Wednesday, October 1, 2014

စက်တင်ဘာ ၂၀၁၄ နောက်ဆုံးပတ် ခေတ်ပေါ်သတင်း





စက်တင်ဘာလ ၂၄ ၂၀၁၄ မှာတွေ့ရှိတဲ့ ကွန်ပျူတာနက်ဝက်တွေရဲ့ လုံခြုံရေးကို ချိုးဖောက်နိုင်တဲ့ Bash bug လို့ခေါ်တဲ့ security bug တစ်မျိုးအတွက် ကွန်ပျူတာလုံခြုံရေးတွေကို အမေရိကန်မှာ စတင်ပြီး စီမံဆောင်ရွက်နေပါတယ်..၊



ဒီနေ့မနက် ၇ နာရီ ခွဲကျော်လောက်မှာ ရှားလော့ မြို့ အရှေ့ပိုင်းမှာ ရှိတဲ့ အယ်ဘယ်ရယ်အထက်တန်းကျောင်း မှာ ကျောင်းသားချင်းသေနပ်နဲ့ပစ်ခတ်မှု့ဖြစ်ခဲ့ပါတယ်..၊ ကျောင်းတက်ခေါင်းလောင်းမထိုးခင်လေးမှာ ကျောင်းရှေ့မှာ ဖြစ်သွားတာပါ၊ ပစ်ခံရတဲ့သူ ဗိုက်အောက်ပိုင်းနဲ့ ပေါင်မှာ နှစ်ချက်ထိပါတယ်၊ သေတော့ မသေပါဘူး ဆေးရုံပိုလိုက်ပါ ပြီး ညနေပိုင်းမှာအခြေအနေကောင်းလာတယ်လို့ဆိုပါတယ်..၊


အမေရိကန်မှာ Enterovirus လို့ခေါ်တဲ့ အသက်ရူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်တစ်မျိုးဖြစ်ပွားစပြုနေပါတယ်..၊ စက်တင်ဘာလ ၉ရက်နေ့မှာ ပြည်နယ်၁၁ ခုမှာတွေ့ခဲ့ပြီး ယနေ့မှာတော့ အခြားပြည်နယ်များပါကူးစက်နေပါတယ်..၊



ပတ်ပလစ် ၀ိုင်ဖိုင်အင်တာနက်သုံးသူများ အလွယ်တကူ ဟတ် ခံနေရ လို့ သတိထားဖို့ကြေညာထားပါတယ်..၊ အများပြည်သူဆိုင်ရာက ဖရီး ၀ိုင်ဖိုင်တွေသုံးရင်ကိုယ်သုံးတဲ့ဝိုင်ဖိုင် ဟာ အမှန်ဟုတ်မဟုတ်သတိထားဖို့လိုပါတယ်..၊ဥပမာ မက်ဒေါနယ် မှာ စားရင်းအင်တာနက်သုံးရင်မက်ဒေါ်နယ်ရဲ့ ၀ိုင်ဖိုင်ဟုတ်မဟုတ်အရင်ကြည့်ပြီးမှသုံးရပါမယ်..၊ ဒါတွေဖြစ်နေတာ ၈နှစ်၉နှစ်လောက်ရှိပါပြီ..၊ မသမာသူတွေက သူတို့ရဲ့ အင်အားကောင်းတဲ့ဝိုင်ဖိုင်ကို လွင့်ပေးထားပြီး ယူသုံးလာတဲ့ သူတွေရဲ့ ကွန်ပျူတာကနေ အချက်အလက်တွေခိုးယူသွားတာပါ..၊
နောက်တစ်ခုကတော့ ခရက်ဒစ်ကပ်တွေကို အိပ်ထဲမှာ ထဲ့ထားရင်း ကုန်တိုက်လိုနေရာမှာ သွားနေစဉ်မှာ မသမာတဲ့သူတွေက တက်ပလက်အရွယ် စကန်နာနဲ့ မိမိအိပ်ပေါ်ကနေ မသိမသာ စကန်ဖတ်သလိုလုပ်လိုက်ရုံနဲ့ ကိုယ့်ခရက်ဒစ်ကဒ်ပါသွားပါမယ်၊ မိမိကို လုံးဝ မထိတဲ့ အတွက်သိလိုက်မှာ မဟုတ်ပါဘူး၊ အဲ့ဒီလို စကန်ဖတ်ပြီးတာနဲ့ ခရက်ဒစ်ကဒ်အချက်အလက်တွေ အကုန်ရသွားသလို..၊ အတက်ချီအိပ်လိုအိပ်ပြားလေးထဲကနေ အတိအကျကော်ပီကူးထားတဲ့ကဒ်တစ်ခုကို မိနစ်ပိုင်းအတွင်းလုပ်နိုင်ပါတယ်..၊ အေဘီစီ သတင်းဌာနက ကုန်တိုက်တစ်ခုမှာ ဈေးဝယ်သူအချို့ကို ဥပမာလုပ်ပြခဲ့ပါတယ်..၊


နောက်ဆုံးပေါ်ကားတွေ မှာ အီလက်ထရောနစ်စနစ်တွေ အဆင့်မြင့်လာသလို..၊ ကားတွေရဲ့ စနစ်ကို ဟတ်ကာ တွေကဟတ်ပြီး မိမိကားကို အဝေးကနေ ထိန်းချုပ်နိုင်လာစရာရှိပါတယ်..၊ ဒီတော့ အဆင့်မြင့်လာသလို လုံခြုံရေးလည်း မြှင့်ဖို့လိုပါတယ်..၊ နီဆန်အော်တီမား ကီးလက်စ် ကားတစ်စီ ကို ချက်အင်ဂျင်စစ်တဲ့နေရာကနေတဆင့် ကွန်ပျူတာနဲ့ချိပ်ဆက်ပြီး ထိပ်ချုပ်ပြသွားတာကို ကြည့်လိုက်ရပါတယ်..၊


အမေရိကန်မှာလည်း ဖခင်ရာထူးကို အသုံးပြု့ပြီး ကြီးကျယ်ခြင်တဲ့သူတွေရှိပါတယ်..၊ ရဲမှူးကြီးသမီးတစ်ယောက်တော့ အခုအချုပ်ထဲရောက်သွားပါပြီ..၊ တခါ က ကားတစ်စီးကို သူ့အဖေကို တိုင်ပြီးတော့ ဖမ်းစေပါတယ်..၊ဒါကို အင်တာနက်မှာ ကြွားပြီး ပို့စ်သွားတင်လိုက်တာကနေပြီး နောက်တစ်ခါ အပေါင်းအသင်းနဲ့ သူများကို ပြသနာရှာရာကနေဖမ်းခံလိုက်ရတာပါ..၊
အစ်စလမ်မစ်စစ်သွေးကြွ အိုင်အက်အိုင်အက်စ်တွေကို ဗုံးကြဲတဲ့ သတင်းတွေမှာ မိန်းမီဒီယာတွေက လူတွေကို သိစေချင်တာနဲ့ တကယ်လက်တွေ့ဖြစ်နေတာ ကွာခြားချက်တွေရှိနိုင်ပါတယ်..၊ အိုင်စက်ကို အကြောင်းပြပြီး အာဆက်ကို ၀င်ရှင်းဖို့ပြင်နေတာလို့ သတိထားစေချင်ပါတယ်..၊ ဆီးရီးယားကို ဘယ်လိုမှ ၀င်လို့မရလို့ ဒီလို ဇတ်လမ်းထွင်လာတာလို့ဆိုနိုင်ပါတယ်..၊ အီဂျစ်တင့်ကားတွေ နယ်စပ်မှာ နေရာချထားပြီဆိုတော့ ပိုခိုင်မာလာတယ်လို့ဆိုနိုင်ပါတယ်..၊ ကိုရိုစင်း ဆိုပြီး တစ်ဖွဲပေါ်လာပြန်ပါပြီ..၊
သတိထားစရာနဲ့ လတ်တလောသတင်းတချို့ပါ..၊

No comments: