Thursday, April 15, 2010

သမီးငယ် ၉လ ပြည့်အမှတ်တရ..


သမီး ငယ်လေး ၉ လ ပြည့်တဲ့နေ့မှာ နော့လ်ကာရိုလိုင်းနား ဇူး ကို သွားဖြစ်ခဲ့ကြပါတယ်၊ ရှားလော့မြို့ ကနေ အက်ခ်ျဘိုရိုထိ ၁ နာရီခွဲလောက် ဘဲဝေးပါတယ်၊ ၈၅ လမ်းမကြီးပေါ်ကနေ ထွက်ပေါက်၉၆ အတိုင်းထွက်လိုက်တာနဲ့ တိတ်ဆိပ်နေတဲ့ ၆၄ လမ်းပေါ်ကိုရောက်သွားတယ်ဆိုရင်ဘဲ တောထဲရောက်သွားပါတော့တယ်..၊

လမ်းမှာ ကားရှင်းနေတယ်.. တကယ်တော့ ကျွန်တော်တို့ သွားတာနည်းနည်း နောက်ကျနေတာလည်းပါတယ်..၊ဟိုရောက်တော့.. ကားရပ်စရာတောင်မနည်းရှာရပါတယ်၊ တစ်ချို့လည်းသစ်ပင်အောက်ဖြစ်သလိုထိုးရပ်ထား ကြတယ်၊

လူကြီး တစ်ယောက် ၁၀၊ ကလေး ၆ ဒေါ်လာနဲ့ တစ်နေကုန်ကြည့်ရမယ်..၊ ဖွင့်ချိန်ကတော့ မနက် ၉နာရီကနေ ညနေ ၅ နာရီထိ (အချိန်အပြောင်းအလည်းရှိတယ်)၊
နေရာတွေကို မြောက်အမေရိက နဲ့ အာဖရိကဆိုပြီးနှစ်ပိုင်းခွဲထားတယ်..၊ ပတ်လမ်း ထဲက ကစားကွင်းတွေမှာ ကလေးတွေဝင်ကစားကြပြီး လူကြီးတွေက မုန့်စားပြီးနားကြတယ်၊ ဒီလိုနဲ့ မြောက်အမေရိက ဘက်အခြမ်းဘဲကြည့်ရသေးတယ် အချိန်ကုန်သွားလို့ ကားရထားလေးစီးပြီးလာရာ လမ်းကို ပြန်ခဲ့ကြပါတယ်၊

ကဲပြောနေကြာတယ်.. ကျွန်တော်တို့နဲ့ အတူလိုက်ကြည့်ကြပါလား..
အကယ်လို့ HD နဲ့ကြည့်မယ်ဆိုလည်း ကြည့်လို့ရပါတယ်..၊


2 comments:

rose of sharon said...

ဘာလိုလိုနဲ့ကိုးလတောင်ရှိသွားပြီလား... အငယ်လေးကချစ်ဖို့ကောင်းသလို အကြီးလေးကလည်း အချောလေးနော်....

kiki said...

၉ လတဲ့  ..မြန်လိုက်တာ။။
မိသားတစု ကျန်းမာ ပျော်ရွှင်ကြပါစေ ကိုရန်မျိုးရေ ..

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံသော နှစ်သစ်မှာ ၊
မြန်မာပြည်သား အပေါင်းတို့ စိတ်၏ချမ်းသာခြင်း ။ကိုယ်၏ကျန်းမာခြင်း များ နဲ့  ပြည့်စုံပြီး စစ်မှန်စွာ လွတ်လပ်မှုကို အမြန်ဆုံးရရှိ ခံစားနိုင်ကြပါစေရန် ဆုတောင်းပေးလိုက်ပါတယ် ။