Saturday, October 25, 2014

သရဲခြောက်တဲ့အချိန်..



ဒီလ အောက်တိုဘာလဟာ အမေရိကန်မှာတော့ သရဲများ နေ့ကျင်းပတဲ့လ ဖြစ်ပါတယ်၊
အိုဟိုင်းအိုးပြည်နယ်မှာတော့ သရဲခြောက်တဲ့အိမ် (အပျော် အတွက်လုပ်ထားတဲ့အိမ်) ကို သွားလည်တဲ့ ကံဆိုးရှာတဲ့ ၁၆နှစ်အရွယ် ကောင်မလေးတစ်ယောက်တော့ ဆုံးသွားရှာပါတယ်..၊ ကြောက်လန့်ပြီး သေသွားတယ်လို့ မီဒီယာတွေက ရေးကြပေမယ့် မိဘတွေပြောတာကတော့ ကလေးမလေးမှာ မွေးကထည်းက နှလုံး အခံပါလာတယ်လို့ဆိုပါတယ်..၊

အမေရိကန်ပြည်နယ်အနှံ့ မှာ ဖမ်းတည်းထားတဲ့ သရဲခြောက်တဲ့ အိမ်ကြီးတွေထဲမှာ သရဲမျိုးစုံထဲ့ထားပြီး (သရုပ်ဆောင်တွေငှားထားတာပါ)၊ ကြောက်စရာမျိုးစုံဖမ်တည်းထားကာ မကြောက်ကြောက်အောင်ခြောက်ပါတယ၊် တချို့ အိမ်ကြီးတွေဆို ကြောက်စရာအရမ်းကောင်းလွန်းလို့ တဖက်ထိ တောင် ဘယ်သူမှ မထွက်နိုင်ဘူးလို့ဆိုပါတယ်..၊
ဘာဘဲပြောပြော အိမ်နားက သရဲခြောက်တဲ့ ကစားကွင်းကြီးထဲ သွားလည်ဖို့တော့ လက်မှတ်ဝယ်ပြီးသားပါ..၊
ဒါတွေက ဒီလမှာ အပျော်လုပ်ထားကြတာပါ..၊




အမှန်တကယ်သရဲ ခြောက်တဲ့ အိမ်အိုကြီးတွေ စက်ရုံပျက်မြို့ပျက်ကြီးတွေ အများကြီးရှိပါတယ်..၊ သွားကြည့်ချင်ရင် 
လိုက်ပို့ပေးတဲ့ သူတွေလည်းရှိပါတယ်..၊

ဒီနေ့ ညနေတော့ အိမ်နားက ၁၇၆၀ခု ကစတည်တဲ့ သမိုင်းဝင်သင်္ချိုင်းကြီးထဲကို တစ်ယောက်ထဲ သွားကြည့်ပြီး မမှောင်ခင် ပြန်ခဲ့ပါတယ်..၊ 

တကယ်ဆိုရင် freeman က အမေ၇ိကန်မှာ သေတာ ကြာခဲ့ပြီဘဲ..၊ အုတ်ဂူနားကဖြတ်အရှောက်မှာ..ဘာရယ်မဟုတ်တဲ့ အတွေးပါ..၊

အိုဟိုင်းအို မူရင်းသတင်းလင့် 

http://abcnews.go.com/US/family-denies-teen-scared-death-haunted-house/story?id=26348316

No comments: