Thursday, October 30, 2014

အမေရိကန်ဂါဗာနာ vs မြန်မာဝန်ကြီး စတိုင်..



မြန်မာပြည်မှာ ပါးရိုက်မယ်ဆိုတဲ့ ၀န်ကြီးရှိသလို အမေရိကန်မှာလည်း အဲ့ဒီလို ဂါဗာနာ ရှိပါတယ်..ပါးရိုက်မယ်လို့တော့ မပြောဘူးပေါ့ဗျာ..၊
နယူဂျာစီ ဂါဗာနာ ခရစ်က အစားပုတ် အ၀လွန်တဲ့ အပြင်..အဲ့လိုအပြောမျိုးတွေနဲ့နာမည်ကြီးသူ..၊ အီးဒီယော့၊ စတူးပစ် လို့လူကြားသူကြားထဲပြောထဲ့တတ်သူပါ..၊
ဗီဒီယိုအဖြတ်၃ ခုမှာ .. ပထမတစ်ခုက မဆိုင်တဲ့ မေးခွန်းလာမေးတဲ့ သတင်းထောက်ကို စတူးပစ်လို့ဆော်ထဲ့လိုက် စဉ်၊ ဒုတိယက တော့ ကျောင်းဆရာ၊ဆရာမတွေနဲ့ အစည်းအဝေးမှာအခြေအတင်ပြောစဉ်..၊ နောက်ဆုံးအပိုင်းကတော့ သူစကားပြောနေစဉ်မှာ ဆန္ဒလာပြတဲ့သူကို ပြောထဲ့လိုက်တာပါ..၊ ဒါမျိုးတွေ သူပြောခဲ့တာ အများကြီး ရှိပါတယ်..၊ သူ့အလုပ်သူ ကောင်းကောင်းလုပ်နေသရွေ့တော့ သူအရွေးခံရမှာပါဘဲ..၊


ဒီလိုအပြောတွေနဲ့ ပတ်သတ်ပြီး MSN BC ရှိုးမှာ ဝေဖန် ဆွေးနွေးပြတာ စိတ်ဝင်စားဖို့ကောင်းပါတယ်..၊
ဂါဗာနာတစ်ယောက်အနေနဲ့ ဒါမျိုးအပြောတွေ အပြုအမှုတွေ ဟာ မြောက်ပိုင်းပြည်နယ်အချို့မှာတော့ အလုပ်ဖြစ်ကောင်းဖြစ်နိုင်ပေမယ်..၊ တောင်းပိုင်းပြည်နယ်တွေမှာတော့ လာလုပ်လို့မရပါဘူးတဲ့..၊ ဆေးခြောက်ကို တရားဝင်လုပ်ပေးမယ်ဆိုပြီး မဲဆွဲတဲ့သူတောင်ရှိသေးတာဘဲ..၊
အမေရိကန်မှာတောင် ပြည်နယ်အလိုက် ဓလေ့စရိုက် နေထိုင်ပုံ အုပ်ချုပ်ပုံ မတူပါဘူး..၊ ဒီတော့ ဒီမိုကရေစီချင်းတော့ တူလို့ရပါတယ်..၊ ဒါပေမယ့် ကိုယ့်ပုံစံနဲ့ကိုယ်ပေါ့ဗျာ..၊

No comments: