Saturday, May 16, 2009

အချစ်ကစားကွင်း


“ပြေးပြေး.. လွတ်အောင်ပြေး” ဂျိုဂျိုက မိုးကြိုးကိုလှမ်းသတိပေးလိုက်သည်၊ ဟုတ်သည် မိုးကြိုး နောက်ကို ရန်သူလိုက်လာနေပြီ ဘယ်လိုမှမလွတ်နိုင်အောင်ဖြစ်နေသည်၊ ဟော စပစ်ပြီ ဝင်းကနဲ လက်ကနဲအလင်းတန်းတွေက မိုးကြိုးရဲ့ယာဉ်ပျံကိုလာမှန်သည်၊ တုန်ခါသွားတဲ့ယာဉ်ကို အသဲအသန်ထိမ်းရင်း တိမ်တွေကြားထဲဝင်ပြေးသည်၊ မလွတ် “လုပ်ပါဦးဂျိုဂျို ရေ ကယ်ပါဦး” သူအကူအညီတောင်းနေစဉ်မှာဘဲ ရန်သူက သူ့ကိုလှမ်းပြီးအကြောင်းကြားလာသည် “လက်နက်ချလိုက်ကိုယ့်လူ”၊

“ဘယ်တော့မှလက်နက်မချဘူးက”ွ သူအမြန် မက်ဆေ့ပြန်ပို့လိုက်သည် ပြီးတော့ ယာဉ်ပျံကိုတောင်ကြားထဲသို့ အတင်းဆွဲကွေ့ရင်း ထိုးဆင်းလိုက်ရသည်၊ အဆက်မပြတ်လိုက်ပစ်နေတဲ့ ရန်သူ ကြောင့်သူ့ယာဉ်ပျံတခုလုံးတုန်ခါနေပြီ၊ ဒီအချိန်မှာ ရုတ်တရက် ယာဉ်ပျံတစီးရန်သူ့အပေါ်မှာပေါ်လာပြီး ရန်သူကိုစပစ်တော့သည်၊ ဟူး..အခုမှသက်ပျင်းချနိုင်တော့သည်..ကျေးဇူးဘဲဂျိုဂျို၊

သူအင်တာနက်ပေါ်ကထွက်လာပေမယ့် ကစားခဲ့တဲ့ အွန်လိုင်းဂိမ်းကိုမျက်စိထဲကမထွက်၊ သူ့နာမည်ကို အွန်လိုင်းဂိမ်းမှာမိုးကြိုးလို့ပေး ထားသည်၊ သူ့အသက်က ၂၁ နှစ် သူ့ရဲ့အချိန်အများစုကအွန်လိုင်းပေါ်မှာဘဲကုန်သည်၊

“ဂျိုဂျို”နဲ့ “အရိပ်” က လွန်ခဲ့တဲ့သုံးနှစ်ခန့်ကစတွေ့ခဲ့ကြသည်၊ အခုတော့အသက်၂၀ ပတ်ဝန်းကျင် သူတို့နှစ်ယောက်အခုအတူနေကြသည်၊ ဘွဲ့ရပြီးရင်လက်ထက်ကြဖို့စီစဉ်ထားပြီးသား၊ သူတို့ တည်ထောင်ထားတဲ့ ဂိမ်းဖိုရမ်ထဲကထွက်လိုက်ရင်း တစ်ယောက်နှင့်တစ်ယောက်ပြုံးကြည့်လိုက်ကြသည်၊ “ကိုယ်သူ့ကိုဒီတစ်ခါအပြတ်ပစ်ချလိုက်တော့မလို့ ဂျိုဂျိုလာကယ်သွားလို့လွတ်သွားတာ”၊ “ဒါတော့မပြောနဲ့လေ အဖွဲ့သားခြင်းကူရမှာပေါ့” သူတို့နှစ်ယောက်က ဂိမ်းထဲမှာတစ်ယောက်တစ်ဖွဲ့စီခွဲကစားကြတာကိုး၊ ဂျိုဂျိုကလည်း အလုပ်ပြီးလျင်ကျန်တဲ့အချိန်တွေကအွန်လိုင်းပေါ်မှာဘဲ အချိန်ကုန်တာများသည်၊
ဖိုရမ်ထဲမှာအဖွဲသားချင်းမကြာမကြာတွေ့လေ့ရှိကြသည်၊ သူမကြာခဏ မိုးကြိုးနဲ့ဖိုရမ်ပေါ်မှာတွေ့သည်၊ နောက်တော့ရင်းနှီးလာသည်၊ ဟိုပြောဒီပြော နဲ့ပျော်စရာအချိန်များပင်၊ ဂျိုဂျိုလည်းသူ့အကြောင်းတွေ ကိုအတော်ပြောပြဖြစ်သည်၊ ဒီလိုနဲ့တစ်နေ့မှာ ဂျိုဂျို သူ့ဓာတ်ပုံကို အွန်လိုင်းပေါ်တင်လိုက်မိသည်၊ ဒီမှာဘဲဇာတ်လမ်းကစတော့သည်၊ ဆရာမိုးကြိုးက ဓာတ်ပုံကြည့်ပြီး ဂျိုဂျိုကိုစိတ်ဝင်စားသွားသည်၊ နောက်တော့ အွန်လိုင်းပေါ်မှာနဲနဲစကဲလာသည်၊နောက်တော့ ဖွင့်ပြောလိုက်သည် “ကိုယ်ခံစားနေရပြီဂျိုဂျို” အခုမှခက်ပြီ ဂျိုဂျို အလိမ္မာသုံးပြီးငြင်းသည် သူ့မှာကလက်ထပ်မဲ့သူရှိပြီးသားမဟုတ်လား၊

