Friday, October 10, 2014

အောက်တိုဘာ ၆-၁၀ သတင်းအကျဉ်း

လူ့အခွင့်အရေးသမားများအားတက်ဖွယ်ရာ သတင်းတခုကတော့ အခု ချင်ပန်ဇီ မျောက်အခွင့်အရေးအော်နေကြပါပြီ..၊ အမေ၇ိကန်မှာ မျောက်တစ်ကောင်ကို (လိုင်စင်နဲ့ တရားဝင်) လှောင်အိမ်နဲ့ မွေးထားတဲ့ သူကို မျောက်ရဲ့ဆန္ဒမပါဘဲ အကျဉ်းချထားပါတယ်ဆိုပြီး ၀ိုင်းကန့်ကွက်နေကြပါတယ်..၊ သူ့ခမျာ မျောက်ကို တယ်လီဗေးရှင်းထားပေးကြောင်း ဆေးကုသခွင့် နဲ့ အခြားအခွင့်အရေးတွေအပြည့်ပေးပါကြောင်း တရားဥပဒေညီကြောင်းရှင်းနေရပါတယ်..၊ ဘာကြောင့်များ ဒီလူတွေ တိရိစ္ဆာန်ရုံမှာ ကျားတွေကို လွတ်ပေးဖို့ ဆန္ဒမပြကြလည်းတော့ မသိပါဘူး..၊




ဖာဂူဆန်မြို့က လူမဲတစ်ယောက်ကို ရဲက ပစ်သတ်လို့ အထိကရုဏ်ဖြစ်နေတာ အခုထိမပြီးသေးပါဘူး၊ အဲ့ဒီမှာ ရဲကို သေနပ်နဲ့ပစ်လို့ ရဲက ပြန်ပစ်လို့ တစ်ယောက်ထပ် သေပြန်ပါပြီ..၊

ပန်ဆဲဗေးနီးယားမှာ ရဲတွေကို ချောင်းပစ်သတ်သွားတဲ့သူကို လည်းရှာဆဲပါ..၊
အလုပ်ပြုတ်တဲ့ နပ်စ်မတစ်ယောက်က သေနပ်ဝယ်ပြီး လျှောက်ပစ်လို့ ရဲက ၀င်ရှင်းတော့ အသေဘဲမိတယ်..၊ အထီးကျန်လူနေမှုပုံစံနဲ့ သံယောဇဉ်မထားတတ်တဲ့ လူတွေဆိုတော့..၊ သတ်ဖို့ သေဖို့ဝန်မလေးတတ်ကြဘူး..၊

အမေရိကန်မှာ ပထမဆုံး အီဘိုလာ ဗိုင်းရပ်မိတဲ့သူကတော့ တက်ဆပ်ပြည်နယ်ဆေးရုံမှာ ဆုံးသွားပါပြီ..၊ အာဖရိက အထူးသဖြင့်လိုင်ဘေးရီးယားက ပြန်လာသူတွေမှာ ဗိုင်းရပ်ပါလာပြီး အမေရိကန်မှာပြန့်မှာစိုးလို့ အထူးသတိထားနေရပါပြီ..၊ 


ကာလီဖိုးနီးယားက မြို့တော်ဝန်တစ်ယောက်တော့ သူ့မိန်းမက ပစ်သတ်လိုက်ပါတယ်တဲ့..၊ ကွယ်၇ာမှာ ခြေရှုပ်လို့လားမသိပါဘူး.. (ထင်တာပြောတာ သတင်းမှာ မပါဘူး)၊ မြန်မာပြည်က အန်ကယ်ကြီးတွေလည်း အဖြတ်ခံရမယ်သတိထား ရှုပ်ကြဦး..၊
အိမ်အရောင်းအ၀ယ် အေးဂျင့်အမျိုးသမီးတစ်ယောက် အိမ်လိုက်ပြစဉ် အသတ်ခံလိုက်ရပါတယ်..၊ အမေရိကန်မှာ အိမ်ပွဲစားတွေပြန်ပေးဆွဲ အသတ်ခံရလေ့ရှိပါတယ်တဲ့..၊ 

ကာလီဖိုးနီးယားမှာ တောမီးလောင်တာ အခုထိကြိုးစားငြိမ်းသတ်နေဆဲဖြစ်ပြီး မီးငြိမ်းတဲ့လေယဉ်တစ်စီးတောင်နဲ့တိုက်ပြတ်ကျလို့ ပိုင်းလော့သေသွားပါတယ်..၊

လမ်းမှာ သမင်တစ်ကောင် sink hole ထဲပြုတ်ကျနေလို့ ကယ်လိုက်ရပါတယ်တဲ့..၊ အမေရိကန်မှာ တိရိစ္ဆာန်တွေအများကြီးပါ..၊ မြို့ပတ်ဝန်းကျင် အိမ်နောက်ဖေးတွေမှာကို ရောက်လာတတ်ပါတယ်..၊ မြေပြိုတတ်တဲ့ မြေအောက်တွင်းတွေလည်း အများကြီးပါ..၊ အိမ်ဆောက်စဉ်ကတော့ မရှိပါဘဲနောက်မှ မြေအောက် ရေစီးကျောင်းတွေကနေပြီး ဖြစ်လာတာမျိုးလည်းရှိတတ်ပါတယ်..၊

နော့ကာရိုလိုင်းနားဆီနိတ်တာ ရွေးကောက်ပွဲအတွက် တွန်တဲလတ် နဲ့ ကေဟေဂင် ပြိုင်ဆိုင်မှုဟာ အတော်ပြင်းထန်ပါတယ်..၊ တီဗွီကနေ တစ်ယောက်ကို တစ်ယောက်အပြစ်ပြောနေရာကနေ အခုတော့ စင်ပေါ်မှာ စကားရည်လုခိုင်းတဲ့ အဆင့်ရောက်ပါပြီ..၊ တစ်ယောက်ကို တစ်ယောက် စင်ပေါ်မှာ အပြစ်တင် အဲ စကားရည်လုနေကြတာ အတော်ကြည့်ကောင်းပါတယ်..၊

နော့လ်ကာရိုလိုင်းနားမှာ လိင်တူ လက်ထက်မဲ့သူတွေ က သမိုင်းဝင်မဲ့ တရားရုံးက ခွင့်ပြုကြောင်းဆုံးဖြတ်ချက်ကိုစောင့်နေကြလေရဲ့၊ သတင်းထဲမှာ ပါတဲ့ သူအခြို့ကို ကြည့်လိုက်တော့ နှစ်ယောက်လုံးက မှုတ်ဆိပ်တွေနဲ့ ယောက်ျားရင်မပုံကြီးတွေ..၊မိန်းမတွေဆိုလည်း ၀တုပ်တုပ်နဲ့ အသက်ကြီးတဲ့သူတွေတောင်ပါသေးရဲ့..၊


အမေ၇ိကန်လို တိုးတက်တဲ့ နိုင်ငံမှာတောင် စက်လှေကား မတော်တဆမှု တစ်နှစ်ကို 12,000 ကျော်ရှိပါတယ်တဲ့..၊
ဖုန်းအဟောင်းတွေထဲက ဒေတာတွေကို သေချာမဖြတ်ဘဲ ပြန်ရောင်း (သို့) စွန့်ပစ်လေ့ရှိတာမို့ သတိထားဖို့ သတင်းဌာနတွေက သတိပေးနေပါတယ်..၊ 


သူတို့လေလာချက်အရ ဖုန်းတစ်ရာမှာ ၃၅ လုံးလောက်က မဖြက်ထားတတ်ပါဘူးလို့ဆိုပါတယ်..၊ သူတို့ကိုယ်တိုင် အီးဘေး၊ ခရက်လစ်တို့ကနေ၀ယ်ပြီး သုတေသနလုပ်ပြတာပါ..၊
နော့ကာရိုလိုင်းနား ရှားလော့တစ်ဝိုက်မှာ တောင်ခြင်္သေ့တစ်ကောင် မွေးထားတဲ့ မြင်းတွေကို လိုက်ကိုက်လို့ ဖမ်းဖို့ကြိုးစားနေကြပါတယ်..၊ တစ်ချို့ကလည်း တောင်ခြင်္သေ့မဟုတ်နိုင်ဘူးဆိုပါတယ်..၊

အိုဗားမား ကို အလေးသေခြာ မပြုလို့ လူတွေ မကြေမနပ်ဖြစ်နေကြပြီး တစ်ချို့ ကတော့ စစ်တပ်ဘက်ဂရောင်းရှိသူ စစ်တပ် အတွေ့အကြုံရှိသူသာ 

သမ္မတဖြစ်သင့်တယ်ဆိုနေကြပြန်ပါတယ်..၊ မြန်မာပြည်ကို အတုယူမယ်ထင်ပါတယ်..၊
အိုင်အက်စ်ကို အမေရိကန်ဗုံးကြဲတယ်ဆိုတာ တချို့ ကမယုံပါဘူး၊ ဗွီဒီယို တစ်ခုမှာတော့ အိုင်အက်စ်တပ်တွေနဲ့ အဝေးကြီးမှာ ရှိတဲ့ ရွာတစ်ရွာကို ဗုံးကြဲချလို့ ကလေးနဲ့ အရပ်သားတွေ အများကြီး သေတယ်ဆိုပါတယ်..၊ ဒါပေမယ့် ဘာကိုမှ ယုံလို့မ၇ပါ..၊ ခရိုက်စစ် အက်တာ (သရုပ်ဆောင်) တွေကို ငှားပြီး ဇတ်လမ်းဆင် ရိုက်ပြီး ၀ါဒဖြန့်တယ်ဆိုတာ ဒုတိယ ကမ္ဘာစစ်ကထဲပါ..၊ တူရကီတင့်ကားတွေ ဆီးရီးယားနယ်စပ်ကို လာတပ်ဆွဲကထဲက သူတို့ရဲ့ အဓိကပစ်မှတ်က ဆီးရီးယား သမ္မတ အာဆတ်ဆိုတာ သေချာသလောက်ပါ..၊ အသေးစိတ်သိချင်ရင် အာတီ သတင်းတွေနဲ့ ယှဉ်ကြည့်သုံးသပ်သင့်ပါတယ်..၊ အမေရိကန်ရှေ့တစ်လှမ်းတိုးရင်တော့ ရုရှားနဲ့ အီရန်က ဘယ်အဆင့်တိုးမလည်းစောင့်ကြည့်ရပါမယ်..၊ ဘာသာရေး လူမျိုးရေးတွေလောက်နဲ့ဘဲမသုံးသတ်စေလိုဘဲ.. ရုရှား၊ ယူရုတ် နဲ့ အိုပတ်ရဲ့ ရေနံပိုက်လိုင်းကိစ္စတွေကို အလေးအနက်ထားကြည့်ဖို့လိုပါတယ်..၊ အိုင်အက်စ်ကို မွေးခဲ့တာ ဆော်ဒီ၊ ကာတာတို့ကဆိုတာ သေခြာသလောက်ရှိသလို၊ အခု အိုင်အက်စ်ကို တိုက်ဖို့ထောက်ပံ့တာလည်း ဒီအိုပတ် နိုင်ငံတွေကြီးပါဘဲ..၊ တူရကီ ရဲ့ တချိန်က အာမေးနီးယားလူမျိုးတစ်သန်းခွဲကျော်ကို သတ်ပြီးမျိုးဖြုတ်ဖို့ကြိုးစားခဲ့တာ မေ့လို့ မရပါဘူး..၊ ပြီးတော့ သမိုင်းကို လိမ်ဖို့ ကြိုးစားခဲ့ကြပါတယ်..၊ 

တစ်ဖက်မှာ.. အိုင်အက်စ်တွေက အမေရိကန်စစ်ဖက်ဆိုင်ရာကလူတွေရဲ့ မိသားစုတွေကို ပါသတ်ပစ်မယ်ခြိမ်းချောက်လို့ စစ်မှု့ထမ်းဟောင်းအပါအ၀င်လူတွေ အတော်စိတ်တိုနေကြပြီး အမြစ်ဖြုတ်ပစ်မယ်ဆိုပါတယ်..၊ လူ့အခွင့်အရေးသမားတွေ ငြိမ်းချမ်းရေးသမားတွေကတော့ ဘာမှပြောသံမကြားပါဘူး..၊
Change ၀က်ဆိုဒ်ကနေ မြန်မာ လူငယ်နှစ်ယောက်အတွက် ပါတေးရှင်းတင်လိုက်ပါတယ်..၊ နောက်ပီးအဲ့ဒီဆိုဒ် 

လက်မှတ်ထိုးသူတွေဘယ်လောက်တက်လာသလည်း စောင့်ကြည့်နေပါတယ်၊
အမှန်တော့ အဲ့ဒီဆိုဒ်ဟာ non profit မဟုတ်ပါဘူး..၊ ဖလော်ရီဒါက လူမဲကောင်လေးအသတ်ခံရပြီးနောက်ပိုင်း နာမည်ရလာပါတယ်..၊ သူတို့ ရဲ့ အဓိကအလုပ်ကတော့ အီးမေးတွေစုပြီး ပြန်ရောင်းတာပါဘဲ..၊ သူတို့ရဲ့ သဘောတူကြောင်း ချက်ပ်ဘောက်ကို ချက် လုပ်လိုက်တာနဲ့ သဘောတူပြီးကြောင်းလုပ်ပီးသွားပါပြီ၊ နောက်ပီး ရံပုံငွေရှာ တဲ့ သုတေသနအဖွဲ့တွေအတွက် လည်း အလုပ်ဖြစ်ပါတယ်..၊ ဥပမာ လူတစ်ယောက်ဟာ တိရိဆန်ညှင်းပန်းမှု့အတွက် ကန်ကွက်တဲ့ နေရာမှာ ပါဝင်ရင် အခြားပြစ်မှုဆိုင်ရာကိစ္စတွေမှာ ပါဝင်ဖို့ ရာခိုင်နှုန်းအတော်များပါတယ်.. စသည်ဖြင့် သုတေသနလုပ်ပြီး မာကတ်တင်းဝင်ပါမယ်..၊ အလှူခံပါမယ်..၊ ဒါပေမယ့်ဘာမှ မဖြစ်ပါဘူး..၊ မထူးဆန်းပါဘူး..၊ ကိုယ့်နိုင်ငံသားနှစ်ယောက်အတွက် မိမိပါဝင်အင်အားပြရပါမယ်..၊
၁၀ ရက်နေ့မှာတော့ တောင်နဲ့မြောက် ကိုရီးယား ပစ်ခတ်မှုဖြစ်ပြီး တင်းမာနေပြန်ပါတယ်..၊ လေယဉ်တွေပေါ်ကနေ ၀ါဒဖြန့် သတင်းတွေကြဲကြပါတယ်..၊
အမေရိကန်မှာ ဖြစ်သမျှဒီအပတ် အောက်တိုဘာ ၆ မှ ၁၀ ရက် အထိဒီလောက်ပါဘဲ..၊ လိုကယ် အပစ်အခေတ်သတင်းတွေကတော့ နေ့တိုင်းလိုဆိုတော့ ချန်ခဲ့ပါတယ်..၊

ရန်မျိုး (နော့လ်ကာရိုလိုင်းနား)

ချင်ပန်ဇီ အခွင့် အရေးလင့်.. http://rt.com/usa/194308-human-rights-chimpanzees-court/
ချိန်း ဒေါ့ အော် အကြောင်းလင့်.

http://www.wired.com/2013/09/change-org/
အချိန်ရရင် ရသလိုသတင်းလေးတွေတင်ပေးပါမယ်..အခုတစ်လော နဲနဲအား နေလို့..၊ သတင်းဆိုတာ အထောက်အထားခိုင်လုံဖို့လိုလို့ ပုံတွေထဲ့ပေးတာပါ..၊ ဘယ်အဖွဲ့အစည်းနဲ့မှ မပတ်သတ်ပါ..၊ နော့လ်ကာရိုလိုင်းနား နဲ့ ပတ်သတ်တဲ့ ဗွီဒိယို တွေ ကြည့်ချင်ရင်တော့.. https://www.youtube.com/user/yanmyo123 မှာ subscribe လုပ်ထားပေါ့ဗျာ..၊

No comments: