိုးတက်ရာ တိုးတက်ကြောင်း လမ်းကြောင်းလေးတွေ ရှာရတာပေါ့ဗျာ၊ ခက်တာက အညာသား ကျွန်တော် ဒီမှာဆွေမျိုးအပေါင်းအသင်းဆိုလိုတယောက်မှ ကိုမရှိဘူး၊ စမ်းတ၀ါးဝါးနဲ့ရောက်လာ ခဲ့ရတာ၊
ကူညီမဲ့လူနေနေသာသာ နှိပ်ကွက်မဲ့လူက အရံသင့်၊ ရောက်ရောက်ခြင်းစူရှီးလိပ်ရတာပေါ့ မနက်၇နာရီက နေ ည ၈ နာရီ ၉နာရီအထိဘဲ၊ ကျွန်တော်တို့ရွှေဗမာများ စောင့်မ ချက်ကနာတယ်၊ ရန်ကုန်လက်ဘက်ရည်ဆိုင် တွေထမင်းဆိုင်တွေမှာလုပ်ကြတဲ့ကလေး တွေကိုကိုယ်ခြင်းစာမိတယ် သူများအပြောအဆိုခံပြီး ကျွန်လိုခိုင်းတာကလား၊ ထမင်းကျွေးတာတောင် သူတို့ကသပ်သပ် အားရပါးရစားပြီးမှစားရတယ်၊ ၁၁နာရီလောက်ရှိပြီပေါ့ဗျာ၊ အမယ်ကိုယ့်လူတို့က သူတို့စားတဲ့ ဟင်းကိုအကျန်တောင်ကျွေးတာမဟုတ်ဘူး၊ သပ်သပ်ဖြစ်သလိုချက်ထားတဲ့ ကျက်သား တခွက်ကို မကုန်မခြင်း မင်းဟာမင်းရေခဲသေတာÅ ထဲကယူစားပေတော့ တဲ့၊ ကိုယ်ကကလေးတယောက်နဲ့ဆိုတော့ ကြိတ်မှိတ်ခံပေါ့၊ ဂရင်းကဒ်ကတော့တလအတွင်း သူဟာသူရောက်လာတယ်၊ ဆိုရှယ်ကဒ်ကိုဘယ်လိုလုပ်ရမလဲမေးတော့၊ သကောင့်သား က စောင့်တဲ့၊ နောက်မှသူများပြောပြလို့သိရတယ်ရုံးမှာ သွားရှောက်ရတယ်ဆိုတာ၊ အေးဗျာ အကုသိုလ်များတယ်၊ နောက်မှဒီလူတွေအကြောင်း ဆက်ရေးတော့မယ်၊ ကုန်ကုန်ပြောရရင် ဘာမှအကူအညီမပေးဘူးဆိုတာသိလာရတော့ကိုယ်ဟာကိုယ်လိုအပ်တာလိုက်လုပ်ရတော့တာပေါ့၊ ကလေးကို ကျောင်းအပ်ရမယ်၊ မိန်းမကို လဲကျောင်းအရင်တက်ခိုင်းရမယ်လေ၊ ကိုယ့်လူကအစမှာနှစ်ပတ်မှတရက်ဘဲ နားရက်ပေးတာ ပြီးတော့ ဘယ်မှလိုက်မပို့နိုင်ဘူးလို ပေါ်တင်ပြောထားတော့ ဒီလိုဘဲချီတက် ရတော့တာပေါ့၊ ရွှေမန်းသားတွေဘဲ (တကယ်တော့မိုင်၅၀ ကျော်ဝေးတဲ့ရွာကပါ) ခေသူမဟုတ်ဘူးလေ၊ လမ်းထိပ်က ဆဲဗင်းအလဲဗင်း (မနက်၇နာရီမှ ည၁၁နာရီအထိဖွင့်သောဆိုင်) စတိုးဆိုင်က ကုလားကြီးကိုဘဲမေးရတာပေါ့၊ အာရှသားချင်းကူညီရှာပါတယ် ဘယ်ကိုဘယ်လိုသွားပြောပြရှာတယ်၊ ဖုန်းလဲသှူဆီကဘဲဆက်ရတာ၊ ကိုယ့်ဆရာ အကောင်းစား က သူအိမ်ကဖုန်းတောင်ပေးသုံးတာမဟုတ်ဘူး၊ လမ်းရှာဖို့အင်တာနက်သုံးဖို့ကြတော့လဲ သူသား (အခြောက်) က ကွန်ပြူတာကို အကုန်ဖြုတ်သိမ်းထားပြန်ရော၊ စကားမစပ်ပြောရအုံးမယ် ကိုယ့်လူအခြောက်က ယောက်ျားယူပြီးအိမ်ပေါ်ခေါ်တင်ထားတာကလား.. စပန်းနစ်ကောင်လေးတကောင်နဲ့၊ ဒါပထမဆုံးကြုံဘူးတာဘဲဗျို့၊ ရွှေ အခြင်းခြင်းသာဒီကောင်ကနှိပ်ကွက်ခြင်တာ သူ့ယောက်ျား အဲအဲ ဘယ်လိုပြောရမလဲ ...ထားပါတော့ဟိုကောင်လေးကိုတော့ လိုလေသေးမရှိပြုစုတာ ကျွန်တော့မိန်းမတောင် တခါမှ ဒီကောင် သူကောင်လေးကိုပြုစုသလို မပြုစု ဘူး သေးဘူး၊ ကော်ဖီဖြော်တိုက်တယ်၊ ထမင်းခူးပေးတယ် ကုန်ကုန်ပြောရရင် အ၀တ်အစားကအစ ဗျ သေခြာဝတ်ပေးတာကလား ၊ ကျွန်တော်ဆိုမျက်စိရှက်လို့ မနက်မနက်ပတ်ရှောင်နေရတယ်၊ ဒီလို စေတနာထားတာနော်၊ ကဲကဲ သူများအတင်းလေး ဒီမှာရပ်မှ၊ ဆက်ပြောပြမယ် ဒီလိုနဲ့ ဘတ်စ်ကားဂိတ်ကိုသွားရတယ်၊ ရောက်တာကလဲနှစ်ပတ်ဆိုတော့မအူမလည်နဲ့ပေါ့ဗျာ၊ ကလေးကိုဆေးစစ်ဖို့အတွက် ဆေးခန်းကိုသွားရတာလေ၊ ဘယ်လောက်ဘဲဗမာပြည်ကစစ်ခဲ့စစ်ခဲ့ လိုအပ်တာတွေထပ်စစ်ရမယ်၊ကာကွယ်ဆေးတွေထိုးရမယ်လေ၊ ကလေးကသုံးနှစ်ဆိုတော့ မနီးမဝေးက မှုကြိုကျောင်း မှာအပ်ထားတာ၊ ဒါမှလဲ သူအမေကလမ်းရှောက်ပြီးသွားကြိုနိုင်မှာလေ၊ ဘယ်သူကလိုက်ပို့မှာလဲ၊ ဒါတောင်ကလေးကိုကျောင်းအပ်တာကိုကိုယ့်ဆရာတို့က ဘလိုင်းကြီးဝင်ဟောက်သေးတယ်၊ တခါတလေ စိတ်မချလို့လင်မယားဖုန်းဆက်ဖို့ဖုန်းလေး လိုက်ဝယ်ပေးပါ ဆိုတာ လူကို ပြောလိုက်တာ စုံရောဘဲ၊
ဒီလိုနဲ့ညမိုးခြုတ်အိမ်ပြန်ရောက်မှ စကားပြောရတော့တယ်၊ အဲအဲ ..စကားကပြတ်ပြတ်သွားတယ်ပြောခြင်တာက ဖလော်ရီဒါမှာ ကျောင်အပ်ရတာ အဆင်ပြေတယ်ဗျာ၊ ကလေးကိုချက်ခြင်းလက်ခံထားလိုက်တယ်၊ လိုအပ်တာတွေကို တော့ သတ်မှတ်ရက်အတွင်းလုပ်ပေး ဆိုပြီး သွားရမယ်နေရာတွေကအစညွှန်ပြပေးတယ်၊ အဲဒီကလူတွေက နော့ကာရိုလိုင်းနားကလူတွေထက်စာရင်ဖော်ရွေတယ်လို့ပြောရမယ်၊ ဘတ်စ်ကားဂိတ်ရောက်တော့လဲ အဲဒီမှာတွေ့တဲ့ အမျိုးသမီးကြီးကို သွားခြင်တဲ့နေရာပြောပြီး ဘယ်လို ဘတ်စ်ကားစီးရမလဲပေါ့ ကျွန်တော်ရောက်တာ နှစ်ပတ်ပဲရှိသေးတယ် ဒါပထမဆုံးဘတ်စ်ကားစီးခြင်းဘဲလို့ပြောပြတော့အမျိုးသမီး ကြီးက ကြင်ကြင်နာနာနဲ့ သေခြာရှင်းပြတယ်၊ ဘတ်စကားကတော့တနာရီမှတစီးဘဲရှိတာ၊ ကျွန်တော်ကနှစ်ဆင့်စီးရမယ်၊ တကြောင်းကိုတစ်ဒေါ်လာ တစ်နေကုန်အသွားအပြန်ကြိုက်ရာဘတ်စ်စီး ၄ဒေါ်လာ (သိတ်တော့မမှတ်မိတော့ဘူး)၊ ကျွန်တော်စီးမဲ့ဘတ်စ်ကအရင်လာတော့သူကိုယ်တိုင်ဘတ်စ်ကားပေါ်တက်ပြီးလက်မှတ်ကိုစက်ကဘယ်လိုဝယ်ဆိုတာလိုက်ပြပေးတယ်၊ ပြီးတော့ဘတ်စ်ကားဆရာကိုလဲဆင်းရမယ်နေရာကိုကြိုပြောပေးလိုက်တယ်၊ ကျေးဇူးတင်လိုမဆုံးပါဘူး တကယ်ပါ၊ နောက်တနေရာမှာ တနာရီနီးပါး ထပ်စောင့် ဘတ်စ်ကားလဲလာရော ကားဆရာကို သွားခြင်တဲ့နေရာကြိုပြောပြရတာပေါ့ အစိုးရဆေးခန်းနားကမှတ်တိုင်ရောက်ရင်ရပ်ပေးပါပေါ့၊ ဒါငါ့ရဲ့ပထမဆုံးအမေရိကန်ဘတ်စ်ကားစီးခြင်းဘဲလိုပြောတော့ သူကတောင်နောက်လိုက်သေးတယ်၊ ငါလဲအခုမှ ဒီကားစမောင်းတာကွတဲ့၊ ဒီလိုနဲ့ဆေးခန်းရောက်တော့လဲ လူတွေကအများကြီးဗျာ၊ အကြာကြီးစောင့်ရတယ်၊ ဒါပေမယ်လုံးဝမရစ်ဘူးဗျာ၊ လုံးဝဟောက်စားမလုတ်ဘူး၊ မသိမတတ်တဲ့လူဆိုပြီး နပ်စ်မတွေကကူညီကြတယ်၊ နော့ကာရိုလိုင်းနားမှာတော့ ဆေးခန်းမှာ စကားများရတာသုံးလေးခါရှိပြီ၊ များသောအား ဖြင့် အောက်ခြေကလူတွေနဲ့ ဖြစ်တာများတယ်၊ နောက်မှ ကျွန်တော်နဲ့ စကား များရတဲ့အကြောင်းတွေကို စုပြီးရေးမယ်၊ ဒီဘက်ကလူတွေကနဲနဲဆက်ဆံရေးကြဲတယ်၊ ဟိုရောက်ဒီရောက်ဖြစ်ကုန်ပြန်ပါပြီ ထားပါတော့၊
ကဲကဲ .. သတိရလို့ ဆက် ပြောရအုံးမယ် ဖလော်ရီဒါမှာ တယောက်နဲ့တယောက်ပါးခြင်းကပ်ပြီးနမ်းရတဲ့ဓလေ့ရှိတယ်၊နော့ကာရိုလိုင်းနားဘက်မှာတော့သိပ်မတွေ့ဘူး၊ ဖလော်ရီဒါမှာ အလုပ်ဝင်စက အလုပ်ထဲမှာ နှူတ်ဆက်ပြီးနမ်းကြတာတွေတွေ့တော့ ကျွန်တော်ရှောင်ရှောင်နေရတယ်၊ တနေ့တော့ ရှောင်လို့မရ ဘဲထိတ်တိုက်တွေရော ကျွန်တော့်ရှေ့ကတယောက်က အလုပ်ထဲက စပန်းနစ်မလေးကိုဖက်နမ်းပြီးနှုတ်ဆက်လိုက်တယ်၊ ပြီးရင်ကျွန်တော့်အလည့်၊ ခက်ပြီး..၊ အေးလေ ပထမအကြိမ်ဆိုတော့ ရွှံ့တွန့်တွန့်နဲ့ပေါ့ ဗျာ… နောက်တော့လဲ အေးဆေး ဖြစ်သွားတာပါဘဲ ဟဲဟဲ..၊
ကျွန်တော့်မိန်းမလဲအဲ့ဒီအတွေ့အကြုံရခဲ့ရဲ့၊ လင်မယားနှစ်ယောက်စကားစပ်တိုင်း ပြောပြောပြီးရီရတာ အခုအထိဘဲ၊ သူ အနီးအနားက ကွန်မြုနတီ ကောလိပ်မှာ ကျောင်းသွားအပ်တုန်းကပေါ့၊ ကျွန်တော်တော့မပါဘူး သူတယောက်ထဲသွားတာ ဟိုမှာ ၀င်ခွင့် စစ်ပြီးလို့လက်ခံကြောင်း အကြောင်းကြားလို့ ဖိုင်နင်ရှယ်အေ့ ရှောက်ဖို့သွားတာ၊ အကုန်သူတို့ကဘဲလုပ်ပေးတာပါ ကိုယ်ကမေးတာဖြေပြီးလက်မှတ်ထိုးရုံဘဲ၊ အားလုံးလဲပြီးရော အဲဒီအမျိုးသမီးကြီးက ပါးထိုးပေးပါရောတဲ့၊ ကျွန်တော်နဲနဲပြောပြထားလို့သူကနမ်းရမယ်ဆိုတာ သဘောပေါက်ပြီး ရွတ်ဆိုနမ်းချလိုက်တယ်တဲ့၊ ဒါပေမယ်နမ်းပုံ နမ်းနည်းက မှားသွားတယ်ဆိုတာနောက်မှသိရတယ်၊ အမှန်က အဲဒီလိုနှုတ်ဆက်နမ်းရင် ပါးခြင်းဘဲကပ်ပြီး ပါစပ်က ပြွတ်ဆို အသံလုပ်လိုက်ရတာ၊ အဲဒါ ချိ တူချိလိုခေါ်တယ်တဲ့၊ သူကတော့တကယ်နမ်းချပလိုက်တယ်တဲ့၊ အမလေး လေး နောက်ဆက်တွဲ ဘာမှဆက်မဖြစ်လာလို့ တော်သေးတယ်၊ လူတိုင်းနေရာတိုင်းတော့မဟုတ်ဘူးနော်.. ကိုယ်နဲ့ ခင်မင်ရင်းနှီးပြီးမှ ဒါမှမဟုတ် အခြေအနေအရလုပ်ရတာ၊ ကျွန်တော်ကျောင်းသွားစုံစမ်းတုံးကတော့ ဒါမျိုးမလုပ်ခဲ့ရပါဘူး၊ ဖလော်ရီဒါမှာ တခုသဘောကြတာက ကျောင်းဝင်းထဲမှာ ခွေးအလတ်စားအရွယ်လောက်ရှိတဲ့ ပုတ်သင်ညိုကြီးတွေ ရယ် ကြိုးကြာ နီ (ဖလက်မင်းဂိုး)ငှက်တွေရယ်ဘဲ၊ အေးဗျာ ဒါပေမယ့် ကျွန်တော်တို့တွေဘာကျောင်းမှမတက်ခဲ့ကြရပါဘူး၊ စူးရှီး ဆိုင်ရှင်ငနဲ နဲ့အဖွဲ့က ၀ိုင်းကန့်ကွက်ကြတာနဲ့ ပြန်ထွက်ခဲ့ရတယ်၊ နော့ကာရိုလိုင်းနား မှာကျောင်းသွားစုံစမ်းတော့ အဆင်မပြေသေးတာ အခုအထိဘဲ ၊ မြန်မာပြည်တကသိုလ်ကလဲရစ်လိုက်တာ ၇လ ကြာပြီအခုထိ တောင်းထားတဲ့ထောက်ခံစာစာရွက်စာတမ်းတွေမပို့သေးဘူး၊ ပို့တာတွေကတလွဲတွေ၊ သွားပြောခိုင်းထားတဲ့မရီးကလဲ သွားတိုင်း အတောင်းခံအဟောက်ခံနေရတော့မသွားခြင်တော့ဘူးတဲ့၊ ဘာဆက်လုပ်လို့လုပ်ရမှန်းတောင်မသိဘူး၊ ဘာဘဲပြောပြော ဆွေမရှိမျိုးမရှိအသိတယောက်မှမရှိဘဲ တွေတဲ့ သူနဲ့မိတ်ဆွေဖွဲ့ပြီးနေလာတာ ဘာလိုလိုနဲ့ ၂ နှစ်တောင်ကျော်လာပါပေါ့လား၊ အမေရေ သားတနေ့တော့ရွာမှာအလှူပြန်လာလုပ်အုံးမှာပါ….၊
ဒါနဲ့ ဆရာခိုင် ပြောပြတဲ့လက်ရှိ ပြောင်းလဲသွားတဲ့ မြန်မာပြည် ကအလှူအတန်းလုပ်ပုံတွေ ကို ကျွန်တော် တို့ ငယ်စဉ် ကအလှူတွေနဲ့နှိုင်းယှဉ်ရေးပြပါဦးမယ်..
No comments:
Post a Comment