မိုးကြိုးမနေနိုင်တော့ သူ့အချစ်မှာစွန့်လွတ်တယ်ဆိုတာမရှိ၊ သူဂျိုဂျို ရဲ့အချက်အလက်အသေးစိတ်ကိုရထားပြီးသား ဘယ်မှာသူနေတယ်ဆိုတာသိပြီးပြီ၊ ဒီတော့ သူနေတဲ့ဂျာမဏီနိုင်ငံ လမ်းဘတ်မြို့ကနေ အင်္ဂလန်နိုင်ငံ ဘာမင်ဂန်မြို့ကို ပထမဆုံးအကြိမ်ထွက်လာခဲ့သည်၊
“ကိုယ်မိုးကြိုးပါ” ရုပ်တရက်ပြောလာသံကြောင့်ဂျိုဂျိုလန့်သွားသည်၊ သူမထင်ထားဘဲ မိုးကြိုးရုပ်တရက်ကြီး အွန်လိုင်းပေါ်ကနေ သူ့ရှေ့တည့်တည့်ရောက်လာပြီ၊ သူအချိုသာဆုံးနဲ့အပြေလည်ဆုံး မဖြစ်နိုင်ကြောင်း မိုးကြိုးကိုရှင်းပြခဲ့သည်၊
ဒီလိုနဲ့မိုးကြိုးအွန်လိုင်းပေါ်မှာမပျော်နိုင်တော့ အရှုံးသမားအဖြစ်မခံနိုင် ယောက်ျားတို့ရဲ့ သဘာဝ အချစ်ရှုံးလို့ခံစားရထက် ပိုပြီးခံပြင်းစရာတွေကအများကြီးရှိသည်၊ ပြိုင်ပွဲကပိုပြင်းထန်လာသည်၊ မရတာကိုမှလည်းပိုလိုချင်လာ သည်၊ ဒီအချိန်မှာဘဲ သူ့ကို ဂျိုဂျို နဲ့ အရိပ် တို့က သူတို့ဖိုရမ် က “ဘန်း” လိုက်တော့သည်၊ သူ့ရဲ့ခံစားချက်တွေကိုနားထောင်ဖို့ သည်းမခံနိုင်တော့လို့ဖြစ်မည်၊ အဲဒီမှာ မိုးကြိုးဒေါသတွေပေါက်ကွဲတော့သည်၊ အဓိကရန်သူက အရိပ်၊ ဒီတော့ အရိပ် နှင့်စာရင်ရှင်းမှဖြစ်မည်၊ ဘာမင်ဂမ်ကိုဒုတိယအခေါက် ခရီးထွက်လာခဲ့သည်၊ ဒီတခါတော့ဓားတစ်ချောင်းအဖေါ်ပါလာခဲ့သည်၊

ဂျိုဂျိုနဲ့အရိပ်တို့ရဲ့သုံးနှစ်မြောက်အတူတူနေတဲ့ အခမ်းအနားလေးကိုနှစ်ယောက်ထဲကျင်းပလိုက်ကျသည်၊ နောက်တော့ဂျိုဂျိုအလုပ်သွားဖို့ထွက်သွားသည်၊ အရိပ် တစ်ယောက်ထဲ အခန်းမှာကျန်ခဲ့သည်၊

တိုက်အကွယ်ကနေမိုးကြိုးစောင့်ကြည့်နေစဉ်မှာဘဲ ဂျိုဂျိုထွက်လာတာကိုသူမြင်သည်၊ ကိုယ်တို့ယောက်ျားခြင်းစာရင်းရှင်းတာမင်းပါစရာမလိုပါဘူး စိတ်ထဲကပြောလိုက်ရင်း ဂျိုဂျိုမျက်စိအောက်ကပျောက်သွားသည်အထိစောင့်လိုက်သည် ပြီးတော့ သူအခန်းပေါ်ကိုတက်သွားလိုက်သည်၊ ရုပ်တရက်ရောက်လာတဲ့မိုးကြိုးကြောင့် အရိပ် အံ့သြော်သွားသည်၊ အစတော့နားမလည်နိုင်အောင်ဖြစ်ရသည်၊ ရင့်သီးတဲ့မိုးကြိုးစကားတွေကြောင့် နောက်တော့ဒေါသထွက်လာသည် ဒီလိုနဲ့ရန်ပွဲကစဖြစ်သွားသည်၊ အဖြေကတော့ အရိပ် တစ်ယောက် သေွးအိုင်ထဲမှာ ဓားဒဏ်ရာ ၈၆ချက်နှင့်အသက်ပျောက်သွားခဲ့ရသည်၊ သူအသက်မထွက်ခင်မှာတော့ မိုးကြိုးနာမည်ကို သွေးနဲ့ရေးနိုင်ခဲ့သည်၊ ဂိမ်းထဲမှာလိုတော့ မိုးကြိုးပြေးမလွတ်တော့ပါ၊ ကင်မရာတွေထဲမှာရိုက်ထားတာကတော့.. အိပ်တလုံးဆွဲပြီး တိတ်ဆိပ်တဲ့ညတညမှာ ဘာမင်ဂန်ဘူတာထဲက ထွက်လာတဲ့မိုးကြိုးတစ်တစ်ယောက်ကို အခုဆိုရင်
အွန်လိုင်း
သတင်းပေါ်မှာကြည့်နိုင်နေပါပြီ၊

သူတို့ရဲ့ ဂိမ်းဆိုဒ်ကို လည်းသွားဆော့ကြည့်ချင်ရင်ဆော့ပေါ့၊
အထက်ပါအကြောင်းအရာများကတော့ သတင်းထဲမှာပါတဲ့လူသတ်မှုကို လုပ်ကြံချဲ့ကားပြီး (စာအရေးအသားလေ့ကျင့်တာပါ)ပြန်ရေးလိုက်တာပါ၊ ဖတ်မိရင်လည်းဖတ်မိကြမှာပေါ့၊

အင်တာနက်ခေတ်ကြီးထဲမှာ အွန်လိုင်းပေါ်ကနေ အိမ်ထောင်ကျသွားတာတွေကလည်းမဆန်းတော့ပါဘူး၊ အွန်လိုင်းပေါ်မှာ မိုးကြိုးလိုလူတွေဘယ်နှစ်ယောက်ရှိဦးမလည်းမသိ၊ တချို့တွေကလည်း အွန်လိုင်းပေါ်မှာနာမည် အမျိုးမျိုးပေးပြီး ပေါက်ကရတွေလျှောက်လုပ်နေကြတာရှိသေးတယ်၊ အခုခေတ်ကလည်း အွန်လိုင်းပေါ်ကတဆင့်ခြေရာခံရတာကသိတ်ခက်တာမဟုတ်၊ နည်းစနစ်တွေတိုးတက်လာတာကိုး၊ နောက်ပြီး သာမာန်ကိုယ်လိုသူလိုရိုးရိုးသားသားလူတွေကတော့ IP လိပ်စာ တွေဘာတွေဖျောက်ဖို့ စဉ်းစားမှာမဟုတ်၊ ကျွန်တော့ကိုယ်တွေ့တခုပြောရရင် မြန်မာပြည်မှာနေစဉ်က အမေရိကားကလူတစ်ယောက်(မြန်မာတစ်ယောက်) ကိုနာမည်နဲ့အသက်ကတစ်ဆင့် လိပ်စာကိုရှာကြည့်ဘူးတယ်၊ သူနေခဲ့တဲ့နေရာ (ဒါမှမဟုတ်နာမည်တူသူ) ၅နေရာရှာလို့တွေ့တယ်၊ ဖုန်းနံပတ်ကဆိုပိုလွယ် သေးတယ်၊ ကျွန်တော်တော့မရှာဘူးပါဘူး(တော်ကြာ ဘယ်သူမှကျွန်တော့်ကိုဖုန်းနံပတ် မပေးဘဲနေဦးမယ်)၊ ဟော..အခုဂူဂယ်က သူ့မြေပုံကိုအဆင့်မြင့်လိုက်တော့ ပိုမခက်ပေဘူးလား၊ ကျွန်တော်တို့အိမ်လိပ်စာရိုက်ထဲ့လိုက်ရင် တစ်လမ်းလုံးအိမ်ရှေ့အထိကို လူကိုယ်တိုင်လာရသလိုမြင်နေရတော့ စိတ်ထဲမှာသိတ်မကြိုက်ခြင်၊ အိမ်ရှေ့မှာရပ်ထားတဲ့ကျွန်တော့ကားနံပတ်ကို အကျယ်ချဲ့ကြည့်ရင်မြင်နေရပြီ (ကိုယ့်ဘလော့ကိုသေချာပြန်ကြည့်ဦးမှ လိပ်စာများထဲထားမိသလားလို့ တော်ကြာသူများမကြိုက်တာရေးမိလို့ နောက်ရက်မှာအိမ်ရှေ့တဲ့တဲ့ရောက်လာဦးမယ်) တစ်မြို့လုံးကို လမ်းတိုင်းမကျန်လျှောက်ရိုက်ထားတာကလား၊ လူတွေတော်တော်များများလည်းမကြိုက်ကျ၊ ကြားလိုက်မလားတော့မသိဘူး အင်္ဂလန်နိုင်ငံကချမ်းသာတဲ့လူတွေနေတဲ့ရွာမှာ အဲဒီခေါင်မိုးပေါ်မှာ ပတ်လည်ကင်မရာတပ်ထားတဲ့ဗင်ကားနဲ့သွားရိုက်တာ တရွာလုံးထွက်လိုက်လို့ပြန်ပြေးခဲ့ရတယ်ဆိုတာ၊ မင်းတို့ကသူခိုးလမ်းပြလုပ်တာလားပေါ့၊
ဘာဘဲပြောပြော ဒါကြောင့် ဘယ်တော့မှကိုယ့်ရဲ့ အချက်အလက်တွေကို အွန်လိုင်းပေါ်မှာ မသိတဲ့သူတွေကိုမပေးမိစေနဲ့လို့ပြောနေကြတာပေါ့၊ မကြာခင်ကကြည့်ဖြစ်တဲ့ ရင်မသည်းဖို အွန်လိုင်းလူသတ်ကားကတော့ Untraceable ၊ လူတွေကို နည်းမျိုးစုံနဲ့ဖမ်းပြီး အွန်လိုင်းမှာ “လိုက်ရှိုး” သတ်ပြတာ၊ အက်ဖ်ဘီအိုင်က အင်တာနက်ရဲတွေလည်း ဘယ်လိုမှခြေရာခံလို့မရ၊
ဘယ်လိုဖြစ်သွားလဲဆိုတာတော့ကိုယ်ဟာကိုယ်သာကြည့်ပေတော့၊

ဗမာအတွေးနဲ့တော့ တကူးတကရှာပြီးလာလည်တာ ဝမ်းသာလိုက်တာဆိုပြီး လက်ဖက်သုတ်နဲ့ ရေနွေကြမ်း ဧည့်ခံလိုက်မယ်ဆိုပြီး တော့တွေးလို့ တော့မရဘူးပေါ့ဗျာ၊ အမေရိကန်မှာတော့ အင်တာနက်လူရှုပ်လူဆိုးတွေတော်တော်ပေါတယ်၊ ကိုယ်ဟာကိုဝေးဝေးနေရင်တော့ ဘာမှမဖြစ်ဘူးပေါ့ဗျာ၊ ကလေးတွေအတွက်တော့ စိုးရိမ်စရာ၊

ဟော..ကျွန်တော့်ဆီကို ဖုန်းတလုံးဝင်လာပြီ ဘယ်ကပါလိမ့် တခါမှမဆက်ဘူးတော့ ကွန်တက်လစ်ထဲမှာမရှိ.. မကိုင်သေးဘူး နံပတ်မှတ်ပြီး အွန်လိုင်းမှာ ရှာလိုက်ဦးမယ်၊ အင်း နံပတ်အရ နာမည်က ဆရာဇော် လိပ်စာက xxxx၊ ဟုတ်ပြီ.. ဒီလူကို နေရာရာမှာ..တခါတွေ့ဘူးတယ်၊အား..သေခြာပြီ..အလှူခံတွေဘဲ.. အိမ်နားတောင်ရောက်လာပြီအမြန်လစ်မှ၊ ကဲကဲ.. နောက်မှဘဲဆက်ရေးတော့မယ်..ဘိုင်ဘိုင်…

No comments: