Saturday, October 18, 2014

လပ်စားတဲ့ အမေရိကန် ၀န်ထမ်း..



အမေရိကန်မှာလည်း လပ်ပေးလပ်ယူရှိတာပါဘဲ..၊ ဒါပေမယ့် လွယ်တော့ မလွယ်ပါဘူး..၊
မနှစ်ကမှ ရွေးချယ်ခံရတဲ့ ကျွန်တော်တို့ရှားလော့မြို့တော်ဝန် ပတ်ထရစ်ကန်နွန်တစ်ယောက်တော့ လပ်စားမှု့နဲ့ ထောင် ၄၄ လကျဖို့ အမိန့်ချလိုက်ပါပြီ၊


ဖြစ်ပုံကတော့ သူဟာ မြို့တော်ရဲ့လုပ်ငန်းတစ်ချို့ (ကားပါကင် ကောက်ခံတဲ့လုပ်ငန်းလိုမျိုး) စသည်ဖြင့် လုပ်ငန်း လုပ်ပိုင်ခွင့်တွေကို လဒ်ယူပြီးနီးစပ်ရာလူကို ချပေးတယ်လို့ မသင်္ကာလို့ အထူးထောက်လှမ်းရေး ကလိုက်ပါတယ်..၊ လေလံတို့ တင်ဒါတို့ကနေချပေးတော့ သက်သေအထောက်အထားနဲ့ ဖမ်းဖို့ ခက်နေပါတယ်..၊ နောက်တော့ ထောက်လှမ်းရေးဒလံကနေ စီးပွားရေးလုပ်ငန်းတခုချပေးဖို့ တောင်းသလိုနဲ့ လဒ် ငွေ သုံးသောင်းပေးလိုက်တာကို ယူလိုက်ရာမှာ ကွိကနဲမိသွားရှာပါတယ်..၊ ၁၉၉၃ ခု အသက် ၂၆မှာ သူဟာ ရှားလော့သမိုင်းမှာ အသက်အငယ်ဆုံး မြို့တော်ကောင်စီဝင်အဖြစ် အရွေးခံရသူဖြစ်ပါတယ်..၊
ဒေါ်လာငွေသုံးသောင်း ဆိုတာ ဘာမှမဟုတ်တဲ့အတိုင်းအတာပါ သူ့ခမျာစုစုပေါင်း ငွေ ငါးသောင်းစားမှုနဲ့ကျတာပါ..၊ မြန်မာပြည်မှာဆို ဒီလောက်ငွေလေးကို ဘယ်သူယူပါ့မလဲဗျာ.. (ထင်တာဘဲ)၊
ရှားလော့ဟာ နော့လ်ကာရိုလိုင်းနားရဲ့ အကြီးဆုံးစီးပွားရေးမြို့ဖြစ်ပြီး ၊ ပြည်နယ်မြို့တော်က ရားလေမြို့ပါ..၊ 

ထင်ရှားတဲ့သတင်းစားကြီး တွေမှာတော့ အတိုချုံးလောက်ဘဲပါတယ်..၊သတင်းလင့်..http://www.reuters.com/article/2014/10/14/us-usa-northcarolina-mayor-idUSKCN0I314G20141014

No comments: