Sunday, June 28, 2009

အင်တီဗိုင်းရပ် ဆိုဘဲ..

ကျွန်တော်ဟာကွန်ပျူတာပညာနဲ့ အသက်မွေးဝမ်းကျောင်းလုပ်နေတဲ့ပညာရှင်မဟုတ်ပါ၊ အသုံးပြု့သူသက်သက်ပါ၊ သို့သော် မကြာခင်ကဘဲ ချာပါဟေး ကာဘိုရိုမှာ ပါစင်နယ်အင်တီဗိုင်းရပ် အမည်နဲ့ ငွေညှစ်တဲ့ ထရိုဂျင် ရိုဂူး ဗိုင်းရပ်ဆော့ဝဲတစ်ခု ကူးစက်နေတဲ့ကွန်ပျူတာနှစ်လုံးတွေ့ခဲ့လို့ ရှင်းထုတ်ပေးခဲ့ရပါတယ်၊ ဒါကြောင့် သိသလောက် လက်တွေ့နဲ့ဖတ်မှတ်ဖူးတာတွေကိုရေးလိုက်ရပါတယ်၊

ကျွန်တော်တွေ့တဲ့ဗိုင်းရပ်ဝင်တဲ့ကွန်ပျူတာတွေကတော့ ဝင်းဒိုးအိပ်ခ်ျပီတွေဘဲဖြစ်ပါတယ်၊ ဒီဗိုင်းရပ်မျိုးက တစ်ခြားနိုင်ငံတွေမှာရော တိုက်ခိုက်သလားမသိပါဘူး၊ အရင်နှစ်တွေတုန်းကတော့ အင်တီဗိုင်းရပ် ၂၀၀၈ နဲ့ ၂၀၀၉ ဆိုတဲ့ ရိုဂူးဗိုင်းရပ်တွေတိုက်ခိုက်လာတာတွေ့ခဲ့ဘူးပါတယ်၊ ဆော့ဝဲတွေလိုက်စမ်းတတ်တဲ့ ကျွန်တော် ဟာပထမဆုံး အင်တီဗိုင်းရပ် ၂၀၀၈ ရိုဂူးဗိုင်းရပ်နဲ့ စဆုံတွေ့ခဲ့ပါတယ်၊ ကျွန်တော့ကွန်ပျူတာဟာ သူ့ဟာသူမရပ်မနား ရီစတက်လုပ်နေပြီး သူ့ကိုဝယ်ဖို့နဲ့ ကွန်ပျူတာမှာကူးစက်နေပါတယ်ဆိုတဲ့ မဟုတ်တစ်ရုတ်ဗိုင်းရပ်တွေကို စကန်ဖတ် ခြိမ်းခြောက်ကာ အစဉ်လိုက်ပြနေပါတယ်၊ ဒါပေမယ့်လည်း နောက်တော့ကျွန်တော်သူ့ကိုရှင်းထုတ်နိုင်ခဲ့ပါတယ်၊ မသိခင်တုန်းကတော့ အတော်လေးဦးနှောက်စားခဲ့ပါတယ် သိတော့လည်းလွယ်လွယ်လေးပါ၊ ဒါကြောင့်တိုက်ဆိုင်ခဲ့ရင် မိမိဘာသာအသုံးပြု့လို့ရအောင်ဖော်ပြလိုက်ရပါတယ်၊

ကူးစက်ပုံကတော့ဒီလိုပါ၊ များသောအားဖြင့် မိမိကွန်ပျူတာက ဖိုင်းယားဝေါကဘယ်ဆော့ဝဲကိုမှ အလွယ်တစ်ကူလာပြီးအင်စတောအလုပ်မခံပါဘူး၊ ကိုယ်ကဝက်ဆိုက်တွေရှောက်ကြည့်တဲ့အခါ ဆိုက်တွေကချိပ်ထားတော့ ကျော်ငြာတွေကနေ နှိပ်မိရာက အမှတ်တမဲ့ဝင်လာတတ်ပါတယ်၊ နောက်ပြီး ဖိုင်တစ်ခုခုကို ဒေါင်းလုပ် လုပ်မိတဲ့အခါမှာ ဗိုင်းရပ်ဝင်လာဖို့ လမ်းကြောင်းကိုလည်းဒေါင်းလုပ် လုပ်မိပြီး သူဝင်လာနိုင်ပါတယ်၊ လိုင်းဝါယာလိုမျိုးကို အသုံးပြုဒေါင်းလုပ်လုပ်ရင်းလည်းဝင်လာတတ်ပါတယ် (လိုင်းဝါယာသုံးရင်သူ့မှာပါလာတဲ့ဖိုင်တချို့ကိုဖျက်ပြစ် သို့ ဒစ်အေးဘဲ လုပ်ပြီး မိမိကွန်ပျူတာကို ဆာဗာလိုဖြစ်မနေအောင် လုပ်ထားဖို့လိုပါတယ်) ၊ အီးမေးတွေကနေတဆင့် ဝင်တာကတော့ လူတိုင်းသိပြီးသားပါ၊ ဘာဘဲပြောပြောကိုယ်မသိတဲ့ဆော့ဝဲ တွေကိုဒေါင်းလုပ်မလုပ်မိဖို့သတိထားစေချင်ပါတယ်၊
မကြာခင်ကဘဲ ဘလောက်တစ်ခုကအလကားပေးထားလို့ ပေါ့တေးဘဲ ပေ့မိတ်ကာ ကိုဒေါင်းလုပ်လုပ်ခဲ့ပါတယ်၊ ကော်မန်းအရတော့ အတော်များများက သုံးရတာအဆင်ပြေလို့ကြိုက်ကြပေမယ့် ကျွန်တော်သုံးလို့မရပါ၊ နောက်တော့ ကျွန်တော့ကွန်ပျူတာမှာရှိတဲ့ ဆမ်မက်တစ်အင်တီဗိုင်းရပ်က ဒီဖိုင်မှာ “အင်ဖိုစတီးလား”ဆိုတဲ့ထရိုဂျင်ပါ လာကြောင်းလာပြပါတယ်၊ ဒါပေမယ့်လည်း ဖြန့်ဝေပေးတဲ့သူကိုကျွန်တော် ဘယ်လိုပြောရမလဲမသိလို့အခုထိမပြောဖြစ်သေးပါဘူး၊ စေတနာနဲ့ရှယ်ယာလုပ်ပေးတာဆိုတော့ (ယုံကြည်လို့) ပြောသင့်မပြောသင့်အခုထိဝေခွဲမရဖြစ်နေတယ်၊

အကယ်လို့ မိမိကွန်ပျူတာမှာ မှားယွင်းပြီး အင်တီဗိုင်းရပ်၂၀၀၈၊၂၀၀၉ တို့ ပါစင်နယ်အင်တီဗိုင်းရပ် တို့လိုရိုဂူးဗိုင်းရပ်တစ်မျိုးမျိုး ဝင်လာမိပြီဆိုပါက အဲ့ဒီဆော့ဝဲက သူ့ကိုမဝယ်မချင်းဒုက္ခပေးနေတတ်ပါတယ်၊ ဝယ်ရင်လည်းသက်သက်ငွေညှစ်တာဖြစ်လို့ ပိုက်ဆံကုန်လူပန်းဖြစ်မှာပါဘဲ၊ မဝယ်ဘဲထားတော့လည်းဒုက္ခပေးနေတော့တာပါဘဲ၊ ကွန်ပျူတာကို သူ့ဟာသူ ရီစတာ့ လုပ်နေတတ်သလို၊ ဗိုင်ရပ်များဝင်နေပါတယ် သူ့ကိုဝယ်ပါဆိုပြီးလည်း သတိပေးပြီးမိမိအလုပ်ကိုနှောက်ယှက်နေတတ်ပါတယ်၊ သူစကန်လုပ်ပြတဲ့ မိမိကွန်ပျူတာထဲမှာရှိနေတယ်ဆိုတဲ့ ဗိုင်းရပ်တွေဟာတစ်ကယ်ဝင်နေတဲ့ဗိုင်းရပ်များမဟုတ်ပါဘူး၊ ညာနေတာပါ၊ အတွေ့အကြုံမရှိတဲ့ သူတွေကိုလိုက်ဖမ်းထားတာပါ၊

ဘယ်လိုသူ့ကိုရှင်းရမလဲဆိုတာကိုဆက်ပါမယ်၊
ဒီနည်းကတော့နဲနဲ ရှုပ်ပါတယ် နောက်ပိုင်းရိုဂူးဆော့ဝဲတွေကနာမည်ပြောင်းသုံးလာလို့ဒီနည်းနဲ့ရှင်းဖို့ဖိုင်ကိုရှာရခက်လာပါ တယ်၊ သဘောကိုနားလည်စေဖို့ပါ၊ အင်တီဗိုင်းရပ်၂၀၀၈ ကိုရှင်းတုန်းကသုံးဘူးပါတယ်၊
(၁) ဝင်းဒိုး Task Manager ကိုဖွင့်ပါ (တက်ဘားမှာ ရိုက်ကလစ်နှိပ်ပြီး (သို့) အင်တီဗိုင်းရပ်၂၀၀၈ လိုမျိုးဝင်ပြီး မရပ်မနား ရီစတာ့လုပ်နေစဉ် Clt+Alt+Del နှိပ်ပြီးဖွင့်လို့ရပါတယ်)၊
(၂) ပြီးရင် Processes ကိုဖွင့်ပါ အဲဒီမှာ အလုပ်လုပ်နေတဲ့ exe ဖိုင်တွေတွေ့ပါမယ်၊ ဥပမာ၊ Antivirus2008DOTexe..၊ ပါစင်နယ်အင်တီဗိုင်းရပ်မှာတော့ အီးအိပ်အီးဖိုင် ၄ မျိုးလာကူးစက်ပါတယ်လိုဆိုပါတယ် (PerAvirDOTexe, WinLogonDOTexe, ivDOTexe, ServicesDOTexe တို့ပါတဲ့ ဒါပေမယ့် မစမ်းဘူးသေးပါ)၊
(၃) အဲ့ဒီမှာ ဒုက္ခပေးနေတဲ့ အင်တီဗိုင်းရပ်အီးအိပ်အီးဖိုင်ကို End Process လုပ်လိုက်ပါ (ဒါဆိုရင်တော့ ကွန်ပျူတာက သူ့ဟာသူရီစတာ့လုပ်နေတာရပ်သွားပါမယ်)
(၄) ပြီးရင်တော့ ဗိုင်းရပ်ဖိုင်ကို ရှာပြီး ဖျက်ပြစ်လိုက်ပါ၊ ပြီးရင် CCleaner (သို့မဟုတ်ကြိုက်ရာတမျိုးမျိုး)ကို ဖွင့်ပြီး လက်ကျန်ဖိုင်တွေကိုရှင်းလိုက်ပါ၊
Registry ကိုရှင်းတဲ့အခါ အရေးကြီးမရှိမဖြစ်တွေကို မှားမရှင်းမိဖို့သတိထားပါ၊ ဘက်ကပ် လုပ်ထားပါ၊

နောက်တမျိုးက အဲဒီဖိုင်တွေဟာ ရှာရခက်တတ်ပါတယ်၊ ပါစင်နယ်အင်တီဗိုင်းရပ်ဖိုင်တွေကတော့ လိုကယ်ဒစ် C ထဲက ပရိုဂရမ် ထဲက Common file ထဲကိုသွားပါတယ်၊ အဲဒီမှာမတွေ့သေးဘူးဆိုရင်တော့ Uninstall ဖိုဒါထဲမှာ ရှိပါလိမ့်မယ်၊ အဲဒီကနေရှာဖျက်လို့လည်းရပါတယ်တဲ့၊ (ဝင်းဒိုးအိပ်ပီ အတွက်ဘဲအဆင်ပြေပါသေးတယ်လို့ဆိုပါတယ်)၊ အဲဒီ Uninstall ဖိုဒါက “ဟိုက်” လုပ်ထားတတ်ပါတယ်၊

အထက်ပါနည်းနဲ့ ဖြေရှင်းဖို့အခက်အခဲရှိတယ်ဆိုရင်၊ အီးအိပ်အီးဖိုင်တွေရှာမတွေ့ဘူးဆိုရင် ဒါမှမဟုတ်အန္တရယ်များတယ်ထင်ရင်တော့ (သုံးဘူးတဲ့ အလကားရတဲ့) မေဝဲယာဘိုက်ဆော့ဝဲနဲ့လည်း ရှင်းလို့ရပါတယ်၊ လောလောဆယ်သူကသုံးလို့ကောင်းပါတယ် အခြား မေးဝဲယာတော်တော်များများရှင်းပြစ်ပေးပါတယ်၊ အပြည့်အစုံသုံးခြင်ရင်တော့ ဝယ်ရပါမယ်၊ နောက်ပြီး တော့ Vipre နဲ့လည်းရှင်းလို့ရပါတယ်လို့ဆိုပါတယ် (မသုံးဘူးပါ်)၊ ဒီလိုဆော့ဝဲယားတွေရှိပေမယ့် မသုံးဘူးလို့မဖော်ပြတော့ပါဘူး၊ ဘာဘဲပြောပြော အင်တီဆော့ဝဲနာမည်နဲ့အလိမ်ဆော့ဝဲယားတွေ အများကြီးရှိနေတော့ သတိထားဖို့လိုပါတယ်၊ ဒီအထဲမှာဘဲ ရိုဂူး ဆော့ဝဲယားတွေကဘဲ အများကြီးပါ၊ ဒီလိုဗိုင်းရပ်ဆော့ဝဲယားတွေကို တင်ပေးထားတဲ့ “ဟို့” တွေအများစုဟာ ရှရှား၊ တရုပ် နဲ့ အရှေ့ဥရောပနိုင်ငံတွေလိုလူသိများကြပေမယ့်၊ အမေရိကန်နိုင်ငံ ကနေတင်ထားတာတွေလည်းအများကြီးရှိကြောင်း "ဆမ်းဘဲ့လ် " ကနေဖော်ပြထားတာ အောက်ပါအတိုင်းတွေ့ရပါတယ်၊ အဲဒီဆိုက်တွေကို ဝင်မကြည့်မိကြဖို့နဲ့ မစမ်းမိကြဖို့ပါ (အကယ်လို့ စမ်းကြည့်ခြင်ရင်တော့တစ်မျိုးပေါ့လေ)၊

1-againstspy net
1-agentprotect net
1-antispystore com
1-antspy2008 com
1-mas2009 com
1-myantispy net
1-myspyguard com
1-spguard2008 com
1-webspyguard com
2-againstspy net
2-agentprotect net
againstspy net
agentprotect net
antispysoft4u com
antispystore com
antspy2008 com
anush biz
bestcontraadwarelive com
bestcontraadwareonline com
bestcontraadwarestore com
bestmachinedefenderonline com
bestmachinedefenderpro com
bestmachinedefenderstore com
bestopposingadwarelive com
bestopposingadwareonline com
bestopposingadwarepro com
bestopposingadwarestore com
bestserverdefenderlive com
bestserverdefenderonline com
bestserverdefenderpro com
bestserverdefenderstore com
chaepantispyforpc com
codei net
computeralt net
easycontraadwarelive com
easycontraadwareonline com
easycontraadwarestore com
easymachinedefenderonline com
easymachinedefenderpro com
easymachinedefenderstore com
easyopposingadwarelive com
easyopposingadwareonline com
easyopposingadwarepro com
easyopposingadwarestore com
easyremoveviruspro com
easyserverdefenderlive com
easyserverdefenderonline com
easyserverdefenderpro com
easyserverdefenderstore com
easyversusadwarestore com
expertalt com
freeofviruspc com
is-antispy com
lava-antispy com
mas2009 com
medkeep net
metricshop net
ms-antispy com
msantispyware2009 com
myantispy net
mycontraadwareonline com
mymachinedefenderpro com
mymachinedefenderstore com
mymedstore net
myopposingadwareonline com
myopposingadwarestore com
myprosoftware net
myserverdefenderlive com
myserverdefenderonline com
myserverdefenderstore com
myspyguard com
neosoftware net
neosoftwareonline net
novirusonpc com
pc-cleaner2009 com
removevirusonline com
softwaresky net
softwarestrike com
softwaretwo com
softwareunity net
spguard2008 com
spyfighterantivir com
spywaredeletehere net
spyware-out com
spywareout2009 com
stopadvaresoft com
systemstock net
uploadantispy com
virusprotectionsoft com
virussoftwareremoval com
virustreatmentforpc com
webmedstore net
websoftwarecloud com
webspyguard com
winspycleaner com
winsyscleaner com
yourcontraadwarelive com
yourcontraadwareonline com
yourcontraadwarestore com
yourmachinedefenderpro com
yourmachinedefenderstore com
youropposingadwarelive com
youropposingadwareonline com
youropposingadwarepro com
youropposingadwarestore com
yourserverdefenderlive com
yourserverdefenderonline com
yourserverdefenderpro com
yourserverdefenderstore com

ဒီနှစ်ဇူလိုင်လ ၁ရက်နေ့ကနေစပြီး တရုတ်ပြည်မှာရောင်းမယ့်ကွန်ပျူတာတွေမှာ Green-Dam လို့ခေါ်တဲ့ ဆော့ဝဲယားတစ်မျိုး ကိုထဲ့သွင်းရောင်းရမယ်လို့တစ်ရုတ်အစိုးရက ထုတ်ပြန်ထားတယ်လို့ဖတ်ရပါတယ်၊ အဲဒီဆော့ဝဲယားဟာ စပိုင်ဝဲယား အမျိုးအစားဖြစ်တယ်လို့သိရပါတယ်၊ သူကနေ မကောင်းတဲ့ ပိုနိုဆိုက်တွေ ကို ဖေလ်တာ စစ်ပေးတယ်ဆိုပေမယ့်လည်း၊ နိုင်ငံရေး စကားလုံးတွေကိုလည်းစစ်ပါတယ်တဲ့၊ နောက်ပြီး ကွန်ပျူတာသုံးစွဲသူဘာလုပ်တယ်ဆိုတာကိုလည်းစောင့်ကြည့်နေတဲ့သဘောရှိပါတယ်တဲ့၊ သူကလည်း ဝင်းဒိုးဗစ်စတာနဲ့လည်းအလုပ်လုပ်ပါတယ်လို့ဆိုပါတယ်၊ ဒါကြောင့်အဲ့ဒီဆော့ဝဲယားကိုဖျက်ပြစ်ဖို့ လိုပါတယ်လို့အကြံပေးထားပါတယ်၊ နောက်ပြီး အမေရိကန်အခြေစိုက် ဆောလစ် အုပ် ဆော့ဝဲယား ကနေအဲ့ဒီ ဂရင်းဒမ် ထုတ်လုပ်တဲ့တရုတ်ကုမဏီ ဂျင်ဟိုင်း ကွန်ပျူတာ စနစ် ကို သူတို့ကုတ်တွေခိုးသုံးထားတယ်လို့ တရားစွဲထားကြောင်းလည်းသိရပါတယ်၊

ဒါနဲ့စကားမစပ် အစ္စရေးက ဆရာတစ်ယောက်က တွစ်တာ မှာ ဒုက္ခပေးမယ့်ကုတ်တွေကို ၂၄ နာရီကြိုတင်သတိပေးပြီး ရေးထဲ့မယ်လို့ဆိုကြောင်းသိရပါတယ်၊ သူဆိုလိုချင်တာကတော့ ဒီလို သာ့ပါတီ ဆိုရှယ်ဆိုက်တွေပိုပြီး လုံခြုံရေး တိုးတက်လာစေဖို့ ရည်ရွယ်ကြောင်းပြောပါတယ်တဲ့၊
ဒါတွေက ကွန်ပျူတာလောကမှာ အမြဲအစဉ်မပြတ်ဖြစ်နေကြတာပါ၊ သူတို့ဘာသာသူတို့ပညာရှင်တွေရှင်းကြပါလိမ့်မယ်၊ ကျွန်တော်တို့လိုသုံးသူသက်သက် အနေနဲ့ ဘာတွေဖြစ်နေလည်းဆိုတာ အမြဲသိလည်းမသိနိုင်ပါဘူး၊

ဘာဘဲပြောပြောပေါ့ဗျာ မိမိကွန်ပျူတာကို ဗိုင်းရပ်၊ထရိုဂျင်၊ဝမ်း၊ စပိုင်ဝဲယာ စတာတွေရန်ကကာကွယ်ဖို့တော့ပြင်ဆင်ထားဖို့လိုကြောင်းသိသမျှနဲ့သတိပေးလိုက်ပါတယ်၊

(ဖော်ပြပါဆော့ဝဲယားများ၊နည်းများကို အသုံးပြု့လို့တစုံတခုဖြစ်ခဲ့ရင် မိမိတာဝန်သာဖြစ်ပါတယ်)

No comments: