Friday, May 15, 2009

လွတ်အောင်ပြေးမလား? (၂)


ကျွန်တော် လွတ်အောင်ပြေးမလား ကိုရေးပြီး အရေးကြီးတဲ့ တချို့အချက်တွေကျန်ခဲ့လို့ဆက်ရေးလိုက်ပါတယ်၊ တခါတလေစာရေးရင်းသိပ်ရှည် သွားမှာစိုးလို့ချုံ့ပြစ် ဖြုတ်ပြစ်မိတာနဲ့ပါသွားတယ်၊ ဘယ်လိုလွတ်အောင်ပြေးမလည်းဆိုတာကျန်သွားတာ၊ တကယ်ဆိုရင်တော့တခုချင်းအသေးစိတ်ရေးပြချင်တာပါ၊ တခြားနိုင်ငံများမှာနေတဲ့မြန်မာများ သိစေချင်သလို၊ အကယ်လို့တနေ့နေ့ အမေရိကန်ကိုရောက်လာခဲ့ရင်ကြိုတင်ပြင်ဆင်လို့ရတာပေါ့၊ ယာဉ်စည်းကမ်းဖမ်းပုံဖမ်းနည်းတွေကတော့ ဥရောပနိုင်ငံတွေနဲ့ ပုံစံသိပ်မကွာလောက်ဘူးထင်တယ်၊

တခါတလေ ဥပဒေမှာ မျက်စိလည်စရာတွေအများကြီးရှိတယ်၊ ဒီလိုပါ ရဲတွေက ရေဒါ တွေလေဆာဂမ်းတွေကို အသုံးပြုပြီးကားတွေကိုဖမ်းတယ်၊ ဒါပေမယ့်လည်း အပြင်မှာ ရေဒါထောက်လှမ်းတဲ့ကရိယာတွေရောင်းနေပြန်ရော၊ တရားဝင်ရောင်းတာနော်၊ အဲဒီမှာ တခါဥပဒေကတမျိုးလုပ်ပြန်ရော..၊ တချို့ပြည်နယ်တွေမှာတော့အဲဒီလေဆာထောက်လှမ်းတဲ့ကရိယာတွေတပ်ခွင့်ရှိပြီးတချို့ပြည်နယ်မှာတော့တပ်ခွင့်မရှိပြန်ဘူး၊ အခုတော့ပြည်နယ်အားလုံးနီးပါးမှာ radar detector တွေတပ် ခွင့်ပြုထားပါတယ်၊ အသင့်အတင့်ကောင်းတာဆိုဈေးနှုန်းကတော့ ၅၀၀ ဝန်းကျင်ပါ၊ သူကဘယ်လိုအလုပ်လုပ်လဲဆိုတော့ ဘယ်နေရာမှာရဲကားရှိလည်းဆိုတာ ကိုကြိုတင်ထောက်လှမ်းတာပါ၊ ဒီတော့ကိုယ်ကားကိုအနားမရောက်ခင်အရှိန်လျော့မောင်းလို့ရတာပေါ့၊ ရဲတွေကအများအားဖြင့် လမ်းမှာကွယ်ပြီးစောင့်တာရှိသလို အကွေ့တွေ လမ်းကြားတွေမှာ စောင့်တာလည်းရှိတယ်၊ ဒီတော့သူ့ကိုမမြင်ရခင်ရေဒါထောက်လှမ်းတဲ့ကရိယာ တပ်ထားတော့ကြိုသိရတာပေါ့၊ နောက်ပြီးရေဒါအမျိုးအစားနဲ့လိုက်ပြီးအကွာအဝေး နည်းပညာနဲ့အခြားဖမ်ရှင်တွေတော့မတူကြပါဘူး၊ ကဲကဲ.. ရေဒါဘာကြောင့်တပ်သင့်သလည်းဆိုတာကို ဒီလိုကြော်ငြာထားတာရှိတယ်၊ အခုအခါ စီးပွားရေးကြဆင်းနေချိန်မှာ သက်ဆိုင်ရာမြို့နယ်ပြည်နယ်တွေကသူတို့ဘက်ဂျက်ပြည့်ဖို့ ယာဉ်တွေကိုပိုပြီးအားစိုက်ဖမ်းလာကြပါတယ်၊ နောက်ပြီးတော့ မြို့တွေမှာပိုပိုပြီးတော့ မီးပွိုင့်မှာကင်မရာတွေတပ်လာကြပါတယ်၊ နောက်ပြီးတော့ အဝေပြေးလမ်းကရဲတွေက အရင်က သတ်မှတ်စပိလစ်မစ်ထက်၁၀မိုင်နှုန်းရောက်တဲ့အထိကိုမဖမ်းသေးပါဘူး၊ အခုတော့ သတ်မှတ်စပိထက် ၅မိုင်ကျော်ရင်ကို တချို့နေရာတွေမှာစဖမ်းလာကြတယ်လို့သိရပါတယ်၊

အကယ်လို့စပိလစ်မစ်တစ်ကက်တခုထိရင် ကုန်ကျမှာကတော့ တစ်ကက်ဒဏ်ငွေ ၁၅၀ ပေးရမှာဖြစ်ပါတယ်၊ နောက်တော့ စပိပေါ်မှုတည်ပြီး အပြစ်သဘောမျိုးပွိုင့်တွေ မိမိမှတ်တမ်းမှာတက်လာပါမယ်၊ ဒီမှာက ယာဉ်တိုက်မှု၊ မီးပွိုင့်မီးနီဖြတ်မှု၊ စပိလစ်မစ်ကျော်တာတို့ စတာတွေမှာပွိုင့်ရတာခြင်းမတူပါဘူး၊ နေရာအလိုက်ဟိုက်ဝေးပေါ်မှာမိတာနဲ့ မြို့တွင်းလမ်းမိတာလည်းမတူပြန်ပါဘူး၊ ပုံမှန်စပိလစ်မစ်ပွိုင့်အရဆိုရင်တော့ အင်ရှူးရားယန့် ကတစ်နှစ်စာကို ၁၆၀တက်လာပါမယ်၊ ဒီပွိုင့်တွေကသုံးနှစ်နေမှမိမိမှတ်တမ်းကပြောက်ပါတယ်၊ အဲဒီတော့မှအင်ရှူးရာယန့်ပြန်ကျပါမယ်၊ အဲ..တစ်နှစ်ထဲမှာ စပိလစ်မစ်နှစ်ခါမိရင်တော့ ပွိုင့်များလာပါမယ်၊ တခါတလေ အဲဒီပွိုင့်တွေကြောင့်အင်ရှူးရားယန့်တက်တာ တချို့ဆိုကားတစ်စီးဝယ်တာလောက်ကိုတက် တာရှိပါတယ် တလ ၃၀၀ ပတ်ဝန်းကျင်ဆိုပါတော့၊ ဒီမှာတလ ၃၀၀ ပေးနိုင်ရင်ကားအကောင်းစားတစီးဝယ်စီးလို့ရတယ်လေ၊ အဲ..ကိုယ့်ခရက်ဒစ်ကောင်းရင်ပေါ့ ဒါမှအတိုးနည်းမှာမဟုတ်လား၊ အင်ရှူးရားယန့်ကုမဏီတွေနဲ့အစိုးရလုပ်ထားကြတာပြောချင်တာပါ၊ ပြီးခဲ့တဲ့နှစ် ကအင်ရှူးရားယန့် ကုမဏီကပို့တဲ့ရီပို့မှာ ကျွန်တော်ကားတိုက်ခံထားရတာရော၊ စပိလစ်မစ်ကျော်တာပါ သူတို့ဖော်ပြထားတယ်၊

ဒါပေမယ့်တခုသတိပြုသင့်တာကတော့လူတိုင်း ဒီကရိယာတွေကိုဝယ်ပြီးတပ်မှတော့ရဲတွေ ဘယ်လိုဖမ်းတော့မလည်း၊ သူတို့ရှိတဲ့နေရာကိုသိကုန်ကြပြီလေ၊ ဟဲဟဲဟဲ..ဒါမျိုးလာစမ်းလို့ရမလား..၊ သူတို့ဒါတွေတပ်ခွင့်ပြု့ထားတာ နောက်ထပ်ဖမ်းလို့ရတဲ့နည်းစနစ်တွေအများကြီးရှိသေးလို့ပေါ့၊
ဒီလိုပါရဲတွေက သူတို့ရေဒါကိုပိတ်ထားရင်ကော..ဘယ်လိုလုပ်သိတော့မလဲ၊ ဒါမှမဟုတ်ရေဒါကိုဖွင့်လိုက်ပိတ်လိုက်လုပ်နေရင်ရော..၊ ရေဒါထောက်လှမ်းတဲ့ကရိယာအားကိုးနဲ့ စိတ်ကြိုက်မောင်းလာမယ့်သူတွေ အနေနဲ့ရဲတွေ့လို့ကရိယာကအချက်ပေးမှ အရှိန်လျှော့မယ်ဆိုတာ သူတို့လည်းသိတာပေါ့၊ ရဲတွေအနေနဲ့ ရေဒါနဲ့ဘဲလူတွေကိုကြည့်နေမယ် ဆိုငပြင်းတွေဖြစ်ကုန်မှာပေါ့ မဟုတ်လား၊

နောက်ပြီးဒီကရိယာတွေကိုဘယ်ကားမှာမှတပ်ခွင့်ပြု့မှာလည်းမဟုတ်ဘူး၊ နောက်တမျိုးက တချို့ဟိုက်ဝေးတွေမှာ ကိုက် ငါးရာအကွာမှာ ကင်မရာတခုစီလောက် တစ်မိုင်နှစ်မိုင်လောက်ထိတပ်ထားတာရှိတတ်တယ်၊ အဲဒီကနေကြည့်လိုက်လည်း ဘယ်ကားဘယ်လောက် မောင်းနေတယ်ဆိုတာသိပြီးသားဘဲမဟုတ်လား၊ မသိတဲ့သူတွေ၊
“အ” တဲ့သူတွေတော့ဝယ်တပ်ကြပေါ့ဗျာ (ကျွန်တော်ပြောတာမဟုတ်ဘူးနော်၊သိတဲ့သူတစ်ယောက်ပြောပြတာ)၊ ကျွန်တော်တောင်အစကစိတ်ဝင်စားသေးတယ်၊ ဟုတ်တယ်လေ လေဆာထောက်လှမ်းတဲ့ကရိယာကတခုမှ အကောင်းစားဆို ၅၀၀ ပတ်ဝန်းကျင်ဘဲရှိတာ..၊တစ်ကက်တခါမိစာကျော်ကျော်ဘဲရှိတာကိုး၊

ဒီတော့ဈေးကွက်မှာဘာတွေထပ်ရောက်လာသလည်းဆိုတော့ လေဆာဂျမ်မာ(laser Jammer) တွေရောက်လာတယ်၊ ရဲက ကိုယ့်ကားကို လေဆာနဲ့ပစ်ဖမ်းလာလို့ကတော့ လေဆာဂမ်းမှာမိမိကားရဲ့ မိုင်နှုန်းအမှန်မရဘဲ ဂျမ်းဖြစ်သွားမယ်၊ ကဲ ရဲအနေနဲ့ ဘယ်လောက်စိတ်တိုစရာလည်း၊ အဲဒါတော့ စတိတ်တိုင်းလိုမှာတပ်ခွင့်မရှိဘူး၊ ကြေညာခွင့်နဲ့ရောင်းခွင့်တော့ရှိတယ်၊ အင်း..တစ်မျိုးဘဲ..အေးလေဈေးကွက်စီးပွားရေးစနစ်ဆိုတာ ဒါကိုပြောတာ၊ သေနတ်ဝယ်ခွင့်ရှိတယ် ပစ်ခွင့်ကတော့နေရာနဲ့အခြေအနေအလိုက်ပေါ့ဗျာ၊ အဲဒါလည်း တခုကို ဈေးကတော့ ၄၀၀ ပတ်ဝန်းကျင်ရှိတယ်၊ အကောင်းစား တွေကတော့ ၁၀၀၀ ကျော်ကျော်လောက်ရှိတယ် လေဆာလည်းထောက်လှမ်းလို့ရမယ်၊ အချို့လည်းဂျီပီအက်နဲ့တွဲရောင်းတာရှိတယ်၊

နောက်တစ်မျိုးကတော့ မီးပွိုင့် ကင်မရာကိုထောက်လှမ်းတဲ့ ကရိယာ Camera Detector၊ တချို့မီးပွိုင့်တွေမှာ တပ်ထားတတ်တယ်၊ ကိုယ်ကမသိလို့မီးအဝါလောက်မှာဖြတ်မိရင်ဘဲ ကင်မရာကကိုယ့်ကိုရိုက်လိုက်ပြီ၊ အဲ့ဒီကင်မရာကအဓိကတော့ကားနံပတ်ကိုသိဖို့ဘဲ၊ ကိုယ်ကမသိဘဲအေးအေးဆေးဆေးနေပေမယ့်၊ မကြာခင်မှာဘဲ အိမ်ကိုစာရောက်လာလိမ့်မယ် မီးနီဖြတ်မှု၊ သွားပြီ.. အမှုကြီးပြီ..၊ ဘယ်တုန်းကဘယ်နေရာမှာလည်းဆိုတာ အဲ့ဒီစာဖတ်ပြီးသာ ပြန်တွေးပေတော့..၊ မြို့ကြီးတွေမှာတော့ကင်မရာတွေသိပ်များတယ် နေရာတကာလောက်မှာကိုရှိတာ (ရန်ကုန်မှာတောင်တပ်နေပြီလားမသိ..ကြားမိလို့ပါ)၊
အဲ့ဒါလေးကော..မတတ်ခြင်ဘူးလား၊


တခြားဟာတွေလည်းအများကြီးရှိသေးတယ်၊ လေဆာရှီး (laser shield) တို့ (နံပတ်ပြားမှာတတ်တာ)၊ ကားရှေ့နဲ့နောက်နေရာတွေမှာလေဆာဖမ်းမရအောင်သုတ်တဲ့ လေဆာ ဗီး ဆေးတို့(Veil anti laser stealth coating) ၊ နောက် Laser shifter၊ နောက်ပြီး နံပတ်ပြားမှာတပ်တဲ့ (လေဆာရှီးလိုမျိုး) ဖိုတိုဘလား(photo blur)တို့ ဒါကတော့ ကိုယ့်ကားနံပတ်ကို တည့်တည့်ကြည့်မှဘဲ ထင်ထင်ရှားရှားမြင်ရမယ် နဲနဲစောင်းကြည့်လိုက်ရင် နံပတ်တွေဖတ်မရအောင်ဝါးသွားမယ် နေရာတကာတော့တပ်ခွင့်မရှိဘူး၊

အေးဗျာအရေးကြီးတာတွေအကုန်တပ်မယ်ဆိုရင်တော့ ၂၀၀၀ ပတ်ဝန်းကျင်လောက်တော့ကုန်မယ်၊ အင်း.. ကားတစ်စီးလုံးလည်း ရှုပ်ရှက်ခက်လို့ပေါ့ဗျာ..၊ တချို့ကလည်းဒါမျိုးတွေတပ်လိုက်ရမှနေရထိုင်ရသက်သာတာမျိုးကိုး၊

တစ်ခုခုတပ်မယ်ဆိုရင်တော့ မိမိပြည်နယ်ရဲ့ ဥပဒေနဲ့လွတ်ကင်းရဲ့လားလည်းကြည့်ဦး အလကားအမှုတွေထပ်တိုးနေဦးမယ်၊ တစ်ကတ် ဖိုးကတော်တော် ရယ် နောက်အမှုတွေကဘာလောက်လာဦးမလဲမသိ..၊

ဒါနဲ့နေပါဦး..ခင်ဗျားကဘာလို့ဒါတွေတပ်ခြင်နေရတာလည်း၊ မှုးယစ်ဆေးတို့ဘာတို့ရောင်းမလို့လား၊ ဟင်းဟင်းဟင်း..မဟုတ်တာ မခုခုလုပ်တော့မယ်ထင်တယ်၊
လမ်းမှာရဲနဲ့ဆုံဖြစ်ကြပြီဆိုပါတော့..ကားတစီးလုံးဒီလောက်တပ်ထားမှ တော့ အော်ဖစ်ဆာကြီးက မသင်္ကာတော့ ဘက်ကပ်ရဲကားတွေ ခေါ်လိုက်လိမ်မယ်၊ အဲဒီကားတွေမီးရောင်စုံတွေဖွင့်ပြီး ရောက်လာမှ ခင်ဗျားကားကိုတစီးလုံးရှာလိမ့်မယ်၊ ခွေးတွေလည်းပါဦးမယ်၊ မြေကြီးပေါ်မှာ ဝမ်းယားမှောက်ပြီးနောက်ပြန်လက်ထိပ်မခပ်ရင်တော့ကံကောင်း၊ ပြီးရင်တကိုယ်လုံးကိုရှာမယ်၊
အံမာ.. ကိုယ်ဆရာရုပ်ကလည်း ဟစ်စပမ်းနစ်နဲ့ တူနေသေးတယ်၊ နှုတ်ခမ်းမွှေးကြီးထားတာကိုး ခန့်ခြင်ဦးဟ..(ဆရာဇော် ခင်ဗျားကိုပြောတာမဟုတ်ဘူးနော်)၊

အဲ..ဒါမှမဟုတ်
ခင်ဗျားအနေနဲ့ ကားမောင်းနေရင်း တတ်ပြီးစ ကရိယာတွေကိုမျက်စိအောက်က မခွာနိုင်အောင်ဖြစ်နေလိမ့်မယ်၊ သြော် တပ်ထားမှတော့စမ်းခြင်သေးတာပေါ့ မဟုတ်ဘူးလား..၊
စပိတွေတင်ပြီး တအားမောင်းချလာမယ်.. စိတ်ချလက်ချပေါ့၊ စက်ကလေးတွေကလည်း အချက်ပေးပါမယ် ဆိုမှု..မျက်စိကရောက်ရောက်သွားတယ်၊ ကဲ မြို့ထဲဝင်ပြီ.. ဟေ့ဟေ့ အရှိန်လျော့လေ..ရှေ့မှာမီးပွိုင့်၊ ဒုံး..အချိန်မမှီလိုက်တော့ လမ်းပြောင်းလာတဲ့ကားနောက်တဲ့တဲ့ကို ဝင်တိုက်လိုက်မိပြီ..၊ ကိုယ့်ဆရာက ရှေ့ကမီးပွိုင့်မှာ ကင်မရာရှိမရှိ ချက် ခြင်နေတာကို ရှေ့ကားကိုမမြင်လိုက်ဘူးလေ..၊ သွားပြီ..ကားရှေ့ချမ်းတခုလုံးလည်း ကျေသွားပြီ၊ မကြာခင်မှာရဲလည်းရောက်လာတော့မယ်၊ ကိုယ့်အမှား ဆိုတော့ ပွိုင့်တွေက့ အများကြီးတက်တော့မယ်၊ ကားပျက်တာကိုအင်ရှူးရားယန့်ကရောတယ် ဆိုပေမယ့်၊ အဲ့ဒါနဲ့ ကာမိအောင် အင်ရှူးရားရန့်က တအားတက်တော့မယ်၊ နောက်ပြီး ခင်ဗျားဒိတ်ထားတဲ့ကောင်မလေးက အခုဆို စားသောက်ဆိုင်မှာတစ်ယောက်ထဲဖြစ်နေလောက်ပြီ၊ ဖုန်းခေါ်လိုက်ဦး.. သူ့ခင်မျာ ခင်ဗျားကိုခွင့်လွတ်နိုင်ပေမယ့်၊ ဒီနေ့မှ ခွင့်ယူပြီးထွက်လာရတာဆိုတော့..အချိန်ကိုအကျိုးရှိ အောင်နောက်တစ်ယောက်နဲ့ ထပ်ချိန်းချင်ရှာမှာဘဲ..၊

ကဲ..တပ်ချင်ဦးဟ..၊

ဈေးကွက်စီးပွားရေးအရတော့ လူတွေရဲ့ သူများထက်နှာတစ်ဖျားသာချင်တဲ့ စိတ်အတွက် အကြိုက်လိုက်ပြီးထုတ်လုပ်ပေးနေဦးမှာဖြစ်ပါကြောင်း..

ဒီတစ်ခါတော့စုံလောက်ပြီထင်ရဲ့..ထွက်ပြေးဖို့တော့မကြိုးစားနဲ့ပေါ့ဗျာ..

No comments: